ဆီဆိုင်မြို့ကို PDF များကျူးကျော်လာ၍ တိုက်ပွဲစခဲ့ခြင်းဖြစ်ပြီး NCA ကို လက်မလွှတ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာပြော

 15328

မြူနစ် (NP News) - ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို PDF များ ကျူးကျော်လာသည့်အတွက် ရှုပ်ထွေးမှုဖြစ်ကာ တိုက်ပွဲစခဲ့ခြင်းဖြစ်ပြီး NCA ကို လက်မလွှတ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက NP News ကို ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာအား NP News အနေ ဖြင့် ဆီဆိုင်မြို့တွင် ဖြစ်ပွားလာသည့်တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ကျူးကျော်လာတဲ့ ကရင်နီဘက်က PDF တွေကြောင့် ဖြစ်တာပါ။ ကျွန်တော်တို့မှာက ရန်သူမရှိပါဘူး။ ကျွန် တော် ရဲရော၊ တပ်ရော၊ နောက်ပြီးတော့ ပအိုဝ်းပြည်သူ့စစ်ရော ကျွန်တော်တို့ ရန်သူမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်တော့မှ သူတို့ကို စတင်တိုက်ခိုက်ပြီး ပစ်ခတ်တာမရှိဘူး။ သို့သော် ကရင်နီဘက်က နယ်ကျော်လာတဲ့ PDF တွေက ဝင်လာပြီးတော့ ဆီဆိုင်မြို့ကို ခြိမ်းခြောက်လာတဲ့အခါကြတော့ ကျွန်တော်တို့က ဆီဆိုင်မြို့သူ၊ မြို့သားတွေအတွက် သွားပြီးအကာအကွယ်ပေးတာ။ ကျွန်တော်တို့တပ်က အဲဒီမှာ ပါသွားတာ။ ကျွန်တော်တို့က အဲဒီမှာ လူ(၃၀၀)လောက် သွားထည့်ပြီးတော့ အကာအကွယ်သွားယူပေါ့။ PDF တွေကလည်း ဝင်တဲ့အခါကြတော့ ရှုပ်ထွေးမှုဖြစ်ပြီးတော့ တိုက်ပွဲတွေ စဖြစ်လာတာပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ဆီဆိုင်မြို့တွင် PNLO/PNLA အဖွဲ့အနေဖြင့် စတင်ပစ်ခတ်ခြင်း၊ စခန်းသိမ်းခြင်းတို့ကို လုပ်ဆောင်ခြင်းမရှိကြောင်းလည်း ၎င်းက ထပ်မံပြောသည်။

“တိုက်ပွဲတွေ စဖြစ်လာတဲ့ကိစ္စမှာ ကျွန်တော်တို့ဘက်ကတော့ စတင်ပစ်ခတ်တာတို့၊ စခန်းသိမ်းတာတို့ မလုပ်ပါဘူး။ သို့သော် အဲဒီမြို့ထဲမှာ နေရာယူထားတာက တူနေတဲ့အခါကြတော့ ရှုပ် ထွေးမှုဖြစ်ပြီးတော့ ကျွန်တော်တို့ တပ်တွေပဲ သိမ်းသလိုလို ကျွန်တော်တို့ပဲ ပစ်သလိုလို ဖြစ်သွားတယ်ဗျ။ အဲဒါပါပဲ။ နောက်ပြီးတော့ သတင်းအတုအယောင်တွေကလည်း ထွက်တာများတယ်။ အဓိကတော့ ကရင်နီဒေသကလာတဲ့ PDF တွေ ပြဿနာပါပဲ။ အဲဒါပဲဗျ”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့ပတ်ပတ်လည်ကို PNLA အဖွဲ့က ထိန်း ချုပ်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်နေကြောင်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျွန်တော်တို့ တပ်တွေတော့ လိုက်မရှုပ်နဲ့။ ရောရောနှောနှောမလုပ်နဲ့ ခပ်ခွာခွာနေ။ ကိုယ့်လူနဲ့ ကိုယ်နေလို့တော့ မှာထားပါတယ်ဗျ။ အောက်ခြေမှာ ဘယ်လောက်ရှုပ်နေလဲ ကျွန်တော်တို့လည်း မသိတော့ဘူးဗျာ။ ကျွန်တော်တို့ကတော့ NCA လမ်းကြောင်းမူပါပဲ။ အခုဟာက ကျူးကျော်လာတဲ့ PDF တွေကြောင့် ဖြစ်တာကို။ အဲဒီ PDF တွေ ပြန်ဆုတ်သွားရင်တော့ နဂိုအတိုင်းပဲ ပြန်ဖြစ်မှာပေါ့။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆက်နေသွားရမှာပေါ့”ဟု ပြောသည်။

တိုင်းပြည်၌ ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းသည် NCA တစ်ခုသာရှိပြီး ၎င်း NCA ကို လက်လွှတ်မည် မဟုတ်ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။

