၂ဝဝ၃ မော်ဒယ်အောက်တွေ CNG ပြောင်းရမည်ဟု သတင်းများ ထွက်ပေါ်

3578

NP News - မတ် ၈
၂ဝဝ၃ မော်ဒယ်အောက်ကားများ CNG ပြောင်းရမယ်ဆိုသည့်သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ပြည်တွင်း ကားစျေးကွက်အတွင်းမှာ လှုပ်ခတ်မှုများရှိနေကြောင်း ကား၀ယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။
“အခုသတင်းတွေထွက်နေတာက ၂၀၀၆ အထက်လား၊ ၂၀၀၃ အောက်လား မသိဘူး။ CNG တပ်ပေးမယ်လို့ ပြောနေတယ်။ သူ့ကို CNG တပ်ပေးလိုက်ရင် လက်ရှိ တက်နေတဲ့ကားစျေးက နည်းနည်းလေး ကျဆင်းသွား မယ်။ ၂၀၀၃ ဆို သူ့စျေးက ၄၀၀ ရှိမယ်။ ၁၅၀ နဲ့ CNG တပ်လိုက်တော့ ၅၅၀ လောက်ဖြစ်သွားမယ်။ ၂၀၀၃ မော်ဒယ် အောက်ဆိုတာ အရည်ကြိုတွေဖြစ်ကုန်တာပေါ့။ ဒီပုံအတိုင်းဆို အပေါ်ကားစျေးက ပြန်မာဖို့ အနေအထားရှိ ပါတယ်။ အခုထွက်နေတဲ့သတင်းတွေက အတည်တော့မဖြစ်သေးပါဘူး။ သတင်းထွက်နေတဲ့ပုံစံပါပဲ။ အတည် မဖြစ်သေးဘူး။ ဒါကလည်းပြောရရင် ဟိုလိုလို၊ဒီလိုလို သတင်းပဲရှိပါသေးတယ်။ စာတွေဘာတွေနဲ့ ထွက်ထားတဲ့ သတင်းမျိုး မဟုတ်သေးပါဘူး။ ပြည်တွင်းကားစျေးကွက်က လက်ရှိလောလောဆယ်အနေအထားကတော့ စောင့်ကြည့်အနေအထားပါ။ အခုလက်ထဲမှာ ကားအများကြီးရှိတဲ့သူတွေအတွက်ကတော့ ကြားထဲမှာ နည်းနည်း တော့ ခါးမယ်။ ဘာလို့လဲဆိုတော့ ကားစျေးက အကျဘက်ကိုသွားမယ့် အနေအထားရှိပါမယ်” လို့ ရန်ကုန်မြို့ရှိ ၀ါရင့်ကား၀ယ်ရောင်းလုပ်ငန်းရှင်တစ်ဦး ဦးခေါင်းဖြူက ပြောပြခဲ့ပါတယ်။
အဆိုပါ ၂၀၀၃ မော်ဒယ်အောက်ကားများ CNG ပြောင်းလဲတပ်ဆင်မည်ဆိုသော သတင်းကြောင့် ကားလောက အတွင်းမှာ ဝေဖန်မှုမျိုးစုံနှင့် ဂယက်ရိုက်နေကြောင်း သိရသည်။
“၂၀၀၃ မော်ဒယ်အောက်တွေ CNG ပြောင်းရမယ်ဆိုတဲ့သတင်းသာ အတည်ဖြစ်ခဲ့လျှင် ကားဈေးက ဘယ်လိုဖြစ် လာမလဲဆိုတာ အတော်လေးစိတ်၀င်စားဖို့ကောင်းပါတယ်။ အခုသတင်းတွေကြောင့်ကား စျေးတွေ ပြုတ်ကျသွား ချက်ကတော့ ဝယ်မဲ့သူဆိုတာ အသာထားမေးတဲ့သူတောင် မရှိသလောက်ပဲ။ ပုံမှန် ဒီအချိန်က အရောင်းအဝယ် ကောင်းတဲ့အချိန်ပါ။ ဒီအချိန်မှ အရောင်းအဝယ်မဖြစ်ရင် တစ်ရာသီလုံးအတွက် မကောင်းပါဘူး” လို့ ကားဝယ် ရောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
၂၀၀၃ မော်ဒယ်အောက်ကားများ CNG ပြောင်းမည့်သတင်းများသည် လတ်တလော ရက်ပိုင်းအတွင်း လူမှုကွန် ရက်တွေပေါ်မှာ ပျံ့နှံ့နေပြီး သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
ပြည်တွင်းကားဈေးကွက်အတွင်း မော်ဒယ်နိမ့်ကားများသည် သိန်းလေးရာဝန်းကျင် ပေါက်ဈေးရှိပြီး နံပါတ်အနက် အိမ်စီးကားများမှာ သိန်းသုံးရာဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
လတ်တလော ကားဈေးကွက်အတွင်း အရောင်းအဝယ်အေးနေသည့်အပြင် မော်ဒယ်မြင့်ဇိမ်ခံတန်ဖိုးကြီးကားများသည်လည်း ဈေးအနည်းငယ်ပြန်ကျနေကြောင်း ကားဝယ်ရောင်းဈေးကွက်အတွင်းမှ သိရသည်။

