ခရီးသွားလာခွင့်အခကြေးငွေ ကောက်ခံမယ့်အစီအစဉ်ကို ထိုင်းအစိုးရဖျက်သိမ်း

1935

Pika (NP News) - ဇွန် ၁၃
ထိုင်းအစိုးရဟာ ၎င်းတို့နိုင်ငံတွင်းကို လေကြောင်းကနေရောက်ရှိလာတဲ့ခရီးသွားတွေအတွက် ခရီးသွားခွင့် အခကြေးငွေ ဘတ်(၃၀၀) ကောက်ခံမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ဆာရက်တာသာဗီဆင်ဟာ ပြီးခဲ့တဲ့ ဇွန်လ(၈)ရက်မှာ ချင်းမိုင်ပြည်နယ်ကို သွားရောက်လည်ပတ် စဉ်အချိန်အတွင်း ခရီးသွားခွင့်အခကြေးငွေကောက်ခံမယ့်အစီအစဉ်ကို ဖျက်သိမ်းမယ့်အစိုးရရဲ့ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုင်းအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက “ဒီအစီအစဉ်ဟာ အခြားဒေသတွေမှာ ခရီးသွားလာမှုအသုံးစရိတ်ကို ပိုမိုမြင့်မားလာစေနိုင်တာမလို့ အခကြေးငွေကောက်ခံမယ်အစီအစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောထားပါတယ်။
ထိုင်းနိုင်ငံရဲ့ယခင်အစိုးရဟာ ခရီးသွားလာခွင့်အခကြေးငွေကောက်ခံမယ့်အစီအစဉ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ မှာ အတည်ပြုခဲ့တာဖြစ်ပြီး ကောက်ခံရရှိထားတဲ့ အခကြေးငွေတွေကို ခရီးသွားလုပ်ငန်းကို စီမံခန့်ခွဲဖို့နဲ့ ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း အခကြေးငွေကောက်ခံမယ့်အစီအစဉ်ကို ပုဂ္ဂလိက ကဏ္ဍတွေက ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိခဲ့တယ်လို့ ပြည်သူ့ဆက်ဆံရေးဌာနက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ထိုင်းအစိုးရဟာ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့လမှာ ထိုင်းအစိုးရဟာ ခရီးသွားတွေ၊ ဘွဲ့လွန်ကျောင်းသားတွေ နဲ့ အလုပ်သမားတွေအတွက် ရှည်လျားတဲ့ နေထိုင်ခွင့်ကာလဗီဇာအပြင် အငြိမ်းစားတွေအတွက် ပိုမိုကောင်းမွန်တဲ့ဗီဇာကို အတည်ပြုပေးခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်းအစိုးရဟာ ယခုလကနေ စတင်ပြီး နိုင်ငံပေါင်း(၉၃)နိုင်ငံက ခရီးသွားတွေကို နိုင်ငံအတွင်းမှာ ရက်ပေါင်း(၆၀)ကြာ နေထိုင်ခွင့်ပေးမှာဖြစ်ပြီး နောက်ထပ်ဆိုက်ရောက်ဗီဇာတွေလည်း အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ခရီးသြားလာခြင့္အခေၾကးေငြ ေကာက္ခံမယ့္အစီအစဥ္ကို ထိုင္းအစိုးရဖ်က္သိမ္း
Pika (NP News) - ဇြန္ ၁၃
ထိုင္းအစိုးရဟာ ၎တို႔ႏိုင္ငံတြင္းကို ေလေၾကာင္းကေနေရာက္ရွိလာတဲ့ခရီးသြားေတြအတြက္ ခရီးသြားခြင့္ အခေၾကးေငြ ဘတ္(၃၀၀) ေကာက္ခံမယ့္အစီအစဥ္ကို ဖ်က္သိမ္းလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္ဆာရက္တာသာဗီဆင္ဟာ ၿပီးခဲ့တဲ့ ဇြန္လ(၈)ရက္မွာ ခ်င္းမိုင္ျပည္နယ္ကို သြားေရာက္လည္ပတ္ စဥ္အခ်ိန္အတြင္း ခရီးသြားခြင့္အခေၾကးေငြေကာက္ခံမယ့္အစီအစဥ္ကို ဖ်က္သိမ္းမယ့္အစိုးရရဲ႕ဆုံးျဖတ္ခ်က္ကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ထိုင္းအစိုးရ ျပည္သူ႔ဆက္ဆံေရးဌာနက “ဒီအစီအစဥ္ဟာ အျခားေဒသေတြမွာ ခရီးသြားလာမႈအသုံးစရိတ္ကို ပိုမိုျမင့္မားလာေစႏိုင္တာမလို႔ အခေၾကးေငြေကာက္ခံမယ္အစီအစဥ္ကို ဖ်က္သိမ္းဖို႔ ဆုံးျဖတ္ခဲ့တာပါ” လို႔ ေျပာထားပါတယ္။
ထိုင္းႏိုင္ငံရဲ႕ယခင္အစိုးရဟာ ခရီးသြားလာခြင့္အခေၾကးေငြေကာက္ခံမယ့္အစီအစဥ္ကို ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ မွာ အတည္ျပဳခဲ့တာျဖစ္ၿပီး ေကာက္ခံရရွိထားတဲ့ အခေၾကးေငြေတြကို ခရီးသြားလုပ္ငန္းကို စီမံခန႔္ခြဲဖို႔နဲ႔ ဖြံ႕ၿဖိဳး တိုးတက္ေစဖို႔အတြက္ အသုံးျပဳသြားမွာျဖစ္တယ္လို႔ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ဖူးပါတယ္။
ဒါေပမယ့္လည္း အခေၾကးေငြေကာက္ခံမယ့္အစီအစဥ္ကို ပုဂၢလိက က႑ေတြက ဆန႔္က်င္ကန႔္ကြက္မႈေတြ ရွိခဲ့တယ္လို႔ ျပည္သူ႔ဆက္ဆံေရးဌာနက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ လေတြအတြင္း ထိုင္းအစိုးရဟာ ႏိုင္ငံရဲ႕ ခရီးသြားလုပ္ငန္းကို ျမႇင့္တင္ဖို႔ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့လမွာ ထိုင္းအစိုးရဟာ ခရီးသြားေတြ၊ ဘြဲ႕လြန္ေက်ာင္းသားေတြ နဲ႔ အလုပ္သမားေတြအတြက္ ရွည္လ်ားတဲ့ ေနထိုင္ခြင့္ကာလဗီဇာအျပင္ အၿငိမ္းစားေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ဗီဇာကို အတည္ျပဳေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ထိုင္းအစိုးရဟာ ယခုလကေန စတင္ၿပီး ႏိုင္ငံေပါင္း(၉၃)ႏိုင္ငံက ခရီးသြားေတြကို ႏိုင္ငံအတြင္းမွာ ရက္ေပါင္း(၆၀)ၾကာ ေနထိုင္ခြင့္ေပးမွာျဖစ္ၿပီး ေနာက္ထပ္ဆိုက္ေရာက္ဗီဇာေတြလည္း အက်ဳံးဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။