အီရတ်နိုင်ငံ၌ အခက်အခဲများနှင့်ကြုံတွေ့နေရသော မြန်မာအမျိုးသမီး(၃)ဦး နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ

4264

Pearl (NP News) - ဇန်နဝါရီ ၃
အီရတ်နိုင်ငံ၌ အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာအမျိုးသမီး (၃)ဦး နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန် ထားသည်။
အီရတ်နိုင်ငံ ၊ ဘဂ္ဂဒက်မြို့၌ အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည် ပို့ဆောင်ပေးနိုင်ရေးနှင့်ပတ်သက်၍ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အီရတ်နိုင်ငံရှိ အာဏာပိုင်များ နှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ ညှိနှိုင်းခဲ့ပြီး နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဖေဖော်ဝါရီလ(၁) ရက်တွင် ဘဂ္ဂဒက်မြို့မှ ဘဂ္ဂဒက်-ဒူဘိုင်းလေယာဉ် ခရီးစဉ်ဖြင့် ဒူဘိုင်းသို့ ထွက်ခွာခဲ့ပြီး ဒူဘိုင်း - ဘန်ကောက် လေယာဉ် ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း နစကမှ ဆိုသည်။
ပြန်လည်ရောက်ရှိလာသော အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများသည် မဟန်နီထွန်း၊ မမြတ်အေးစံ (ခ) ဝေဝေ ၊ မသန်းနွယ်ဌေးတို့ ဖြစ်ကြောင်း သိရသည်။
zawgyi version
အီရတ္ႏိုင္ငံ၌ အခက္အခဲမ်ားႏွင့္ႀကဳံေတြ႕ေနရေသာ ျမန္မာအမ်ိဳးသမီး (၃)ဦး ႏိုင္ငံေတာ္အစိုးရ အစီအစဥ္ျဖင့္ ရန္ကုန္သို႔ ျပန္လည္ေရာက္ရွိ
Pearl (NP News) - ဇန္နဝါရီ ၃
အီရတ္ႏိုင္ငံ၌ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေသာ ျမန္မာအမ်ိဳးသမီး (၃)ဦး ႏိုင္ငံေတာ္ အစိုးရအစီအစဥ္ျဖင့္ ရန္ကုန္သို႔ ျပန္လည္ေရာက္ရွိလာၿပီျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ ထားသည္။
အီရတ္ႏိုင္ငံ ၊ ဘဂၢဒက္ၿမိဳ႕၌ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေသာ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏိုင္ငံသို႔ အျမန္ျပန္လည္ ပို႔ေဆာင္ေပးႏိုင္ေရးႏွင့္ပတ္သက္၍ ကိုင္႐ိုၿမိဳ႕ရွိ ျမန္မာသံ႐ုံးအေနျဖင့္ အီရတ္ႏိုင္ငံရွိ အာဏာပိုင္မ်ား ႏွင့္ ညႇိႏႈိင္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း နစကမွ ဆိုသည္။
ထိုသို႔ ညႇိႏႈိင္းခဲ့ၿပီး ႏိုင္ငံေတာ္အစိုးရအစီအစဥ္ျဖင့္ ျပန္လည္ေခၚေဆာင္ခဲ့ရာ အီရတ္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားသည္ ေဖေဖာ္ဝါရီလ(၁) ရက္တြင္ ဘဂၢဒက္ၿမိဳ႕မွ ဘဂၢဒက္-ဒူဘိုင္းေလယာဥ္ ခရီးစဥ္ျဖင့္ ဒူဘိုင္းသို႔ ထြက္ခြာခဲ့ၿပီး ဒူဘိုင္း - ဘန္ေကာက္ ေလယာဥ္ ခရီးစဥ္ျဖင့္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။ ယင္းေန႔ ညေန ၅ နာရီ ၁၅ မိနစ္တြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွတစ္ဆင့္ ျမန္မာအျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္းျဖင့္ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း နစကမွ ဆိုသည္။
ျပန္လည္ေရာက္ရွိလာေသာ အီရတ္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားသည္ မဟန္နီထြန္း၊ မျမတ္ေအးစံ (ခ) ေဝေဝ ၊ မသန္းႏြယ္ေဌးတို႔ ျဖစ္ေၾကာင္း သိရသည္။