စစ်တိုက်ပြီး နိုင်ငံတော်အရေးဖြေရှင်း၍မရဟု ကချင်အထူးဒေသ(၁)ဥက္ကဋ္ဌပြော

 10339

ကျော်(NP News) - ဇန်နဝါရီ ၁

စစ်တိုက်ပြီး နိုင်ငံတော်အရေးဖြေရှင်း၍ မရကြောင်း ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟိုဌာနချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောသည်။

၎င်းက ယနေ့ (ဇန်နဝါရီလ ၁ ရက်)တွင်ကျရောက်သည့် နိုင်ငံတကာနှစ်သစ်နေ့၌ ထုတ်ပြန်သည့် နှစ်သစ်ကူးသဝဏ်လွှာ၌ အထက်ပါကဲ့သို့ ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။

ဒီမိုကရေစီနိုင်ငံရေးသည် အသက်ရှင်နေသော လူသားများ၏ နိုင်ငံရေးဖြစ်ရမည်ဖြစ်ကာ သက်ဦးဆံပိုင်နိုင်ငံရေးမဖြစ်စေရဘဲ တစ်ပါတီအာဏာရှင်စနစ်နိုင်ငံရေးမဖြစ်စေရန်လည်း ပြစ်မှုကျူးလွန်ချိုးဖောက်ခြင်းကို ဥပဒေပြဋ္ဌာန်း ၍ တားမြစ်ထားသည်ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း၌နေထိုင်သူများသည် လူမျိုးမတူ၊ ခံယူချက်မတူ၊ အသိတရားမတူ ယုံကြည်ကိုးကွယ်မှု ဘာသာမတူသော်လည်း တရားဥပဒေလိုက်နာကျင့်သုံးမှုတူညီရမည်ဟု ပြောသည်။

"ကျွန်တော်တို့နိုင်ငံတော်နဲ့ပြည်သူ/ပြည်သားတွေကို အဆိုးဆုံးဖျက်ဆီးနေတာက လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပါတယ်။ ဒါ့ပြင် လက်နက်ကိုင်ပဋိ ပက္ခတွေအားလုံးဟာ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖျက်ဆီးနေပါတယ်"ဟု ဦးဇခုန်တိန့်ယိန်းကပြောသည်။

အဆိုပါ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုထာဝရရှိရေးကို လူတိုင်းလိုက်နာဖော်ဆောင်ရမည်ဖြစ်ပြီး စစ်ပွဲမှန်သမျှဆန့်ကျင်တားဆီးကြရမည်ဖြစ်ကာ စစ်ပွဲကြောင့် လူ့အသက်အိုးအိမ်ဓနဥစ္စာပျက်စီးနေရပြီး ကြီးမားသောနစ်နာဆုံးရှုံးမှုကြီးများ မရေမတွက်နိုင်အောင်ရှိနေသည်ဟု ၎င်းက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားထားသည်။

ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းသာယာသောဘဝတည်ဆောက်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း၊ အပြန်အလှန် အပေးအယူ မျှမျှတတ မူဝါဒပေါ်လစီကျင့်သုံးခြင်းများပြုလုပ်ရမည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

"အဲဒီလို စားပွဲဝိုင်းနိုင်ငံရေးဆွေးနွေးပွဲတွေကနေ ရယူနိုင်တဲ့ သဘောတူညီချက်တွေဟာ အဖြေမှန်ဖြစ်ပါတယ်။ အဖြေစစ်စစ် ဖြစ်ပါတယ်။ စစ်တိုက်ပြီးနိုင်ငံတော်အရေးဖြေရှင်းလို့မရနိုင်ပါဘူး"ဟု ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟိုဌာနချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည် စက်ရုံ၊ အလုပ်ရုံ၊ လူသုံးကုန်၊ စားသောက်ကုန်၊ လျှပ်စစ်ရရှိရေး၊ ရေရရှိရေးနှင့် စိုက်ပျိုးမြေရရှိရေး၊ နည်းပညာဖွံ့ဖြိုးရေးတို့တွင် ခေတ်နောက်ကျနေသော်လည်း အဖျက်အမှောက်လုပ်ငန်းများမှာမူတိုးတက်နေသည်ဟု ဦးဇခုန်တိန့်ယိန်းက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားထားသည်။

zawgyi version
စစ္တိုက္ၿပီး ႏိုင္ငံေတာ္အေရးေျဖရွင္း၍မရဟု ကခ်င္အထူးေဒသ(၁)ဥကၠ႒ေျပာ

ေက်ာ္(NP News) - ဇန္နဝါရီ ၁

စစ္တိုက္ၿပီး ႏိုင္ငံေတာ္အေရးေျဖရွင္း၍ မရေၾကာင္း ကခ်င္ျပည္နယ္အထူးေဒသ(၁)၊ ထာဝရၿငိမ္းခ်မ္းေရးအဖြဲ႕ခ်ဳပ္၊ ပန္ဝါဗဟိုဌာနခ်ဳပ္ဥကၠ႒ ဦးဇခုန္တိန႔္ယိန္းက ေျပာသည္။

