ဖိလစ်ပိုင်က အမြန်ကင်းလှည့်သင်္ဘော အစင်းရေ(၄၀)ကို ပြင်သစ်ထံမှ ဝယ်ယူမည်

805

Pika (NP News) - နိုဝင်ဘာ ၁၁
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြင်သစ်နိုင်ငံထံမှ အမြန်ကင်းလှည့်သင်္ဘော အစင်းရေ (၄၀)ကို ဝယ်ယူသွားမည်ဖြစ်ပြီး ၎င်းတို့အနက် အချို့ကို တောင်တရုတ်ပင်လယ်အ တွင်းရှိ အငြင်းပွားဧရိယာများတွင် ဖြန့်ကြက်ချထားရန် စီစဉ်ထားကြောင်း ဖိလစ်ပိုင်အစိုးရက နိုဝင်ဘာလ(၇)ရက်တွင် ထုတ်ပြန် ပြောဆိုခဲ့သည်။
အဆိုပါသဘောတူညီချက်သည် ကမ်းခြေစောင့်တပ်ဖွဲ့ကို ခေတ်မီအောင်လုပ်ဆောင်ရန် ဖိလစ်ပိုင်အစိုးရ၏ ကြိုးပမ်းမှုတွင် အကြီးမားဆုံးဝယ်ယူမှုတစ်ခုဖြစ်လာမည်ဖြစ်ပြီး ပို့ဆောင်မှုများကို အချိန်(၄)နှစ်အတွင်း စတင်ရန်စီစဉ်ထားကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှူး ရေတပ်ဗိုလ်ချုပ် ရွန်းနီ ဂေးလ်ဂါဗန်က ပြောကြားခဲ့သည်။ သို့သော်လည်း ရွန်းနီဂေးလ်ဂါဗန်သည် အမေရိကန်ဒေါ်လာသန်း(၄၄၀)ကုန်ကျမည်ဟု ဖိလစ်ပိုင်အစိုးရက ပြောဆို ထားသော သင်္ဘောများအတွက် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ ကြောင်းလည်း သိရသည်။ အဆိုပါသင်္ဘောများအနက်အချို့ကို တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားဧရိယာများတွင် ဖြန့်ကြက်ချထားသွားမည်ဖြစ် ကြောင်း ရွန်းနီဂေးလ်ဂါဗန်က ပြောဆိုခဲ့သည်။ တောင်တရုတ်ပင် လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားသော်လည်း ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် ဗီယက် နမ်တို့ကလည်း တောင်တရုတ်ပင်လယ်၏ တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်းပြောဆိုထားပြီး အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ရွန်းနီဂေးလ်ဂါဗန်က ‘‘ဒါက ကျွန်တော်တို့အတွက် အပြောင်းအလဲဖြစ်စေမယ့် အရာတစ်ခုပါ။ ပြင်သစ်ဆီကနေ ဝယ်ယူမယ့် သင်္ဘောတွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ တခြားမစ်ရှင်တွေအတွက် ကျွန်တော်တို့ရဲ့သီးသန့်စီးပွားရေး ဇုန်ကို ရောက်ရှိအောင် သွားဖို့အတွက် လုံလောက်တဲ့ မြန်ဆန်မှုရှိပါတယ်။ ဒါက အငြင်းပွားဧရိယာတွေမှာဖြစ်ပွားနေတဲ့ ခြိမ်း ခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တဲ့ အင်အားရောနှောမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ”ဟု ပြောဆိုခဲ့သည်။
အဆိုပါသဘောတူညီချက်အရ သင်္ဘော အစင်းရေ(၄၀)အနက် အစင်း (၂၀)ကို နည်းပညာလွှဲ ပြောင်းမှုနှင့်အတူ ဖိလစ်ပိုင်တွင် တည်ဆောက်သွား မည်ဖြစ်ပြီး ဖိလစ်ပိုင်၏ သင်္ဘော တည်ဆောက်ရေးလုပ်ငန်းကို မြှင့်တင်ပေးနိုင်လိမ့် မည်ဖြစ်ကြောင်း ရွန်းနီဂေးလ်ဂါဗန်က ပြောကြားခဲ့သည်။
zawgyi version
ဖိလစ္ပိုင္က အျမန္ကင္းလွည့္သေဘၤာ အစင္းေရ(၄၀)ကို ျပင္သစ္ထံမွ ဝယ္ယူမည္
