ခေတ်သစ်စစ်ပွဲများတွင် စစ်ဘက်ခေါင်းဆောင်များသည် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို ပိုမိုအလေးပေးဆောင်ရွက်လာကြောင်း နစကဥက္ကဋ္ဌ ပြော

 3205

နာမူ (NP News) - ဒီဇင်ဘာ ၁၃

မျက်မှောက်ခေတ် ခေတ်သစ်စစ်ပွဲများတွင် စစ်ဘက်ခေါင်းဆောင်များသည် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို ပိုမိုအလေးပေးဆောင်ရွက်လာကြကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၂ ရက်)၊ နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် ကျင်းပခဲ့သော အမှတ်စဉ် (၂၆) ဗိုလ်လောင်းသင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်ပါက အဆင့်မြင့် နည်းပညာများကိုအသုံးပြု၍ အီလက်ထရောနစ်စစ်ဆင်ရေးနှင့် သတင်းအချက်အလက်စစ်ဆင်ရေးများကို ထိရောက်စွာ ပုံဖော်တိုက်ခိုက်လာသည်ကို တွေ့ရှိရကြောင်း နစကဥက္ကဌက ပြောသည်။

ထို့သို့ ပုံဖော်တိုက်ခိုက်လာမှုများကြောင့် မျက်မှောက်ခေတ်စစ်ပွဲများတွင် စစ်ဘက်ခေါင်းဆောင်များအနေဖြင့် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို ပိုမိုအလေးပေးဆောင်ရွက်လာကြပြီး ကာကွယ်ရေးဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် နည်းပညာ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည့် အနေအထားသို့ ရောက်ရှိလာသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
ယနေ့ခေတ် စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် ညဏ်ရည်တု နည်းပညာ (Artificial Intelligence - Al)ကို ပိုမိုအသုံးပြုလာမှုကြောင့် AI နှင့်ပတ်သက်သည့် လေ့လာသုတေသနပြုမှုနှင့် စမ်းသပ်တီထွင်ထုတ်လုပ်မှုများကို ပိုမိုကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မျက်မှောက်ခေတ်စစ်မြေပြင်သည် သတင်းအချက်အလက်နည်းပညာ (Information Technology) ကို အခြေခံ၍ Digitalized Battle Field အသွင်ဆောင်လာနေခြင်းကြောင့် သတင်းအချက်အလက်နည်းပညာများကို ခေတ်နှင့်အညီ စဉ်ဆက်မပြတ်လေ့လာဆည်းပူးသွားရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

zawgyi version
ေခတ္သစ္စစ္ပြဲမ်ားတြင္ စစ္ဘက္ေခါင္းေဆာင္မ်ားသည္ အင္အားသာလြန္မႈထက္ နည္းပညာသာလြန္မႈကို ပိုမိုအေလးေပးေဆာင္႐ြက္လာေၾကာင္း နစကဥကၠဌ ေျပာ
နာမူ (NP News) - ဒီဇင္ဘာ ၁၃

မ်က္ေမွာက္ေခတ္ ေခတ္သစ္စစ္ပြဲမ်ားတြင္ စစ္ဘက္ေခါင္းေဆာင္မ်ားသည္ အင္အားသာလြန္မႈထက္ နည္းပညာသာလြန္မႈကို ပိုမိုအေလးေပးေဆာင္႐ြက္လာၾကေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ယမန္ေန႔ (ဒီဇင္ဘာလ ၁၂ ရက္)၊ နံနက္ပိုင္းက ျပင္ဦးလြင္ၿမိဳ႕တြင္ က်င္းပခဲ့ေသာ အမွတ္စဥ္ (၂၆) ဗိုလ္ေလာင္းသင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနား၌ မိန႔္ခြန္းေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။ ေခတ္သစ္စစ္ပြဲမ်ားကို ေလ့လာၾကည့္ပါက အဆင့္ျမင့္ နည္းပညာမ်ားကိုအသုံးျပဳ၍ အီလက္ထေရာနစ္စစ္ဆင္ေရးႏွင့္ သတင္းအခ်က္အလက္စစ္ဆင္ေရးမ်ားကို ထိေရာက္စြာ ပုံေဖာ္တိုက္ခိုက္လာသည္ကို ေတြ႕ရွိရေၾကာင္း နစကဥကၠဌက ေျပာသည္။

ထို႔သို႔ ပုံေဖာ္တိုက္ခိုက္လာမႈမ်ားေၾကာင့္ မ်က္ေမွာက္ေခတ္စစ္ပြဲမ်ားတြင္ စစ္ဘက္ေခါင္းေဆာင္မ်ားအေနျဖင့္ အင္အားသာလြန္မႈထက္ နည္းပညာသာလြန္မႈကို ပိုမိုအေလးေပးေဆာင္႐ြက္လာၾကၿပီး ကာကြယ္ေရးဆိုင္ရာ မူဝါဒမ်ား ခ်မွတ္ရာတြင္ နည္းပညာ၏ အခန္းက႑သည္ အလြန္အေရးပါသည့္ အေနအထားသို႔ ေရာက္ရွိလာသည္ကိုလည္း ေတြ႕ရွိရမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။
ယေန႔ေခတ္ စစ္ဘက္ဆိုင္ရာ သိပၸံႏွင့္နည္းပညာနယ္ပယ္တြင္ ညဏ္ရည္တု နည္းပညာ (Artificial Intelligence - Al)ကို ပိုမိုအသုံးျပဳလာမႈေၾကာင့္ AI ႏွင့္ပတ္သက္သည့္ ေလ့လာသုေတသနျပဳမႈႏွင့္ စမ္းသပ္တီထြင္ထုတ္လုပ္မႈမ်ားကို ပိုမိုႀကိဳးပမ္းေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္းလည္း နစကဥကၠ႒က ေျပာၾကားသည္။

ထို႔ျပင္ မ်က္ေမွာက္ေခတ္စစ္ေျမျပင္သည္ သတင္းအခ်က္အလက္နည္းပညာ (Information Technology) ကို အေျခခံ၍ Digitalized Battle Field အသြင္ေဆာင္လာေနျခင္းေၾကာင့္ သတင္းအခ်က္အလက္နည္းပညာမ်ားကို ေခတ္ႏွင့္အညီ စဥ္ဆက္မျပတ္ေလ့လာဆည္းပူးသြားရန္ လိုအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။

Related news

© 2021. All rights reserved.