နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်

1084

မြူနစ် (NP News) - နိုဝင်ဘာ ၂၂
တောင်သမန်အပန်းဖြေစခန်း စီမံကိန်း သက်တမ်းမှာ နှစ်ပေါင်း (၅၀)အထိရှိပြီး စီမံကိန်း အစိတ်အပိုင်းပေါင်းမှာ (၁၀ဝ) ကျော်ရှိမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါစီမံကိန်းကို အကောင် အထည်ဖော်နေသည့် တောင်သမန်သစ္စာကုမ္ပဏီက ယခု (၂၀၂၄) ခုနှစ်အတွင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြထားသော EIA အစီရင်ခံစာ၌ အထက်ပါကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
၎င်းစီမံကိန်းသည် မန္တလေးတိုင်း၊ အမရ ပူရမြို့နယ်၊ တောင်သမန်ကျေးရွာအနီး၊ တောင်သမန်အင်း၏ အရှေ့တောင်ဘက်နှင့် ဦးပိန်တံတား၏ မြောက်ဘက်တွင်တည်ရှိကာ မြန်မာ့ရိုးရာယဉ် ကျေးမှုအမွေအနှစ်များ၊ ကျေးလက် အငွေ့အသက်များကို ခရီးသွားလုပ် ငန်းမှတစ်ဆင့် ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ တောင်သမန် အပန်းဖြေစခန်းစီမံကိန်းသည် မြေ ဧရိယာ (၄၀ ဒသမ ၂၇) ဧက ကျယ်ဝန်းပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြချက်အရ စီမံကိန်းသက်တမ်းသည် (၂၀၁၄) ခုနှစ်မှ (၂၀၆၄) ခုနှစ်အထိ စုစုပေါင်း နှစ်ပေါင်း (၅၀) ရှိမည်ဖြစ်ကြောင်း EIA အစီရင်ခံစာတွင် ဖော်ပြထားသည်။
‘‘မြန်မာနိုင်ငံမှာ စီမံကိန်းအများအပြား ပေါ်လာစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်း၊ အခြေခံ အဆောက်အအုံတွေ များများလေး ပေါ်လာမှ နိုင်ငံက ပိုတိုးတက်မှာ။ အစိုးရဘက်ကလည်း ဒါတွေကို အားပေးအား မြှောက်ပြုစေချင်တယ်။ အဓိကတော့ ဥပဒေအတိုင်း သေချာလုပ်ဖို့ လိုတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်၊ မပျက်စီးစေဘဲ သေချာ လေးအကောင်အထည်ဖော်သွားဖို့ အကြံပြုချင်တယ်” ဟု လုပ်ငန်းရှင်တစ်ဦးက NP News ကို အကြံပြု ပြောကြားထားသည်။
ယင်းအပန်းဖြေစခန်းစီမံကိန်းတွင် စီမံ ကိန်းအစိတ်အပိုင်း စုစုပေါင်း (၁၀၇) ခုရှိပြီး shop houses များ၊ ဈေးဝယ်စင်တာများ၊ ဘဏ်၊ ခရီးသွား လုပ်ငန်းဆားဗစ်စင်တာ စသည်တို့ပါဝင်ကြောင်း သိရသည်။ တောင်သမန် အပန်းဖြေစခန်းစီမံကိန်းတွင် shophouses ပေါင်း (၇၀)ကျော်ကို ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ၎င်းတို့မှာ နှစ်ထပ် အဆောက်အအုံများဖြစ်ကာ မြန်မာ့ရိုးရာလက်မှု ထုတ်ကုန်များကို အဓိကထားရောင်ချသွားမည်ဖြစ် ကြောင်း လည်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ ထားသည်။ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ သည် (၂၀၂၅) ခုနှစ်တွင် ပြီးစီးနိုင်ရန် မျှော်မှန်းထား ကြောင်းလည်း တောင်သမန်သစ္စာ ကုမ္ပဏီကတင်ပြသည့် EIA အစီရင်ခံစာတွင် ဖော်ပြထားသည်။
zawgyi version
