မိုက်ကယ်ဂျက်ဆင်ရဲ့မလျှော်ရသေးတဲ့ခြေအိတ် ပြင်သစ်မှာ ဒေါ်လာ ၁ဝဝဝဝ ကျော်နဲ့ ရောင်းထွက်

 66

ရောင်နီ (NP News) - သြဂုတ်လ ၁
၁၉၉ဝ ပြည့်လွန်နှစ်တွေက ပြင်သစ်ဖျော်ဖြေပွဲတစ်ခုမှာ ကွယ်လွန်သူ ပေါ့ပ်စူပါစတား မိုက်ကယ်ဂျက်ဆင် ဝတ်ဆင်ခဲ့တဲ့ မလျှော်ရသေးတဲ့ ခြေအိတ်တစ်စုံကို ဇူလိုင် ၃၀ ရက်က အမေရိကန် ဒေါ်လာ ၈၀၀၀ (စင်ကာပူ ဒေါ်လာ ၁၀၀၀၀) ကျော်နဲ့ ရောင်းချခဲ့တယ်လို့ ပြင်သစ်လေလံတင်သူတစ်ဦးက ပြောပါတယ်။
၁၉၉၇ ခုနှစ် ဇူလိုင်လက ပြင်သစ်နိုင်ငံ တောင်ပိုင်း နီမက်မြို့မှာ ပြုလုပ်တဲ့ဖျော်ဖြေပွဲအပြီး မိုက်ကယ်ဂျက်ဆင် အဝတ်လဲခန်းအနီးမှာ လွှင့်ပစ်ခဲ့တဲ့ခြေအိတ်ကို နည်းပညာရှင်တစ်ဦးမှ တွေ့ရှိခဲ့ပြီး စုဆောင်းထားကာ အခုလို လေလံတင်ရောင်းချခဲ့တာဖြစ်တယ်လို့ လေလံရောင်းချသူ အော်ရိုရီလီလေက ပြောကြားပါတယ်။
၁၉၉၇ ခုနှစ်၊ History World Tour မှာ “King of Pop” လို့ တင်စားရတဲ့ ဂျက်ဆင်ဝတ်ဆင်ခဲ့တဲ့ အဖြူရောင် အားကစား ခြေအိတ်တွေဟာ ဖက်ရှင်တစ်ခုအဖြစ် ကျော်ကြားခဲ့ပါတယ်။ အခုလေလံတင်ရောင်းချတဲ့ခြေအိတ်ဟာ ဆယ်စုနှစ်များစွာကြာပြီဖြစ်လို့ အစွန်းအထင်းတွေ ရှိနေပြီး အလှဆင်ထားတဲ့ rhinestones တွေကလည်း အဝါရောင်ပြောင်းနေတာမြင်တွေ့ရပါတယ်။ ဒါအပြင် မိုက်ကယ်ဂျက်ဆင် ၁၉၈၃ ခုနှစ်က ပထမဆုံး Moonwalk အကဖျော်ဖြေစဉ် ဝတ်ဆင်ခဲ့တဲ့ လက်အိတ်တွေလည်း အမေရိကန် ဒေါ်လာ ၃၅၀၀၀၀ နဲ့ ရောင်းထွက်ခဲ့သလို ဖျော်ဖြေပွဲမတိုင်ခင်လေး ခဏ သူဆောင်းထားတဲ့ ဦးထုပ်ဟာလည်း အမေရိကန်ဒေါ်လာ ၈၀၀၀၀ ကျော်နဲ့ ရောင်းထွက်ခဲ့ပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ ၂ဝဝ၉ ခုနှစ်၊ အသက် ၅ဝ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version:
မိုက္ကယ္ဂ်က္ဆင္ရဲ႕မေလွ်ာ္ရေသးတဲ့ေျခအိတ္ ျပင္သစ္မွာ ေဒၚလာ ၁ဝဝဝဝ ေက်ာ္နဲ႔ ေရာင္းထြက္
ေရာင္နီ (NP News) - ၾသဂုတ္လ ၁
၁၉၉ဝ ျပည့္လြန္ႏွစ္ေတြက ျပင္သစ္ေဖ်ာ္ေျဖပြဲတစ္ခုမွာ ကြယ္လြန္သူ ေပါ့ပ္စူပါစတား မိုက္ကယ္ဂ်က္ဆင္ ဝတ္ဆင္ခဲ့တဲ့ မေလွ်ာ္ရေသးတဲ့ ေျခအိတ္တစ္စုံကို ဇူလိုင္ ၃၀ ရက္က အေမရိကန္ ေဒၚလာ ၈၀၀၀ (စင္ကာပူ ေဒၚလာ ၁၀၀၀၀) ေက်ာ္နဲ႔ ေရာင္းခ်ခဲ့တယ္လို႔ ျပင္သစ္ေလလံတင္သူတစ္ဦးက ေျပာပါတယ္။
၁၉၉၇ ခုႏွစ္ ဇူလိုင္လက ျပင္သစ္ႏိုင္ငံ ေတာင္ပိုင္း နီမက္ၿမိဳ႕မွာ ျပဳလုပ္တဲ့ေဖ်ာ္ေျဖပြဲအၿပီး မိုက္ကယ္ဂ်က္ဆင္ အဝတ္လဲခန္းအနီးမွာ လႊင့္ပစ္ခဲ့တဲ့ေျခအိတ္ကို နည္းပညာရွင္တစ္ဦးမွ ေတြ႕ရွိခဲ့ၿပီး စုေဆာင္းထားကာ အခုလို ေလလံတင္ေရာင္းခ်ခဲ့တာျဖစ္တယ္လို႔ ေလလံေရာင္းခ်သူ ေအာ္႐ိုရီလီေလက ေျပာၾကားပါတယ္။
၁၉၉၇ ခုႏွစ္၊ History World Tour မွာ “King of Pop” လို႔ တင္စားရတဲ့ ဂ်က္ဆင္ဝတ္ဆင္ခဲ့တဲ့ အျဖဴေရာင္ အားကစား ေျခအိတ္ေတြဟာ ဖက္ရွင္တစ္ခုအျဖစ္ ေက်ာ္ၾကားခဲ့ပါတယ္။ အခုေလလံတင္ေရာင္းခ်တဲ့ေျခအိတ္ဟာ ဆယ္စုႏွစ္မ်ားစြာၾကာၿပီျဖစ္လို႔ အစြန္းအထင္းေတြ ရွိေနၿပီး အလွဆင္ထားတဲ့ rhinestones ေတြကလည္း အဝါေရာင္ေျပာင္းေနတာျမင္ေတြ႕ရပါတယ္။ ဒါအျပင္ မိုက္ကယ္ဂ်က္ဆင္ ၁၉၈၃ ခုႏွစ္က ပထမဆုံး Moonwalk အကေဖ်ာ္ေျဖစဥ္ ဝတ္ဆင္ခဲ့တဲ့ လက္အိတ္ေတြလည္း အေမရိကန္ ေဒၚလာ ၃၅၀၀၀၀ နဲ႔ ေရာင္းထြက္ခဲ့သလို ေဖ်ာ္ေျဖပြဲမတိုင္ခင္ေလး ခဏ သူေဆာင္းထားတဲ့ ဦးထုပ္ဟာလည္း အေမရိကန္ေဒၚလာ ၈၀၀၀၀ ေက်ာ္နဲ႔ ေရာင္းထြက္ခဲ့ပါတယ္။ မိုက္ကယ္ဂ်က္ဆင္ဟာ ၂ဝဝ၉ ခုႏွစ္၊ အသက္ ၅ဝ ႏွစ္အ႐ြယ္မွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.