ပြည်ပထွက်ပြေးခဲ့သော ဆီးရီးယားသမ္မတကို ရုရှားနိုင်ငံက ခိုလှုံခွင့်ပေးထားဟုဆို

 1630

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၉

ဆီးရီးယား သမ္မတ ဘာရှားအာဆက်ဒ်သည် စစ်ရှုံးကာ မြို့တော် ဒမ္မစကက်မြို့မှထွက်ပြေးခဲ့ပြီးနောက် ၎င်းနှင့်နီးစပ်သော ရုရှားနိုင်ငံသို့ထွက်ပြေးခဲ့ကြောင်း သိရသည်။

ဆီးရီးယားလက်နက်ကိုင်အဖွဲ့များသည် ဒီဇင်ဘာ ၈ ရက်တွင်မြို့တော် ဒမ္မစကက်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် ဆီးရီးယားသမ္မတသည် ရုရှားနိုင်ငံသို့ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ ဆီးရီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အတွင်း သမ္မတ အာဆက်ဒ်ဘက်မှ ရုရှား၊ အီရန် နှင့် ဟစ္စဘိုလာအဖွဲ့များ ပါဝင်တိုက်ခိုက်ပေးခဲ့ပြီး အမေရိကန်နှင့်တူရကီနိုင်ငံတို့ ဆီးရီးယားအစိုးရကို ဆန့်ကျင့်တိုက်ခိုက်သော လက်နက်ကိုင်အဖွဲ့များကို ပံ့ပိုးကူညီပေးခဲ့သည်။ ဆီးရီးယားနိုင်ငံအတွင်းရှိ အဓိကမြို့များကို ဆီးရီးယားလက်နက်ကိုင်အဖွဲ့များက သိမ်းယူလိုက်ခြင်းသည် ဆီးရီးယားနိုင်ငံနှင့်ပတ်သက်ပြီး ရုရှား၊ အီရန်နိုင်ငံတို့၏ သြဇာလွမ်းမိုးမှုများကို ထိခိုက်စေသလိုမျိုးဖြစ်ခဲ့ရကြောင်း သိရသည်။ ရုရှားအခြေစိုက်မီဒီယာများကလည်း ဆီးရီးယားသမ္မတ အာဆက်ဒ် နှင့် မိသားစုဝင်များသည် ရုရှားနိုင်ငံသို့ ထွက်ပြေးလာခဲ့ပြီး ရုရှားအာဏာပိုင်များက ခိုလှုံခွင့်ပေးခဲ့ကြောင်းဖော်ပြထားသည်။

ရုရှားအခြေစိုက်မီဒီယာတစ်ခုက "ဆီးရီးယား သမ္မတ အာဆက်ဒ်ဟာ ရုရှားနိုင်ငံကို ထွက်ပြေးရောက်ရှိလာတယ်။ ရုရှားအစိုးရကလည်း လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးမှုအဖြစ် ဆီးရီးယားသမ္မတ နဲ့ မိသားစုကို ခိုလှုံခွင့်ပေးထားတယ်"ဟု ပြောသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကတော့ ဆီးရီးယားနိုင်ငံ၏အာဏာရှင်စနစ်အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံကို ပြန်လည်တည်ဆောက်နိုင်ရန် ဝိုင်းဝန်းလုပ်ကိုင်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုထားသည်။ ဂူတာရက်စ်က "ဆီးရီးယားနိုင်ငံမှာ (၁၄)နှစ်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ခဲ့ပြီ၊ ဆီးရီးယားပြည်သူတွေဟာ နိုင်ငံတည်ငြိမ်ရေးနဲ့ နိုင်ငံကို ငြိမ်းချမ်းစွာပြန်လည်တည်ဆောက်ဖို့ သမိုင်းဝင်အခွင့်ရေးကို အသုံးချရမှာဖြစ်ပါတယ်"ဟုပြောသည်။ ဆီးရီးယားနိုင်ငံမြို့တော်ကို လက်နက်ကိုင်အဖွဲ့များသိမ်းယူနိုင်ခဲ့ခြင်းသည် ဆီးရီးယားနိုင်ငံတွင် (၁၃)နှစ်ကျော်ကြာဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အဆုံးသတ်သွားခဲ့ခြင်းဖြစ်ပြီး ပြည်သူများက လမ်းပေါ်ထွက်ကာ အောင်ပွဲခံခြင်းများရှိနေခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္ပထြက္ေျပးခဲ့ေသာ ဆီးရီးယားသမၼတကို ႐ုရွားႏိုင္ငံက ခိုလႈံခြင့္ေပးထားဟုဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၉

ဆီးရီးယား သမၼတ ဘာရွားအာဆက္ဒ္သည္ စစ္ရႈံးကာ ၿမိဳ႕ေတာ္ ဒမၼစကက္ၿမိဳ႕မွထြက္ေျပးခဲ့ၿပီးေနာက္ ၎ႏွင့္နီးစပ္ေသာ ႐ုရွားႏိုင္ငံသို႔ထြက္ေျပးခဲ့ေၾကာင္း သိရသည္။

