ဗလီအဝင်ဝမှာ ဝက်သားကို ရည်ရွယ်ချက်ရှိရှိ ထားခဲ့တဲ့အမျိုးသား ထောင်ဒဏ် ချမှတ်ခံရ

 13538

ရောင်နီ (NP News) - ဧပြီ ၅

စင်ကာပူမှာ အမျိုးသားတစ်ဦးက စူပါမားကက်တစ်ခုမှ ဝက်သားနှစ်ဗူးကို ခိုးယူပြီး ဗလီတစ်ခုရဲ့ အဝင်ဝ စင်တစ်ခု ပေါ်မှာ ရည်ရွယ်ချက်ရှိရှိ တင်ထားခဲ့ခြင်းကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အသက် ၃၀ နှစ် အရွယ် အန်ရန်ပေါ့ဟ် အမည်ရှိ အဆိုပါအမျိုးသားဟာ ဝက်သားစားခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ မွတ်ဆလင်တွေရဲ့ဘာသာရေးကို သိရက်နဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး မွတ်ဆလင်အသိုင်းအဝိုင်းကို ဒေါသဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့နှစ် မေလ ၁၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပေါ့ဟ်ဟာ စင်ကာပူဒေါ်လာ ၉.၅၀ (အမေရိကန်ဒေါ်လာ ၇.၀၅) တန် ဝက်သားနှစ်ဗူးကို အဖိုးအခမပေးဘဲ အထက်ချန်ဂီလမ်းရှိ Sheng Siong စူပါမားကတ်မှ ခိုးယူခဲ့ပြီး ည ၁၀ နာရီခန့်မှာ ဘီဒေါ့ခ် မြောက်ပိုင်းရှိ Masjid Al-Ansar ဗလီရဲ့စင်ရှေ့မှာ သွားထားခဲ့ တာပါ။ တိုင်တန်းမှုတွေကြောင့် ပေါ့ဟ်ကို မေလ ၁၇ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မတူညီတဲ့ ဘာသာရေးအပေါ် မထီမဲ့မြင် ပြုခြင်းအတွက် ပေါ့ဟ်ဟာ ထောင်ဒဏ် သုံးနှစ်အထိ (သို့) ငွေဒဏ် (သို့) ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါ တယ်။ ဒါပေမယ့် သူ့မှာ မူးယစ်ဆေးသုံးထားတဲ့လက္ခဏာတွေ့ရပြီး ရူးသွပ်နေသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရတာကြောင့် ထောင်ဒဏ် သီတင်း (၁၂)ပတ် ပြောင်းလဲချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ဗလီအဝင္ဝမွာ ဝက္သားကို ရည္႐ြယ္ခ်က္ရွိရွိ ထားခဲ့တဲ့အမ်ိဳးသား ေထာင္ဒဏ္ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဧၿပီ ၅

စင္ကာပူမွာ အမ်ိဳးသားတစ္ဦးက စူပါမားကက္တစ္ခုမွ ဝက္သားႏွစ္ဗူးကို ခိုးယူၿပီး ဗလီတစ္ခုရဲ႕ အဝင္ဝ စင္တစ္ခု ေပၚမွာ ရည္႐ြယ္ခ်က္ရွိရွိ တင္ထားခဲ့ျခင္းေၾကာင့္ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။

အသက္ ၃၀ ႏွစ္ အ႐ြယ္ အန္ရန္ေပါ့ဟ္ အမည္ရွိ အဆိုပါအမ်ိဳးသားဟာ ဝက္သားစားျခင္းကို တင္းတင္းၾကပ္ၾကပ္ တားျမစ္ထားတဲ့ မြတ္ဆလင္ေတြရဲ႕ဘာသာေရးကို သိရက္နဲ႔လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး မြတ္ဆလင္အသိုင္းအဝိုင္းကို ေဒါသျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။

ဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလ ၁၅ ရက္က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ေပါ့ဟ္ဟာ စင္ကာပူေဒၚလာ ၉.၅၀ (အေမရိကန္ေဒၚလာ ၇.၀၅) တန္ ဝက္သားႏွစ္ဗူးကို အဖိုးအခမေပးဘဲ အထက္ခ်န္ဂီလမ္းရွိ Sheng Siong စူပါမားကတ္မွ ခိုးယူခဲ့ၿပီး ည ၁၀ နာရီခန႔္မွာ ဘီေဒါ့ခ္ ေျမာက္ပိုင္းရွိ Masjid Al-Ansar ဗလီရဲ႕စင္ေရွ႕မွာ သြားထားခဲ့ တာပါ။ တိုင္တန္းမႈေတြေၾကာင့္ ေပါ့ဟ္ကို ေမလ ၁၇ ရက္ေန႔က ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ မတူညီတဲ့ ဘာသာေရးအေပၚ မထီမဲ့ျမင္ ျပဳျခင္းအတြက္ ေပါ့ဟ္ဟာ ေထာင္ဒဏ္ သုံးႏွစ္အထိ (သို႔) ေငြဒဏ္ (သို႔) ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ခံရႏိုင္ပါ တယ္။ ဒါေပမယ့္ သူ႔မွာ မူးယစ္ေဆးသုံးထားတဲ့လကၡဏာေတြ႕ရၿပီး ႐ူးသြပ္ေနသူျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိ ရတာေၾကာင့္ ေထာင္ဒဏ္ သီတင္း (၁၂)ပတ္ ေျပာင္းလဲခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

Picture

Minn Minn

05/04/2024 00:08

Related news

© 2021. All rights reserved.