တတိယကမ္ဘာစစ် ချောက်ကမ်းပါး တကယ်ရောက်နေပြီလား

 4071

သန်းထိုက်စိုး (NP News) - မေ ၃

ဂျော်ဒန်နိုင်ငံတွင် အမေရိကန်စစ်သည်သုံးဦး မောင်းသူမဲ့ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ပြီး နောက်တွင် အမေရိကန်၌ ကျယ်လောင်သည့် စစ်ရေးအချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် အဆိုပါ တိုက်ခိုက်ခံရမှုအတွက် သမ္မတဂျိုးဘိုင်ဒန်ကို ဝိုင်းပြီးပြစ်တင် ပြောဆိုကြသည်။ ထိုသို့အပြစ်တင်သူများထဲတွင် သမ္မတ ဟောင်းလည်းဖြစ်၊ သမ္မတလောင်းလည်းဖြစ်သူ ဒေါ်နယ်ထရမ့်၏ပြောဆိုမှုမှာ အကျယ်လောင်ဆုံး ဖြစ်သည်။ ၎င်း၏ ပြစ်တင်ပြောဆိုမှုတွင် သမ္မတဂျိုး ဘိုင်ဒန်သည် အမေရိကန်နိုင်ငံကို တတိယကမ္ဘာစစ် ချောက်ကမ်းပါးအတွင်း ဆွဲခေါ် သွားပြီ ဆိုသည့်အချက်ပင်ဖြစ်သည်။ သမ္မတဂျိုးဘိုင်ဒန်သည် ၎င်း၏အာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် ပြည်တွင်း ရေးကျဆုံးမှုကိုလှည့်စားရန် ပြင်ပတွင် ပဋိပက္ခဖန်တီးခြင်းဖြင့် ကြိုးပမ်းနေသည်ဟု ဒေါ်နယ်ထရမ့်က ထိုးနှက် ဝေဖန်ခဲ့သည်။ ဒေါ်နယ်ထရမ့်၏ ထိုသို့ ဝေဖန်မှုမှအစပြုပြီး တတိယကမ္ဘာစစ်ဆိုသည့် ပြောဆိုသံမှာလည်း ဟိုတစ်စ သည်တစ်စဆိုသကဲ့သို့ ပြောဆိုလာကြသည်။
ဖြစ်စဉ်မှာ အမေရိကန်စစ်အခြေစိုက်စခန်း မောင်းသူမဲ့ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အမေရိကန် စစ်သည်သုံးဦး သေဆုံးပြီး (၄၀)ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်ခံရမှုနှင့်ပတ် သက်ပြီး အမေရိကန်သည် ဂျိုးဘို ဒန်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်နေသမျှ မလုံခြုံနိုင်ပါဟု မဟာပါတီ ဟောင်းကြီးဟု တင်စားကြသည့် ရီပတ်ဘလီကန်ပါတီ ကို ကနဦးတည်ထောင်ခဲ့ကြသူများက ပြစ်တင် ဝေဖန်ခဲ့ကြသည်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကမူ တိုက်ခိုက်ခံရသည့် စစ်သည်များ၏ မိသားစုများအတွက် ကိုယ်ချင်းစာကြောင်းနှင့် သူသာ သမ္မတဖြစ်နေခဲ့ပါက ယခုကဲ့သို့သော တိုက်ခိုက်မှု မျိုး ကြုံတွေ့ရမည်မဟုတ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ထို့ပြင် အီရန်ကျောထောက်နောက်ခံ ပြု ဟားမတ်စ်တို့က အစ္စရေးကိုတိုက်ခိုက်ခဲ့ခြင်းမျိုး၊ ယူကရိန်းတွင် ဖြစ်ပွားနေသည့်တိုက်ခိုက်မှုမျိုး မည်သည့်အခါမှ ဖြစ်တော့မည်မဟုတ်ကြောင်း၊ ယခုပင်လျှင် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးကို ရှာဖွေရမည်ဖြစ်ကြောင်း၊ ယခုမူ ထိုသို့ မဟုတ်ဘဲ တတိယကမ္ဘာစစ်၏ ချောက်ကမ်းပါးအတွင်း ရောက်ရှိနေသည်ဟု သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန် ရက် စာမျက်နှာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။

ရုရှားနှင့်အမေရိကန်ဦးဆောင်သည့် နေတိုးစစ်မဟာမိတ်အဖွဲ့ကြား တိုက်ရိုက်ပဋိပက္ခ ဖြစ်လာမည်ဆိုပါက ကမ္ဘာဂြိုဟ်သည် တတိယကမ္ဘာစစ်ဖြစ်ရန် လက်တစ်ကမ်းအလိုတွင် ရောက်ရှိနေခြင်းဟု အဓိပ္ပာယ်ရပြီး မည်သူမှ အဆိုပါမြင်ကွင်းမျိုး မြင်တွေ့လိုမည်မဟုတ်ကြောင်း သမ္မတပူတင်က သတိပေးပြောဆိုခဲ့ဖူးသည်။ ယူကရိန်းစစ်ပွဲသည် ၁၉၆၂ ခုနှစ် ကျူဘားမစ်ဆိုင်း အကျပ်အတည်း ဖြစ်ပွားပြီးနောက်ပိုင်းတွင် ရုရှားနှင့်အနောက်နိုင်ငံများ၏ ဆက်ဆံရေး အဆိုးရွားဆုံးအခြေအနေ တစ်ခုသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ နျူးကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်သည်ဟု သတိပေး ပြောဆိုခဲ့သော်လည်း ယူကရိန်းတွင် နျူးကလီးယားလက်နက်အသုံး ပြုရန်လိုအပ်ကြောင်း ခံစားရခြင်းမရှိသေးဟု သမ္မတပူတင်က ပြောဆိုခဲ့သည်။ သို့သော်လည်း ရုရှားနှင့် နေတိုးအဖွဲ့ကြားတွင် ပဋိပက္ခတစ်ခု ဖြစ်နိုင်ခြေနှင့် ပတ်သက် ၍ ရိုက်တာသတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင်မူ ခေတ်သစ်စစ်ပွဲတွင် မည်သည့်အရာမဆို ဖြစ်နိုင်သည် ဟု သမ္မတပူတင်က တုံ့ပြန်ခဲ့သည်။ ထို့ပြင် ပြင်သစ်သမ္မတ မက်ခရွန်အနေဖြင့် ယူကရိန်းစစ်ပွဲပိုပြီး အရှိန်မြင့်လာစေရန် နည်းလမ်း ရှာနေခြင်းနှင့်ပတ်သက်၍ ရပ်တန့်ပြီး ငြိမ်းချမ်းရေး ရရှိစေမည့်နည်းလမ်းကို ရှာဖွေစေချင်သည်ဟုလည်း သမ္မတပူတင်က ပြောဆိုခဲ့သည်။