ဆီးရီးယားလက္နက္ကိုင္အဖြဲ႕မ်ားသည္ ဒီဇင္ဘာ ၈ ရက္တြင္ၿမိဳ႕ေတာ္ ဒမၼစကက္ၿမိဳ႕ကို သိမ္းပိုက္လိုက္ၿပီးေနာက္ ဆီးရီးယားသမၼတသည္ ႐ုရွားႏိုင္ငံသို႔ထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ ဆီးရီးယားႏိုင္ငံတြင္ျဖစ္ပြားခဲ့ေသာ ျပည္တြင္းစစ္အတြင္း သမၼတ အာဆက္ဒ္ဘက္မွ ႐ုရွား၊ အီရန္ ႏွင့္ ဟစၥဘိုလာအဖြဲ႕မ်ား ပါဝင္တိုက္ခိုက္ေပးခဲ့ၿပီး အေမရိကန္ႏွင့္တူရကီႏိုင္ငံတို႔ ဆီးရီးယားအစိုးရကို ဆန႔္က်င့္တိုက္ခိုက္ေသာ လက္နက္ကိုင္အဖြဲ႕မ်ားကို ပံ့ပိုးကူညီေပးခဲ့သည္။ ဆီးရီးယားႏိုင္ငံအတြင္းရွိ အဓိကၿမိဳ႕မ်ားကို ဆီးရီးယားလက္နက္ကိုင္အဖြဲ႕မ်ားက သိမ္းယူလိုက္ျခင္းသည္ ဆီးရီးယားႏိုင္ငံႏွင့္ပတ္သက္ၿပီး ႐ုရွား၊ အီရန္ႏိုင္ငံတို႔၏ ၾသဇာလြမ္းမိုးမႈမ်ားကို ထိခိုက္ေစသလိုမ်ိဳးျဖစ္ခဲ့ရေၾကာင္း သိရသည္။ ႐ုရွားအေျခစိုက္မီဒီယာမ်ားကလည္း ဆီးရီးယားသမၼတ အာဆက္ဒ္ ႏွင့္ မိသားစုဝင္မ်ားသည္ ႐ုရွားႏိုင္ငံသို႔ ထြက္ေျပးလာခဲ့ၿပီး ႐ုရွားအာဏာပိုင္မ်ားက ခိုလႈံခြင့္ေပးခဲ့ေၾကာင္းေဖာ္ျပထားသည္။

႐ုရွားအေျခစိုက္မီဒီယာတစ္ခုက "ဆီးရီးယား သမၼတ အာဆက္ဒ္ဟာ ႐ုရွားႏိုင္ငံကို ထြက္ေျပးေရာက္ရွိလာတယ္။ ႐ုရွားအစိုးရကလည္း လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေပးမႈအျဖစ္ ဆီးရီးယားသမၼတ နဲ႔ မိသားစုကို ခိုလႈံခြင့္ေပးထားတယ္"ဟု ေျပာသည္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္ကေတာ့ ဆီးရီးယားႏိုင္ငံ၏အာဏာရွင္စနစ္အဆုံးသတ္သြားခဲ့ၿပီျဖစ္ေၾကာင္း၊ ႏိုင္ငံကို ျပန္လည္တည္ေဆာက္ႏိုင္ရန္ ဝိုင္းဝန္းလုပ္ကိုင္ရမည္ျဖစ္ေၾကာင္း တိုက္တြန္းေျပာဆိုထားသည္။ ဂူတာရက္စ္က "ဆီးရီးယားႏိုင္ငံမွာ (၁၄)ႏွစ္ၾကာျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ အဆုံးသတ္ခဲ့ၿပီ၊ ဆီးရီးယားျပည္သူေတြဟာ ႏိုင္ငံတည္ၿငိမ္ေရးနဲ႔ ႏိုင္ငံကို ၿငိမ္းခ်မ္းစြာျပန္လည္တည္ေဆာက္ဖို႔ သမိုင္းဝင္အခြင့္ေရးကို အသုံးခ်ရမွာျဖစ္ပါတယ္"ဟုေျပာသည္။ ဆီးရီးယားႏိုင္ငံၿမိဳ႕ေတာ္ကို လက္နက္ကိုင္အဖြဲ႕မ်ားသိမ္းယူႏိုင္ခဲ့ျခင္းသည္ ဆီးရီးယားႏိုင္ငံတြင္ (၁၃)ႏွစ္ေက်ာ္ၾကာျဖစ္ပြားခဲ့ေသာ ျပည္တြင္းစစ္အဆုံးသတ္သြားခဲ့ျခင္းျဖစ္ၿပီး ျပည္သူမ်ားက လမ္းေပၚထြက္ကာ ေအာင္ပြဲခံျခင္းမ်ားရွိေနခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.