မြဝတီမှနာမည်ကျော် ပြန်ပေးမှု၌ DKBA အဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူသည်ဆိုသော်လည်း မဲဆောက်တွင် အေးအေးဆေးဆေး ဘိလိယက်ထိုးနေ

 404

သုတကျော် (NP News)-စက်တင်ဘာ ၁၅
မြဝတီက နာမည်ကျော် ပြန်ပေးမှုတွင် ဦးဆောင်သူ DKBA အဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူသည် ဆိုသော်လည်း လုပ်ဇာတ်သာဖြစ်ပြီး ပြင်ပတွင် လွတ်မြောက်နေကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိ သူတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် ဇွန်(၃၀)ရက်က မြဝတီမြို့ရှိ လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်ကို ဓားပြတိုက်ကာ နောက် ရက်များတွင် အဆိုပါလုပ်ငန်းရှင်ကို ပြန်ပေးဆွဲခြင်းတို့ကို အုပ်စုဖွဲ့ကျူးလွန်ခဲ့ရာ အဆိုပါ အဖွဲ့ကို DKBA ကုန်သွယ်ရေးဌာန၌ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးဖြစ်သူ ရဲထက် (ခေါ်) ကိုကိုရဲမြင့် ဆိုသူက ဦးဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့ သည်။ ယင်းအမှုတွင် ပြန်ပေးငွေပေးရန် ချိန်းဆို သောနေရာသို့ လုံခြုံရေးတပ်ဖွဲ့နှင့် BGF က လိုက်လံဖမ်းဆီးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အလောင်း တစ်လောင်း၊ DKBA ၏ ဗဟိုကုန်သွယ် ရေးဌာနအမည်ပါ DKBA တပ်ဖွဲ့ဝင် ကတ် (၂) ခု၊ ဘက်တံဆိပ်များနှင့် လက် နက်အချို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် အထက်ပါ ရဲထက်ဆိုသူက ၎င်းမပတ်သက်ကြောင်းနှင့် ဖမ်းဆီးခံရသူ မည်သည့် နေရာ တွင်ရှိကြောင်း ဆက်သွယ်သတင်းပေးပြီးနောက် ပြန်ပေးဆွဲသူမှာ ရဲထက်(ခ)ကိုကို ရဲမြင့်ဆိုသူ ဖြစ် ကြောင်း ဖော်ထုတ်နိုင်ခဲ့သော်လည်း ၎င်းမှာလွတ်မြောက်သွားခဲ့သည်။
ထို့နောက် DKBA က ယင်းယာယီကတ်ပြားတွေ့သည့်ကိစ္စနှင့် ပတ်သက်၍ ဌာနမှူးကို တာဝန်မှ ရပ်ဆိုင်းထားကြောင်းနှင့် အမှုဆက်ဖော်ထုတ်မည်ဟု သတင်းစာရှင်းခဲ့ပြီးနောက် ကျူးလွန်သူ ရဲထက် (ခေါ်) ကိုကိုရဲမြင့်ကို စက်တင်ဘာလ (၂) ရက်က အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ချသည်ဟု ၎င်းကဆို ထားသည်။