“NCA ကတော့ အပျက်ခံလို့ ဘယ်ရမလဲ။ NCA လမ်းကြောင်းပဲ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက်၊ နားလည်မှုရဖို့အတွက်၊ အပြန်အလှန်ညှိနှိုင်းဖို့အတွက်၊ ဆွေးနွေးဖို့အတွက် လမ်းပေါက်က အဲဒီတစ်ပေါက်ပဲ ရှိတာ။ အဲဒါကို သွားပိတ်လိုက်ရင် တစ်သက်လုံး တိုက်နေကြတော့မှာလား အဲဒီမေးခွန်းဖြစ်လာမယ်။ ဘယ်တော့မှ တိုက်ခိုက်လို့ ပြေလည်တာ မရှိပါဘူး ဒီတိုင်းပြည်မှာ။ ဆွေးနွေးညှိနှိုင်းဖို့ တံခါးပေါက်က NCA ပဲရှိတယ်လေ။ အဲဒါလေးကိုတော့ သတိချပ်စေချင်တယ်။ ကျွန်တော်တို့ကတော့ NCA ကို လက်မလွှတ်ပါဘူး”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

PNLO/PNLA သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိနစကအစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်ဆွေးနွေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၌ တိုက်ပွဲပြင်း ထန်နေလျက်ရှိပြီး တပ်မတော်ဘက်ကလည်း လေကြောင်း ပစ်ကူများအသုံးပြုကာ တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။

zawgyi version
ဆီဆိုင္ၿမိဳ႕ကို PDF မ်ားက်ဴးေက်ာ္လာ၍ တိုက္ပြဲစခဲ့ျခင္းျဖစ္ၿပီး NCA ကို လက္မလႊတ္ေၾကာင္း ဗိုလ္မႉးႀကီးခြန္ဥကၠာေျပာ

ျမဴနစ္ (NP News) - ဇန္နဝါရီ ၂၆

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဆီဆိုင္ၿမိဳ႕ကို PDF မ်ား က်ဴးေက်ာ္လာသည့္အတြက္ ရႈပ္ေထြးမႈျဖစ္ကာ တိုက္ပြဲစခဲ့ျခင္းျဖစ္ၿပီး NCA ကို လက္မလႊတ္ေၾကာင္း ဗိုလ္မႉးႀကီးခြန္ဥကၠာက NP News ကို ေျပာသည္။

ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO/PNLA) ဦးေဆာင္နာယက ဗိုလ္မႉးႀကီးခြန္ဥကၠာအား NP News အေန ျဖင့္ ဆီဆိုင္ၿမိဳ႕တြင္ ျဖစ္ပြားလာသည့္တိုက္ပြဲအေျခအေနႏွင့္ပတ္သက္၍ ေမးျမန္းရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာ ၾကားခဲ့ျခင္းျဖစ္သည္။

“အဓိကေတာ့ က်ဴးေက်ာ္လာတဲ့ ကရင္နီဘက္က PDF ေတြေၾကာင့္ ျဖစ္တာပါ။ ကြၽန္ေတာ္တို႔မွာက ရန္သူမရွိပါဘူး။ ကြၽန္ ေတာ္ ရဲေရာ၊ တပ္ေရာ၊ ေနာက္ၿပီးေတာ့ ပအိုဝ္းျပည္သူ႔စစ္ေရာ ကြၽန္ေတာ္တို႔ ရန္သူမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ သူတို႔ကို စတင္တိုက္ခိုက္ၿပီး ပစ္ခတ္တာမရွိဘူး။ သို႔ေသာ္ ကရင္နီဘက္က နယ္ေက်ာ္လာတဲ့ PDF ေတြက ဝင္လာၿပီးေတာ့ ဆီဆိုင္ၿမိဳ႕ကို ၿခိမ္းေျခာက္လာတဲ့အခါၾကေတာ့ ကြၽန္ေတာ္တို႔က ဆီဆိုင္ၿမိဳ႕သူ၊ ၿမိဳ႕သားေတြအတြက္ သြားၿပီးအကာအကြယ္ေပးတာ။ ကြၽန္ေတာ္တို႔တပ္က အဲဒီမွာ ပါသြားတာ။ ကြၽန္ေတာ္တို႔က အဲဒီမွာ လူ(၃၀၀)ေလာက္ သြားထည့္ၿပီးေတာ့ အကာအကြယ္သြားယူေပါ့။ PDF ေတြကလည္း ဝင္တဲ့အခါၾကေတာ့ ရႈပ္ေထြးမႈျဖစ္ၿပီးေတာ့ တိုက္ပြဲေတြ စျဖစ္လာတာပါ” ဟု ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။

ဆီဆိုင္ၿမိဳ႕တြင္ PNLO/PNLA အဖြဲ႕အေနျဖင့္ စတင္ပစ္ခတ္ျခင္း၊ စခန္းသိမ္းျခင္းတို႔ကို လုပ္ေဆာင္ျခင္းမရွိေၾကာင္းလည္း ၎က ထပ္မံေျပာသည္။

