အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စပိန်မှာ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

711
ရောင်နီ (NP News) - မတ် ၉
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် (သောကြာနေ့၊ မတ်လ ၈ ရက်) က စပိန်နိုင်ငံတစ်ဝှမ်းမှာ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ ကျားမ မညီမျှမှုကို ဆန့်ကျင်တဲ့ ချီတက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြမှုတွေနဲ့အတူ စပိန်နိုင်ငံရဲ့ ကျား၊ မ တန်းတူ ညီမျှရေးဝန်ကြီး အန်နာရီဒန်ဒိုက ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အထွေထွေရွေးကောက်ပွဲမှာ အဆိုပြုခဲ့တဲ့ လူကုန်ကူးမှု ဥပဒေသစ်ကို ပြန်လည်အသက်သွင်းမယ်လို့ ကြေညာခဲ့ပါတယ်။ မဒရစ်မြို့မှာ အဖြူရောင်မျက်နှာဖုံးများ ဝတ်ဆင် ဆန္ဒပြခဲ့ကြပြီး အမျိုးသမီး လှုပ်ရှားမှု အရောင် အမှတ်အသားအဖြစ် ခရမ်းရောင် မီးရောင်များ ထွန်းညှိခဲ့ကြပါတယ်။ "ကျွန်မတို့ အမျိုးသမီးတွေ၊ တူညီတဲ့ အကျိုးကျေးဇူးတွေ မရရှိဘဲ အခြေခံ လိုအပ်ချက်တွေအတွက် ရုန်းကန်နေရလို့ ငြီးငွေ့နေပါပြီ”ဟု စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ နက်တာလီရာဟိုဖ်မန် အသက် ၃၄ နှစ် က ပြောပါတယ်။
ကျား၊ မ ခွဲခြားမှုတွေဟာ နိုင်ငံအသီးသီးမှာ အရင်ခေတ်တွေကလောက် မဆိုးဝါးတော့ပေမယ့် ယနေ့ထိတိုင် ခွဲခြားမှုတွေ ရှိနေဆဲပါပဲ။ သောကြာနေ့က စပိန်မြို့ကြီး ၄၀ မှာ ထောင်နဲ့ချီတဲ့ အမျိုးသမီးအုပ်စုများ စုဝေးဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

zawgyi version
အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔ အထိမ္းအမွတ္အျဖစ္ စပိန္မွာ လူေထာင္ေပါင္းမ်ားစြာ ခ်ီတက္ဆႏၵျပ
ေရာင္နီ (NP News) - မတ္ ၉
အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔ အထိမ္းအမွတ္အျဖစ္ (ေသာၾကာေန႔၊ မတ္လ ၈ ရက္) က စပိန္ႏိုင္ငံတစ္ဝွမ္းမွာ ေထာင္နဲ႔ခ်ီတဲ့ အမ်ိဳးသမီးေတြ က်ားမ မညီမွ်မႈကို ဆန႔္က်င္တဲ့ ခ်ီတက္ ဆႏၵျပမႈမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။
အဆိုပါ ဆႏၵျပမႈေတြနဲ႔အတူ စပိန္ႏိုင္ငံရဲ႕ က်ား၊ မ တန္းတူ ညီမွ်ေရးဝန္ႀကီး အန္နာရီဒန္ဒိုက ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လက အေထြေထြေ႐ြးေကာက္ပြဲမွာ အဆိုျပဳခဲ့တဲ့ လူကုန္ကူးမႈ ဥပေဒသစ္ကို ျပန္လည္အသက္သြင္းမယ္လို႔ ေၾကညာခဲ့ပါတယ္။ မဒရစ္ၿမိဳ႕မွာ အျဖဴေရာင္မ်က္ႏွာဖုံးမ်ား ဝတ္ဆင္ ဆႏၵျပခဲ့ၾကၿပီး အမ်ိဳးသမီး လႈပ္ရွားမႈ အေရာင္ အမွတ္အသားအျဖစ္ ခရမ္းေရာင္ မီးေရာင္မ်ား ထြန္းညႇိခဲ့ၾကပါတယ္။ "ကြၽန္မတို႔ အမ်ိဳးသမီးေတြ၊ တူညီတဲ့ အက်ိဳးေက်းဇူးေတြ မရရွိဘဲ အေျခခံ လိုအပ္ခ်က္ေတြအတြက္ ႐ုန္းကန္ေနရလို႔ ၿငီးေငြ႕ေနပါၿပီ”ဟု စိတ္ပညာရွင္တစ္ဦးျဖစ္တဲ့ နက္တာလီရာဟိုဖ္မန္ အသက္ ၃၄ ႏွစ္ က ေျပာပါတယ္။
က်ား၊ မ ခြဲျခားမႈေတြဟာ ႏိုင္ငံအသီးသီးမွာ အရင္ေခတ္ေတြကေလာက္ မဆိုးဝါးေတာ့ေပမယ့္ ယေန႔ထိတိုင္ ခြဲျခားမႈေတြ ရွိေနဆဲပါပဲ။ ေသာၾကာေန႔က စပိန္ၿမိဳ႕ႀကီး ၄၀ မွာ ေထာင္နဲ႔ခ်ီတဲ့ အမ်ိဳးသမီးအုပ္စုမ်ား စုေဝးဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။