ကျိုက်ထိုမြို့နယ်ရှိ အကျဥ်းစခန်းတာဝန်ခံတစ်ဦး နေအိမ်တွင် ပစ်ခတ်လုပ်ကြံခံရ၍ ပွဲချင်းပြီးသေဆုံး

1360

ယွန်း (NP News) - မေ ၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ အကျဥ်းစခန်းတာဝန်ခံတစ်ဦး ပစ်ခတ်လုပ်ကြံခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
အကျဥ်းစခန်းတာဝန်ခံဖြစ်သူ ဦးစင်းအောင်သည် ၎င်းနေထိုင်သည့် ဘီးလင်းမြို့နယ်၊ ယက္ကန်း သည်မကျေးရွာရှိ နေအိမ်တွင် ဧပြီ ၂၉ ရက် နံနက်(၁၁)နာရီခွဲအချိန်ခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ဧပြီ ၂၉ ရက်နေ့ကဖြစ်သွားတာ။ သူတို့အိမ်က စားသောက်ဆိုင်ဖွင့်ထားတယ်။ အကျဥ်းဦးစီးဆိုပေမယ့် အကျဥ်းဦးစီးဌာနရဲ့အောက်မှာ ကျောက်စခန်းတွေ၊ စိုက်ပျိုးရေးစခန်းတွေ ရှိတယ်လေ။ အဲဒီမှာတာဝန်ထမ်းဆောင်တဲ့ တာဝန်ခံပေါ့။ သူဖွင့်ထားတဲ့ စားသောက်ဆိုင်ထဲမှာရှိနေတဲ့အချိန် Probox ကားတစ်စီးရောက်လာပြီး ပစ်သွားတာပါ။ ပစ်ပြီးတော့ ထွက်ပြေးသွားတယ်” ဟု အထက်ပါသတင်းရင်းမြစ်က NP News ကိုပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဦးစင်းအောင်တွင် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် ၂၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့၌ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို သတင်းပေးဒလန်ဟု စွပ်စွဲကာ ကယ်ရီဂိတ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သည်။
zawgyi version
က်ိဳက္ထိုၿမိဳ႕နယ္ရွိ အက်ဥ္းစခန္းတာဝန္ခံတစ္ဦး ေနအိမ္တြင္ ပစ္ခတ္လုပ္ႀကံခံရ၍ ပြဲခ်င္းၿပီးေသဆုံး
ယြန္း (NP News) - ေမ ၁
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ အဂၤဘိုေက်း႐ြာရွိ အက်ဥ္းစခန္းတာဝန္ခံတစ္ဦး ပစ္ခတ္လုပ္ႀကံခံရ၍ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္တစ္ဦးထံမွ သိရသည္။
အက်ဥ္းစခန္းတာဝန္ခံျဖစ္သူ ဦးစင္းေအာင္သည္ ၎ေနထိုင္သည့္ ဘီးလင္းၿမိဳ႕နယ္၊ ယကၠန္း သည္မေက်း႐ြာရွိ ေနအိမ္တြင္ ဧၿပီ ၂၉ ရက္ နံနက္(၁၁)နာရီခြဲအခ်ိန္ခန႔္တြင္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
“ဧၿပီ ၂၉ ရက္ေန႔ကျဖစ္သြားတာ။ သူတို႔အိမ္က စားေသာက္ဆိုင္ဖြင့္ထားတယ္။ အက်ဥ္းဦးစီးဆိုေပမယ့္ အက်ဥ္းဦးစီးဌာနရဲ႕ေအာက္မွာ ေက်ာက္စခန္းေတြ၊ စိုက္ပ်ိဳးေရးစခန္းေတြ ရွိတယ္ေလ။ အဲဒီမွာတာဝန္ထမ္းေဆာင္တဲ့ တာဝန္ခံေပါ့။ သူဖြင့္ထားတဲ့ စားေသာက္ဆိုင္ထဲမွာရွိေနတဲ့အခ်ိန္ Probox ကားတစ္စီးေရာက္လာၿပီး ပစ္သြားတာပါ။ ပစ္ၿပီးေတာ့ ထြက္ေျပးသြားတယ္” ဟု အထက္ပါသတင္းရင္းျမစ္က NP News ကိုေျပာသည္။
အဆိုပါပစ္ခတ္မႈေၾကာင့္ ဦးစင္းေအာင္တြင္ ေနာက္ေက်ာက်ည္ေဖာက္ဝင္ဒဏ္ရာမ်ား ရရွိကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ၿပီးခဲ့သည့္ ၂၆ ရက္ေန႔ကလည္း က်ိဳက္ထိုၿမိဳ႕၌ ဆိုင္ကယ္ကယ္ရီသမားတစ္ဦးကို သတင္းေပးဒလန္ဟု စြပ္စြဲကာ ကယ္ရီဂိတ္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့သည္။