ရုရှားတပ်ဖွဲ့များက ယူကရိန်းနိုင်ငံကို တိုက်ခိုက်ပြီးနောက် အမေရိကန်စိတ်ပညာအသင်းက ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရ အမေရိကန် ဆယ်ယောက်တွင် ခုနစ်ယောက်မှာ တတိယကမ္ဘာစစ် စတင်နေပြီဟုခံစားရသည်ဟု ဖြေဆိုခဲ့ကြသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲများသည် အမေရိကန်တို့၏ အဆိုပါစိုးရိမ်မှုကို တစ်ဖန်မြင့်တက်စေခဲ့သည်။ သမ္မတဘိုင်ဒန်ကလည်း အမေရိကန်တို့အနေဖြင့် တတိယကမ္ဘာစစ်ကို ရှောင်ရှားရန် ကြိုးပမ်းနေသည်ဟု ၎င်း၏ လက်ထောက်များကိုပြောဆိုခဲ့ကြောင်း နယူးယောက်တိုင်းစ် သတင်းစာ၏ သတင်းဖော်ပြ ချက်ကဆိုပါသည်။ ရုရှားတပ်ဖွဲ့များက ယူကရိန်းနိုင်ငံကို တိုက်ခိုက်သည့်အချိန်၊ အမေရိကန်နှင့် တရုတ်ဆက်ဆံရေး တင်းမာလာသည့်အချိန်တွင် အာကာသတွင်လည်းကောင်း၊ ဆိုက်ဘာနယ်ပယ်တွင်လည်းကောင်း နောက်ထပ် ကမ္ဘာလုံး ဆိုင်ရာတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု လုံခြုံရေး နောက်ခံသမိုင်းကြောင်းရှိသည့် စာရေး ဆရာနှစ်ဦးက ၂၀၁၅ ခုနှစ်တွင် အက်ဆေးတစ်ပုဒ် ရေးသားဖော်ပြခဲ့ဖူးသည်။
ယနေ့ကြုံတွေ့နေရသည့်အခြေအနေအရ လူတိုင်းသည် ရုရှား-ယူကရိန်းစစ်ပွဲနှင့်လည်းကောင်း၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့်လည်းကောင်း တစ်နည်းမဟုတ်တစ်နည်းဖြင့် ဆက်နွှယ်နေကြသည်။ ရုရှားတို့တွင် နျူးကလီးယား လက်နက်အများအပြားရှိသည်။ အလားတူ အစ္စရေးတွင်လည်း အတော်များများရှိသည်ဟုယူဆထားကြသည်။ မကြာ သေးမီ သီတင်းပတ်များအတွင်းက အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့် ဟူသီသူပုန်များကို ထောက်ပံ့ ထားသည် ဆိုသည့် အီရန်တို့တွင်လည်း နျူးကလီး ယားလက်နက်များရှိနေပြီဟု ယူဆထားသည်။ အမေရိကန်စိတ်ပညာအသင်းက ကောက်ယူခဲ့သည့် စစ်တမ်းကို ဖြေဆိုခဲ့ကြသူ ပြည်သူများအနေဖြင့် ပဋိပက္ခအရှိန်မြင့်လာမည်ကို အမှန်တကယ် စိုးရိမ်နေကြသကဲ့သို့ ပဋိပက္ခအတွင်းသို့ အမေရိကန်ပြည်ထောင်စု ပါဝင်ပတ်သက်လာမည်ကိုလည်း စိုးရိမ်နေကြသည်။

ယနေ့ကမ္ဘာကြီးမှာ နိုင်ငံတကာလုံခြုံရေး၊ တရားမျှတမှုတို့နှင့်ပတ်သက်၍ စည်းလုံးညီညွတ်မှုမရှိကြောင်း မကြာသေးမီနေ့ရက်များအတွင်းက အစ္စရေးတွင်ဖြစ်ပျက်ခဲ့သည့်အခြေအနေများက သက်သေပြခဲ့ခြင်းဖြစ်သည်ဟု ထောက်ပြမှုများရှိလာသည်။ ဂျူးနှင့်အာရပ်တို့ကြား ထိပ်တိုက်တွေ့ဆုံမှုသည် ကမ္ဘာကြီးကို တတိယကမ္ဘာစစ်နယ်နိမိတ် စည်း အတွင်းသို့တွန်းပို့နိုင်သည့် နိုင်ငံတကာပဋိပက္ခ တစ်ခုဖြစ်သည်။ လက်ရှိပဋိပက္ခများသည် အာဏာရှင် နိုင်ငံများနှင့် ဒီမိုကရက်နိုင်ငံများကြား စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုဆီဦးတည်ပြီး နောက်ဆုံးတွင် တတိယကမ္ဘာစစ်တံခါးကို ပွင့်သွားစေနိုင်သည်ဟု လည်းဆိုကြသည်။

လက်ရှိတွင် ကမ္ဘာ၌ ပြင်းထန်သည့်ပဋိပက္ခ အများအပြားရှိပြီး နိုင်ငံတကာအသိုက်အဝန်းကို အကြောက်တရား များ ဖြစ်ပေါ်စေသည်။ အစ္စရေးနှင့် ပါလက်စတိုင်းကြား စစ်ပွဲသည် ကာလရှည်ကြာကတည်းက ဖြစ်ပွားနေသည့်စစ်ပွဲ ဖြစ်ပြီး နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ဆီးရီးယား၊ လက်ဘနွန်နှင့်အီရန်နိုင်ငံ တို့ ပါဝင်သည့် အခြားသောနိုင်ငံများသည်လည်း ပဋိပက္ခအား အရှိန်မြင့်စေသည်။ CNN ၏ သတင်းဖော်ပြချက်အရ ဟစ်ဇ်ဘိုလာစစ်သွေးကြွများသည် ပဋိပက္ခကို လောင်စာထိုးပေးနေသည်ဟု အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက သတိပေးပြောဆိုထားသည်။ အမေရိကန်တို့သည် အဆိုပါစစ်သွေးကြွများကို လစ်ဗျားနိုင်ငံတွင်တည်ရှိချိန်ကတည်းက အနီးကပ် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ဟစ်ဇ်ဘိုလာစစ်သွေး ကြွများကို အဓိကအားဖြင့် အီရန်တို့က ဘဏ္ဍာရေး ထောက်ပံ့ပေးထားခြင်းဖြစ်ရာ အစ္စရေးတို့နှင့် တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေခြင်းမှာ ထင်ရှားသည်။ ပဋိပက္ခများ အရှိန်မြင့်လာခြင်းနှင့်ပတ်သက်၍ တူကီယဲအပါအဝင် နိုင်ငံအချို့မှာ အချက်ပေးခေါင်းလောင်းထိုးနေကြ သည်။ တူကီယဲသမ္မတ အာဒိုဂန်ကလည်း မကြာသေးမီကပင် အဓိပ္ပာယ်နှစ် မျိုးထွက်သည့်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ဟားမတ်စ်တို့၏တိုက်ခိုက်မှုကြောင့် အစ္စရေးအရပ်သားများ သေဆုံးရခြင်း မှာ မမျှော်လင့်ဘဲကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။ ပဋိပက္ခကိုဖြေရှင်းရန် အစ္စရေးတို့၏ ချဉ်းကပ်ပုံမှာ ရက်စက်ရာကျလွန်းပြီး တရားမျှတမှုကင်းမဲ့ကာ မီးလောင်ရာလေပင့်ဆိုသကဲ့ သို့ ဖြစ်စေခဲ့သည်ဟု ဖော်ပြထားသည်။

ကမ္ဘာကြီးကို တရုတ်၊ ရုရှား၊ မြောက်ကိုရီး ယားနှင့် အီရန်တို့က လာမည့်ငါးနှစ်အတွင်း ဝါးမျို သွားနိုင်ကြောင်း၊ ကျွန်တော်တို့သည် စစ်ပြီးခေတ်မှ စစ်ကြိုခေတ်သို့ ရွေ့လျားနေပြီဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး Grant Shapps ကသတိပေး ပြောဆိုခဲ့သည်။ သေချာသည်မှာ အန္တာရာယ်ရှိသည့် အခြေအနေတစ်ခုအတွင်း ရောက်ရှိနေခြင်းပင် ဖြစ်သည်။ ဂျော်ဒန်နိုင်ငံအတွင်း အမေရိကန် တပ်ဖွဲ့ဝင်သုံးဦး သတ်ဖြတ်ခံခဲ့ရခြင်းသည် အရှေ့ အလယ်ပိုင်းဒေသတွင် ရှိပြီးဖြစ်သည့် အကျပ်အတည်းကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စေခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့ဝင်များသည် ပင်လယ်နီအတွင်း ဖြတ်သန်းခုတ်မောင်းနေကြသည့် ကုန်သွယ် ရေးသင်္ဘောများကို အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တို့၏ တိုက်ခိုက်မှုကိုတုံ့ပြန်သည့် အနေ ဖြင့် ယီမင်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအခြေအနေသည် ပိုမိုကျယ်ပြန့်သည့် ဒေသတွင်းစစ်ပွဲဆီ ဦးတည်သွားနိုင်လားဆိုသည်မှာ မသိကိန်းတစ်ခု ဖြစ်နေ ဆဲဖြစ်သည်။ ရုရှားသည် ယူကရိန်းနိုင်ငံနှင့်သာမက အနောက်နိုင်ငံ များနှင့်လည်း တိုက်ပွဲဝင်နေရခြင်းဖြစ်သည်။ တစ်ချိန် တည်းမှာပင် တရုတ်နိုင်ငံကလည်း ထိုင်ဝမ်ကို စစ်ရေးအရတိုးမြှင့်ဖိအားပေးနေသည်။ ယင်းမှာ မိမိတို့သည် တတိယ ကမ္ဘာစစ်ဆီဦးတည်နေပြီဟု ဆိုလိုခြင်းမဟုတ်သော်လည်း ထိတ်လန့်ကြောက်မက်ဖွယ် ရာအခြေအနေတစ်ခုဖြစ်နေ သည်မှာသေချာသည်။ အလားတူ တတိယကမ္ဘာစစ်ဆီ ဦးမတည်နိုင်သေးပါဟုလည်း ယတိပြတ်မပြောနိုင်ပါ။ နျူးကလီးယား အန္တရာယ်ကို အလေးအနက်ထား စဉ်းစားသင့်သည်။