Zawgyi Version;
၂ဝဝ၃ ေမာ္ဒယ္ေအာက္ေတြ CNG ေျပာင္းရမည္ဟု သတင္းမ်ား ထြက္ေပၚ
NP News - မတ္ ၈
၂ဝဝ၃ ေမာ္ဒယ္ေအာက္ကားမ်ား CNG ေျပာင္းရမယ္ဆိုသည့္သတင္းမ်ား ထြက္ေပၚလာျခင္းေၾကာင့္ ျပည္တြင္း ကားေစ်းကြက္အတြင္းမွာ လႈပ္ခတ္မႈမ်ားရွိေနေၾကာင္း ကား၀ယ္ေရာင္းလုပ္ကိုင္သူမ်ားထံမွ သိရသည္။
“အခုသတင္းေတြထြက္ေနတာက ၂၀၀၆ အထက္လား၊ ၂၀၀၃ ေအာက္လား မသိဘူး။ CNG တပ္ေပးမယ္လို႔ ေျပာေနတယ္။ သူ႔ကို CNG တပ္ေပးလိုက္ရင္ လက္ရွိ တက္ေနတဲ့ကားေစ်းက နည္းနည္းေလး က်ဆင္းသြား မယ္။ ၂၀၀၃ ဆို သူ႔ေစ်းက ၄၀၀ ရွိမယ္။ ၁၅၀ နဲ႔ CNG တပ္လိုက္ေတာ့ ၅၅၀ ေလာက္ျဖစ္သြားမယ္။ ၂၀၀၃ ေမာ္ဒယ္ ေအာက္ဆိုတာ အရည္ႀကိဳေတြျဖစ္ကုန္တာေပါ့။ ဒီပုံအတိုင္းဆို အေပၚကားေစ်းက ျပန္မာဖို႔ အေနအထားရွိ ပါတယ္။ အခုထြက္ေနတဲ့သတင္းေတြက အတည္ေတာ့မျဖစ္ေသးပါဘူး။ သတင္းထြက္ေနတဲ့ပုံစံပါပဲ။ အတည္ မျဖစ္ေသးဘူး။ ဒါကလည္းေျပာရရင္ ဟိုလိုလို၊ဒီလိုလို သတင္းပဲရွိပါေသးတယ္။ စာေတြဘာေတြနဲ႔ ထြက္ထားတဲ့ သတင္းမ်ိဳး မဟုတ္ေသးပါဘူး။ ျပည္တြင္းကားေစ်းကြက္က လက္ရွိေလာေလာဆယ္အေနအထားကေတာ့ ေစာင့္ၾကည့္အေနအထားပါ။ အခုလက္ထဲမွာ ကားအမ်ားႀကီးရွိတဲ့သူေတြအတြက္ကေတာ့ ၾကားထဲမွာ နည္းနည္း ေတာ့ ခါးမယ္။ ဘာလို႔လဲဆိုေတာ့ ကားေစ်းက အက်ဘက္ကိုသြားမယ့္ အေနအထားရွိပါမယ္” လို႔ ရန္ကုန္ၿမိဳ႕ရွိ ၀ါရင့္ကား၀ယ္ေရာင္းလုပ္ငန္းရွင္တစ္ဦး ဦးေခါင္းျဖဴက ေျပာျပခဲ့ပါတယ္။
အဆိုပါ ၂၀၀၃ ေမာ္ဒယ္ေအာက္ကားမ်ား CNG ေျပာင္းလဲတပ္ဆင္မည္ဆိုေသာ သတင္းေၾကာင့္ ကားေလာက အတြင္းမွာ ေဝဖန္မႈမ်ိဳးစုံႏွင့္ ဂယက္႐ိုက္ေနေၾကာင္း သိရသည္။
“၂၀၀၃ ေမာ္ဒယ္ေအာက္ေတြ CNG ေျပာင္းရမယ္ဆိုတဲ့သတင္းသာ အတည္ျဖစ္ခဲ့လွ်င္ ကားေဈးက ဘယ္လိုျဖစ္ လာမလဲဆိုတာ အေတာ္ေလးစိတ္၀င္စားဖို႔ေကာင္းပါတယ္။ အခုသတင္းေတြေၾကာင့္ကား ေစ်းေတြ ျပဳတ္က်သြား ခ်က္ကေတာ့ ဝယ္မဲ့သူဆိုတာ အသာထားေမးတဲ့သူေတာင္ မရွိသေလာက္ပဲ။ ပုံမွန္ ဒီအခ်ိန္က အေရာင္းအဝယ္ ေကာင္းတဲ့အခ်ိန္ပါ။ ဒီအခ်ိန္မွ အေရာင္းအဝယ္မျဖစ္ရင္ တစ္ရာသီလုံးအတြက္ မေကာင္းပါဘူး” လို႔ ကားဝယ္ ေရာင္းလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
၂၀၀၃ ေမာ္ဒယ္ေအာက္ကားမ်ား CNG ေျပာင္းမည့္သတင္းမ်ားသည္ လတ္တေလာ ရက္ပိုင္းအတြင္း လူမႈကြန္ ရက္ေတြေပၚမွာ ပ်ံ႕ႏွံ႔ေနၿပီး သက္ဆိုင္ရာက တရားဝင္ထုတ္ျပန္ျခင္းမရွိေၾကာင္း သိရသည္။
ျပည္တြင္းကားေဈးကြက္အတြင္း ေမာ္ဒယ္နိမ့္ကားမ်ားသည္ သိန္းေလးရာဝန္းက်င္ ေပါက္ေဈးရွိၿပီး နံပါတ္အနက္ အိမ္စီးကားမ်ားမွာ သိန္းသုံးရာဝန္းက်င္ ေပါက္ေဈးရွိေၾကာင္း သိရသည္။
လတ္တေလာ ကားေဈးကြက္အတြင္း အေရာင္းအဝယ္ေအးေနသည့္အျပင္ ေမာ္ဒယ္ျမင့္ဇိမ္ခံတန္ဖိုးႀကီးကားမ်ားသည္လည္း ေဈးအနည္းငယ္ျပန္က်ေနေၾကာင္း ကားဝယ္ေရာင္းေဈးကြက္အတြင္းမွ သိရသည္။