ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုများကြောင့် တက္ကနဖ်ကမ်းခြေတစ်လျှောက် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတင်းကြပ်

 1845

Htay Oung (NP News) - ဒီဇင်ဘာ ၁ဝ

ရခိုင်ပြည်နယ် မောင်တောမြို့ကို သိမ်းပိုက်ထားတဲ့ AA နဲ့ပတ်သက်တဲ့ သတင်းတွေအရ ကော့ဘဇာဒေသ တက္ကနဖ်ခရိုင်ခွဲအတွင်း နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က တင်းကြပ်လိုက်တယ် လို့ “ဒါကာထရွိုင်ဗြွန်း”က ယမန်နေ့ (ဒီဇင်ဘာ ၉ ရက်)မှာ ရေးသားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား နယ်ခြားမျဉ်းသဖွယ်ဖြစ်နေတဲ့ နတ်မြစ်ကို နှစ်နိုင်ငံမျှဝေပိုင်ဆိုင်ပါတယ်။ မြန်မာနိုင်ငံ မောင်တောမြို့ဟာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားဒေသ တက္ကနပ်ခရိုင်ခွဲ “ဂျာလီယာပါရာ” နယ်မြေရဲ့ အရှေ့တောင်ဘက်မှာ တည်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေအနေနဲ့ နတ်မြစ်အတွင်း မြန်မာဘက်ခြမ်းရေပြင်ကို ရှောင်ရှားကြရန် မြန်မာနိုင်ငံအနောက်တံခါးမြောက်ပိုင်းဒေသကို သိမ်းယူပြီးနောက် AA တို့က သတိပေးထားကြောင်း သိရှိရပါတယ်။ အခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်နဲ့နယ်ခြားစောင့်တပ် (BGB) တို့က နယ်စပ်ဒေသ ကုန်းမြေနဲ့ရေလမ်းကြောင်းတစ်လျှောက် ကင်းလှည့်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေအပါအဝင် အခြားလှေသင်္ဘောတွေအနေနဲ့ အဲဒီဧရိယာနဲ့ ဝေးဝေးမှာနေဖို့ သတိပေးကြေညာချက်တွေကို ထုတ်ပြန်ထားတယ်လို့ တက္ကနဖ်ခရိုင်ခွဲ အုပ်ချုပ်ရေး UNO အရာရှိက ပြောပါတယ်။ တက္ကနဖ်အနီးမှာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား လပေါင်းအတန်ကြာ တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး ယခုအခါ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာဘက်ခြမ်းနယ်မြေများကို AA တို့က အပြည့်အဝ ထိန်းချုပ်နိုင်နေပြီဖြစ်ကြောင်း၊ အဲဒါကြောင့် ဒေသခံငါးဖမ်းငါးဖမ်းသမားတွေကို သတိပေးဖို့ တနင်္ဂနွေနေ့မှာ နှိုးဆော်ချက်ထုတ်ပြန်ထားရခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်ခြားဖြစ်တဲ့ နတ်မြစ်ဟာ အလွန်အမင်း မငြိမ်မသက် ဖြစ်လာကြောင်း၊ ဥပဒေမဲ့ နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်မှုများကို တားဆီးရန်အတွက် BGB နဲ့ ကမ်းခြေစောင့်တပ်တို့က ကင်းလှည့်မှုများ တိုးမြှင့်ထားတယ်လို့ ရှင်းပြပါတယ်။

မကြာသေးမီရက်တွေအတွင်း မောင်တောဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်လာကြောင်း သတင်းတွေနဲ့အတူ ပြင်းထန်တဲ့ ပစ်ခတ်ပေါက်ကွဲသံတွေကြောင့် နတ်မြစ်နယ်စပ်ဒေသအနီး ဘင်္ဂလားဒေ့ရှ်နယ်မြေခံတွေမှာ ထိတ်လန့်တုန်လှုပ်လျက်ရှိကြောင်း၊ မောင်တောဒေသ နယ်မြေအများစုကို နစကအစိုးရက ယခင် ထိန်းချုပ်ထားခဲ့ပေမယ့် ယခုအခါ AA က အဆိုပါနေရာတွေကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ နတ်မြစ်အတွင်း လှေသင်္ဘောများသွားလာမှုအပေါ် AA က ကန့်သတ်ချက်ထုတ်ပြန်ထားကြောင်း၊ ရခိုင်မြောက်ပိုင်းနေ ဘင်္ဂါလီများ စိမ့်ဝင်လာမှုကို တားဆီးရန်နဲ့ လုံခြုံရေးထိန်းသိမ်းဖို့အတွက် နတ်မြစ်နဲ့ကုန်းမြေဧရိယာများမှာ တပ်လှန့်ထားကြောင်း စစ်တကောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် သတင်းမီဒီယာအရာရှိ ဒုတိယတပ်ရင်းမှူးက အတည်ပြုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရေပြင်ပိုင်နက်အတွင်း ဘယ်သူ့ကိုမှ ဝင်ရောက်ခွင့်မပြုကြောင်း၊ ဂျလီယာကျွန်းမှ စိန့်မာတင်ကျွန်းအထိ ကင်းလှည့်မှုတွေကို လုပ်ဆောင်နေပြီး ငါးဖမ်းသမားတွေကလည်း နယ်စပ်ကို ဖြတ်မ ကူးဖို့ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။ ယခုအခါ မောင်တောဒေသဟာ AA ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိနေကြောင်း၊ နယ်စပ်ဖြတ်ကျော်ခြင်းမပြုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တင်းတင်းကြပ်ကြပ် အမိန့်ထုတ်ပြန်ထားကြောင်း တက္ကနဖ်နယ်စပ်အနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။ မောင်တောကို AA က သိမ်းပိုက်လိုက်တယ်လို့ မီဒီယာမျိုးစုံကနေတဆင့် သတင်းကြားသိရကြောင်း၊ အခြေအနေအရပ်ရပ်အတွက် အင်မတန်စိုးရိမ်မိတယ်လို့ အာရကန် ရိုဟင်ဂျာဆိုသူများ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အစည်းအရုံးဥက္ကဋ္ဌက ရှင်းပြပါတယ်။

