ဝိုင်းမော်မြို့မှ မြို့ခံပြည်သူ (၈၀) ရာခိုင်းနှုန်းကျော်နေရပ်စွန့်ခွါ

 1641

သန့်ဇင် (NP News) - မေ ၂၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှ မြို့ခံပြည်သူ ၈၀ ရာခိုင်းနှုန်းကျော်နေရပ်စွန့်ခွာ သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

KIA လက်နက်ကိုင်အဖွဲ့သည် PDF၊ ABSDF အပါအဝင် AA လက်နက်ကိုင်အဖွဲ့တို့နှင့် ပူးပေါင်းကာလွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဝိုင်းမော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။ “KIA ကအဖွဲ့ငယ်လေးတွေနဲ့ပေါင်းပြီး ခါးရှီရွာ ဘက်မှာရှိတဲ့ကွင်းပြင်ကြီးထဲကနေ ဝိုင်းမော်မြို့ထဲကို ဝင်ဖို့လုပ်နေတာ တစ်ပက်လောက်ရှိပြီ။ အဲဒီဘက်ကနေပဲ လက်နက်ကြီးတွေနဲ့ ပစ်တာတို့ ဒရုန်းတွေနဲ့ ဗုံးတွေလာချတာတို့လည်းရှိတယ်။ တပ်ကလည်း ဝိုင်းမော်မြို့ ပတ်လည်ကိုနေရာယူထားတော့ ရှေ့ကိုမတိုးနိုင်ဖြစ်နေတာလည်းပါတယ်” ဟု ဝိုင်းမော်မြို့ခံတစ်ဦးက NP News သို့ ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် KIA လက်နက်ကိုင်အဖွဲ့၏ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဝိုင်းမော်မြို့အစွန်ရှိ ရပ်ကွက်များအတွင်းကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံပြည်သူ (၆)ဦးထက်မနည်းသေဆုံးခဲ့ကြောင်းလည်း ၎င်းကဆိုသည်။ အဆိုပါဖြစ်စဉ်များမတိုင်မီကပင် တပ်မတော်နှင့် KIA လက်နက်ကိုင်တို့ကြား စစ်ရေးတင်းမာမှုများရှိနေကြောင်း သိရသည်။

ဝိုင်းမော်မြို့မှ နေရပ်စွန့်ခွာလာသည့် မြို့ခံအများစုသည် မြစ်ကြီးနားမြို့အပြင် အခြားနီးစပ်ရာမြို့ရွာများသို့ သွားရောက်တိမ်းရှောင်ခိုလှုံနေရပြီး အိမ်ငှားစရိတ်ကြီးမြင့်မှုအပါအဝင် အခြားလူမှုရေးရာ အခက်အခဲများနှင့်လည်းရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။ “မြို့ပေါ်ကနေတော်တော်များများပြောင်းသွားကြပြီ။ တစ်မြို့လုံးအတိုင်းအတာနဲ့ဆိုရင် (၈၀)ရာခိုင် နှုန်းကျော်လောက်ပြောင်းသွားကြတာ။ မြို့ပေါ်မှာက လူဦးရေထောင်ဂဏန်းလောက်ပဲကျန်တော့တယ်။ အများစုကတော့ သူတို့နဲ့နီးစပ်တဲ့ ဆွေမျိုးတွေဆီသွားကြတာ။ တစ်ချို့က လည်း မြစ်ကြီးနားဘက်တွေပြောင်းကုန်ကြတာပေါ့။ တစ်ချို့အဆင်မပြေတဲ့စကားတွေကြားရတာတွေလည်းရှိတယ်။ ပြီးတော့ နောင်းချိန်းရွာဘက်ကိုလည်း ပြောင်းကုန်ကြတာတွေရှိတယ်။ လက်ရှိမှာတော့ ဝိုင်းမော်မြို့က ဗလမင်းထင်တံတားကဖွင့်နေသေးတော့ သိပ်ပြီး ထွေထွေထူးထူးမရှိဘူး။ ဒါပေမဲ့ KIA ကအင်အားပြန်စုပြီး တိုက်မယ်ဆိုတဲ့အသံတွေတော့ ကြားနေရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ပြီးခဲ့သည် ရက်ပိုင်းကလည်း KIA လက်နက်ကိုင်အဖွဲ့က အရပ်သားများတင်ဆောင်မောင်းနှင်လာသည့်တွဲကားနှင့်အတူ ဝိုင်းမော်မြို့ အတွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ရာ တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့၏ နှစ်ဖက်ပစ်ခတ်မှုများအကြား အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

zawgyi version
ဝိုင္းေမာ္ၿမိဳ႕မွ ၿမိဳ႕ခံျပည္သူ (၈၀) ရာခိုင္းႏႈန္းေက်ာ္ေနရပ္စြန႔္ခြါ
သန႔္ဇင္ (NP News) - ေမ ၂၉

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕မွ ၿမိဳ႕ခံျပည္သူ ၈၀ ရာခိုင္းႏႈန္းေက်ာ္ေနရပ္စြန႔္ခြာ သြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