ရုရှားတပ်ဖွဲ့များသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကိုတိုက်ခိုက်ခဲ့ပြီး နောက် အမေရိကန်နိုင်ငံသား ၆၉ ရာခိုင်နှုန်းသည် တတိယကမ္ဘာစစ်စတင်ပြီဟု စိုးရိမ်ခဲ့ကြသည်။ Quinnipiac ပုဂ္ဂလိကတက္ကသိုလ်က ကောက်ယူခဲ့ သည့် စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား ဆယ်ယောက်တွင်ရှစ်ယောက်မှာ အမေရိကန်နိုင်ငံ ကို အရှေ့အလယ် ပိုင်းပဋိပက္ခတွင်ပါဝင်သွား မည်ကိုစိုးရိမ်ကြသည်ဟုဆိုသည်။ ပဋိပက္ခဖြစ်နိုင် ခြေနှင့်ပတ်သက်၍ စိုးရိမ်မည်ဆိုကလည်း စိုးရိမ်စရာ ပင်ဖြစ်သည်။ အီရန်နှင့် ၎င်း၏ဩဇာခံတပ်ဖွဲ့များသည် အမေရိကန်နှင့်၎င်း၏ မဟာမိတ်များကို ပိုမိုတိုက် ခိုက်လာကြသည်။ ရုရှားတို့ကလည်းယူကရိန်းကို အရှိန်မြှင့်တိုက်ခိုက်နေသကဲ့သို့ စစ်သည်စုဆောင်းမှုများလည်း တိုးမြှင့် ပြုလုပ်နေသည်။ တရုတ်တို့က ထိုင်ဝမ်ကို တိုက်ခိုက်နိုင်ခြေမှာလည်း ပိုမိုမြင့်မားလာနေသည်။ ရီပါဘလစ်ကန်နှင့် ဒီမိုကရက်တို့သည် ပဋိပက္ခကိုဖြေရှင်းနိုင်မည့်အကောင်းဆုံးနည်းလမ်းများကို ရှာဖွေနေကြသည်။ သို့သော် စဉ်းစားပုံမှာ မူမတူညီကြပါ။ ဒီမိုကရက်များမှာ ဥရောပရှိအကျပ်အတည်းများအား အသေးအဖွဲဟုသဘောထားကြပြီး အရှေ့ အလယ်ပိုင်းရှိ အကျပ်အတည်းကို ကြီးမားသည့် အခက်အခဲအဖြစ် ရှုမြင်ကြသည်။ ရီပါဘလစ်ကန် အများစုမှာမူ ဒီမိုကရက်တစ်တို့နှင့် ဆန့်ကျင်ဘက် အမြင်ရှိကြသည်။

အရှေ့အလယ်ပိုင်းဒေသနှင့် ယူကရိန်းတွင် ဖြစ်နေသည့်စစ်ရေးပဋိပက္ခသည် တတိယကမ္ဘာစစ်အထိဖြစ် သွားနိုင်ကြောင်း၊ အမေရိကန်၏ စစ်ရေးအင်အားမှာလည်း အခြားသောကမ္ဘာအင်အား ကြီးနိုင်ငံများနှင့်နှိုင်းယှဉ်ပါက တစ်ချိန်ကလို ကွာဟချက်မကြီးမားတော့ကြောင်း အမေရိကန်ဘီလျံနာ သူဌေးကြီး အီလွန်မက်စ်က သတိပေးပြောဆိုခဲ့ သည်။ ယူကရိန်းတွင် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ရုရှားနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မဟုတ်ပါက လက်ရှိအခြေအနေသည် ရုရှားကို တရုတ်နှင့် စစ်မဟာမိတ်ဖြစ်လာ စေရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေနိုင်ကြောင်းလည်း Panel Discussion တစ်ခုတွင် ၎င်းက ထည့်သွင်းဆွေး နွေးသွားခဲ့ခြင်းဖြစ်သည်။
သမိုင်းပညာရှင် Nill Ferguson ကလည်း အနာဂတ်မြင်ကွင်းနှင့်ပတ်သက်၍ ၂၀၃၃ ခုနှစ် လောက်ဆိုလျင် ရှင်းရှင်းလင်းလင်းမြင်ရမည်ဖြစ်ကြောင်း၊ မြောက်အမေရိက အလယ်ပိုင်းနိုင်ငံများ အနေဖြင့် ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကပင် တရုတ်၊ ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယားတို့၏ ချိန်ကိုက် ပုံဖော်ထားသည့် စိန်ခေါ်မှုတချို့ကို ရင်ဆိုင်ကြုံတွေ့ ခဲ့ကြရကြောင်း၊ ပထမဆုံးအရွေ့မှာ ယူကရိန်းကိုတိုက် ခိုက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ဒုတိယအရွေ့မှာ အီရန်တို့က အစ္စရေးနိုင်ငံကို ဩဇာခံတပ် အသုံးပြုတိုက်ခိုက် ခြင်းဖြစ်ကြောင်း၊ တတိယအရွေ့မှာ အင်ဒို-ပစိဖိတ် ဒေသတွင် အမေရိကန်တို့၏လွှမ်းမိုးမှုအပေါ် တရုတ်တို့၏စိန်ခေါ်မှုပင်ဖြစ်သည်ဟု ဆိုထားသည်။

ယူကရိန်းသမ္မတဇယ်လန်းစကီးကလည်း အနောက်နိုင်ငံများ၏ ခိုင်မာသည့်စစ်ရေး အထောက် အပံ့ပေးရန် တောင်းဆိုခဲ့ပြီး အကယ်၍ ယူကရိန်းရှုံးနိမ့်ခဲ့ပါက ဖြစ်ပွားနေသည့်ပဋိပက္ခသည် တတိယကမ္ဘာစစ်အထိ အရှိန်မြင့်သွား နိုင်သည်ဟု သတိပေးပြောဆိုခဲ့သည်။ ရုရှားအနေဖြင့် ယူကရိန်းအားအောင်နိုင် ပြီးပါက ဥရောပနိုင်ငံများနှင့် ဘောတစ် နိုင်ငံများသည် ရုရှား၏ပစ်မှတ်များ ဖြစ်လာနိုင်ကြောင်း၊ နေတိုးအဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံကိုတိုက်ခိုက်ခဲ့မည်ဆိုပါက တတိယ ကမ္ဘာစစ်၏အစဟုဆိုရမည်ဖြစ်ကြောင်း သမ္မတဇယ် လန်းစကီးက သတိပေးပြောဆိုခဲ့သည်များလည်းရှိသည်။

လက်ရှိအခြေအနေသည် တတိယကမ္ဘာစစ် စတင်နေပြီဖြစ်ပြီး ကမ္ဘာအထိုင်မှာ မနှစ်မြို့ဖွယ် ရာဖြစ်ကြောင်း၊ စီမံထိန်းချုပ်မှုစနစ်မှာလည်း ပျက်ပြယ်သွားကာ အစ္စရေးနှင့်ဟားမတ်စ်တို့ကြား တိုက်ခိုက်မှုအရှိန်မြင့်နေခြင်းအပါအဝင် ပဋိပက္ခကိုဖြေရှင်းနိုင်သည့် ယန္တရားမရှိတော့ကြောင်း ရုရှားမူဝါဒရေးရာ ထိပ်တန်းပညာရှင်တစ်ဦးဖြစ်သူ Fyodor Lukyanov ကလည်း ပြောဆိုခဲ့ဖူးသည်။