Pika (NP News) - ႏိုဝင္ဘာ ၁၁
ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕သည္ ျပင္သစ္ႏိုင္ငံထံမွ အျမန္ကင္းလွည့္သေဘၤာ အစင္းေရ (၄၀)ကို ဝယ္ယူသြားမည္ျဖစ္ၿပီး ၎တို႔အနက္ အခ်ိဳ႕ကို ေတာင္တ႐ုတ္ပင္လယ္အ တြင္းရွိ အျငင္းပြားဧရိယာမ်ားတြင္ ျဖန႔္ၾကက္ခ်ထားရန္ စီစဥ္ထားေၾကာင္း ဖိလစ္ပိုင္အစိုးရက ႏိုဝင္ဘာလ(၇)ရက္တြင္ ထုတ္ျပန္ ေျပာဆိုခဲ့သည္။
အဆိုပါသေဘာတူညီခ်က္သည္ ကမ္းေျခေစာင့္တပ္ဖြဲ႕ကို ေခတ္မီေအာင္လုပ္ေဆာင္ရန္ ဖိလစ္ပိုင္အစိုးရ၏ ႀကိဳးပမ္းမႈတြင္ အႀကီးမားဆုံးဝယ္ယူမႈတစ္ခုျဖစ္လာမည္ျဖစ္ၿပီး ပို႔ေဆာင္မႈမ်ားကို အခ်ိန္(၄)ႏွစ္အတြင္း စတင္ရန္စီစဥ္ထားေၾကာင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕မႉး ေရတပ္ဗိုလ္ခ်ဳပ္ ႐ြန္းနီ ေဂးလ္ဂါဗန္က ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ႐ြန္းနီေဂးလ္ဂါဗန္သည္ အေမရိကန္ေဒၚလာသန္း(၄၄၀)ကုန္က်မည္ဟု ဖိလစ္ပိုင္အစိုးရက ေျပာဆို ထားေသာ သေဘၤာမ်ားအတြက္ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာၾကားရန္ ျငင္းဆိုခဲ့ ေၾကာင္းလည္း သိရသည္။ အဆိုပါသေဘၤာမ်ားအနက္အခ်ိဳ႕ကို ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ အျငင္းပြားဧရိယာမ်ားတြင္ ျဖန႔္ၾကက္ခ်ထားသြားမည္ျဖစ္ ေၾကာင္း ႐ြန္းနီေဂးလ္ဂါဗန္က ေျပာဆိုခဲ့သည္။ ေတာင္တ႐ုတ္ပင္ လယ္တစ္ခုလုံးနီးပါးကို ၎ပိုင္ဆိုင္ေၾကာင္း တ႐ုတ္က အခိုင္အမာေျပာဆိုထားေသာ္လည္း ဖိလစ္ပိုင္၊ ဘ႐ူႏိုင္း၊ မေလးရွား၊ အင္ဒိုနီးရွား ႏွင့္ ဗီယက္ နမ္တို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္၏ တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္ေၾကာင္းေျပာဆိုထားၿပီး အျငင္းပြားမႈမ်ား ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။
႐ြန္းနီေဂးလ္ဂါဗန္က ‘‘ဒါက ကြၽန္ေတာ္တို႔အတြက္ အေျပာင္းအလဲျဖစ္ေစမယ့္ အရာတစ္ခုပါ။ ျပင္သစ္ဆီကေန ဝယ္ယူမယ့္ သေဘၤာေတြဟာ တရားဥပေဒစိုးမိုးေရးနဲ႔ တျခားမစ္ရွင္ေတြအတြက္ ကြၽန္ေတာ္တို႔ရဲ႕သီးသန႔္စီးပြားေရး ဇုန္ကို ေရာက္ရွိေအာင္ သြားဖို႔အတြက္ လုံေလာက္တဲ့ ျမန္ဆန္မႈရွိပါတယ္။ ဒါက အျငင္းပြားဧရိယာေတြမွာျဖစ္ပြားေနတဲ့ ၿခိမ္း ေျခာက္မႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔လိုအပ္တဲ့ အင္အားေရာေႏွာမႈရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္လာမွာပါ”ဟု ေျပာဆိုခဲ့သည္။
အဆိုပါသေဘာတူညီခ်က္အရ သေဘၤာ အစင္းေရ(၄၀)အနက္ အစင္း (၂၀)ကို နည္းပညာလႊဲ ေျပာင္းမႈႏွင့္အတူ ဖိလစ္ပိုင္တြင္ တည္ေဆာက္သြား မည္ျဖစ္ၿပီး ဖိလစ္ပိုင္၏ သေဘၤာ တည္ေဆာက္ေရးလုပ္ငန္းကို ျမႇင့္တင္ေပးႏိုင္လိမ့္ မည္ျဖစ္ေၾကာင္း ႐ြန္းနီေဂးလ္ဂါဗန္က ေျပာၾကားခဲ့သည္။