မရမ်းကုန်းတွင် ​တောင်ကိုရီးယားနိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရှိ

 3605

Pearl (NP News) - သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် တောင်ကိုရီးယားနိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရှိရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (သြဂုတ်လ၂ ရက်)၊ နံနက် (၉) နာရီခွဲခန့်တွင် အလုပ်အတူ လုပ်သူ အမျိုးသမီးနှစ်ဦးက အလုပ်ရုံးခန်းရှိသော တောင်ကိုရီးယားနိုင်ငံသား Mr.Kim Young နေထိုင်ရာ ကမ္ဘာအေးကွန်ဒို ရှိ အခန်းသို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုအခါ အခန်းတံခါးစေ့ထားကြောင်း တွေ့ရပြီး ဂျက်မချထားသဖြင့် တွန်းဖွင့်ပြီး အခန်းတွင်း ဝင်ရောက်စဉ် Mr.Kim Young Deuk ကို မှောက်လျက်အနေအထားဖြင့် ဓမ္မတာအတိုင်း မဟုတ်ဘဲ သေဆုံးနေသည်ကိုတွေ့ကြောင်း သိရသည်။
ထို့ကြောင့် ကျူးလွန်သူကို ဖမ်းမိရေးအတွက် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မရမ္းကုန္းတြင္ ​ေတာင္ကိုရီးယားႏိုင္ငံသားတစ္ဦး အခန္းအတြင္း ေသဆုံးေနသည္ကို ေတြ႕ရွိ
Pearl (NP News) - ၾသဂုတ္ ၂
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ ေတာင္ကိုရီးယားႏိုင္ငံသားတစ္ဦး အခန္းအတြင္း ေသဆုံးေနသည္ကို ေတြ႕ရွိရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔ (ၾသဂုတ္လ၂ ရက္)၊ နံနက္ (၉) နာရီခြဲခန႔္တြင္ အလုပ္အတူ လုပ္သူ အမ်ိဳးသမီးႏွစ္ဦးက အလုပ္႐ုံးခန္းရွိေသာ ေတာင္ကိုရီးယားႏိုင္ငံသား Mr.Kim Young ေနထိုင္ရာ ကမာၻေအးကြန္ဒို ရွိ အခန္းသို႔ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ထိုအခါ အခန္းတံခါးေစ့ထားေၾကာင္း ေတြ႕ရၿပီး ဂ်က္မခ်ထားသျဖင့္ တြန္းဖြင့္ၿပီး အခန္းတြင္း ဝင္ေရာက္စဥ္ Mr.Kim Young Deuk ကို ေမွာက္လ်က္အေနအထားျဖင့္ ဓမၼတာအတိုင္း မဟုတ္ဘဲ ေသဆုံးေနသည္ကိုေတြ႕ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ က်ဴးလြန္သူကို ဖမ္းမိေရးအတြက္ တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.