အန္တရာယ်မှာ တစ်ဖက်ကဖြစ်လာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး အခြားတစ်ဖက်က အဓိပ္ပာယ် ကောက်လွဲမှားခြင်းဖြစ်နိုင်သည်။ ထို့နောက် နျူကလီးယားလက်နက်များဖြင့် အပြန်အလှန်ပစ်ခတ်သည့် အခြေအနေ တစ်ရပ်ဆီ ရောက်ရှိသွားနိုင်သည်။ အဆိုပါအခြေအနေမျိုးကို မည်သူမှ အလိုရှိနိုင်မည်မဟုတ်ပါ။ ယူကရိန်း၊ ထိုင်ဝမ် ကိစ္စများကို အလေးအနက်ထားစဉ်းစားသင့်သည်။ အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ပွဲမှာမူ ကမ္ဘာစစ်အထိဦး တည်ရန် ဖြစ်နိုင်ခြေနည်းသည်။ လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသသည် အဓိကအင်အားကြီးနိုင်ငံများကြား ပဋိပက္ခဗဟို ချက်အဖြစ်ဆုံတွေ့နိုင်သည့် နေရာမဟုတ်သေးပါ။ သို့သော် အန္တရာယ်မှာ အမှန်ပင်ရှိနေသည်။ ဂါဇာတွင် လူမျိုးတုံး သတ်ဖြတ်မှုရှိသည်ဟု စွပ်စွဲနေကြသည်။ ထို့နောက် အီရန်နိုင်ငံသည် ပဋိပက္ခထဲသို့ အရှိန်အဟုန်နှင့်ပါလာပြီး ပါရှန် ပင်လယ်ကွေ့၏ ရေနံဗဟိုချက်အတွင်းသို့ရောက်ရှိလာကာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာနိုင်သည်။

စစ်ပွဲများသည် မှားယွင်းတွက်ချက်ခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းနှင့် နားလည်မှုလွဲမှားခြင်းတို့မှ စတင်နိုင်သည်။ ရှုပ်ထွေးသောကမ္ဘာကြီး၏ မလွှဲမရှောင်သာသောတင်းမာမှုများကို စစ်ပွဲဆိုသည့် အရာတစ်ခုတည်းဖြင့်သာ ဖြေရှင်းနိုင် သည်ဆိုသော ယူဆချက်များမှာလည်း ကျယ်လောင်လာခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကိုတိုက်ခိုက်ခဲ့ ခြင်းမှာလည်း စစ်ပွဲကို မူဝါဒလက်နက်တစ်ခုအဖြစ် လည်းကောင်း၊ ကမ္ဘာအထိုင်ကိုပြောင်းလဲရန် လက် နက်တစ်ခုအဖြစ် အသုံးပြုလိုသည့်အတွက်လည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဆိုသည့် ယူဆချက် များလည်းရှိသည်။ တရုတ်နိုင်ငံက လည်း ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းရေးအတွက် နည်းလမ်းရှာဖွေ နေသကဲ့သို့ အီရန်နိုင်ငံကလည်း ဒေသတွင်းတွင် ၎င်း၏ဦးဆောင်မှုနေရာရရှိရန် နည်းလမ်းရှာဖွေ နေခြင်းဖြစ်သည်။ အမေရိကန် ဘီလျံနာသူဌေး အီလွန်မက်စ်၏ အကြံပြုချက်မှာ စဉ်းစားဖွယ်ကောင်းသည်။ အမေရိကန်နှင့်အခြား အင်အားကြီးနိုင်ငံများဖြစ်ကြသည့် ရုရှား၊ တရုတ် တို့၏ စစ်ရေးအင်အား အဟမှာ အတိတ်ကာလတစ်ချိန်ကကဲ့သို့ မဟုတ်တော့ဘဲ သိပ်မကွာလှပါ။ အမေရိကန်နိုင်ငံ အနေဖြင့် ရုရှားနှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ်ရရှိရန် ကြိုးပမ်းသင့်သည်။ ယနေ့အမေရိကန်သည် ယခင်က အမေရိကန် မျိုးမဟုတ်တော့သကဲ့သို့ ယနေ့ရုရှားသည်လည်း ယခင်က ရုရှားမျိုးမဟုတ်တော့ပါ။ တတိယကမ္ဘာစစ် မည်သို့ဖြစ်မည် မသိ၊ စတုတ္ထကမ္ဘာစစ်ဖြစ်ပါက တုတ်များ၊ ဓားများဖြင့် တိုက်ခိုက်ကြလိမ့်မည်ဟု ပညာရှင်တစ်ဦး ပြောဖူးသည်ကို သတိရသည်။ တတိယကမ္ဘာစစ်ဖြစ်ပါက နိုင်သူမရှိဘဲ အားလုံးအရှုံးနှင့်ရင်ဆိုင်ကြရမည်သာဖြစ်သည်။

zawgyi version
တတိယကမာၻစစ္ ေခ်ာက္ကမ္းပါး တကယ္ေရာက္ေနၿပီလား
သန္းထိုက္စိုး (NP News) - ေမ ၃

ေဂ်ာ္ဒန္ႏိုင္ငံတြင္ အေမရိကန္စစ္သည္သုံးဦး ေမာင္းသူမဲ့ဒ႐ုန္းယာဥ္ျဖင့္ တိုက္ခိုက္ခံရမႈအတြင္း ေသဆုံးခဲ့ၿပီး ေနာက္တြင္ အေမရိကန္၌ က်ယ္ေလာင္သည့္ စစ္ေရးအခ်က္ေပးသံတစ္ခု ထြက္ေပၚလာခဲ့သည္။ အထူးသျဖင့္ အဆိုပါ တိုက္ခိုက္ခံရမႈအတြက္ သမၼတဂ်ိဳးဘိုင္ဒန္ကို ဝိုင္းၿပီးျပစ္တင္ ေျပာဆိုၾကသည္။ ထိုသို႔အျပစ္တင္သူမ်ားထဲတြင္ သမၼတ ေဟာင္းလည္းျဖစ္၊ သမၼတေလာင္းလည္းျဖစ္သူ ေဒၚနယ္ထရမ့္၏ေျပာဆိုမႈမွာ အက်ယ္ေလာင္ဆုံး ျဖစ္သည္။ ၎၏ ျပစ္တင္ေျပာဆိုမႈတြင္ သမၼတဂ်ိဳး ဘိုင္ဒန္သည္ အေမရိကန္ႏိုင္ငံကို တတိယကမာၻစစ္ ေခ်ာက္ကမ္းပါးအတြင္း ဆြဲေခၚ သြားၿပီ ဆိုသည့္အခ်က္ပင္ျဖစ္သည္။ သမၼတဂ်ိဳးဘိုင္ဒန္သည္ ၎၏အာဏာ ဆက္လက္ဆုပ္ကိုင္ထားႏိုင္ေရးအတြက္ ျပည္တြင္း ေရးက်ဆုံးမႈကိုလွည့္စားရန္ ျပင္ပတြင္ ပဋိပကၡဖန္တီးျခင္းျဖင့္ ႀကိဳးပမ္းေနသည္ဟု ေဒၚနယ္ထရမ့္က ထိုးႏွက္ ေဝဖန္ခဲ့သည္။ ေဒၚနယ္ထရမ့္၏ ထိုသို႔ ေဝဖန္မႈမွအစျပဳၿပီး တတိယကမာၻစစ္ဆိုသည့္ ေျပာဆိုသံမွာလည္း ဟိုတစ္စ သည္တစ္စဆိုသကဲ့သို႔ ေျပာဆိုလာၾကသည္။
ျဖစ္စဥ္မွာ အေမရိကန္စစ္အေျခစိုက္စခန္း ေမာင္းသူမဲ့ဒ႐ုန္းယာဥ္ျဖင့္ တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ၿပီး အေမရိကန္ စစ္သည္သုံးဦး ေသဆုံးၿပီး (၄၀)ဦး ဒဏ္ရာရရွိခဲ့သည္။ အဆိုပါတိုက္ခိုက္ခံရမႈႏွင့္ပတ္ သက္ၿပီး အေမရိကန္သည္ ဂ်ိဳးဘို ဒန္ကာကြယ္ေရး ဦးစီးခ်ဳပ္ျဖစ္ေနသမွ် မလုံၿခဳံႏိုင္ပါဟု မဟာပါတီ ေဟာင္းႀကီးဟု တင္စားၾကသည့္ ရီပတ္ဘလီကန္ပါတီ ကို ကနဦးတည္ေထာင္ခဲ့ၾကသူမ်ားက ျပစ္တင္ ေဝဖန္ခဲ့ၾကသည္။ သမၼတေဟာင္း ေဒၚနယ္ထရမ့္ကမူ တိုက္ခိုက္ခံရသည့္ စစ္သည္မ်ား၏ မိသားစုမ်ားအတြက္ ကိုယ္ခ်င္းစာေၾကာင္းႏွင့္ သူသာ သမၼတျဖစ္ေနခဲ့ပါက ယခုကဲ့သို႔ေသာ တိုက္ခိုက္မႈ မ်ိဳး ႀကဳံေတြ႕ရမည္မဟုတ္ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။ ထို႔ျပင္ အီရန္ေက်ာေထာက္ေနာက္ခံ ျပဳ ဟားမတ္စ္တို႔က အစၥေရးကိုတိုက္ခိုက္ခဲ့ျခင္းမ်ိဳး၊ ယူကရိန္းတြင္ ျဖစ္ပြားေနသည့္တိုက္ခိုက္မႈမ်ိဳး မည္သည့္အခါမွ ျဖစ္ေတာ့မည္မဟုတ္ေၾကာင္း၊ ယခုပင္လွ်င္ ကမာၻတစ္ဝန္း ၿငိမ္းခ်မ္းေရးကို ရွာေဖြရမည္ျဖစ္ေၾကာင္း၊ ယခုမူ ထိုသို႔ မဟုတ္ဘဲ တတိယကမာၻစစ္၏ ေခ်ာက္ကမ္းပါးအတြင္း ေရာက္ရွိေနသည္ဟု သမၼတေဒၚနယ္ထရမ့္က ၎၏ လူမႈကြန္ ရက္ စာမ်က္ႏွာတြင္ ေရးသားခဲ့ျခင္းျဖစ္သည္။