“DKBAကပြန်ပေးမူတစ်ခုတင်ထားတာ သတိထားမိလား။ သူတို့အရေးယူထားပြီဆိုတာလေ။ ဒါကလုပ်ဇာတ်။ မြဝတီမြို့ကပြည်သူတွေ တော်တော် စိတ်ဆိုးကြတယ်။ အမှန်ကလူကြားကောင်း အောင် လုပ်ပြတာ။ အဲဒီကုလားဘယ်လောက်လာဘ်ထိုးလိုက်လဲမသိဘူး။ DKBA ဗိုလ်ရွှေဝ က အနား ခေါ်ထားတာ။ မဲဆောက်မှာအေးဆေးဘိလိယက်ထိုးနေတာ။ ထိုင်းရဲပို့လာပေးတာ။ ပြန်ပေးရွေးငွေ ဘတ် သိန်း (၄၀)။ သူတို့သတင်းစာရှင်းလင်းပွဲလုပ်တုန်းက တပ်ဖွဲ့ဝင် မဟုတ်သလို ကိုယ်ပိုင် နံပါတ် မကျသေး သလိုဖြေသွားတယ်” ဟု သိရှိသူတစ်ဦးက ပြောသည်။
ပြန်ပေးဆွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူသည် မြဝတီမြို့ပေါ်အုပ်ချုပ်မှုနယ်မြေအတွင်း မှုခင်း ကျူးလွန်ခဲ့ခြင်းဖြစ်၍ တည်ဆဲဥပဒေနှင့်အညီ အရေးယူရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ညွှန်ကြား ထားသော်လည်း DKBA က ပြန်လည်အပ်နှံခြင်းမ ရှိသေးကြောင်း ၎င်းကဆိုသည်။
“အမှန်တပ်ဖွဲ့ဝင်ဆိုရင်ထိထိရောက် ရောက်အရေးယူသင့်တယ်လေ။ ပြည်နယ်အစိုးရက လည်းသူ့ကို ဥပဒေအရအရေးယူ နိုင်ဖို့တောင်းတယ်။ DKBA ကမပေးဘူး” ဟု ၎င်းကဆိုသည်။

Zawgyi Version:
ျမဝတီမွနာမည္ေက်ာ္ ျပန္ေပးမႈ၌ DKBA အဖြဲ႕ဝင္ကို ဖမ္းဆီးအေရးယူသည္ဆိုေသာ္လည္း မဲေဆာက္တြင္ ေအးေအးေဆးေဆး ဘိလိယက္ထိုးေန
သုတေက်ာ္ (NP News)-စက္တင္ဘာ ၁၅
ျမဝတီက နာမည္ေက်ာ္ ျပန္ေပးမႈတြင္ ဦးေဆာင္သူ DKBA အဖြဲ႕ဝင္ကို ဖမ္းဆီးအေရးယူသည္ ဆိုေသာ္လည္း လုပ္ဇာတ္သာျဖစ္ၿပီး ျပင္ပတြင္ လြတ္ေျမာက္ေနေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိ သူတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ ဇြန္(၃၀)ရက္က ျမဝတီၿမိဳ႕ရွိ လုပ္ငန္းရွင္တစ္ဦး၏ ေနအိမ္ကို ဓားျပတိုက္ကာ ေနာက္ ရက္မ်ားတြင္ အဆိုပါလုပ္ငန္းရွင္ကို ျပန္ေပးဆြဲျခင္းတို႔ကို အုပ္စုဖြဲ႕က်ဴးလြန္ခဲ့ရာ အဆိုပါ အဖြဲ႕ကို DKBA ကုန္သြယ္ေရးဌာန၌ ဗိုလ္မႉးအဆင့္ရွိသူ တစ္ဦးျဖစ္သူ ရဲထက္ (ေခၚ) ကိုကိုရဲျမင့္ ဆိုသူက ဦးေဆာင္ခဲ့ ျခင္းျဖစ္ေၾကာင္း သတင္းထြက္ေပၚခဲ့ သည္။ ယင္းအမႈတြင္ ျပန္ေပးေငြေပးရန္ ခ်ိန္းဆို ေသာေနရာသို႔ လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ BGF က လိုက္လံဖမ္းဆီးရာ အျပန္အလွန္ပစ္ခတ္မႈျဖစ္ၿပီး အေလာင္း တစ္ေလာင္း၊ DKBA ၏ ဗဟိုကုန္သြယ္ ေရးဌာနအမည္ပါ DKBA တပ္ဖြဲ႕ဝင္ ကတ္ (၂) ခု၊ ဘက္တံဆိပ္မ်ားႏွင့္ လက္ နက္အခ်ိဳ႕ကိုပါ သိမ္းဆည္းရမိခဲ့သည္။
ထို႔ျပင္ အထက္ပါ ရဲထက္ဆိုသူက ၎မပတ္သက္ေၾကာင္းႏွင့္ ဖမ္းဆီးခံရသူ မည္သည့္ ေနရာ တြင္ရွိေၾကာင္း ဆက္သြယ္သတင္းေပးၿပီးေနာက္ ျပန္ေပးဆြဲသူမွာ ရဲထက္(ခ)ကိုကို ရဲျမင့္ဆိုသူ ျဖစ္ ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့ေသာ္လည္း ၎မွာလြတ္ေျမာက္သြားခဲ့သည္။
ထို႔ေနာက္ DKBA က ယင္းယာယီကတ္ျပားေတြ႕သည့္ကိစၥႏွင့္ ပတ္သက္၍ ဌာနမႉးကို တာဝန္မွ ရပ္ဆိုင္းထားေၾကာင္းႏွင့္ အမႈဆက္ေဖာ္ထုတ္မည္ဟု သတင္းစာရွင္းခဲ့ၿပီးေနာက္ က်ဴးလြန္သူ ရဲထက္ (ေခၚ) ကိုကိုရဲျမင့္ကို စက္တင္ဘာလ (၂) ရက္က အလုပ္ႏွင့္ ေထာင္ဒဏ္တစ္ႏွစ္ ခ်သည္ဟု ၎ကဆို ထားသည္။
“DKBAကျပန္ေပးမူတစ္ခုတင္ထားတာ သတိထားမိလား။ သူတို႔အေရးယူထားၿပီဆိုတာေလ။ ဒါကလုပ္ဇာတ္။ ျမဝတီၿမိဳ႕ကျပည္သူေတြ ေတာ္ေတာ္ စိတ္ဆိုးၾကတယ္။ အမွန္ကလူၾကားေကာင္း ေအာင္ လုပ္ျပတာ။ အဲဒီကုလားဘယ္ေလာက္လာဘ္ထိုးလိုက္လဲမသိဘူး။ DKBA ဗိုလ္ေ႐ႊဝ က အနား ေခၚထားတာ။ မဲေဆာက္မွာေအးေဆးဘိလိယက္ထိုးေနတာ။ ထိုင္းရဲပို႔လာေပးတာ။ ျပန္ေပးေ႐ြးေငြ ဘတ္ သိန္း (၄၀)။ သူတို႔သတင္းစာရွင္းလင္းပြဲလုပ္တုန္းက တပ္ဖြဲ႕ဝင္ မဟုတ္သလို ကိုယ္ပိုင္ နံပါတ္ မက်ေသး သလိုေျဖသြားတယ္” ဟု သိရွိသူတစ္ဦးက ေျပာသည္။
ျပန္ေပးဆြဲမႈႏွင့္ပတ္သက္၍ က်ဴးလြန္သူသည္ ျမဝတီၿမိဳ႕ေပၚအုပ္ခ်ဳပ္မႈနယ္ေျမအတြင္း မႈခင္း က်ဴးလြန္ခဲ့ျခင္းျဖစ္၍ တည္ဆဲဥပေဒႏွင့္အညီ အေရးယူရန္ ကရင္ျပည္နယ္အစိုးရအဖြဲ႕႐ုံးက ၫႊန္ၾကား ထားေသာ္လည္း DKBA က ျပန္လည္အပ္ႏွံျခင္းမ ရွိေသးေၾကာင္း ၎ကဆိုသည္။
“အမွန္တပ္ဖြဲ႕ဝင္ဆိုရင္ထိထိေရာက္ ေရာက္အေရးယူသင့္တယ္ေလ။ ျပည္နယ္အစိုးရက လည္းသူ႔ကို ဥပေဒအရအေရးယူ ႏိုင္ဖို႔ေတာင္းတယ္။ DKBA ကမေပးဘူး” ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.