ဆီးရီးယားမြို့တော်ကို လက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး သမ္မတဖြစ်သူ ထွက်ပြေးခဲ့ဟု သတင်းများ ထွက်ပေါ်လာ

951

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၈
ဆီးရီးယားအတိုက်ခံလက်နက်ကိုင်အဖွဲ့များက ဆီးရီးယားနိုင်ငံကို ၂၄ နှစ်ကြာအုပ်ချုပ်ခဲ့သော သမ္မတ ဘာရှား အယ်ဘာအာဆက်ဒ်၏ ခေတ်ကုန်ဆုံးသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ဆီးရီးယားအတိုက်ခံအုပ်စုများသည် ပြီးခဲ့သောသီတင်းပတ်အတွင်းမှ စတင်ပြီး ဆီးရီးယားနိုင်ငံ၏ အဓိကမြို့ကြီး များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အဓိကမြို့တော်ဖြစ်သော ဒမ္မစကက်မြို့ကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဆီးရီးယားစစ်တပ်အနေဖြင့် ဆီးရီးယားသမ္မတ ဘာရှားအာဆက်ဒ်၏ အုပ်ချုပ်မှုခေတ် ကုန်ဆုံးသွားပြီဆိုသော အချက်ကို လက်ခံသိရှိထားကြောင်း ဆီးရီးယားတပ်မှူးက ပြောသည်။ ဆီးရီးယားလက်နက်ကိုင်အဖွဲ့သည် ဆီးရီးယားမြို့တော် ဒမ္မစကက်မြို့နားအထိ ထိုးဖောက်တိုက်ခိုက်လာနေပြီး ဒမ္မစကက်မြို့က ဆီးရီးယားသမ္မတ အုပ်ချုပ်မှုမှ လွတ်မြောက်သွားသောမြို့ဖြစ်လာခဲ့ကြောင်း သိရသည်။
ဆီးရီးယားလက်နက်ကိုင်အဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် သမ္မတအာဆက်ဒ်သည် ဒမ္မစကက်မြို့ကို စွန့်လွှတ်ထွက်ပြေးသွားပြီးကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။ ဆီးရီးယားလက်နက်ကိုင်အဖွဲ့က ၎င်းတို့မြို့အတွင်း ဝင်ရောက်လာချိန်တွင် စစ်သားများမြို့အတွင်း ဖြန့်ကြတ်ချထားခြင်းမျိုး မရှိကြောင်း ပြောသည်။ ဒမ္မစကက်မြို့အတွင်းရှိ အဓိကရင်ပြင်နှင့် လမ်းများပေါ်ရှိကားများတွင် လူအများက အလံများဝှေ့ယမ်းပြီး ဒမ္မစကက်မြို့က လွတ်မြောက်သွားပြီဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
လက်နက်ကိုင်အဖွဲ့တွေက "ဆီးရီးယားပြည်သူများနဲ့အတူ အောင်ပွဲခံခဲ့တယ်။ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ တယ်။ Sednaya အကျဉ်းထောင်မှာ မမျှတဲ့ခေတ် ကုန်သွားပြီ" ဟု ပြောသည်။
အဆိုပါအကျဉ်းထောင်သည် ဒမ္မစကက်မြို့အစွန်ရှိ အကြီးမားဆုံး အကျဉ်းထောင်ဖြစ်ကြောင်း သိရသည်။ ဆီးရီးယားအဓိက အတိုက်ခံအုပ်စုဖြစ်သော Hadi al-Bahra Syrian ခေါင်းဆောင်က ဆီးရီးယားမြို့တော် ဒမ္မစကက်မြို့တွင် သမ္မတအာဆက်ဒ်မရှိဘဲ လွတ်မြောက်သွားပြီဖြစ်ကြောင်း ပြောသည်။ ၎င်းက " ဆီးရီးယား စစ်တပ်ဟာ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးတွေကို စွန့်ခွာသွားမှုမတိုင်ခင် သမ္မတ အာဆက်ဒ်ဟာ ဒမ္မစကက် နိုင်ငံတကာလေဆိပ်ကတဆင့် ဆီးရီးယားနိုင်ငံကနေ ထွက်ပြေးသွားပြီ" ဟု ပြောသည်။