႐ုရွားႏွင့္အေမရိကန္ဦးေဆာင္သည့္ ေနတိုးစစ္မဟာမိတ္အဖြဲ႕ၾကား တိုက္႐ိုက္ပဋိပကၡ ျဖစ္လာမည္ဆိုပါက ကမာၻၿဂိဳဟ္သည္ တတိယကမာၻစစ္ျဖစ္ရန္ လက္တစ္ကမ္းအလိုတြင္ ေရာက္ရွိေနျခင္းဟု အဓိပၸာယ္ရၿပီး မည္သူမွ အဆိုပါျမင္ကြင္းမ်ိဳး ျမင္ေတြ႕လိုမည္မဟုတ္ေၾကာင္း သမၼတပူတင္က သတိေပးေျပာဆိုခဲ့ဖူးသည္။ ယူကရိန္းစစ္ပြဲသည္ ၁၉၆၂ ခုႏွစ္ က်ဴဘားမစ္ဆိုင္း အက်ပ္အတည္း ျဖစ္ပြားၿပီးေနာက္ပိုင္းတြင္ ႐ုရွားႏွင့္အေနာက္ႏိုင္ငံမ်ား၏ ဆက္ဆံေရး အဆိုး႐ြားဆုံးအေျခအေန တစ္ခုသို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။ န်ဴးကလီးယားစစ္ပြဲ ျဖစ္ပြားႏိုင္သည္ဟု သတိေပး ေျပာဆိုခဲ့ေသာ္လည္း ယူကရိန္းတြင္ န်ဴးကလီးယားလက္နက္အသုံး ျပဳရန္လိုအပ္ေၾကာင္း ခံစားရျခင္းမရွိေသးဟု သမၼတပူတင္က ေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ႐ုရွားႏွင့္ ေနတိုးအဖြဲ႕ၾကားတြင္ ပဋိပကၡတစ္ခု ျဖစ္ႏိုင္ေျခႏွင့္ ပတ္သက္ ၍ ႐ိုက္တာသတင္းေထာက္၏ ေမးျမန္းခ်က္ကို ေျဖၾကားရာတြင္မူ ေခတ္သစ္စစ္ပြဲတြင္ မည္သည့္အရာမဆို ျဖစ္ႏိုင္သည္ ဟု သမၼတပူတင္က တုံ႔ျပန္ခဲ့သည္။ ထို႔ျပင္ ျပင္သစ္သမၼတ မက္ခ႐ြန္အေနျဖင့္ ယူကရိန္းစစ္ပြဲပိုၿပီး အရွိန္ျမင့္လာေစရန္ နည္းလမ္း ရွာေနျခင္းႏွင့္ပတ္သက္၍ ရပ္တန႔္ၿပီး ၿငိမ္းခ်မ္းေရး ရရွိေစမည့္နည္းလမ္းကို ရွာေဖြေစခ်င္သည္ဟုလည္း သမၼတပူတင္က ေျပာဆိုခဲ့သည္။

႐ုရွားတပ္ဖြဲ႕မ်ားက ယူကရိန္းႏိုင္ငံကို တိုက္ခိုက္ၿပီးေနာက္ အေမရိကန္စိတ္ပညာအသင္းက ေကာက္ယူခဲ့သည့္ စစ္တမ္းတစ္ခုအရ အေမရိကန္ ဆယ္ေယာက္တြင္ ခုနစ္ေယာက္မွာ တတိယကမာၻစစ္ စတင္ေနၿပီဟုခံစားရသည္ဟု ေျဖဆိုခဲ့ၾကသည္။ အေရွ႕အလယ္ပိုင္းေဒသတြင္ ျဖစ္ပြားေနသည့္ စစ္ပြဲမ်ားသည္ အေမရိကန္တို႔၏ အဆိုပါစိုးရိမ္မႈကို တစ္ဖန္ျမင့္တက္ေစခဲ့သည္။ သမၼတဘိုင္ဒန္ကလည္း အေမရိကန္တို႔အေနျဖင့္ တတိယကမာၻစစ္ကို ေရွာင္ရွားရန္ ႀကိဳးပမ္းေနသည္ဟု ၎၏ လက္ေထာက္မ်ားကိုေျပာဆိုခဲ့ေၾကာင္း နယူးေယာက္တိုင္းစ္ သတင္းစာ၏ သတင္းေဖာ္ျပ ခ်က္ကဆိုပါသည္။ ႐ုရွားတပ္ဖြဲ႕မ်ားက ယူကရိန္းႏိုင္ငံကို တိုက္ခိုက္သည့္အခ်ိန္၊ အေမရိကန္ႏွင့္ တ႐ုတ္ဆက္ဆံေရး တင္းမာလာသည့္အခ်ိန္တြင္ အာကာသတြင္လည္းေကာင္း၊ ဆိုက္ဘာနယ္ပယ္တြင္လည္းေကာင္း ေနာက္ထပ္ ကမာၻလုံး ဆိုင္ရာတိုက္ပြဲမ်ား ျဖစ္လာႏိုင္သည္ဟု လုံၿခဳံေရး ေနာက္ခံသမိုင္းေၾကာင္းရွိသည့္ စာေရး ဆရာႏွစ္ဦးက ၂၀၁၅ ခုႏွစ္တြင္ အက္ေဆးတစ္ပုဒ္ ေရးသားေဖာ္ျပခဲ့ဖူးသည္။
ယေန႔ႀကဳံေတြ႕ေနရသည့္အေျခအေနအရ လူတိုင္းသည္ ႐ုရွား-ယူကရိန္းစစ္ပြဲႏွင့္လည္းေကာင္း၊ အစၥေရး-ဟားမတ္စ္စစ္ပြဲႏွင့္လည္းေကာင္း တစ္နည္းမဟုတ္တစ္နည္းျဖင့္ ဆက္ႏႊယ္ေနၾကသည္။ ႐ုရွားတို႔တြင္ န်ဴးကလီးယား လက္နက္အမ်ားအျပားရွိသည္။ အလားတူ အစၥေရးတြင္လည္း အေတာ္မ်ားမ်ားရွိသည္ဟုယူဆထားၾကသည္။ မၾကာ ေသးမီ သီတင္းပတ္မ်ားအတြင္းက အေမရိကန္တပ္ဖြဲ႕မ်ားကို တိုက္ခိုက္ခဲ့သည့္ ဟူသီသူပုန္မ်ားကို ေထာက္ပံ့ ထားသည္ ဆိုသည့္ အီရန္တို႔တြင္လည္း န်ဴးကလီး ယားလက္နက္မ်ားရွိေနၿပီဟု ယူဆထားသည္။ အေမရိကန္စိတ္ပညာအသင္းက ေကာက္ယူခဲ့သည့္ စစ္တမ္းကို ေျဖဆိုခဲ့ၾကသူ ျပည္သူမ်ားအေနျဖင့္ ပဋိပကၡအရွိန္ျမင့္လာမည္ကို အမွန္တကယ္ စိုးရိမ္ေနၾကသကဲ့သို႔ ပဋိပကၡအတြင္းသို႔ အေမရိကန္ျပည္ေထာင္စု ပါဝင္ပတ္သက္လာမည္ကိုလည္း စိုးရိမ္ေနၾကသည္။

