ကိုလံဘီယာတက္ကသိုလ်ရှိ ပါလက်စတိုင်းလိုလားသော ဆန္ဒပြသူအုပ်စုများကို အမေရိကန်ရဲတပ်ဖွဲ့ ဖြိုခွင်း

 671

ဂျန်ဇက် (NP News) - မေ ၁

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရဲတပ်ဖွဲ့သည် ကိုလံဘီယာတက္ကသိုလ်တွင် ဆန္ဒပြနေသော ပါလက်စတိုင်း လိုလားသူများကို မေလ ၁ ရက်တွင် စီးနင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းလိုလားထောက်ခံသူများသည် အဆိုပါတက္ကသိုလ်ထဲတွင် စုဖွဲ့နေထိုင်ကာ ဆန္ဒပြမှုများ လုပ်ဆောင် နေခဲ့ကြောင်း သိရသည်။ နယူးယောက်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ဟာ တက္ကသိုလ် အတွင်းမှာရှိနေတဲ့ ပါလက်စတိုင်းလိုလားသူ ဆန္ဒပြအုပ်စုတွေကို ဖယ်ရှား ရှင်းလင်းခဲ့တယ်" ဟု ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်လာချိန်တွင် ဆန္ဒပြသူများက ရဲတပ်ဖွဲ့များကို ရည်ရွယ်ပြီး ရှက်စရာကောင်းကြောင်း ဝေဖန်ပြစ်တင်ခဲ့သလို ပါလက်စတိုင်း ပြည်သူများ လွတ်မြောက်ပါစေဟု အော်ဟစ်ကြွေးကြော်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိသော ဆန္ဒပြသူများကို ဘတ်စ်ကားဖြင့်တင်ဆောင်ကာ ခေါ်ဆောင်ခဲ့ပြီး လူပေါင်း အနည်းဆုံး ၁ ဒါဇင်ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သောသီတင်းပတ်များအတွင်း ပါလက်စတိုင်း လိုလားထောက်ခံသော ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်လာခဲ့ပြီး ရဲတပ်ဖွဲ့က ဖြိုခွင်းမှုများ ဆက်တိုက်လုပ်ဆောင်လာရကြောင်း သိရသည်။ ဖမ်းဆီးခံရသူ များထဲတွင် အမေရိကန်သမ္မတလောင်းတစ်ဦး ပါဝင်ခဲ့ပြီး ပြီးခဲ့သောရက်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း အမေရိကန် အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

Zawgyi Version;
ကိုလံဘီယာတကၠသိုလ္ရွိ ပါလက္စတိုင္းလိုလားေသာ ဆႏၵျပသူအုပ္စုမ်ားကို အေမရိကန္ရဲတပ္ဖြဲ႕ ၿဖိဳခြင္း
ဂ်န္ဇက္ (NP News) - ေမ ၁

အေမရိကန္ႏိုင္ငံ နယူးေယာက္ျပည္နယ္ ရဲတပ္ဖြဲ႕သည္ ကိုလံဘီယာတကၠသိုလ္တြင္ ဆႏၵျပေနေသာ ပါလက္စတိုင္း လိုလားသူမ်ားကို ေမလ ၁ ရက္တြင္ စီးနင္းဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ပါလက္စတိုင္းလိုလားေထာက္ခံသူမ်ားသည္ အဆိုပါတကၠသိုလ္ထဲတြင္ စုဖြဲ႕ေနထိုင္ကာ ဆႏၵျပမႈမ်ား လုပ္ေဆာင္ ေနခဲ့ေၾကာင္း သိရသည္။ နယူးေယာက္ျပည္နယ္ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးက "ကြၽန္ေတာ္တို႔ဟာ တကၠသိုလ္ အတြင္းမွာရွိေနတဲ့ ပါလက္စတိုင္းလိုလားသူ ဆႏၵျပအုပ္စုေတြကို ဖယ္ရွား ရွင္းလင္းခဲ့တယ္" ဟု ေျပာသည္။

ရဲတပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္လာခ်ိန္တြင္ ဆႏၵျပသူမ်ားက ရဲတပ္ဖြဲ႕မ်ားကို ရည္႐ြယ္ၿပီး ရွက္စရာေကာင္းေၾကာင္း ေဝဖန္ျပစ္တင္ခဲ့သလို ပါလက္စတိုင္း ျပည္သူမ်ား လြတ္ေျမာက္ပါေစဟု ေအာ္ဟစ္ေႂကြးေၾကာ္ခဲ့ေၾကာင္း သိရသည္။ ရဲတပ္ဖြဲ႕သည္ ဖမ္းဆီးရမိေသာ ဆႏၵျပသူမ်ားကို ဘတ္စ္ကားျဖင့္တင္ေဆာင္ကာ ေခၚေဆာင္ခဲ့ၿပီး လူေပါင္း အနည္းဆုံး ၁ ဒါဇင္ေက်ာ္ ဖမ္းဆီးခံရေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံတြင္ ၿပီးခဲ့ေသာသီတင္းပတ္မ်ားအတြင္း ပါလက္စတိုင္း လိုလားေထာက္ခံေသာ ဆႏၵျပပြဲမ်ား ဆက္တိုက္ျဖစ္လာခဲ့ၿပီး ရဲတပ္ဖြဲ႕က ၿဖိဳခြင္းမႈမ်ား ဆက္တိုက္လုပ္ေဆာင္လာရေၾကာင္း သိရသည္။ ဖမ္းဆီးခံရသူ မ်ားထဲတြင္ အေမရိကန္သမၼတေလာင္းတစ္ဦး ပါဝင္ခဲ့ၿပီး ၿပီးခဲ့ေသာရက္ပိုင္းက ဖမ္းဆီးခံခဲ့ရေၾကာင္း အေမရိကန္ အေျခစိုက္မီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.