၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ GDP အား အမေရိကန်ဒေါ်လာ ၈၁ ဘီလျံကျော်အထိ မျှော်မှန်းဆောင်ရွက်နေဟု နစကဥက္ကဌ ဆို

196

Pearl (NP News) - ဇူလိုင် ၃
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ GDP အား အမေရိကန်ဒေါ်လာ ၈၁ ဘီလျံကျော်အထိ မျှော်မှန်းဆောင်ရွက်နေကြောင်း ယမန်နေ့ (ဇူလိုင်လ ၂ရက်)က ကျင်းပသော နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အဆိုပါ အစည်းအဝေးတွင် နိုင်ငံတစ်ခု၏ စီးပွားရေးကို GDP ဖြင့်တိုင်းတာခြင်းဖြစ်ပြီး ၂၀၂၄ -၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် မိမိတို့နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလျံရှိ နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒမသ ၆ ဘီလျံအထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး ၅ ဒသမ ၂ ဘီလျံခန့် တိုးတက်ရေးအတွက် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ မျှော်မှန်းဆောင်ရွက်နေချိန်တွင် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခင်က ၂ ဒသမ ၅ အထိ မျှော်မှန်းထားသော်လည်း လက်ရှိအချိန်တွင် အနုတ် ၂ ဒသမ ၅ အထိကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်ကိုတွေ့ရှိရပြီး ၎င်းတို့ တွက်ချက်သည့်စာရင်းများတွင် အချက်အလက်များ မှန်ကန်မှုမရှိခြင်းနှင့် ပြည့်စုံမှုမရှိခြင်းများရှိသည်ကိုတွေ့ရကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။
မိမိတို့နိုင်ငံအတွက် အရေးကြီးသည်မှာ အမှန်တကယ်အလုပ်လုပ်ရန်လို နှင့် မည်သို့ပင် နိုင်ငံ၏ GDP ကျဆင်းမည်ဟု ၎င်းတို့အနေဖြင့် မျှော်မှန်းထားသော်လည်း နိုင်ငံအတွင်းနေထိုင်သူများက ကြိုးပမ်းဆောင်ရွက်ပါက နိုင်ငံ၏ GDP မှာတိုးတက်လာမည်ဖြစ်ကြောင်းကြောင်းလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက GDP နည်းပါးလျက်ရှိသဖြင့် GDP တိုးတက်စေရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် စွမ်းအားရှိသမျှ အားထုတ်ကြိုးပမ်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌက တိုက်တွန်းထားသည်။

Zawgyi Version:
၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္တြင္ ႏိုင္ငံ့ GDP အား အေမရိကန္ေဒၚလာ ၈၁ ဘီလ်ံေက်ာ္အထိ ေမွ်ာ္မွန္းေဆာင္႐ြက္ေနဟု နစကဥကၠဌ ဆို
Pearl (NP News) - ဇူလိုင္ ၃
၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္တြင္ ႏိုင္ငံ့ GDP အား အေမရိကန္ေဒၚလာ ၈၁ ဘီလ်ံေက်ာ္အထိ ေမွ်ာ္မွန္းေဆာင္႐ြက္ေနေၾကာင္း ယမန္ေန႔ (ဇူလိုင္လ ၂ရက္)က က်င္းပေသာ ႏိုင္ငံေတာ္၏ စီးပြားေရးတိုးတက္ေစေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
အဆိုပါ အစည္းအေဝးတြင္ ႏိုင္ငံတစ္ခု၏ စီးပြားေရးကို GDP ျဖင့္တိုင္းတာျခင္းျဖစ္ၿပီး ၂၀၂၄ -၂၀၂၅ ခုႏွစ္ ဘ႑ာႏွစ္တြင္ မိမိတို႔ႏိုင္ငံ၏ GDP မွာ အေမရိကန္ေဒၚလာ ၇၆ ဒသမ ၄ ဘီလ်ံရွိ နစက ဥကၠ႒က ေျပာသည္။
ထို႔ျပင္ ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၈၁ ဒမသ ၆ ဘီလ်ံအထိ ေမွ်ာ္မွန္းေဆာင္႐ြက္လ်က္ရွိၿပီး ၅ ဒသမ ၂ ဘီလ်ံခန႔္ တိုးတက္ေရးအတြက္ ရည္မွန္းေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္းေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထိုသို႔ ေမွ်ာ္မွန္းေဆာင္႐ြက္ေနခ်ိန္တြင္ ကမာၻ႔ဘဏ္မွ ျမန္မာႏိုင္ငံ၏ စီးပြားေရးကို ယခင္က ၂ ဒသမ ၅ အထိ ေမွ်ာ္မွန္းထားေသာ္လည္း လက္ရွိအခ်ိန္တြင္ အႏုတ္ ၂ ဒသမ ၅ အထိက်ဆင္းႏိုင္သည္ဟု ခန႔္မွန္းထားသည္ကိုေတြ႕ရွိရၿပီး ၎တို႔ တြက္ခ်က္သည့္စာရင္းမ်ားတြင္ အခ်က္အလက္မ်ား မွန္ကန္မႈမရွိျခင္းႏွင့္ ျပည့္စုံမႈမရွိျခင္းမ်ားရွိသည္ကိုေတြ႕ရေၾကာင္း နစက ဥကၠ႒က ေျပာသည္။
မိမိတို႔ႏိုင္ငံအတြက္ အေရးႀကီးသည္မွာ အမွန္တကယ္အလုပ္လုပ္ရန္လို ႏွင့္ မည္သို႔ပင္ ႏိုင္ငံ၏ GDP က်ဆင္းမည္ဟု ၎တို႔အေနျဖင့္ ေမွ်ာ္မွန္းထားေသာ္လည္း ႏိုင္ငံအတြင္းေနထိုင္သူမ်ားက ႀကိဳးပမ္းေဆာင္႐ြက္ပါက ႏိုင္ငံ၏ GDP မွာတိုးတက္လာမည္ျဖစ္ေၾကာင္းေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံႏိုင္ငံမ်ားႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက GDP နည္းပါးလ်က္ရွိသျဖင့္ GDP တိုးတက္ေစေရး ကုန္ထုတ္လုပ္ငန္းမ်ား တိုးတက္ေအာင္ စြမ္းအားရွိသမွ် အားထုတ္ႀကိဳးပမ္းေဆာင္႐ြက္ရန္ နစက ဥကၠ႒က တိုက္တြန္းထားသည္။