ယေန႔ကမာၻႀကီးမွာ ႏိုင္ငံတကာလုံၿခဳံေရး၊ တရားမွ်တမႈတို႔ႏွင့္ပတ္သက္၍ စည္းလုံးညီၫြတ္မႈမရွိေၾကာင္း မၾကာေသးမီေန႔ရက္မ်ားအတြင္းက အစၥေရးတြင္ျဖစ္ပ်က္ခဲ့သည့္အေျခအေနမ်ားက သက္ေသျပခဲ့ျခင္းျဖစ္သည္ဟု ေထာက္ျပမႈမ်ားရွိလာသည္။ ဂ်ဴးႏွင့္အာရပ္တို႔ၾကား ထိပ္တိုက္ေတြ႕ဆုံမႈသည္ ကမာၻႀကီးကို တတိယကမာၻစစ္နယ္နိမိတ္ စည္း အတြင္းသို႔တြန္းပို႔ႏိုင္သည့္ ႏိုင္ငံတကာပဋိပကၡ တစ္ခုျဖစ္သည္။ လက္ရွိပဋိပကၡမ်ားသည္ အာဏာရွင္ ႏိုင္ငံမ်ားႏွင့္ ဒီမိုကရက္ႏိုင္ငံမ်ားၾကား စစ္ေရးအရ ထိပ္တိုက္ေတြ႕ဆုံမႈဆီဦးတည္ၿပီး ေနာက္ဆုံးတြင္ တတိယကမာၻစစ္တံခါးကို ပြင့္သြားေစႏိုင္သည္ဟု လည္းဆိုၾကသည္။

လက္ရွိတြင္ ကမာၻ၌ ျပင္းထန္သည့္ပဋိပကၡ အမ်ားအျပားရွိၿပီး ႏိုင္ငံတကာအသိုက္အဝန္းကို အေၾကာက္တရား မ်ား ျဖစ္ေပၚေစသည္။ အစၥေရးႏွင့္ ပါလက္စတိုင္းၾကား စစ္ပြဲသည္ ကာလရွည္ၾကာကတည္းက ျဖစ္ပြားေနသည့္စစ္ပြဲ ျဖစ္ၿပီး ႏွစ္ေပါင္းေထာင္ႏွင့္ခ်ီ၍ ၾကာျမင့္ခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ ယခုအခါတြင္မူ ဆီးရီးယား၊ လက္ဘႏြန္ႏွင့္အီရန္ႏိုင္ငံ တို႔ ပါဝင္သည့္ အျခားေသာႏိုင္ငံမ်ားသည္လည္း ပဋိပကၡအား အရွိန္ျမင့္ေစသည္။ CNN ၏ သတင္းေဖာ္ျပခ်က္အရ ဟစ္ဇ္ဘိုလာစစ္ေသြးႂကြမ်ားသည္ ပဋိပကၡကို ေလာင္စာထိုးေပးေနသည္ဟု အေမရိကန္ႏွင့္ ၎၏မဟာမိတ္မ်ားက သတိေပးေျပာဆိုထားသည္။ အေမရိကန္တို႔သည္ အဆိုပါစစ္ေသြးႂကြမ်ားကို လစ္ဗ်ားႏိုင္ငံတြင္တည္ရွိခ်ိန္ကတည္းက အနီးကပ္ ေစာင့္ၾကည့္ေနခဲ့ျခင္းျဖစ္သည္။ ဟစ္ဇ္ဘိုလာစစ္ေသြး ႂကြမ်ားကို အဓိကအားျဖင့္ အီရန္တို႔က ဘ႑ာေရး ေထာက္ပံ့ေပးထားျခင္းျဖစ္ရာ အစၥေရးတို႔ႏွင့္ တိုက္႐ိုက္ထိပ္တိုက္ရင္ဆိုင္မႈမ်ား ျဖစ္ပြားေနျခင္းမွာ ထင္ရွားသည္။ ပဋိပကၡမ်ား အရွိန္ျမင့္လာျခင္းႏွင့္ပတ္သက္၍ တူကီယဲအပါအဝင္ ႏိုင္ငံအခ်ိဳ႕မွာ အခ်က္ေပးေခါင္းေလာင္းထိုးေနၾက သည္။ တူကီယဲသမၼတ အာဒိုဂန္ကလည္း မၾကာေသးမီကပင္ အဓိပၸာယ္ႏွစ္ မ်ိဳးထြက္သည့္ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။ အဆိုပါ ေၾကညာခ်က္တြင္ ဟားမတ္စ္တို႔၏တိုက္ခိုက္မႈေၾကာင့္ အစၥေရးအရပ္သားမ်ား ေသဆုံးရျခင္း မွာ မေမွ်ာ္လင့္ဘဲႀကဳံေတြ႕ခဲ့ရသည့္ ျဖစ္ရပ္တစ္ခုျဖစ္သည္။ ပဋိပကၡကိုေျဖရွင္းရန္ အစၥေရးတို႔၏ ခ်ဥ္းကပ္ပုံမွာ ရက္စက္ရာက်လြန္းၿပီး တရားမွ်တမႈကင္းမဲ့ကာ မီးေလာင္ရာေလပင့္ဆိုသကဲ့ သို႔ ျဖစ္ေစခဲ့သည္ဟု ေဖာ္ျပထားသည္။

ကမာၻႀကီးကို တ႐ုတ္၊ ႐ုရွား၊ ေျမာက္ကိုရီး ယားႏွင့္ အီရန္တို႔က လာမည့္ငါးႏွစ္အတြင္း ဝါးမ်ိဳ သြားႏိုင္ေၾကာင္း၊ ကြၽန္ေတာ္တို႔သည္ စစ္ၿပီးေခတ္မွ စစ္ႀကိဳေခတ္သို႔ ေ႐ြ႕လ်ားေနၿပီျဖစ္ေၾကာင္း ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီး Grant Shapps ကသတိေပး ေျပာဆိုခဲ့သည္။ ေသခ်ာသည္မွာ အႏၲာရာယ္ရွိသည့္ အေျခအေနတစ္ခုအတြင္း ေရာက္ရွိေနျခင္းပင္ ျဖစ္သည္။ ေဂ်ာ္ဒန္ႏိုင္ငံအတြင္း အေမရိကန္ တပ္ဖြဲ႕ဝင္သုံးဦး သတ္ျဖတ္ခံခဲ့ရျခင္းသည္ အေရွ႕ အလယ္ပိုင္းေဒသတြင္ ရွိၿပီးျဖစ္သည့္ အက်ပ္အတည္းကို ပိုမိုနက္ရႈိင္းက်ယ္ျပန႔္ေစခဲ့သည္။ အေမရိကန္ႏွင့္ ၿဗိတိန္တပ္ဖြဲ႕ဝင္မ်ားသည္ ပင္လယ္နီအတြင္း ျဖတ္သန္းခုတ္ေမာင္းေနၾကသည့္ ကုန္သြယ္ ေရးသေဘၤာမ်ားကို အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟူသီသူပုန္တို႔၏ တိုက္ခိုက္မႈကိုတုံ႔ျပန္သည့္ အေန ျဖင့္ ယီမင္ႏိုင္ငံအတြင္း ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။ လက္ရွိအေျခအေနသည္ ပိုမိုက်ယ္ျပန႔္သည့္ ေဒသတြင္းစစ္ပြဲဆီ ဦးတည္သြားႏိုင္လားဆိုသည္မွာ မသိကိန္းတစ္ခု ျဖစ္ေန ဆဲျဖစ္သည္။ ႐ုရွားသည္ ယူကရိန္းႏိုင္ငံႏွင့္သာမက အေနာက္ႏိုင္ငံ မ်ားႏွင့္လည္း တိုက္ပြဲဝင္ေနရျခင္းျဖစ္သည္။ တစ္ခ်ိန္ တည္းမွာပင္ တ႐ုတ္ႏိုင္ငံကလည္း ထိုင္ဝမ္ကို စစ္ေရးအရတိုးျမႇင့္ဖိအားေပးေနသည္။ ယင္းမွာ မိမိတို႔သည္ တတိယ ကမာၻစစ္ဆီဦးတည္ေနၿပီဟု ဆိုလိုျခင္းမဟုတ္ေသာ္လည္း ထိတ္လန႔္ေၾကာက္မက္ဖြယ္ ရာအေျခအေနတစ္ခုျဖစ္ေန သည္မွာေသခ်ာသည္။ အလားတူ တတိယကမာၻစစ္ဆီ ဦးမတည္ႏိုင္ေသးပါဟုလည္း ယတိျပတ္မေျပာႏိုင္ပါ။ န်ဴးကလီးယား အႏၲရာယ္ကို အေလးအနက္ထား စဥ္းစားသင့္သည္။

