မလေးရှားမှာ မိခင်ကို လုံခြုံရေးဖိနပ်နဲ့ တူ အသုံးပြု ရိုက်နှက်ခြင်းကြောင့် အမျိုးသားတစ်ဦး ဖမ်းဆီး တရားစွဲခံရ

 632

ရောင်နီ (NP News) - မတ် ၁

မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၂၈ ရက်က ၎င်းရဲ့မိခင်ကို လုံခြုံရေးဖိနပ်၊ တူ အသုံးပြု ရိုက်နှက်ခဲ့တဲ့ အမျိုးသား တစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အခင်းဟာ ဆီလန်ဂေါပြည်နယ်၊ ခါလန်ဆိပ်ကမ်းမြို့ ကမ်ပန်ဂျာဝါရှိ နေအိမ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အခင်းဖြစ်ပြီး နာရီအနည်းငယ်အကြာမှာပဲ သံသယရှိသူကို ဖမ်းမိခဲ့ပါတယ်။ ပဏာမ စုံစမ်းစစ်ဆေးမှုအရ အသက် ၃၃ နှစ်အရွယ် အမျိုးသားဟာ ၎င်းရဲ့ ၅၅ နှစ်အရွယ်မိခင်နဲ့ သဘောထားကွဲလွဲရန်ဖြစ်ခဲ့ပြီးနောက် ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်တယ်လို့ ရဲချုပ် မိုဟက်အီရက်ဘဲယ်အိုင်ဘရာဟင်က ပြောကြားခဲ့ပါတယ်။

အမျိုးသားဟာ မိခင်ကို ဒေါသအလျောက် လုံခြုံရေးဖိနပ်၊ သံတူနဲ့ ရိုက်နှက်ခဲ့တယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။ ပဏာမ ဆီးစစ်ချက်အရ အဲဒီအမျိုးသားဟာ စိတ်ကြွဆေး အသုံးပြုထားတာ တွေ့ရှိရပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မှုခင်းမှတ်တမ်းတွေလည်း ရှိတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ အဆိုပါအမျိုးသားအား လူသတ်မှုပုဒ်မ ၃၀၂ နဲ့ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ သေဒဏ် (သို့မဟုတ်) ထောင်ဒဏ် နှစ် ၃ဝ မှ ၄ဝ ကြား နဲ့ ကြိမ်ဒဏ် ၁၂ ချက် ထက်မနည်း ကျခံရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
မေလးရွားမွာ မိခင္ကို လုံၿခဳံေရးဖိနပ္နဲ႔ တူ အသုံးျပဳ ႐ိုက္ႏွက္ျခင္းေၾကာင့္ အမ်ိဳးသားတစ္ဦး ဖမ္းဆီး တရားစြဲခံရ
ေရာင္နီ (NP News) - မတ္ ၁

မေလးရွားႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၂၈ ရက္က ၎ရဲ႕မိခင္ကို လုံၿခဳံေရးဖိနပ္၊ တူ အသုံးျပဳ ႐ိုက္ႏွက္ခဲ့တဲ့ အမ်ိဳးသား တစ္ဦးကို မေလးရွားရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။

အခင္းဟာ ဆီလန္ေဂါျပည္နယ္၊ ခါလန္ဆိပ္ကမ္းၿမိဳ႕ ကမ္ပန္ဂ်ာဝါရွိ ေနအိမ္မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး၊ အခင္းျဖစ္ၿပီး နာရီအနည္းငယ္အၾကာမွာပဲ သံသယရွိသူကို ဖမ္းမိခဲ့ပါတယ္။ ပဏာမ စုံစမ္းစစ္ေဆးမႈအရ အသက္ ၃၃ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ၎ရဲ႕ ၅၅ ႏွစ္အ႐ြယ္မိခင္နဲ႔ သေဘာထားကြဲလြဲရန္ျဖစ္ခဲ့ၿပီးေနာက္ ဒီလုပ္ရပ္ကို က်ဴးလြန္ခဲ့ျခင္း ျဖစ္တယ္လို႔ ရဲခ်ဳပ္ မိုဟက္အီရက္ဘဲယ္အိုင္ဘရာဟင္က ေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသားဟာ မိခင္ကို ေဒါသအေလ်ာက္ လုံၿခဳံေရးဖိနပ္၊ သံတူနဲ႔ ႐ိုက္ႏွက္ခဲ့တယ္လို႔ ယူဆရတယ္လို႔ ဆိုပါတယ္။ ပဏာမ ဆီးစစ္ခ်က္အရ အဲဒီအမ်ိဳးသားဟာ စိတ္ႂကြေဆး အသုံးျပဳထားတာ ေတြ႕ရွိရၿပီး မူးယစ္ေဆးဝါးနဲ႔ ပတ္သက္တဲ့ မႈခင္းမွတ္တမ္းေတြလည္း ရွိတယ္လို႔ သိရပါတယ္။

အခုအခ်ိန္မွာေတာ့ အဆိုပါအမ်ိဳးသားအား လူသတ္မႈပုဒ္မ ၃၀၂ နဲ႔ ရဲတပ္ဖြဲ႕က ဆက္လက္စုံစမ္းစစ္ေဆးလ်က္ ရွိပါတယ္။
ျပစ္ဒဏ္ခ်မွတ္ခံရသူေတြဟာ ေသဒဏ္ (သို႔မဟုတ္) ေထာင္ဒဏ္ ႏွစ္ ၃ဝ မွ ၄ဝ ၾကား နဲ႔ ႀကိမ္ဒဏ္ ၁၂ ခ်က္ ထက္မနည္း က်ခံရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.