Zawgyi Version;
ဆီးရီးယားၿမိဳ႕ေတာ္ကို လက္နက္ကိုင္အဖြဲ႕မ်ား သိမ္းပိုက္ႏိုင္ခဲ့ၿပီး သမၼတျဖစ္သူ ထြက္ေျပးခဲ့ဟု သတင္းမ်ား ထြက္ ေပၚလာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၈
ဆီးရီးယားအတိုက္ခံလက္နက္ကိုင္အဖြဲ႕မ်ားက ဆီးရီးယားႏိုင္ငံကို ၂၄ ႏွစ္ၾကာအုပ္ခ်ဳပ္ခဲ့ေသာ သမၼတ ဘာရွား အယ္ဘာအာဆက္ဒ္၏ ေခတ္ကုန္ဆုံးသြားၿပီျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။
ဆီးရီးယားအတိုက္ခံအုပ္စုမ်ားသည္ ၿပီးခဲ့ေသာသီတင္းပတ္အတြင္းမွ စတင္ၿပီး ဆီးရီးယားႏိုင္ငံ၏ အဓိကၿမိဳ႕ႀကီး မ်ားကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အဓိကၿမိဳ႕ေတာ္ျဖစ္ေသာ ဒမၼစကက္ၿမိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့ ေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။
ဆီးရီးယားစစ္တပ္အေနျဖင့္ ဆီးရီးယားသမၼတ ဘာရွားအာဆက္ဒ္၏ အုပ္ခ်ဳပ္မႈေခတ္ ကုန္ဆုံးသြားၿပီဆိုေသာ အခ်က္ကို လက္ခံသိရွိထားေၾကာင္း ဆီးရီးယားတပ္မႉးက ေျပာသည္။ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕သည္ ဆီးရီးယားၿမိဳ႕ေတာ္ ဒမၼစကက္ၿမိဳ႕နားအထိ ထိုးေဖာက္တိုက္ခိုက္လာေနၿပီး ဒမၼစကက္ၿမိဳ႕က ဆီးရီးယားသမၼတ အုပ္ခ်ဳပ္မႈမွ လြတ္ေျမာက္သြားေသာၿမိဳ႕ျဖစ္လာခဲ့ေၾကာင္း သိရသည္။
ဆီးရီးယားလက္နက္ကိုင္အဖြဲ႕၏ ထိုးစစ္ဆင္တိုက္ခိုက္မႈေၾကာင့္ သမၼတအာဆက္ဒ္သည္ ဒမၼစကက္ၿမိဳ႕ကို စြန႔္လႊတ္ထြက္ေျပးသြားၿပီးေၾကာင္း အေစာပိုင္းက သတင္းမ်ားထြက္ေပၚခဲ့သည္။ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕က ၎တို႔ၿမိဳ႕အတြင္း ဝင္ေရာက္လာခ်ိန္တြင္ စစ္သားမ်ားၿမိဳ႕အတြင္း ျဖန႔္ၾကတ္ခ်ထားျခင္းမ်ိဳး မရွိေၾကာင္း ေျပာသည္။ ဒမၼစကက္ၿမိဳ႕အတြင္းရွိ အဓိကရင္ျပင္ႏွင့္ လမ္းမ်ားေပၚရွိကားမ်ားတြင္ လူအမ်ားက အလံမ်ားေဝွ႔ယမ္းၿပီး ဒမၼစကက္ၿမိဳ႕က လြတ္ေျမာက္သြားၿပီျဖစ္ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ေျပာသည္။
လက္နက္ကိုင္အဖြဲ႕ေတြက "ဆီးရီးယားျပည္သူမ်ားနဲ႔အတူ ေအာင္ပြဲခံခဲ့တယ္။ အက်ဥ္းသားေတြကို ျပန္လႊတ္ေပးခဲ့ တယ္။ Sednaya အက်ဥ္းေထာင္မွာ မမွ်တဲ့ေခတ္ ကုန္သြားၿပီ" ဟု ေျပာသည္။
အဆိုပါအက်ဥ္းေထာင္သည္ ဒမၼစကက္ၿမိဳ႕အစြန္ရွိ အႀကီးမားဆုံး အက်ဥ္းေထာင္ျဖစ္ေၾကာင္း သိရသည္။ ဆီးရီးယားအဓိက အတိုက္ခံအုပ္စုျဖစ္ေသာ Hadi al-Bahra Syrian ေခါင္းေဆာင္က ဆီးရီးယားၿမိဳ႕ေတာ္ ဒမၼစကက္ၿမိဳ႕တြင္ သမၼတအာဆက္ဒ္မရွိဘဲ လြတ္ေျမာက္သြားၿပီျဖစ္ေၾကာင္း ေျပာသည္။ ၎က " ဆီးရီးယား စစ္တပ္ဟာ စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အဦးေတြကို စြန႔္ခြာသြားမႈမတိုင္ခင္ သမၼတ အာဆက္ဒ္ဟာ ဒမၼစကက္ ႏိုင္ငံတကာေလဆိပ္ကတဆင့္ ဆီးရီးယားႏိုင္ငံကေန ထြက္ေျပးသြားၿပီ" ဟု ေျပာသည္။