zawgyi version
ရခိုင္ျပည္နယ္အတြင္း မၿငိမ္သက္မႈမ်ားေၾကာင့္ တကၠနဖ္ကမ္းေျခတစ္ေလွ်ာက္ ဘဂၤလားေဒ့ရွ္လုံၿခဳံေရးတင္းၾကပ္
Htay Oung (NP News) - ဒီဇင္ဘာ ၁ဝ

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕ကို သိမ္းပိုက္ထားတဲ့ AA နဲ႔ပတ္သက္တဲ့ သတင္းေတြအရ ေကာ့ဘဇာေဒသ တကၠနဖ္ခ႐ိုင္ခြဲအတြင္း နယ္စပ္လုံၿခဳံေရးကို ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႕က တင္းၾကပ္လိုက္တယ္ လို႔ “ဒါကာထ႐ြိဳင္ႁဗြန္း”က ယမန္ေန႔ (ဒီဇင္ဘာ ၉ ရက္)မွာ ေရးသားပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အၾကား နယ္ျခားမ်ဥ္းသဖြယ္ျဖစ္ေနတဲ့ နတ္ျမစ္ကို ႏွစ္ႏိုင္ငံမွ်ေဝပိုင္ဆိုင္ပါတယ္။ ျမန္မာႏိုင္ငံ ေမာင္ေတာၿမိဳ႕ဟာ ဘဂၤလားေဒ့ရွ္ ေကာ့ဘဇားေဒသ တကၠနပ္ခ႐ိုင္ခြဲ “ဂ်ာလီယာပါရာ” နယ္ေျမရဲ႕ အေရွ႕ေတာင္ဘက္မွာ တည္ရွိေနပါတယ္။ ဘဂၤလားေဒ့ရွ္ ငါးဖမ္းသမားေတြအေနနဲ႔ နတ္ျမစ္အတြင္း ျမန္မာဘက္ျခမ္းေရျပင္ကို ေရွာင္ရွားၾကရန္ ျမန္မာႏိုင္ငံအေနာက္တံခါးေျမာက္ပိုင္းေဒသကို သိမ္းယူၿပီးေနာက္ AA တို႔က သတိေပးထားေၾကာင္း သိရွိရပါတယ္။ အေျခအေနကို တုံ႔ျပန္တဲ့အေနနဲ႔ ဘဂၤလားေဒ့ရွ္ ကမ္းေျခေစာင့္တပ္နဲ႔နယ္ျခားေစာင့္တပ္ (BGB) တို႔က နယ္စပ္ေဒသ ကုန္းေျမနဲ႔ေရလမ္းေၾကာင္းတစ္ေလွ်ာက္ ကင္းလွည့္မႈေတြကို အရွိန္ျမႇင့္ လုပ္ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္ ငါးဖမ္းသမားေတြအပါအဝင္ အျခားေလွသေဘၤာေတြအေနနဲ႔ အဲဒီဧရိယာနဲ႔ ေဝးေဝးမွာေနဖို႔ သတိေပးေၾကညာခ်က္ေတြကို ထုတ္ျပန္ထားတယ္လို႔ တကၠနဖ္ခ႐ိုင္ခြဲ အုပ္ခ်ဳပ္ေရး UNO အရာရွိက ေျပာပါတယ္။ တကၠနဖ္အနီးမွာ ျမန္မာ့တပ္မေတာ္နဲ႔ AA တို႔အၾကား လေပါင္းအတန္ၾကာ တိုက္ပြဲမ်ားျဖစ္ပြားေနခဲ့ၿပီး ယခုအခါ ဘဂၤလားေဒ့ရွ္နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ျမန္မာဘက္ျခမ္းနယ္ေျမမ်ားကို AA တို႔က အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ေနၿပီျဖစ္ေၾကာင္း၊ အဲဒါေၾကာင့္ ေဒသခံငါးဖမ္းငါးဖမ္းသမားေတြကို သတိေပးဖို႔ တနဂၤေႏြေန႔မွာ ႏႈိးေဆာ္ခ်က္ထုတ္ျပန္ထားရျခင္းျဖစ္ေၾကာင္း၊ ႏွစ္ႏိုင္ငံနယ္ျခားျဖစ္တဲ့ နတ္ျမစ္ဟာ အလြန္အမင္း မၿငိမ္မသက္ ျဖစ္လာေၾကာင္း၊ ဥပေဒမဲ့ နယ္စပ္ျဖတ္ေက်ာ္ က်ဴးေက်ာ္ဝင္ေရာက္မႈမ်ားကို တားဆီးရန္အတြက္ BGB နဲ႔ ကမ္းေျခေစာင့္တပ္တို႔က ကင္းလွည့္မႈမ်ား တိုးျမႇင့္ထားတယ္လို႔ ရွင္းျပပါတယ္။

