မင်္ဂလာဈေးသစ်တည်ဆောက်မှု (၇၂)ရာခိုင်နှုန်းပြီးစီး

474

NP News - ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ တည်ဆောက်နေသော အဆင့်မြင့်မင်္ဂလာဈေးသစ်တည်ဆောက်နေမှုသည် လက်ရှိတွင်(၇၂)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဟု တည်ဆောက်လုပ်ရေးလုပ်ငန်းခွင် မြို့တော် စည်ပင်တာဝန်ရှိသူများထံမှ သိရသည်။
အဆင့်မြင့်မင်္ဂလာဈေးသစ်ကို မြေအောက်ထပ်(၂)ထပ် အပါအဝင် အထပ်မြင့်(၁၅)ထပ်ပါရှိပြီး ပထမအဆင့် ဆိုင်ခန်းများအဖြစ် ဆိုင်ခန်းပေါင်း (၄၀၆၅) ခန်းပါရှိသော မြေညီထပ်မှ အထပ်မြင့် (၄)ထပ်အထိ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ပြီး ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးရန် ရည်မှန်းထား ကြောင်း သိရသည်။ ဒုတိယအဆင့် အထပ်မြင့်(၅)ထပ်မှ (၁၅)ထပ်အထိ ဆက်လက်တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်နေကြောင်းသိရသည်။
စည်ပင်သာယာရေးကော်မတီကိုအပ်နှံမည့် ဆိုင်ခန်းများမှာ ၅ ပေပတ်လည်နှင့်ဒုတိယအဆင့်အပိုင်းဖြစ်တဲ့ အထပ်မြင့်များမှာ ၁၀ ပေပတ်လည်ကျယ်ဝန်းပြီး စက်လှေကား အစင်း ၂၀ ပါရှိကာ ကားပါကင် ၇၅ဝ ထားရှိ ကြောင်း သိရသည်။ မင်္ဂလာဈေးသစ်ကို ဆန်းမြတ်ထွန်းကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေပြီး ဈေးသစ်ကြီး တစ်ခုလုံးအား လာမယ့် ၂၀၂၅ ခုနှစ်မှာ ရာနှုန်းပြည့် ပြီးစီးနိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။
ဈေးသစ်ဆောက်လုပ်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် ရပ်နားထားရခြင်းကြောင့် သတ်မှတ်ချိန်အမှီ အပြီးမသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးပါက ဈေးသစ်တွင် အထပ်ပေါင်း ၁၇ ထပ် ပါဝင်လာမည်ဖြစ်ပြီး ကားပါကင် ၂ ထပ်၊ စားသောက်ဆိုင်၊ ဘဏ် နှင့် Super Market များ၊ ဈေးဆိုင်ခန်းများ၊ ကားပစ္စည်းများ၊ ဂိုဒေါင်များ၊ ရုံးခန်းများနဲ့ ရုပ်ရှင်ရုံလည်း ပါဝင်မည်ဖြစ်သည်။

Zawgyi Version;
မဂၤလာေဈးသစ္တည္ေဆာက္မႈ (၇၂)ရာခိုင္ႏႈန္းၿပီးစီး
NP News - ေဖေဖာ္ဝါရီ ၂၄
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္မွာ တည္ေဆာက္ေနေသာ အဆင့္ျမင့္မဂၤလာေဈးသစ္တည္ေဆာက္ေနမႈသည္ လက္ရွိတြင္(၇၂)ရာခိုင္ႏႈန္းအထိ ၿပီးစီးေနၿပီဟု တည္ေဆာက္လုပ္ေရးလုပ္ငန္းခြင္ ၿမိဳ႕ေတာ္ စည္ပင္တာဝန္ရွိသူမ်ားထံမွ သိရသည္။
အဆင့္ျမင့္မဂၤလာေဈးသစ္ကို ေျမေအာက္ထပ္(၂)ထပ္ အပါအဝင္ အထပ္ျမင့္(၁၅)ထပ္ပါရွိၿပီး ပထမအဆင့္ ဆိုင္ခန္းမ်ားအျဖစ္ ဆိုင္ခန္းေပါင္း (၄၀၆၅) ခန္းပါရွိေသာ ေျမညီထပ္မွ အထပ္ျမင့္ (၄)ထပ္အထိ ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ေဆာက္လုပ္ၿပီး ၂၀၂၄ ခုႏွစ္ ႏွစ္လယ္ပိုင္းတြင္ ၿပီးစီးရန္ ရည္မွန္းထား ေၾကာင္း သိရသည္။ ဒုတိယအဆင့္ အထပ္ျမင့္(၅)ထပ္မွ (၁၅)ထပ္အထိ ဆက္လက္တည္ေဆာက္ေရးလုပ္ငန္း မ်ား ေဆာင္႐ြက္ေနေၾကာင္းသိရသည္။
စည္ပင္သာယာေရးေကာ္မတီကိုအပ္ႏွံမည့္ ဆိုင္ခန္းမ်ားမွာ ၅ ေပပတ္လည္ႏွင့္ဒုတိယအဆင့္အပိုင္းျဖစ္တဲ့ အထပ္ျမင့္မ်ားမွာ ၁၀ ေပပတ္လည္က်ယ္ဝန္းၿပီး စက္ေလွကား အစင္း ၂၀ ပါရွိကာ ကားပါကင္ ၇၅ဝ ထားရွိ ေၾကာင္း သိရသည္။ မဂၤလာေဈးသစ္ကို ဆန္းျမတ္ထြန္းကုမၸဏီက တာဝန္ယူေဆာက္လုပ္ေနၿပီး ေဈးသစ္ႀကီး တစ္ခုလုံးအား လာမယ့္ ၂၀၂၅ ခုႏွစ္မွာ ရာႏႈန္းျပည့္ ၿပီးစီးႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္းသိရသည္။
ေဈးသစ္ေဆာက္လုပ္ေရးစီမံကိန္းကို ၂၀၁၈ ခုႏွစ္မွာ စတင္ခဲ့ေသာ္လည္း ကိုဗစ္-၁၉ ကပ္ေရာဂါျဖစ္ပြားေနခ်ိန္ ရပ္နားထားရျခင္းေၾကာင့္ သတ္မွတ္ခ်ိန္အမွီ အၿပီးမသတ္ႏိုင္ခဲ့ျခင္းျဖစ္သည္။
တည္ေဆာက္ေရးလုပ္ငန္းေတြ ၿပီးစီးပါက ေဈးသစ္တြင္ အထပ္ေပါင္း ၁၇ ထပ္ ပါဝင္လာမည္ျဖစ္ၿပီး ကားပါကင္ ၂ ထပ္၊ စားေသာက္ဆိုင္၊ ဘဏ္ ႏွင့္ Super Market မ်ား၊ ေဈးဆိုင္ခန္းမ်ား၊ ကားပစၥည္းမ်ား၊ ဂိုေဒါင္မ်ား၊ ႐ုံးခန္းမ်ားနဲ႔ ႐ုပ္ရွင္႐ုံလည္း ပါဝင္မည္ျဖစ္သည္။