K Pop အမျိုးသားအဖွဲ့ NCT အဖွဲ့ဝင်ဟောင်း မွန်းတေးအီ လူ ၃ ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ တရားစွဲခံရ

 469

ရောင်နီ (NP News) - အောက်တိုဘာ ၉

K-pop အမျိုးသားဂီတအဖွဲ့ NCT အဖွဲ့ဝင်ဟောင်း မွန်းတေးအီဟာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ စွဲချက်တင်ခံရတယ်လို့ တောင်ကိုရီးယားသတင်း Chosun Ilbo က အောက်တိုဘာလ ၇ ရက်မှာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ် တေးအီဟာ ဒီအမှုအတွက် ဆိုးလ်မြို့၊ ဘန်ဘဲ့ရဲစခန်းမှာ အထူးမုဒိမ်းမှု စွဲချက်နဲ့ စစ်ဆေးမေးမြန်းခံရပါတယ်။ နောက်ပိုင်း သူ့ကို ဆိုးလ်မြို့ ဗဟိုခရိုင် အစိုးရရှေ့နေရုံးက စက်တင်ဘာလ ၁၂ ရက်က ဆင့်ခေါ်ခဲ့ပေမယ့် တရားစွဲဆိုခြင်းတော့ မရှိသေးပါဘူး။ တေးအီဟာ ၎င်းထက် အားနည်းသူ၊ ပြန်ခုခံနိုင်စွမ်းမရှိသူတွေကို တားဂတ်ထားပြီး မုဒိန်းမှုကျူးလွန်ခြင်း၊ ဒါမှမဟုတ် ပြန်မခုခံနိုင်အောင် လက်နက်သုံး နှိပ်စက်ပြီးမှ ကျူးလွန်ခြင်းတို့ပြုလုပ်ခဲ့တယ်လို့ သံသယရှိထားပါတယ်။ တကယ်လို့ ဒါသာအမှန်ဆိုရင် တေးအီဟာ ထောင်ဒဏ် ခုနစ်နှစ် (သို့မဟုတ်) ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရနိုင်ပါတယ်။ အမှုအစီရင်ခံစာအရ နစ်နာသူတစ်ဦးဟာ ဆေးမူးနေပြီး ကျန်နှစ်ဦးကတော့ သာမာန်လူတွေပဲဖြစ်တယ်လို့ သိရပါတယ်။
တေးအီဟာ ဒီအမှုအတွက် ဇွန်လက တိုင်ကြားခံရပြီး သြဂုတ်လ ၂၈ ရက်မှာ ရဲတပ်ဖွဲ့က စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

တေးအီဟာ NCT 127 ရဲ့အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့ရဲ့ Main Vocalist လည်း ဖြစ်ပါတယ်။ အမှုကြောင့် တေးအီဟာ NCT မှ ချက်ချင်းနုတ်ထွက်ခဲ့ပါတယ်။

Zawgyi Version;
K Pop အမ်ိဳးသားအဖြဲ႕ NCT အဖြဲ႕ဝင္ေဟာင္း မြန္းေတးအီ လူ ၃ ဦးကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈနဲ႔ တရားစြဲခံရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၉

K-pop အမ်ိဳးသားဂီတအဖြဲ႕ NCT အဖြဲ႕ဝင္ေဟာင္း မြန္းေတးအီဟာ အမ်ိဳးသားႏွစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈနဲ႔ စြဲခ်က္တင္ခံရတယ္လို႔ ေတာင္ကိုရီးယားသတင္း Chosun Ilbo က ေအာက္တိုဘာလ ၇ ရက္မွာ ေဖာ္ျပလာခဲ့ပါတယ္။

အသက္ ၃၀ ႏွစ္အ႐ြယ္ ေတးအီဟာ ဒီအမႈအတြက္ ဆိုးလ္ၿမိဳ႕၊ ဘန္ဘဲ့ရဲစခန္းမွာ အထူးမုဒိမ္းမႈ စြဲခ်က္နဲ႔ စစ္ေဆးေမးျမန္းခံရပါတယ္။ ေနာက္ပိုင္း သူ႔ကို ဆိုးလ္ၿမိဳ႕ ဗဟိုခ႐ိုင္ အစိုးရေရွ႕ေန႐ုံးက စက္တင္ဘာလ ၁၂ ရက္က ဆင့္ေခၚခဲ့ေပမယ့္ တရားစြဲဆိုျခင္းေတာ့ မရွိေသးပါဘူး။ ေတးအီဟာ ၎ထက္ အားနည္းသူ၊ ျပန္ခုခံႏိုင္စြမ္းမရွိသူေတြကို တားဂတ္ထားၿပီး မုဒိန္းမႈက်ဴးလြန္ျခင္း၊ ဒါမွမဟုတ္ ျပန္မခုခံႏိုင္ေအာင္ လက္နက္သုံး ႏွိပ္စက္ၿပီးမွ က်ဴးလြန္ျခင္းတို႔ျပဳလုပ္ခဲ့တယ္လို႔ သံသယရွိထားပါတယ္။ တကယ္လို႔ ဒါသာအမွန္ဆိုရင္ ေတးအီဟာ ေထာင္ဒဏ္ ခုနစ္ႏွစ္ (သို႔မဟုတ္) ေထာင္ဒဏ္တစ္သက္အထိ ခ်မွတ္ခံရႏိုင္ပါတယ္။ အမႈအစီရင္ခံစာအရ နစ္နာသူတစ္ဦးဟာ ေဆးမူးေနၿပီး က်န္ႏွစ္ဦးကေတာ့ သာမာန္လူေတြပဲျဖစ္တယ္လို႔ သိရပါတယ္။
ေတးအီဟာ ဒီအမႈအတြက္ ဇြန္လက တိုင္ၾကားခံရၿပီး ၾသဂုတ္လ ၂၈ ရက္မွာ ရဲတပ္ဖြဲ႕က စတင္စစ္ေဆးခဲ့တာျဖစ္ပါတယ္။

ေတးအီဟာ NCT 127 ရဲ႕အသက္အႀကီးဆုံးအဖြဲ႕ဝင္ျဖစ္ၿပီး အဖြဲ႕ရဲ႕ Main Vocalist လည္း ျဖစ္ပါတယ္။ အမႈေၾကာင့္ ေတးအီဟာ NCT မွ ခ်က္ခ်င္းႏုတ္ထြက္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.