ဆလီနာဂိုမက်နဲ့ ဘန်နီဘလန်ကိုတို့ စေ့စပ်ကြောင်းလမ်းပြီး

 901

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၃

အမေရိကန်အဆိုတော်၊ သရုပ်ဆောင် ဆယ်လီနာဂိုမက်ဟာ ဒီဇင်ဘာ ၁၁ ရက် နှောင်းပိုင်းက ချစ်သူ အမေရိကန် ဓာတ်ပြားထုတ်လုပ်သူ ဘန်နီဘလန်ကိုနဲ့ စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဆယ်လီနာ(အသက် ၃၂ နှစ်) က သူမရဲ့ အင်စတာဂရမ်မှာ "Forever begins now" ဆိုတဲ့ caption နဲ့ သူမရဲ့စေ့စပ်လက်စွပ်ပုံ၊ ချစ်သူ ဘလန်ကိုနဲ့ ပွေ့ဖက်နမ်းရှုပ်နေတဲ့ပုံကို မျှဝေခဲ့ပါတယ်။
အဆိုပါ post ရဲ့ comment မှာ အသက် ၃၆ နှစ်အရွယ် ဘလန်ကို က “Hey wait... that’s my wife" လို့ ရေးသားခဲ့ပြီး နှစ်ယောက်သားရဲ့စေ့စပ်ကြောင်းလမ်းမှုကို အတည်ပြုခဲ့ပါတယ်။
သူမရဲ့ post အောက်မှာ အမေရိကန်မင်းသမီး ဂျန်နီဖာအနီစတန်၊ အမေရိကန်ရက်ပ်အဆိုတော် Lil Nas X ၊ ဗြိတိန်နာမည်ကြီး စားဖိုမှူး ဂေါဒန်မန်ဆေတို့က ချီးကျူးဂုဏ်ပြုခဲ့ကြသလို ဆလီနာရဲ့ သူငယ်ချင်းကောင်း အမေရိကန်အဆိုတော် တေလာဆွဖ်ကလည်း ပန်းကြဲအနေနဲ့ ပါဝင်ကူညီသွားမယ်လို့ ရေးသားခဲ့ပါတယ်။

ဆလီနာဟာ ဘလန်ကိုနဲ့ သူမရဲ့ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ် Revival (2015) နဲ့ ပတ်သက်ပြီး စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ စတင် date ခဲ့ကြတာ ဖြစ်ပါတယ်။
ဆလီနာဟာ အမေရိကန် နာမည်ကြီးအဆိုတော်၊သရုပ်ဆောင်ဖြစ်ပြီး ကနေဒါအဆိုတော်ဂျက်စတင်ဘီဘာ၊ The Weeknd တို့လို နာမည်ကြီးတွေနဲ့ ဒိတ်ခဲ့ဖူးပါတယ်။

ဆလီနာဂိုမက္နဲ႔ ဘန္နီဘလန္ကိုတို႔ ေစ့စပ္ေၾကာင္းလမ္းၿပီး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၃

အေမရိကန္အဆိုေတာ္၊ သ႐ုပ္ေဆာင္ ဆယ္လီနာဂိုမက္ဟာ ဒီဇင္ဘာ ၁၁ ရက္ ေႏွာင္းပိုင္းက ခ်စ္သူ အေမရိကန္ ဓာတ္ျပားထုတ္လုပ္သူ ဘန္နီဘလန္ကိုနဲ႔ ေစ့စပ္ေၾကာင္းလမ္းလိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ဆယ္လီနာ(အသက္ ၃၂ ႏွစ္) က သူမရဲ႕ အင္စတာဂရမ္မွာ "Forever begins now" ဆိုတဲ့ caption နဲ႔ သူမရဲ႕ေစ့စပ္လက္စြပ္ပုံ၊ ခ်စ္သူ ဘလန္ကိုနဲ႔ ေပြ႕ဖက္နမ္းရႈပ္ေနတဲ့ပုံကို မွ်ေဝခဲ့ပါတယ္။
အဆိုပါ post ရဲ႕ comment မွာ အသက္ ၃၆ ႏွစ္အ႐ြယ္ ဘလန္ကို က “Hey wait... that’s my wife" လို႔ ေရးသားခဲ့ၿပီး ႏွစ္ေယာက္သားရဲ႕ေစ့စပ္ေၾကာင္းလမ္းမႈကို အတည္ျပဳခဲ့ပါတယ္။
သူမရဲ႕ post ေအာက္မွာ အေမရိကန္မင္းသမီး ဂ်န္နီဖာအနီစတန္၊ အေမရိကန္ရက္ပ္အဆိုေတာ္ Lil Nas X ၊ ၿဗိတိန္နာမည္ႀကီး စားဖိုမႉး ေဂါဒန္မန္ေဆတို႔က ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကသလို ဆလီနာရဲ႕ သူငယ္ခ်င္းေကာင္း အေမရိကန္အဆိုေတာ္ ေတလာဆြဖ္ကလည္း ပန္းႀကဲအေနနဲ႔ ပါဝင္ကူညီသြားမယ္လို႔ ေရးသားခဲ့ပါတယ္။

ဆလီနာဟာ ဘလန္ကိုနဲ႔ သူမရဲ႕ ဒုတိယေျမာက္ စတူဒီယိုအယ္လ္ဘမ္ Revival (2015) နဲ႔ ပတ္သက္ၿပီး စတင္ေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး ၂၀၂၃ ခုႏွစ္ ဇူလိုင္လမွာ စတင္ date ခဲ့ၾကတာ ျဖစ္ပါတယ္။
ဆလီနာဟာ အေမရိကန္ နာမည္ႀကီးအဆိုေတာ္၊သ႐ုပ္ေဆာင္ျဖစ္ၿပီး ကေနဒါအဆိုေတာ္ဂ်က္စတင္ဘီဘာ၊ The Weeknd တို႔လို နာမည္ႀကီးေတြနဲ႔ ဒိတ္ခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.