ကျွန်းအနီးမှာ တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာနေတယ်လို့ ထိုင်ဝမ်စစ်ဘက် သတင်းထုတ်ပြန်

492

Pika (NP News) - နိုဝင်ဘာ ၁၁
ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာနေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၁၁)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်နေခြင်း ရှိ/မရှိ ဆိုတာကိုတော့ တရုတ်စစ်တပ်က လက်ရှိအချိန်အထိ အတည်ပြုတာမျိုးနဲ့ မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
ထိုင်ဝမ်ကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားတဲ့ တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၆)ရက်နေ့မှာ ပြီးဆုံးသွားခဲ့တဲ့ ထိုင်ဝမ်သမ္မတလိုင်ချန်တေးရဲ့ပစိဖိတ်ဒေသခရီးစဉ်နဲ့ပတ်သက်ပြီး စိတ်ဆိုးဒေါသဖြစ်နေတာလည်းဖြစ်ပါတယ်။
တရုတ်စစ်တပ်ဟာ နှစ်ပေါင်း(၃၀)နီးပါးအတွင်း ၎င်းရဲ့အကြီးဆုံးရေတပ်တပ်ဖွဲ့ကို ဒေသတွင်းမှာ ပထမဆုံးအကြိမ် ဖြန့်ကျက်ချထားခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၁ဝ)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီလိုဖြန့်ကျက်ချထားမှုက တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းအပေါ်ခြိမ်းခြောက်မှုတွေကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေတာမျိုးဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကကြားခဲ့ပါတယ်။
အရှေ့တရုတ်ပင်လယ် နဲ့ တောင်တရုတ်ပင်လယ်တို့မှာ တရုတ်ရဲ့ရေတပ်ဖြန့်ကျက်ချထားမှုတွေဟာ ကြီးမားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေမယ့်လည်း ယခင်ကလုပ်ဆောင်ခဲ့ဖူးတဲ့ အခြားကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်းတွေနဲ့ တန်းတူလောက်ပဲရှိတယ်လို့ အမေရိကန်စစ်ဘက်အရာရှိတွေကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့(၂၄)နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးမှာ လှည့်ပတ်နေတဲ့ တရုတ်ရဲ့ရေတပ်သင်္ဘော (၁၁)စီးနဲ့ ကမ်းခြေစောင့်သင်္ဘော(၈)စီးအပြင် တိုက်လေယာဉ်(၅၃)စင်းကို ခြေရာခံတွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၁၁)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
လိုင်ချန်တေးဟာ တရုတ်အစိုးရရဲ့ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ပြည်သူတွေကသာ ၎င်းတို့ရဲ့အနာဂါတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြန်လည်တုံ့ပြန်ပြောကြားထားပါတယ်။

Zawgyi Version;
ကြၽန္းအနီးမွာ တ႐ုတ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြ တိုးျမင့္လာေနတယ္လို႔ ထိုင္ဝမ္စစ္ဘက္ သတင္းထုတ္ျပန္
Pika (NP News) - ႏိုဝင္ဘာ ၁၁
ထိုင္ဝမ္ကြၽန္းအနီးမွာ တ႐ုတ္စစ္တပ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြ တိုးျမင့္လာေနတယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ(၁၁)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ထိုင္ဝမ္ကြၽန္းအနီးမွာ စစ္ေရးေလ့က်င့္ခန္းေတြ လုပ္ေဆာင္ေနျခင္း ရွိ/မရွိ ဆိုတာကိုေတာ့ တ႐ုတ္စစ္တပ္က လက္ရွိအခ်ိန္အထိ အတည္ျပဳတာမ်ိဳးနဲ႔ မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။
ထိုင္ဝမ္ကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားတဲ့ တ႐ုတ္အစိုးရဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၆)ရက္ေန႔မွာ ၿပီးဆုံးသြားခဲ့တဲ့ ထိုင္ဝမ္သမၼတလိုင္ခ်န္ေတးရဲ႕ပစိဖိတ္ေဒသခရီးစဥ္နဲ႔ပတ္သက္ၿပီး စိတ္ဆိုးေဒါသျဖစ္ေနတာလည္းျဖစ္ပါတယ္။
တ႐ုတ္စစ္တပ္ဟာ ႏွစ္ေပါင္း(၃၀)နီးပါးအတြင္း ၎ရဲ႕အႀကီးဆုံးေရတပ္တပ္ဖြဲ႕ကို ေဒသတြင္းမွာ ပထမဆုံးအႀကိမ္ ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ (၁ဝ)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒီလိုျဖန႔္က်က္ခ်ထားမႈက တ႐ုတ္စစ္တပ္ဟာ ထိုင္ဝမ္ကြၽန္းအေပၚၿခိမ္းေျခာက္မႈေတြကို ယခင္ကထက္ ပိုမိုလုပ္ေဆာင္လာေနတာမ်ိဳးျဖစ္တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာကၾကားခဲ့ပါတယ္။
အေရွ႕တ႐ုတ္ပင္လယ္ နဲ႔ ေတာင္တ႐ုတ္ပင္လယ္တို႔မွာ တ႐ုတ္ရဲ႕ေရတပ္ျဖန႔္က်က္ခ်ထားမႈေတြဟာ ႀကီးမားတဲ့ျဖစ္စဥ္တစ္ခုျဖစ္ေပမယ့္လည္း ယခင္ကလုပ္ေဆာင္ခဲ့ဖူးတဲ့ အျခားႀကီးမားတဲ့စစ္ေရးေလ့က်င့္ခန္းေတြနဲ႔ တန္းတူေလာက္ပဲရွိတယ္လို႔ အေမရိကန္စစ္ဘက္အရာရွိေတြကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ၿပီးခဲ့တဲ့(၂၄)နာရီအတြင္း ထိုင္ဝမ္ကြၽန္းအနီးမွာ လွည့္ပတ္ေနတဲ့ တ႐ုတ္ရဲ႕ေရတပ္သေဘၤာ (၁၁)စီးနဲ႔ ကမ္းေျခေစာင့္သေဘၤာ(၈)စီးအျပင္ တိုက္ေလယာဥ္(၅၃)စင္းကို ေျခရာခံေတြ႕ရွိခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ(၁၁)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
လိုင္ခ်န္ေတးဟာ တ႐ုတ္အစိုးရရဲ႕ေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားၿပီး ထိုင္ဝမ္ျပည္သူေတြကသာ ၎တို႔ရဲ႕အနာဂါတ္ကို ဆုံးျဖတ္ႏိုင္တယ္လို႔ ျပန္လည္တုံ႔ျပန္ေျပာၾကားထားပါတယ္။