မြန်မာနိုင်ငံပြန်ရန် စျေးဝယ်ထွက်စဉ် ကားတိုက်ခံရပြီး သေဆုံးခဲ့သော မြန်မာလုပ်သားကို မလေးရှားနိုင်ငံတွင် ယနေ့ မီးသဂြိုလ်
 21425
Pearl (NP News) - မတ် ၈
မြန်မာနိုင်ငံပြန်ရန် စျေးဝယ်ထွက်စဉ် ကားတိုက်ခံရပြီး သေဆုံးခဲ့သော မြန်မာလုပ်သားကို မလေးရှားနိုင်ငံတွင် ယနေ့ မတ်လ ၈ ရက်တွင် မီးသဂြိုလ်ခဲ့ကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)ထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ (၁)ရက်၊ ညပိုင်းက မလေးရှားနိုင်ငံ၊ ဆလန်းကောပြည်နယ်၊ ကလန်းမြို့တွင် နေထိုင်သော အသက် (၄၁)နှစ်အရွယ် ကိုသန့်ဇင်သည် လမ်းဖြတ်ကူးစဉ် အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်က ဝင်တိုက်မိခဲ့ သဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ (မတ်လ ၈) ရက်၊ နံနက် (၁၁)နာရီတွင် ၎င်း၏ ရုပ်အလောင်းအား မလေးရှားနိူင်ငံ ပူချွန်းမြို့တွင် ရှိသော မီးသဂြိုလ်စက်၌ သဂြိုလ်ခဲ့ကြောင်း သိရသည်။
“သူ့မိသားစု နဲ့ အဆက်အသွယ်ရပါတယ်။ မနက်ဖြန်ပြန်မယ် ဆို ဒီလို ညမှာ စျေးထွက်ဝယ်တုန်းဖြစ်တာ။ ပွဲချင်း ပြီး ဆုံးသွားတယ်။ ဦးခေါင်းနောက်စေ့ ပွင့်သွားတာ” ဟု မြန်မာလူမူကူညီရေးအသင်း (မလေးရှား) ၏ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
ကိုသန့်ဇင်သည် မကွေးတိုင်း စလင်းမြို့နယ် ဝက်သိုက်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ မတ်လ (၂) ရက်နေ့ ပြန်ရန်အတွက် စျေးဝယ်ထွက်စဉ် ယင်းကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Zawgyi Version;
မြန်မာနိုင်ငံပြန်ရန် ဈေးဝယ်ထွက်စဉ် ကားတိုက်ခံရပြီး သေဆုံးခဲ့သော မြန်မာလုပ်သားကို မလေးရှားနိုင်ငံတွင် ယနေ့ မီးသဂြိုလ်
Pearl (NP News) - မတ် ၈
မြန်မာနိုင်ငံပြန်ရန် ဈေးဝယ်ထွက်စဉ် ကားတိုက်ခံရပြီး သေဆုံးခဲ့သော မြန်မာလုပ်သားကို မလေးရှားနိုင်ငံတွင် ယနေ့ မတ်လ ၈ ရက်တွင် မီးသဂြိုလ်ခဲ့ကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)ထံမှ သိရသည်။
ထို့ကြောင့် ယနေ့ (မတ်လ ၈) ရက်၊ နံနက် (၁၁)နာရီတွင် ၎င်း၏ ရုပ်အလောင်းအား မလေးရှားနိုင်ငံ ပူချွန်းမြို့တွင် ရှိသော မီးသဂြိုလ်စက်၌ သဂြိုလ်ခဲ့ကြောင်း သိရသည်။
ကိုသန့်ဇင်သည် မကွေးတိုင်း စလင်းမြို့နယ် ဝက်သိုက်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ မတ်လ (၂) ရက်နေ့ ပြန်ရန်အတွက် ဈေးဝယ်ထွက်စဉ် ယင်းကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Picture
Mr John
09/03/2024 19:13
စိတ်မကောင်းပါ ကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးပါတယိ
Related news
© 2021. All rights reserved.