၎က ယေန႔ (ဇန္နဝါရီလ ၁ ရက္)တြင္က်ေရာက္သည့္ ႏိုင္ငံတကာႏွစ္သစ္ေန႔၌ ထုတ္ျပန္သည့္ ႏွစ္သစ္ကူးသဝဏ္လႊာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေရးသားထားျခင္းျဖစ္သည္။

ဒီမိုကေရစီႏိုင္ငံေရးသည္ အသက္ရွင္ေနေသာ လူသားမ်ား၏ ႏိုင္ငံေရးျဖစ္ရမည္ျဖစ္ကာ သက္ဦးဆံပိုင္ႏိုင္ငံေရးမျဖစ္ေစရဘဲ တစ္ပါတီအာဏာရွင္စနစ္ႏိုင္ငံေရးမျဖစ္ေစရန္လည္း ျပစ္မႈက်ဴးလြန္ခ်ိဳးေဖာက္ျခင္းကို ဥပေဒျပ႒ာန္း ၍ တားျမစ္ထားသည္ဟု ၎က ေျပာသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအတြင္း၌ေနထိုင္သူမ်ားသည္ လူမ်ိဳးမတူ၊ ခံယူခ်က္မတူ၊ အသိတရားမတူ ယုံၾကည္ကိုးကြယ္မႈ ဘာသာမတူေသာ္လည္း တရားဥပေဒလိုက္နာက်င့္သုံးမႈတူညီရမည္ဟု ေျပာသည္။

"ကြၽန္ေတာ္တို႔ႏိုင္ငံေတာ္နဲ႔ျပည္သူ/ျပည္သားေတြကို အဆိုးဆုံးဖ်က္ဆီးေနတာက လက္နက္ကိုင္ပဋိပကၡေတြျဖစ္ပါတယ္။ ဒါ့ျပင္ လက္နက္ကိုင္ပဋိ ပကၡေတြအားလုံးဟာ ၿငိမ္းခ်မ္းေရးနဲ႔ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလည္း ဖ်က္ဆီးေနပါတယ္"ဟု ဦးဇခုန္တိန႔္ယိန္းကေျပာသည္။

အဆိုပါ လက္နက္ကိုင္ပဋိပကၡခ်ဳပ္ၿငိမ္းၿပီး ၿငိမ္းခ်မ္းမႈထာဝရရွိေရးကို လူတိုင္းလိုက္နာေဖာ္ေဆာင္ရမည္ျဖစ္ၿပီး စစ္ပြဲမွန္သမွ်ဆန႔္က်င္တားဆီးၾကရမည္ျဖစ္ကာ စစ္ပြဲေၾကာင့္ လူ႔အသက္အိုးအိမ္ဓနဥစၥာပ်က္စီးေနရၿပီး ႀကီးမားေသာနစ္နာဆုံးရႈံးမႈႀကီးမ်ား မေရမတြက္ႏိုင္ေအာင္ရွိေနသည္ဟု ၎က သဝဏ္လႊာ၌ ထည့္သြင္းေျပာၾကားထားသည္။

ထို႔ေၾကာင့္ လက္နက္ကိုင္ ပဋိပကၡခ်ဳပ္ၿငိမ္းေရး၊ ၿငိမ္းခ်မ္းသာယာေသာဘဝတည္ေဆာက္ေရးတို႔အတြက္ ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းျခင္း၊ အျပန္အလွန္ အေပးအယူ မွ်မွ်တတ မူဝါဒေပၚလစီက်င့္သုံးျခင္းမ်ားျပဳလုပ္ရမည္ဟု တိုက္တြန္းေျပာၾကားခဲ့သည္။

"အဲဒီလို စားပြဲဝိုင္းႏိုင္ငံေရးေဆြးေႏြးပြဲေတြကေန ရယူႏိုင္တဲ့ သေဘာတူညီခ်က္ေတြဟာ အေျဖမွန္ျဖစ္ပါတယ္။ အေျဖစစ္စစ္ ျဖစ္ပါတယ္။ စစ္တိုက္ၿပီးႏိုင္ငံေတာ္အေရးေျဖရွင္းလို႔မရႏိုင္ပါဘူး"ဟု ကခ်င္ျပည္နယ္အထူးေဒသ(၁)၊ ထာဝရၿငိမ္းခ်မ္းေရးအဖြဲ႕ခ်ဳပ္၊ ပန္ဝါဗဟိုဌာနခ်ဳပ္ဥကၠ႒ ဦးဇခုန္တိန႔္ယိန္းကေျပာသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသည္ စက္႐ုံ၊ အလုပ္႐ုံ၊ လူသုံးကုန္၊ စားေသာက္ကုန္၊ လွ်ပ္စစ္ရရွိေရး၊ ေရရရွိေရးႏွင့္ စိုက္ပ်ိဳးေျမရရွိေရး၊ နည္းပညာဖြံ႕ၿဖိဳးေရးတို႔တြင္ ေခတ္ေနာက္က်ေနေသာ္လည္း အဖ်က္အေမွာက္လုပ္ငန္းမ်ားမွာမူတိုးတက္ေနသည္ဟု ဦးဇခုန္တိန႔္ယိန္းက သဝဏ္လႊာ၌ ထည့္သြင္းေျပာၾကားထားသည္။

Related news

© 2021. All rights reserved.