သာစည်မြို့တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

 802

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၉

မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော ဖေဖော်ဝါရီ ၂ ရက်၊ ညနေ ၆ နာရီအချိန်တွင် သာစည် မြို့နယ်၊ ယင်းမာပင်ကျေးရွာမှ ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာသို့သွားသည့် တောင်ကြားလမ်း၊ ကျွဲကျ ကျေးရွာချောင်းအနီး၌ စတင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာအနီးတွင် ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာသည့် ကိုမျိုး၊ မျိုးမြင့်ထွန်းနှင့် ညွှန်ဝင်းတို့(၃)ဦးကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခဲ့ရာ ဆာလာအိတ်(၁၅)အိတ်အတွင်းမှ ဆပ်ပြာခွက်(၃၃၀၀) ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ (၃၃)ကီလို သိမ်းဆည်းရ မိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးချက်အရ ယင်းနေ့ ည ၈ နာရီအချိန်တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ၌ ၎င်းဘိန်းဖြူများ သယ်ဆောင်ခိုင်းသူ ဆန်းဦးနှင့် အောင်ထွန်းလင်း(ခ)ချစ်သဲတို့ကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ဆေးဖော်ထုတ်ချက်အရ ည ၈နာရီခွဲအချိန်တွင် သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာ၊ မြို့မကွက်သစ် ရပ်ရှိ ကိုမျိုး၏နေအိမ်မှ ဆက်ပြာခွက် ၂၁၇၈ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂၁ ဒသမ ၇၈ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၅ ရက်၊ မွန်းလွဲ ၂ နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့၌ အဆိုပါဖမ်းဆီးရမိသည့် ဘိန်းဖြူများအား သယ်ဆောင်ရာတွင် အသုံးပြုသည့် (၂၂)ဘီးတွဲကားနှင့်အတူ ယာဉ်မောင်း လွင်မိုးသူ(ခ) မိုးသူအောင်ကို ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ထံမှ စုစုပေါင်းငွေကျပ် ၁ ဒသမ ၃၆၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိ ခဲ့ပြီး ၎င်းဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းများ ပြုလုပ်မည် ကို စစ်ဆေးသိရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Zawgyi Version;
သာစည္ၿမိဳ႕တြင္ ေငြက်ပ္ ၁ ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၉

မႏၲေလးတိုင္း၊ သာစည္ၿမိဳ႕နယ္တြင္ ေငြက်ပ္ ၁ ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီ ၂ ရက္၊ ညေန ၆ နာရီအခ်ိန္တြင္ သာစည္ ၿမိဳ႕နယ္၊ ယင္းမာပင္ေက်း႐ြာမွ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ေတာင္ဂြေက်း႐ြာသို႔သြားသည့္ ေတာင္ၾကားလမ္း၊ ကြၽဲက် ေက်း႐ြာေခ်ာင္းအနီး၌ စတင္ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာအနီးတြင္ ဆိုင္ကယ္(၃)စီးျဖင့္ ေရာက္ရွိလာသည့္ ကိုမ်ိဳး၊ မ်ိဳးျမင့္ထြန္းႏွင့္ ၫႊန္ဝင္းတို႔(၃)ဦးကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားက ရွာေဖြစစ္ေဆးခဲ့ရာ ဆာလာအိတ္(၁၅)အိတ္အတြင္းမွ ဆပ္ျပာခြက္(၃၃၀၀) ခြက္ျဖင့္ ထည့္ထားသည့္ ဘိန္းျဖဴ (၃၃)ကီလို သိမ္းဆည္းရ မိခဲ့ေၾကာင္း သိရသည္။

ဆက္လက္စစ္ေဆးခ်က္အရ ယင္းေန႔ ည ၈ နာရီအခ်ိန္တြင္ သာစည္ၿမိဳ႕နယ္၊ ကြၽဲတပ္ဆုံေက်း႐ြာ၌ ၎ဘိန္းျဖဴမ်ား သယ္ေဆာင္ခိုင္းသူ ဆန္းဦးႏွင့္ ေအာင္ထြန္းလင္း(ခ)ခ်စ္သဲတို႔ကို ဆိုင္ကယ္တစ္စီးႏွင့္အတူ ဆက္လက္ဖမ္းဆီးရမိ ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ည ၈နာရီခြဲအခ်ိန္တြင္ သာစည္ၿမိဳ႕နယ္၊ ယင္းမာပင္ေက်း႐ြာ၊ ၿမိဳ႕မကြက္သစ္ ရပ္ရွိ ကိုမ်ိဳး၏ေနအိမ္မွ ဆက္ျပာခြက္ ၂၁၇၈ ခြက္ျဖင့္ ထည့္ထားသည့္ ဘိန္းျဖဴအေလးခ်ိန္ ၂၁ ဒသမ ၇၈ ကီလိုအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဆက္လက္ေဖာ္ထုတ္ခ်က္အရ ေဖေဖာ္ဝါရီ ၅ ရက္၊ မြန္းလြဲ ၂ နာရီအခ်ိန္တြင္ ရွမ္းျပည္နယ္၊ ေတာင္ႀကီး ၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕၌ အဆိုပါဖမ္းဆီးရမိသည့္ ဘိန္းျဖဴမ်ားအား သယ္ေဆာင္ရာတြင္ အသုံးျပဳသည့္ (၂၂)ဘီးတြဲကားႏွင့္အတူ ယာဥ္ေမာင္း လြင္မိုးသူ(ခ) မိုးသူေအာင္ကို ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔ထံမွ စုစုေပါင္းေငြက်ပ္ ၁ ဒသမ ၃၆၉၅ ဘီလ်ံတန္ဖိုးရွိ ဘိန္းျဖဴ ၅၄ ဒသမ ၇၈ ကီလို ဖမ္းဆီးရမိ ခဲ့ၿပီး ၎ဘိန္းျဖဴမ်ားအား ရွမ္းျပည္နယ္မွ မႏၲေလးတိုင္းေဒသႀကီးသို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းမ်ား ျပဳလုပ္မည္ ကို စစ္ေဆးသိရွိခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.