LG က ကမ္ဘာ့အဆွဲဆန့်နိုင်ဆုံး မျက်နှာပြင် Display ကို ထုတ်ဖော်ပြသ

 299

ရောင်နီ (NP News) - နိုဝင်ဘာ ၁၂

တောင်ကိုရီးယား display ထုတ်လုပ်တဲ့ ကုမ္ပဏီ LG က ၅၀ ရာခိုင်နှုန်းအထိ ဆွဲဆန့်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး display မျက်နှာပြင်ကို တီထွင်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၁ဝ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။
အဆိုပါ display အတွက် ၅ နှစ်ကြာ သုတေသနပြုခဲ့ပြီး နောက်ဆုံးထွက်ရှိချက်ကို ဆိုးလ်မြို့ရှိ LG Science Park စက်မှုလုပ်ငန်းစုရုံးတစ်ခုမှာ နိုဝင်ဘာ ၈ ရက်က ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

LG ရဲ့ ပုံစံအသစ်ဟာ 2.5cm ကို 100 pixels ထိ မြင့်မားတဲ့ resolution ပေးနိုင်ပြီး အမြင့်ဆုံး ဆွဲဆန့်နိုင်စွမ်းဟာ ၂၀၂၂ ခုနှစ်က မျက်နှာပြင်ပုံစံထက် ၂၀ ရာခိုင်နှုန်းကနေ ၅ဝ ရာခိုင်နှုန်းအထိ နှစ်ဆကျော် ပိုကောင်းမွန်စွာ ဆွဲဆန့် နိုင်တယ်လို့ သိရပါတယ်။

LG Display နည်းပညာအရာရှိနဲ့ အမှုဆောင်ဒုဥက္ကဋ္ဌ ယွန်းဆိုယောင်းက "စက်မှုလုပ်ငန်း၊ ပညာရပ်ဆိုင်ရာနဲ့ သုတေသနဆိုင်ရာ သက်ဆိုင်သူတွေ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုနဲ့ ရေရှည်တည်တံ့တဲ့ အနာဂတ် ဂေဟစနစ်ကို ဆက်လက်တည်ဆောက်သွားပါမယ်" လို့ ဆိုပါတယ်။ LG က အဆိုပါ display ကို ဖက်ရှင်နဲ့လုပ်ငန်းအမျိုးမျိုးထိ တွင်ကျယ်စွာ အသုံးချနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Zawgyi Version;




Related news

© 2021. All rights reserved.