ကီဘတ်အစားအစာကို အများဆုံးကျွေးမွေးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ ဩစတြေးလျစားသောက်ဆိုင်

435

Pika (NP News) - ဒီဇင်ဘာ ၅
သြစတြေးလျနိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်သည် ပွဲတော်တက်ရောက်သူများကို ကျွေးမွေးရန်အတွက် ကီဘတ်အစားအစာနှင့် အာလူးချောင်း စုစုပေါင်း(၁၂၁၂)ပေါင်အထိ ချက်ပြုတ်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
New South Wales ပြည်နယ် Campbelltown ရပ်ကွက်ရှိ King Kebab House စားသောက်ဆိုင်သည် Campbelltown Street ပွဲတော်တွင် အာလူးချောင်းကြော်များအပြင် ကြက်သားနှင့်အမဲသားများကို ချက်ပြုတ်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ချက်ပြုတ်ပြီးသော ကီဘတ်အစားအစာမှာ (၆၆၀)ပေါင်ရှိပြီး အာလူးချောင်းကြော်မှာ (၅၅၂)ပေါင်ရှိကြောင်းသိရသည်။ ထို့ပြင် ချက်ပြုတ်ထားသော အစားအစာများကို ပွဲတော်တက်ရောက်သူများကို မကျွေးမွေးမီ ပေ(၃၀၀)ကျော်ရှည်သော စားပွဲများပေါ်တွင် ခင်းကျင်းထားခဲ့ကြောင်း ပွဲတော်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပွဲတော်တက်ရောက်သူများကို ကျွေးမွေးခဲ့ပြီးနောက် ကီဘတ်အစား အစာနှင့် အာလူးချောင်းကြော်အများဆုံးဝန်ဆောင်မှုပေးခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
King Kebab House ပိုင်ရှင်နှင့် အော်ပရေတာ Mevlana Cifci က"Campbelltown ရပ်ကွက်အသိုင်း အဝိုင်းဟာ ကျွန်တော်တို့ကို နှစ်ပေါင်းများစွာ ပံ့ပိုးပေးခဲ့တာပါ။ သူတို့ကို ကျေးဇူးတင်ကြောင်းပြောဖို့နဲ့ တစ်စုံတစ်ခုကို ပြန်လည်ပေးနိုင်ဖို့အတွက် ဒါက ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုလို့ထင်ပါတယ်။Campbelltown အတွက် ဂုဏ်ယူနိုင်တဲ့ အခိုက်အတန့်တစ်ခု၊ လူတိုင်းကို စည်းလုံးညီညွတ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျွန်တော်တို့မြို့ကို အသိအမှတ်ပြုမှု ယူဆောင်လာပေးမယ့် အခိုက်အတန့်တစ်ခုကို ကျွန်တော်တို့ဖန်တီးခဲ့ချင်တာပါ။ ပြီးတော့ ဒီလိုမျိုးဂင်းနစ်စံချိန်ရရှိခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်"ဟု ပြောဆိုခဲ့သည်။

zawgyi version
ကီဘတ္အစားအစာကို အမ်ားဆုံးေကြၽးေမြးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ ဩစေၾတးလ်စားေသာက္ဆိုင္
Pika (NP News) - ဒီဇင္ဘာ ၅
ၾသစေၾတးလ်ႏိုင္ငံရွိ စားေသာက္ဆိုင္တစ္ဆိုင္သည္ ပြဲေတာ္တက္ေရာက္သူမ်ားကို ေကြၽးေမြးရန္အတြက္ ကီဘတ္အစားအစာႏွင့္ အာလူးေခ်ာင္း စုစုေပါင္း(၁၂၁၂)ေပါင္အထိ ခ်က္ျပဳတ္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။
New South Wales ျပည္နယ္ Campbelltown ရပ္ကြက္ရွိ King Kebab House စားေသာက္ဆိုင္သည္ Campbelltown Street ပြဲေတာ္တြင္ အာလူးေခ်ာင္းေၾကာ္မ်ားအျပင္ ၾကက္သားႏွင့္အမဲသားမ်ားကို ခ်က္ျပဳတ္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ေနာက္ ခ်က္ျပဳတ္ၿပီးေသာ ကီဘတ္အစားအစာမွာ (၆၆၀)ေပါင္ရွိၿပီး အာလူးေခ်ာင္းေၾကာ္မွာ (၅၅၂)ေပါင္ရွိေၾကာင္းသိရသည္။ ထို႔ျပင္ ခ်က္ျပဳတ္ထားေသာ အစားအစာမ်ားကို ပြဲေတာ္တက္ေရာက္သူမ်ားကို မေကြၽးေမြးမီ ေပ(၃၀၀)ေက်ာ္ရွည္ေသာ စားပြဲမ်ားေပၚတြင္ ခင္းက်င္းထားခဲ့ေၾကာင္း ပြဲေတာ္တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ ပြဲေတာ္တက္ေရာက္သူမ်ားကို ေကြၽးေမြးခဲ့ၿပီးေနာက္ ကီဘတ္အစား အစာႏွင့္ အာလူးေခ်ာင္းေၾကာ္အမ်ားဆုံးဝန္ေဆာင္မႈေပးျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
King Kebab House ပိုင္ရွင္ႏွင့္ ေအာ္ပေရတာ Mevlana Cifci က"Campbelltown ရပ္ကြက္အသိုင္း အဝိုင္းဟာ ကြၽန္ေတာ္တို႔ကို ႏွစ္ေပါင္းမ်ားစြာ ပံ့ပိုးေပးခဲ့တာပါ။ သူတို႔ကို ေက်းဇူးတင္ေၾကာင္းေျပာဖို႔နဲ႔ တစ္စုံတစ္ခုကို ျပန္လည္ေပးႏိုင္ဖို႔အတြက္ ဒါက ၿပီးျပည့္စုံတဲ့နည္းလမ္းတစ္ခုလို႔ထင္ပါတယ္။Campbelltown အတြက္ ဂုဏ္ယူႏိုင္တဲ့ အခိုက္အတန႔္တစ္ခု၊ လူတိုင္းကို စည္းလုံးညီၫြတ္ၿပီး တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ကြၽန္ေတာ္တို႔ၿမိဳ႕ကို အသိအမွတ္ျပဳမႈ ယူေဆာင္လာေပးမယ့္ အခိုက္အတန႔္တစ္ခုကို ကြၽန္ေတာ္တို႔ဖန္တီးခဲ့ခ်င္တာပါ။ ၿပီးေတာ့ ဒီလိုမ်ိဳးဂင္းနစ္စံခ်ိန္ရရွိခဲ့တဲ့အတြက္ တကယ္ကို ဝမ္းသာမိပါတယ္"ဟု ေျပာဆိုခဲ့သည္။