မရမ်းကုန်းမြို့နယ်ရှိ 33kv စိန်ပန်းမြိုင်-ကမ္ဘာအေး ဓာတ်အားတိုင်ကို YBS တစ်စီးမှဝင်တိုက်မိသဖြင့် ရပ်ကွက်(၅)ခု လျှပ်စစ်ဓာတ်အားပြတ်တောက်

 6341

သန့်ဇင် (NP News) - မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ 33kv စိန်ပန်းမြိုင်-ကမ္ဘာအေး ဓာတ်အားတိုင်ကို YBS တစ်စီးမှဝင်တိုက်မိသဖြင့် ရပ်ကွက်(၅)ခု လျှပ်စစ် ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်(YESC) ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါဓာတ်အားတိုင်ကို ယနေ့(မေလ ၂၂ ရက်)၊ နံနက် ၅နာရီခွဲအချိန်ခန့်က YBS ယာဉ်တစ်စီးက ဝင်ရောက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်တိုက်မိမှုကြောင့် ကွန်ကရစ်ဓာတ်အားတိုင်ထပ်ပိုင်းကျိုးပျက်စီးသွားခဲ့သဖြင့် မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)၊ ရပ်ကွက်(၆)၊ ရပ်ကွက်(၇)၊ ရပ်ကွက်(၈)နှင့် ရပ်ကွက်(၉)တို့တွင် လျှပ်စစ်ဓာတ်အားပြတ်နေကြောင်း မရမ်းကုန်းမြို့နယ်(YESC)က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပျက်စီးသွားခဲ့သည့် လျှပ်စစ်ဓာတ်အားတိုင်ကို အမြန်ဆုံးပြန် လည်ပြုပြင်နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားပြန်လည်ပေးနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် မေလ ၁၈ ရက်ကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ကို ဓာတ်အားပေးထားသော 6.6KV ဓာတ်အား လိုင်းတိုင်ကို Honda Fit ယာဉ်တစ်စီးက ဝင်ရောက်တိုင်မိမှုကြောင့် ဘုရင့်နောင်လမ်း၊ လေဆိပ်လမ်း၊ တပင်ရွှေထီးလမ်း၊ အောင်ဇေယျလမ်း၊ ဓမ္မပါလလမ်း၊ သုခလမ်း၊ ချမ်းသာပြည့်စုံလမ်းတို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ဖူးသည်။

zawgyi version
မရမ္းကုန္းၿမိဳ႕နယ္ရွိ 33kv စိန္ပန္းၿမိဳင္-ကမာၻေအး ဓာတ္အားတိုင္ကို YBS တစ္စီးမွဝင္တိုက္မိသျဖင့္ ရပ္ကြက္(၅)ခု လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္
သန႔္ဇင္ (NP News) - ေမ ၂၂

ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ 33kv စိန္ပန္းၿမိဳင္-ကမာၻေအး ဓာတ္အားတိုင္ကို YBS တစ္စီးမွဝင္တိုက္မိသျဖင့္ ရပ္ကြက္(၅)ခု လွ်ပ္စစ္ ဓာတ္အားျပတ္ေတာက္မည္ျဖစ္ေၾကာင္း မရမ္းကုန္းၿမိဳ႕နယ္(YESC) ကသတင္းထုတ္ျပန္ထားသည္။

အဆိုပါဓာတ္အားတိုင္ကို ယေန႔(ေမလ ၂၂ ရက္)၊ နံနက္ ၅နာရီခြဲအခ်ိန္ခန႔္က YBS ယာဥ္တစ္စီးက ဝင္ေရာက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ ဝင္ေရာက္တိုက္မိမႈေၾကာင့္ ကြန္ကရစ္ဓာတ္အားတိုင္ထပ္ပိုင္းက်ိဳးပ်က္စီးသြားခဲ့သျဖင့္ မရမ္းကုန္းၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္(၅)၊ ရပ္ကြက္(၆)၊ ရပ္ကြက္(၇)၊ ရပ္ကြက္(၈)ႏွင့္ ရပ္ကြက္(၉)တို႔တြင္ လွ်ပ္စစ္ဓာတ္အားျပတ္ေနေၾကာင္း မရမ္းကုန္းၿမိဳ႕နယ္(YESC)က ထုတ္ျပန္ထားသည္။

လက္ရွိတြင္ ပ်က္စီးသြားခဲ့သည့္ လွ်ပ္စစ္ဓာတ္အားတိုင္ကို အျမန္ဆုံးျပန္ လည္ျပဳျပင္ႏိုင္ေရးႏွင့္ လွ်ပ္စစ္ဓာတ္အားျပန္လည္ေပးႏိုင္ေရးအတြက္ ျပဳျပင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ အလားတူ ၿပီးခဲ့သည့္ ေမလ ၁၈ ရက္ကလည္း မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္ကို ဓာတ္အားေပးထားေသာ 6.6KV ဓာတ္အား လိုင္းတိုင္ကို Honda Fit ယာဥ္တစ္စီးက ဝင္ေရာက္တိုင္မိမႈေၾကာင့္ ဘုရင့္ေနာင္လမ္း၊ ေလဆိပ္လမ္း၊ တပင္ေ႐ႊထီးလမ္း၊ ေအာင္ေဇယ်လမ္း၊ ဓမၼပါလလမ္း၊ သုခလမ္း၊ ခ်မ္းသာျပည့္စုံလမ္းတို႔တြင္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.