မၾကာေသးမီရက္ေတြအတြင္း ေမာင္ေတာဘက္ျခမ္းမွာ တိုက္ပြဲေတြျပင္းထန္လာေၾကာင္း သတင္းေတြနဲ႔အတူ ျပင္းထန္တဲ့ ပစ္ခတ္ေပါက္ကြဲသံေတြေၾကာင့္ နတ္ျမစ္နယ္စပ္ေဒသအနီး ဘဂၤလားေဒ့ရွ္နယ္ေျမခံေတြမွာ ထိတ္လန႔္တုန္လႈပ္လ်က္ရွိေၾကာင္း၊ ေမာင္ေတာေဒသ နယ္ေျမအမ်ားစုကို နစကအစိုးရက ယခင္ ထိန္းခ်ဳပ္ထားခဲ့ေပမယ့္ ယခုအခါ AA က အဆိုပါေနရာေတြကို သိမ္းပိုက္လိုက္ၿပီျဖစ္ေၾကာင္း၊ နတ္ျမစ္အတြင္း ေလွသေဘၤာမ်ားသြားလာမႈအေပၚ AA က ကန႔္သတ္ခ်က္ထုတ္ျပန္ထားေၾကာင္း၊ ရခိုင္ေျမာက္ပိုင္းေန ဘဂၤါလီမ်ား စိမ့္ဝင္လာမႈကို တားဆီးရန္နဲ႔ လုံၿခဳံေရးထိန္းသိမ္းဖို႔အတြက္ နတ္ျမစ္နဲ႔ကုန္းေျမဧရိယာမ်ားမွာ တပ္လွန႔္ထားေၾကာင္း စစ္တေကာင္း ဘဂၤလားေဒ့ရွ္ ကမ္းေျခေစာင့္တပ္ သတင္းမီဒီယာအရာရွိ ဒုတိယတပ္ရင္းမႉးက အတည္ျပဳပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္ျခမ္းေရျပင္ပိုင္နက္အတြင္း ဘယ္သူ႔ကိုမွ ဝင္ေရာက္ခြင့္မျပဳေၾကာင္း၊ ဂ်လီယာကြၽန္းမွ စိန႔္မာတင္ကြၽန္းအထိ ကင္းလွည့္မႈေတြကို လုပ္ေဆာင္ေနၿပီး ငါးဖမ္းသမားေတြကလည္း နယ္စပ္ကို ျဖတ္မ ကူးဖို႔ ၫႊန္ၾကားထားတယ္လို႔လည္း ဆိုပါတယ္။ ယခုအခါ ေမာင္ေတာေဒသဟာ AA ရဲ႕ ထိန္းခ်ဳပ္မႈေအာက္ ေရာက္ရွိေနေၾကာင္း၊ နယ္စပ္ျဖတ္ေက်ာ္ျခင္းမျပဳဖို႔ ဘဂၤလားေဒ့ရွ္အစိုးရက တင္းတင္းၾကပ္ၾကပ္ အမိန႔္ထုတ္ျပန္ထားေၾကာင္း တကၠနဖ္နယ္စပ္အနီးေနထိုင္သူတစ္ဦးက ေျပာပါတယ္။ ေမာင္ေတာကို AA က သိမ္းပိုက္လိုက္တယ္လို႔ မီဒီယာမ်ိဳးစုံကေနတဆင့္ သတင္းၾကားသိရေၾကာင္း၊ အေျခအေနအရပ္ရပ္အတြက္ အင္မတန္စိုးရိမ္မိတယ္လို႔ အာရကန္ ႐ိုဟင္ဂ်ာဆိုသူမ်ား ၿငိမ္းခ်မ္းေရးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အစည္းအ႐ုံးဥကၠ႒က ရွင္းျပပါတယ္။

Related news

© 2021. All rights reserved.