လာမည့်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရားဝင်အသိပေး

1742

မြူနစ် (NP News) - ဇွန် ၁၆
လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရားဝင်ထုတ်ဖော်ပြောဆိုလိုက်သည်။
၎င်းက ယမန်နေ့(ဇွန် ၁၅ ရက်) တွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖိများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ တရားဝင်အသိပေးကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
လာမည့် အောက်တိုဘာလအတွင်းတွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခု နှစ်အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံရေးကိုအကြောင်းပြု၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပါက တိုးတက်မှုများ နောက်ကျနေမည်ဟု ၎င်းက ထပ်မံပြောသည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာ ၁ ရက်မှစတင်ကာ အောက်တိုဘာ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် စာရင်းကောက်ကွက်ပေါင်း (၁၁၀ဝဝဝ) ခန့်ရှိပြီး စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၄၀ဝဝဝ)ကျော်ဖြင့် အသုံးပြုကောက်ယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနဘက်က ထုတ်ဖော်အသိပေးထားသည်။
အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်းပေါင်း (၆၈)ခု မေးမြန်းကာ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်းပေါင်း (၁၈)ခုတို့ဖြင့် မေးမြန်း ကောက်ယူသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ကောက်ယူရရှိသည့် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
နစကအစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံရေးပါတီများကလည်း ရွေးကောက်ပွဲသည် လာမည့် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ယခင်ကတည်းက ခန့်မှန်းထားဖူးသည်။
သို့သော် နိုင်ငံအတွင်း၌ လက်နက်ကိုင်ပဋိပက္ခများသည် ပိုမိုကျယ်ပြန့်နေလျက်ရှိပြီး အကြမ်းဖက်သတ်ဖြတ်၊ လုယက်မှု၊ ပြန်ပေးဆွဲမှုဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့မြင်နေရသည်။
ထို့ပြင် ကချင်ပြည်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့တွင်လည်း တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။
လက်ရှိ နစကအစိုးရအနေဖြင့် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး ကျင်းပနိုင်ခြင်းမရှိပါက အပိုင်းလိုက်ကျင်းပသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
Zawgyi Version;
လာမည့္ႏွစ္အတြင္း ေ႐ြးေကာက္ပြဲက်င္းပရန္ ျပင္ဆင္ေနေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တရားဝင္အသိေပး
ျမဴနစ္ (NP News) - ဇြန္ ၁၆
လာမည့္ ၂၀၂၅ ခုႏွစ္အတြင္း ေ႐ြးေကာက္ပြဲက်င္းပရန္ ျပင္ဆင္ေနေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တရားဝင္ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
၎က ယမန္ေန႔(ဇြန္ ၁၅ ရက္) တြင္ မႏၲေလးတိုင္း၊ မိတၳီလာၿမိဳ႕၊ ကန္ေတာ္မဂၤလာခန္းမတြင္ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖိမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ တရားဝင္အသိေပးကာ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
လာမည့္ ေအာက္တိုဘာလအတြင္းတြင္ လူဦးေရႏွင့္သန္းေခါင္စာရင္းေကာက္ယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိၿပီး ၂၀၂၅ ခု ႏွစ္အတြင္း လြတ္လပ္၍ တရားမွ်တသည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး ႀကိဳတင္ျပင္ဆင္ေနေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ႏိုင္ငံေရးကိုအေၾကာင္းျပဳ၍ ေဆာင္႐ြက္ရမည့္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ျခင္းမရွိပါက တိုးတက္မႈမ်ား ေနာက္က်ေနမည္ဟု ၎က ထပ္မံေျပာသည္။
ျပည္လုံးကြၽတ္သန္းေခါင္စာရင္းကို လာမည့္ ေအာက္တိုဘာ ၁ ရက္မွစတင္ကာ ေအာက္တိုဘာ ၁၅ ရက္အထိ ေကာက္ယူသြားမည္ျဖစ္ေၾကာင္းသိရသည္။
ျပည္လုံးကြၽတ္သန္းေခါင္စာရင္းေကာက္ယူရန္အတြက္ စာရင္းေကာက္ကြက္ေပါင္း (၁၁၀ဝဝဝ) ခန႔္ရွိၿပီး စာရင္းစစ္၊ စာရင္းေကာက္ စုစုေပါင္း (၄၀ဝဝဝ)ေက်ာ္ျဖင့္ အသုံးျပဳေကာက္ယူသြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနဘက္က ထုတ္ေဖာ္အသိေပးထားသည္။
အိမ္ေထာင္စုေမးခြန္းပုံစံအတြက္ ေမးခြန္းေပါင္း (၆၈)ခု ေမးျမန္းကာ အဖြဲ႕အစည္း ေမးခြန္းပုံစံအတြက္ ေမးခြန္းေပါင္း (၁၈)ခုတို႔ျဖင့္ ေမးျမန္း ေကာက္ယူသြားမည္ျဖစ္ၿပီး ယင္းကဲ့သို႔ ေကာက္ယူရရွိသည့္ သန္းေခါင္စာရင္း၏ ေရွ႕ေျပးလူဦးေရစာရင္းကို ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလကုန္ပိုင္းတြင္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း သိရသည္။
နစကအစိုးရက က်င္းပေပးမည့္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ျပည္တြင္းရွိ ႏိုင္ငံေရးပါတီမ်ားကလည္း ေ႐ြးေကာက္ပြဲသည္ လာမည့္ ၂၀၂၅ ခုႏွစ္အတြင္း ျဖစ္ေပၚလာႏိုင္သည္ဟုလည္း ယခင္ကတည္းက ခန႔္မွန္းထားဖူးသည္။
သို႔ေသာ္ ႏိုင္ငံအတြင္း၌ လက္နက္ကိုင္ပဋိပကၡမ်ားသည္ ပိုမိုက်ယ္ျပန႔္ေနလ်က္ရွိၿပီး အၾကမ္းဖက္သတ္ျဖတ္၊ လုယက္မႈ၊ ျပန္ေပးဆြဲမႈျဖစ္စဥ္မ်ားလည္း ျဖစ္ပြားလ်က္ရွိေနသည္ကို ေတြ႕ျမင္ေနရသည္။
ထို႔ျပင္ ကခ်င္ျပည္၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း ႏွင့္ မေကြးတိုင္းတို႔တြင္လည္း တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိသည္။
လက္ရွိ နစကအစိုးရအေနျဖင့္ ႏိုင္ငံအတြင္း ျဖစ္ပြားေနသည့္ ပဋိပကၡမ်ားေၾကာင့္ ေ႐ြးေကာက္ပြဲကို တစ္ႏိုင္ငံလုံး က်င္းပႏိုင္ျခင္းမရွိပါက အပိုင္းလိုက္က်င္းပသြားရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။