ႏွစ္ (၅၀) လုပ္ခြင့္ရမည့္ ေတာင္သမန္အပန္းေျဖစခန္း စီမံကိန္းအစိတ္အ ပိုင္းေပါင္း (၁၀ဝ) ေက်ာ္ပါမည္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၂
ေတာင္သမန္အပန္းေျဖစခန္း စီမံကိန္း သက္တမ္းမွာ ႏွစ္ေပါင္း (၅၀)အထိရွိၿပီး စီမံကိန္း အစိတ္အပိုင္းေပါင္းမွာ (၁၀ဝ) ေက်ာ္ရွိမည္ျဖစ္ ေၾကာင္း သိရသည္။ အဆိုပါစီမံကိန္းကို အေကာင္ အထည္ေဖာ္ေနသည့္ ေတာင္သမန္သစၥာကုမၸဏီက ယခု (၂၀၂၄) ခုႏွစ္အတြင္းတြင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဦးစီးဌာနသို႔ တင္ျပထားေသာ EIA အစီရင္ခံစာ၌ အထက္ပါကဲ့သို႔ ေဖာ္ျပထားျခင္းျဖစ္သည္။
၎စီမံကိန္းသည္ မႏၲေလးတိုင္း၊ အမရ ပူရၿမိဳ႕နယ္၊ ေတာင္သမန္ေက်း႐ြာအနီး၊ ေတာင္သမန္အင္း၏ အေရွ႕ေတာင္ဘက္ႏွင့္ ဦးပိန္တံတား၏ ေျမာက္ဘက္တြင္တည္ရွိကာ ျမန္မာ့႐ိုးရာယဥ္ ေက်းမႈအေမြအႏွစ္မ်ား၊ ေက်းလက္ အေငြ႕အသက္မ်ားကို ခရီးသြားလုပ္ ငန္းမွတစ္ဆင့္ ေဖာ္ထုတ္ျပသႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္းသိရသည္။ ေတာင္သမန္ အပန္းေျဖစခန္းစီမံကိန္းသည္ ေျမ ဧရိယာ (၄၀ ဒသမ ၂၇) ဧက က်ယ္ဝန္းၿပီး ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္သို႔ တင္ျပခ်က္အရ စီမံကိန္းသက္တမ္းသည္ (၂၀၁၄) ခုႏွစ္မွ (၂၀၆၄) ခုႏွစ္အထိ စုစုေပါင္း ႏွစ္ေပါင္း (၅၀) ရွိမည္ျဖစ္ေၾကာင္း EIA အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
‘‘ျမန္မာႏိုင္ငံမွာ စီမံကိန္းအမ်ားအျပား ေပၚလာေစခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီစီမံကိန္း၊ အေျခခံ အေဆာက္အအုံေတြ မ်ားမ်ားေလး ေပၚလာမွ ႏိုင္ငံက ပိုတိုးတက္မွာ။ အစိုးရဘက္ကလည္း ဒါေတြကို အားေပးအား ေျမႇာက္ျပဳေစခ်င္တယ္။ အဓိကေတာ့ ဥပေဒအတိုင္း ေသခ်ာလုပ္ဖို႔ လိုတယ္။ သဘာဝပတ္ဝန္းက်င္ကိုလည္း မထိခိုက္၊ မပ်က္စီးေစဘဲ ေသခ်ာ ေလးအေကာင္အထည္ေဖာ္သြားဖို႔ အႀကံျပဳခ်င္တယ္” ဟု လုပ္ငန္းရွင္တစ္ဦးက NP News ကို အႀကံျပဳ ေျပာၾကားထားသည္။
ယင္းအပန္းေျဖစခန္းစီမံကိန္းတြင္ စီမံ ကိန္းအစိတ္အပိုင္း စုစုေပါင္း (၁၀၇) ခုရွိၿပီး shop houses မ်ား၊ ေဈးဝယ္စင္တာမ်ား၊ ဘဏ္၊ ခရီးသြား လုပ္ငန္းဆားဗစ္စင္တာ စသည္တို႔ပါဝင္ေၾကာင္း သိရသည္။ ေတာင္သမန္ အပန္းေျဖစခန္းစီမံကိန္းတြင္ shophouses ေပါင္း (၇၀)ေက်ာ္ကို ထည့္သြင္း တည္ေဆာက္သြားမည္ျဖစ္ၿပီး ၎တို႔မွာ ႏွစ္ထပ္ အေဆာက္အအုံမ်ားျဖစ္ကာ ျမန္မာ့႐ိုးရာလက္မႈ ထုတ္ကုန္မ်ားကို အဓိကထားေရာင္ခ်သြားမည္ျဖစ္ ေၾကာင္း လည္း အစီရင္ခံစာတြင္ ထည့္သြင္းေဖာ္ျပ ထားသည္။ စီမံကိန္းတည္ေဆာက္ေရးလုပ္ငန္းမ်ား သည္ (၂၀၂၅) ခုႏွစ္တြင္ ၿပီးစီးႏိုင္ရန္ ေမွ်ာ္မွန္းထား ေၾကာင္းလည္း ေတာင္သမန္သစၥာ ကုမၸဏီကတင္ျပသည့္ EIA အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။