႐ုရွားတပ္ဖြဲ႕မ်ားသည္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ယူကရိန္းကိုတိုက္ခိုက္ခဲ့ၿပီး ေနာက္ အေမရိကန္ႏိုင္ငံသား ၆၉ ရာခိုင္ႏႈန္းသည္ တတိယကမာၻစစ္စတင္ၿပီဟု စိုးရိမ္ခဲ့ၾကသည္။ Quinnipiac ပုဂၢလိကတကၠသိုလ္က ေကာက္ယူခဲ့ သည့္ စစ္တမ္းတစ္ခုအရ အေမရိကန္ႏိုင္ငံသား ဆယ္ေယာက္တြင္ရွစ္ေယာက္မွာ အေမရိကန္ႏိုင္ငံ ကို အေရွ႕အလယ္ ပိုင္းပဋိပကၡတြင္ပါဝင္သြား မည္ကိုစိုးရိမ္ၾကသည္ဟုဆိုသည္။ ပဋိပကၡျဖစ္ႏိုင္ ေျခႏွင့္ပတ္သက္၍ စိုးရိမ္မည္ဆိုကလည္း စိုးရိမ္စရာ ပင္ျဖစ္သည္။ အီရန္ႏွင့္ ၎၏ဩဇာခံတပ္ဖြဲ႕မ်ားသည္ အေမရိကန္ႏွင့္၎၏ မဟာမိတ္မ်ားကို ပိုမိုတိုက္ ခိုက္လာၾကသည္။ ႐ုရွားတို႔ကလည္းယူကရိန္းကို အရွိန္ျမႇင့္တိုက္ခိုက္ေနသကဲ့သို႔ စစ္သည္စုေဆာင္းမႈမ်ားလည္း တိုးျမႇင့္ ျပဳလုပ္ေနသည္။ တ႐ုတ္တို႔က ထိုင္ဝမ္ကို တိုက္ခိုက္ႏိုင္ေျခမွာလည္း ပိုမိုျမင့္မားလာေနသည္။ ရီပါဘလစ္ကန္ႏွင့္ ဒီမိုကရက္တို႔သည္ ပဋိပကၡကိုေျဖရွင္းႏိုင္မည့္အေကာင္းဆုံးနည္းလမ္းမ်ားကို ရွာေဖြေနၾကသည္။ သို႔ေသာ္ စဥ္းစားပုံမွာ မူမတူညီၾကပါ။ ဒီမိုကရက္မ်ားမွာ ဥေရာပရွိအက်ပ္အတည္းမ်ားအား အေသးအဖြဲဟုသေဘာထားၾကၿပီး အေရွ႕ အလယ္ပိုင္းရွိ အက်ပ္အတည္းကို ႀကီးမားသည့္ အခက္အခဲအျဖစ္ ရႈျမင္ၾကသည္။ ရီပါဘလစ္ကန္ အမ်ားစုမွာမူ ဒီမိုကရက္တစ္တို႔ႏွင့္ ဆန႔္က်င္ဘက္ အျမင္ရွိၾကသည္။

အေရွ႕အလယ္ပိုင္းေဒသႏွင့္ ယူကရိန္းတြင္ ျဖစ္ေနသည့္စစ္ေရးပဋိပကၡသည္ တတိယကမာၻစစ္အထိျဖစ္ သြားႏိုင္ေၾကာင္း၊ အေမရိကန္၏ စစ္ေရးအင္အားမွာလည္း အျခားေသာကမာၻအင္အား ႀကီးႏိုင္ငံမ်ားႏွင့္ႏႈိင္းယွဥ္ပါက တစ္ခ်ိန္ကလို ကြာဟခ်က္မႀကီးမားေတာ့ေၾကာင္း အေမရိကန္ဘီလ်ံနာ သူေဌးႀကီး အီလြန္မက္စ္က သတိေပးေျပာဆိုခဲ့ သည္။ ယူကရိန္းတြင္ ၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ႐ုရွားႏွင့္ ပုံမွန္ဆက္ဆံေရး ျပန္လည္ရရွိေအာင္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ သို႔မဟုတ္ပါက လက္ရွိအေျခအေနသည္ ႐ုရွားကို တ႐ုတ္ႏွင့္ စစ္မဟာမိတ္ျဖစ္လာ ေစရန္ တြန္းအားေပးသကဲ့သို႔ ျဖစ္ေစႏိုင္ေၾကာင္းလည္း Panel Discussion တစ္ခုတြင္ ၎က ထည့္သြင္းေဆြး ေႏြးသြားခဲ့ျခင္းျဖစ္သည္။
သမိုင္းပညာရွင္ Nill Ferguson ကလည္း အနာဂတ္ျမင္ကြင္းႏွင့္ပတ္သက္၍ ၂၀၃၃ ခုႏွစ္ ေလာက္ဆိုလ်င္ ရွင္းရွင္းလင္းလင္းျမင္ရမည္ျဖစ္ေၾကာင္း၊ ေျမာက္အေမရိက အလယ္ပိုင္းႏိုင္ငံမ်ား အေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္အေစာပိုင္း ကပင္ တ႐ုတ္၊ ႐ုရွား၊ အီရန္ႏွင့္ ေျမာက္ကိုရီးယားတို႔၏ ခ်ိန္ကိုက္ ပုံေဖာ္ထားသည့္ စိန္ေခၚမႈတခ်ိဳ႕ကို ရင္ဆိုင္ႀကဳံေတြ႕ ခဲ့ၾကရေၾကာင္း၊ ပထမဆုံးအေ႐ြ႕မွာ ယူကရိန္းကိုတိုက္ ခိုက္ခဲ့ျခင္းပင္ျဖစ္ေၾကာင္း၊ ဒုတိယအေ႐ြ႕မွာ အီရန္တို႔က အစၥေရးႏိုင္ငံကို ဩဇာခံတပ္ အသုံးျပဳတိုက္ခိုက္ ျခင္းျဖစ္ေၾကာင္း၊ တတိယအေ႐ြ႕မွာ အင္ဒို-ပစိဖိတ္ ေဒသတြင္ အေမရိကန္တို႔၏လႊမ္းမိုးမႈအေပၚ တ႐ုတ္တို႔၏စိန္ေခၚမႈပင္ျဖစ္သည္ဟု ဆိုထားသည္။