“တိုက္ပြဲေတြ စျဖစ္လာတဲ့ကိစၥမွာ ကြၽန္ေတာ္တို႔ဘက္ကေတာ့ စတင္ပစ္ခတ္တာတို႔၊ စခန္းသိမ္းတာတို႔ မလုပ္ပါဘူး။ သို႔ေသာ္ အဲဒီၿမိဳ႕ထဲမွာ ေနရာယူထားတာက တူေနတဲ့အခါၾကေတာ့ ရႈပ္ ေထြးမႈျဖစ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ တပ္ေတြပဲ သိမ္းသလိုလို ကြၽန္ေတာ္တို႔ပဲ ပစ္သလိုလို ျဖစ္သြားတယ္ဗ်။ အဲဒါပါပဲ။ ေနာက္ၿပီးေတာ့ သတင္းအတုအေယာင္ေတြကလည္း ထြက္တာမ်ားတယ္။ အဓိကေတာ့ ကရင္နီေဒသကလာတဲ့ PDF ေတြ ျပႆနာပါပဲ။ အဲဒါပဲဗ်”ဟု ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။

လက္ရွိတြင္ ဆီဆိုင္ၿမိဳ႕ပတ္ပတ္လည္ကို PNLA အဖြဲ႕က ထိန္း ခ်ဳပ္ထားၿပီး သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ညႇိႏႈိင္ေနေၾကာင္း သိရသည္။

ဆက္လက္ၿပီး ဗိုလ္မႉးႀကီးခြန္ဥကၠာက “ကြၽန္ေတာ္တို႔ တပ္ေတြေတာ့ လိုက္မရႈပ္နဲ႔။ ေရာေရာေႏွာေႏွာမလုပ္နဲ႔ ခပ္ခြာခြာေန။ ကိုယ့္လူနဲ႔ ကိုယ္ေနလို႔ေတာ့ မွာထားပါတယ္ဗ်။ ေအာက္ေျခမွာ ဘယ္ေလာက္ရႈပ္ေနလဲ ကြၽန္ေတာ္တို႔လည္း မသိေတာ့ဘူးဗ်ာ။ ကြၽန္ေတာ္တို႔ကေတာ့ NCA လမ္းေၾကာင္းမူပါပဲ။ အခုဟာက က်ဴးေက်ာ္လာတဲ့ PDF ေတြေၾကာင့္ ျဖစ္တာကို။ အဲဒီ PDF ေတြ ျပန္ဆုတ္သြားရင္ေတာ့ နဂိုအတိုင္းပဲ ျပန္ျဖစ္မွာေပါ့။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ပဲ ဆက္ေနသြားရမွာေပါ့”ဟု ေျပာသည္။

တိုင္းျပည္၌ ေဆြးေႏြးညႇိႏႈိင္းေရးလမ္းေၾကာင္းသည္ NCA တစ္ခုသာရွိၿပီး ၎ NCA ကို လက္လႊတ္မည္ မဟုတ္ေၾကာင္းလည္း ၎က ထပ္မံေျပာသည္။

“NCA ကေတာ့ အပ်က္ခံလို႔ ဘယ္ရမလဲ။ NCA လမ္းေၾကာင္းပဲ ကြၽန္ေတာ္တို႔ တိုင္းျပည္မွာ ၿငိမ္းခ်မ္းေရးအတြက္၊ နားလည္မႈရဖို႔အတြက္၊ အျပန္အလွန္ညႇိႏႈိင္းဖို႔အတြက္၊ ေဆြးေႏြးဖို႔အတြက္ လမ္းေပါက္က အဲဒီတစ္ေပါက္ပဲ ရွိတာ။ အဲဒါကို သြားပိတ္လိုက္ရင္ တစ္သက္လုံး တိုက္ေနၾကေတာ့မွာလား အဲဒီေမးခြန္းျဖစ္လာမယ္။ ဘယ္ေတာ့မွ တိုက္ခိုက္လို႔ ေျပလည္တာ မရွိပါဘူး ဒီတိုင္းျပည္မွာ။ ေဆြးေႏြးညႇိႏႈိင္းဖို႔ တံခါးေပါက္က NCA ပဲရွိတယ္ေလ။ အဲဒါေလးကိုေတာ့ သတိခ်ပ္ေစခ်င္တယ္။ ကြၽန္ေတာ္တို႔ကေတာ့ NCA ကို လက္မလႊတ္ပါဘူး”ဟု ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။

PNLO/PNLA သည္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး လက္ရွိနစကအစိုးရလက္ထက္တြင္လည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို တက္ေရာက္ေဆြးေႏြးေနသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္သည္။

လက္ရွိတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕၌ တိုက္ပြဲျပင္း ထန္ေနလ်က္ရွိၿပီး တပ္မေတာ္ဘက္ကလည္း ေလေၾကာင္း ပစ္ကူမ်ားအသုံးျပဳကာ တိုက္ခိုက္ေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.