ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံကို PDFအဖွဲ့က Droneဖြင့် တိုက်ခိုက်

1727

သန့်ဇင် (NP News) - အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံကို PDFအဖွဲ့က Droneဖြင့် ဗုံးများပစ်ချတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်၊ နံနက် ၁ဝ နာရီအချိန်ခန့်က ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများက အများပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေစဉ် PDFအဖွဲ့မှ ဗုံးသီးများချိတ်ဆွဲထားသော Droneများ အသုံးပြုကာ ဆေးရုံ၏ အပေါ်ဘက်အမြင့်(မီတာ ၁၀၀) ခန့်အကွာမှ ဆေးရုံအဆောက်အဦးနှင့် ဝန်ထမ်းအိမ်ယာပေါ်သို့ ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးများပစ်ချတိုက်ခိက်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများထိခိုက်မှုမရှိခဲ့သော်လည်း ဆေးရုံနှင့်ဝန်ထမ်းအိမ်ယာတို့၏ ခေါင်မိုးသွပ်ပြားများ၊ ပြတင်းပေါက်မှန်များ၊ ရေတိုင်ကီနှင့် အုပ်နံရံများမှာ ဗုံးစထိမှန်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံသည် မြို့ပေါ်ရှိ ရပ်ကွက်(၅)ရပ်ကွက်အပြင် အနီးနားဝန်းကျင်ရှိ ကျေးရွာ(၁၅)ရွာ မှ လူဦးရေ (၃၀၀၀)ခန့်ကို ကာကွယ်ဆေးထိုးခြင်းနှင့် မီးဖွားခြင်းကိစ္စများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသော(၂၅) ကုတင်ဆံ့ဆေးရုံ တစ်ရုံဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ခင္ဦးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံကို PDFအဖြဲ႕က Droneျဖင့္ တိုက္ခိုက္
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၈
စစ္ကိုင္းတိုင္းေဒသႀကီး၊ ခင္ဦးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံကို PDFအဖြဲ႕က Droneျဖင့္ ဗုံးမ်ားပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၆ ရက္၊ နံနက္ ၁ဝ နာရီအခ်ိန္ခန႔္က ခင္ဦးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံဝန္းအတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေဆး႐ုံတြင္ က်န္းမာေရးဝန္ထမ္းမ်ားက အမ်ားျပည္သူမ်ားကို က်န္းမာေရးေစာင့္ေရွာက္မႈမ်ား လုပ္ေဆာင္ေပးေနစဥ္ PDFအဖြဲ႕မွ ဗုံးသီးမ်ားခ်ိတ္ဆြဲထားေသာ Droneမ်ား အသုံးျပဳကာ ေဆး႐ုံ၏ အေပၚဘက္အျမင့္(မီတာ ၁၀၀) ခန႔္အကြာမွ ေဆး႐ုံအေဆာက္အဦးႏွင့္ ဝန္ထမ္းအိမ္ယာေပၚသို႔ ဗုံးမ်ား ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဗုံးမ်ားပစ္ခ်တိုက္ခိက္ခံရမႈေၾကာင့္ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ လူနာမ်ားထိခိုက္မႈမရွိခဲ့ေသာ္လည္း ေဆး႐ုံႏွင့္ဝန္ထမ္းအိမ္ယာတို႔၏ ေခါင္မိုးသြပ္ျပားမ်ား၊ ျပတင္းေပါက္မွန္မ်ား၊ ေရတိုင္ကီႏွင့္ အုပ္နံရံမ်ားမွာ ဗုံးစထိမွန္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
ခင္ဦးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသည္ ၿမိဳ႕ေပၚရွိ ရပ္ကြက္(၅)ရပ္ကြက္အျပင္ အနီးနားဝန္းက်င္ရွိ ေက်း႐ြာ(၁၅)႐ြာ မွ လူဦးေရ (၃၀၀၀)ခန႔္ကို ကာကြယ္ေဆးထိုးျခင္းႏွင့္ မီးဖြားျခင္းကိစၥမ်ားအပါအဝင္ က်န္းမာေရးေစာင့္ေရွာက္မႈ ေဆာင္႐ြက္ေပးေနေသာ(၂၅) ကုတင္ဆံ့ေဆး႐ုံ တစ္႐ုံျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။