ယူကရိန္းသမၼတဇယ္လန္းစကီးကလည္း အေနာက္ႏိုင္ငံမ်ား၏ ခိုင္မာသည့္စစ္ေရး အေထာက္ အပံ့ေပးရန္ ေတာင္းဆိုခဲ့ၿပီး အကယ္၍ ယူကရိန္းရႈံးနိမ့္ခဲ့ပါက ျဖစ္ပြားေနသည့္ပဋိပကၡသည္ တတိယကမာၻစစ္အထိ အရွိန္ျမင့္သြား ႏိုင္သည္ဟု သတိေပးေျပာဆိုခဲ့သည္။ ႐ုရွားအေနျဖင့္ ယူကရိန္းအားေအာင္ႏိုင္ ၿပီးပါက ဥေရာပႏိုင္ငံမ်ားႏွင့္ ေဘာတစ္ ႏိုင္ငံမ်ားသည္ ႐ုရွား၏ပစ္မွတ္မ်ား ျဖစ္လာႏိုင္ေၾကာင္း၊ ေနတိုးအဖြဲ႕ ဝင္ႏိုင္ငံတစ္ႏိုင္ငံကိုတိုက္ခိုက္ခဲ့မည္ဆိုပါက တတိယ ကမာၻစစ္၏အစဟုဆိုရမည္ျဖစ္ေၾကာင္း သမၼတဇယ္ လန္းစကီးက သတိေပးေျပာဆိုခဲ့သည္မ်ားလည္းရွိသည္။

လက္ရွိအေျခအေနသည္ တတိယကမာၻစစ္ စတင္ေနၿပီျဖစ္ၿပီး ကမာၻအထိုင္မွာ မႏွစ္ၿမိဳ႕ဖြယ္ ရာျဖစ္ေၾကာင္း၊ စီမံထိန္းခ်ဳပ္မႈစနစ္မွာလည္း ပ်က္ျပယ္သြားကာ အစၥေရးႏွင့္ဟားမတ္စ္တို႔ၾကား တိုက္ခိုက္မႈအရွိန္ျမင့္ေနျခင္းအပါအဝင္ ပဋိပကၡကိုေျဖရွင္းႏိုင္သည့္ ယႏၲရားမရွိေတာ့ေၾကာင္း ႐ုရွားမူဝါဒေရးရာ ထိပ္တန္းပညာရွင္တစ္ဦးျဖစ္သူ Fyodor Lukyanov ကလည္း ေျပာဆိုခဲ့ဖူးသည္။

အႏၲရာယ္မွာ တစ္ဖက္ကျဖစ္လာႏိုင္ေျခအတြက္ ႀကိဳတင္ျပင္ဆင္ျခင္းျဖစ္ၿပီး အျခားတစ္ဖက္က အဓိပၸာယ္ ေကာက္လြဲမွားျခင္းျဖစ္ႏိုင္သည္။ ထို႔ေနာက္ န်ဴကလီးယားလက္နက္မ်ားျဖင့္ အျပန္အလွန္ပစ္ခတ္သည့္ အေျခအေန တစ္ရပ္ဆီ ေရာက္ရွိသြားႏိုင္သည္။ အဆိုပါအေျခအေနမ်ိဳးကို မည္သူမွ အလိုရွိႏိုင္မည္မဟုတ္ပါ။ ယူကရိန္း၊ ထိုင္ဝမ္ ကိစၥမ်ားကို အေလးအနက္ထားစဥ္းစားသင့္သည္။ အေရွ႕အလယ္ပိုင္းေဒသတြင္း စစ္ပြဲမွာမူ ကမာၻစစ္အထိဦး တည္ရန္ ျဖစ္ႏိုင္ေျခနည္းသည္။ လက္ရွိတြင္ အေရွ႕အလယ္ပိုင္းေဒသသည္ အဓိကအင္အားႀကီးႏိုင္ငံမ်ားၾကား ပဋိပကၡဗဟို ခ်က္အျဖစ္ဆုံေတြ႕ႏိုင္သည့္ ေနရာမဟုတ္ေသးပါ။ သို႔ေသာ္ အႏၲရာယ္မွာ အမွန္ပင္ရွိေနသည္။ ဂါဇာတြင္ လူမ်ိဳးတုံး သတ္ျဖတ္မႈရွိသည္ဟု စြပ္စြဲေနၾကသည္။ ထို႔ေနာက္ အီရန္ႏိုင္ငံသည္ ပဋိပကၡထဲသို႔ အရွိန္အဟုန္ႏွင့္ပါလာၿပီး ပါရွန္ ပင္လယ္ေကြ႕၏ ေရနံဗဟိုခ်က္အတြင္းသို႔ေရာက္ရွိလာကာ ကမာၻ႔စီးပြားေရးကို ထိခိုက္လာႏိုင္သည္။

စစ္ပြဲမ်ားသည္ မွားယြင္းတြက္ခ်က္ျခင္း၊ ယုံၾကည္မႈလြန္ကဲျခင္းႏွင့္ နားလည္မႈလြဲမွားျခင္းတို႔မွ စတင္ႏိုင္သည္။ ရႈပ္ေထြးေသာကမာၻႀကီး၏ မလႊဲမေရွာင္သာေသာတင္းမာမႈမ်ားကို စစ္ပြဲဆိုသည့္ အရာတစ္ခုတည္းျဖင့္သာ ေျဖရွင္းႏိုင္ သည္ဆိုေသာ ယူဆခ်က္မ်ားမွာလည္း က်ယ္ေလာင္လာခဲ့သည္။ ႐ုရွားႏိုင္ငံအေနျဖင့္ ယူကရိန္းႏိုင္ငံကိုတိုက္ခိုက္ခဲ့ ျခင္းမွာလည္း စစ္ပြဲကို မူဝါဒလက္နက္တစ္ခုအျဖစ္ လည္းေကာင္း၊ ကမာၻအထိုင္ကိုေျပာင္းလဲရန္ လက္ နက္တစ္ခုအျဖစ္ အသုံးျပဳလိုသည့္အတြက္လည္းေကာင္း တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဆိုသည့္ ယူဆခ်က္ မ်ားလည္းရွိသည္။ တ႐ုတ္ႏိုင္ငံက လည္း ထိုင္ဝမ္ကို ျပန္လည္ေပါင္းစည္းေရးအတြက္ နည္းလမ္းရွာေဖြ ေနသကဲ့သို႔ အီရန္ႏိုင္ငံကလည္း ေဒသတြင္းတြင္ ၎၏ဦးေဆာင္မႈေနရာရရွိရန္ နည္းလမ္းရွာေဖြ ေနျခင္းျဖစ္သည္။ အေမရိကန္ ဘီလ်ံနာသူေဌး အီလြန္မက္စ္၏ အႀကံျပဳခ်က္မွာ စဥ္းစားဖြယ္ေကာင္းသည္။ အေမရိကန္ႏွင့္အျခား အင္အားႀကီးႏိုင္ငံမ်ားျဖစ္ၾကသည့္ ႐ုရွား၊ တ႐ုတ္ တို႔၏ စစ္ေရးအင္အား အဟမွာ အတိတ္ကာလတစ္ခ်ိန္ကကဲ့သို႔ မဟုတ္ေတာ့ဘဲ သိပ္မကြာလွပါ။ အေမရိကန္ႏိုင္ငံ အေနျဖင့္ ႐ုရွားႏွင့္ ပုံမွန္ဆက္ဆံေရးတစ္ရပ္ရရွိရန္ ႀကိဳးပမ္းသင့္သည္။ ယေန႔အေမရိကန္သည္ ယခင္က အေမရိကန္ မ်ိဳးမဟုတ္ေတာ့သကဲ့သို႔ ယေန႔႐ုရွားသည္လည္း ယခင္က ႐ုရွားမ်ိဳးမဟုတ္ေတာ့ပါ။ တတိယကမာၻစစ္ မည္သို႔ျဖစ္မည္ မသိ၊ စတုတၳကမာၻစစ္ျဖစ္ပါက တုတ္မ်ား၊ ဓားမ်ားျဖင့္ တိုက္ခိုက္ၾကလိမ့္မည္ဟု ပညာရွင္တစ္ဦး ေျပာဖူးသည္ကို သတိရသည္။ တတိယကမာၻစစ္ျဖစ္ပါက ႏိုင္သူမရွိဘဲ အားလုံးအရႈံးႏွင့္ရင္ဆိုင္ၾကရမည္သာျဖစ္သည္။

Related news

© 2021. All rights reserved.