KIA လက္နက္ကိုင္အဖြဲ႕သည္ PDF၊ ABSDF အပါအဝင္ AA လက္နက္ကိုင္အဖြဲ႕တို႔ႏွင့္ ပူးေပါင္းကာလြန္ခဲ့သည့္ တစ္ပတ္ခန႔္မွစ၍ ဝိုင္းေမာ္ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္ရန္ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း သိရသည္။ “KIA ကအဖြဲ႕ငယ္ေလးေတြနဲ႔ေပါင္းၿပီး ခါးရွီ႐ြာ ဘက္မွာရွိတဲ့ကြင္းျပင္ႀကီးထဲကေန ဝိုင္းေမာ္ၿမိဳ႕ထဲကို ဝင္ဖို႔လုပ္ေနတာ တစ္ပက္ေလာက္ရွိၿပီ။ အဲဒီဘက္ကေနပဲ လက္နက္ႀကီးေတြနဲ႔ ပစ္တာတို႔ ဒ႐ုန္းေတြနဲ႔ ဗုံးေတြလာခ်တာတို႔လည္းရွိတယ္။ တပ္ကလည္း ဝိုင္းေမာ္ၿမိဳ႕ ပတ္လည္ကိုေနရာယူထားေတာ့ ေရွ႕ကိုမတိုးႏိုင္ျဖစ္ေနတာလည္းပါတယ္” ဟု ဝိုင္းေမာ္ၿမိဳ႕ခံတစ္ဦးက NP News သို႔ ထုတ္ေဖာ္ေျပာဆိုထားသည္။

ထို႔ျပင္ KIA လက္နက္ကိုင္အဖြဲ႕၏ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္မႈေၾကာင့္ ဝိုင္းေမာ္ၿမိဳ႕အစြန္ရွိ ရပ္ကြက္မ်ားအတြင္းက်ေရာက္ေပါက္ကြဲခဲ့ရာ ေဒသခံျပည္သူ (၆)ဦးထက္မနည္းေသဆုံးခဲ့ေၾကာင္းလည္း ၎ကဆိုသည္။ အဆိုပါျဖစ္စဥ္မ်ားမတိုင္မီကပင္ တပ္မေတာ္ႏွင့္ KIA လက္နက္ကိုင္တို႔ၾကား စစ္ေရးတင္းမာမႈမ်ားရွိေနေၾကာင္း သိရသည္။

ဝိုင္းေမာ္ၿမိဳ႕မွ ေနရပ္စြန႔္ခြာလာသည့္ ၿမိဳ႕ခံအမ်ားစုသည္ ျမစ္ႀကီးနားၿမိဳ႕အျပင္ အျခားနီးစပ္ရာၿမိဳ႕႐ြာမ်ားသို႔ သြားေရာက္တိမ္းေရွာင္ခိုလႈံေနရၿပီး အိမ္ငွားစရိတ္ႀကီးျမင့္မႈအပါအဝင္ အျခားလူမႈေရးရာ အခက္အခဲမ်ားႏွင့္လည္းရင္ဆိုင္ေနရေၾကာင္း ေဒသခံမ်ားက ဆိုသည္။ “ၿမိဳ႕ေပၚကေနေတာ္ေတာ္မ်ားမ်ားေျပာင္းသြားၾကၿပီ။ တစ္ၿမိဳ႕လုံးအတိုင္းအတာနဲ႔ဆိုရင္ (၈၀)ရာခိုင္ ႏႈန္းေက်ာ္ေလာက္ေျပာင္းသြားၾကတာ။ ၿမိဳ႕ေပၚမွာက လူဦးေရေထာင္ဂဏန္းေလာက္ပဲက်န္ေတာ့တယ္။ အမ်ားစုကေတာ့ သူတို႔နဲ႔နီးစပ္တဲ့ ေဆြမ်ိဳးေတြဆီသြားၾကတာ။ တစ္ခ်ိဳ႕က လည္း ျမစ္ႀကီးနားဘက္ေတြေျပာင္းကုန္ၾကတာေပါ့။ တစ္ခ်ိဳ႕အဆင္မေျပတဲ့စကားေတြၾကားရတာေတြလည္းရွိတယ္။ ၿပီးေတာ့ ေနာင္းခ်ိန္း႐ြာဘက္ကိုလည္း ေျပာင္းကုန္ၾကတာေတြရွိတယ္။ လက္ရွိမွာေတာ့ ဝိုင္းေမာ္ၿမိဳ႕က ဗလမင္းထင္တံတားကဖြင့္ေနေသးေတာ့ သိပ္ၿပီး ေထြေထြထူးထူးမရွိဘူး။ ဒါေပမဲ့ KIA ကအင္အားျပန္စုၿပီး တိုက္မယ္ဆိုတဲ့အသံေတြေတာ့ ၾကားေနရတယ္” ဟု ၎ကဆက္လက္ေျပာသည္။

ၿပီးခဲ့သည္ ရက္ပိုင္းကလည္း KIA လက္နက္ကိုင္အဖြဲ႕က အရပ္သားမ်ားတင္ေဆာင္ေမာင္းႏွင္လာသည့္တြဲကားႏွင့္အတူ ဝိုင္းေမာ္ၿမိဳ႕ အတြင္းသို႔ ဝင္ေရာက္ရန္ႀကိဳးပမ္းခဲ့ရာ တပ္မေတာ္ႏွင့္ KIA လက္နက္ကိုင္အဖြဲ႕တို႔၏ ႏွစ္ဖက္ပစ္ခတ္မႈမ်ားအၾကား အရပ္သား ေသဆုံးထိခိုက္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.