အမေရိကန်သမ္မတက ပြစ်ဒဏ်ကျခံနေရသူ ၁၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျော့ပေါ့ပေးခြင်းများ ပြုလုပ်

 500

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၃

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် သည် သမ္မတရာထူးမှ အနားယူကာခါနီး လပိုင်းအလိုတွင် အမေရိကန်နိုင်ငံသား ၃၉ ဦးကို ဒီဇင်ဘာ ၁၃ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထို့အပြင် ဂျိုးဘိုင်ဒန်သည် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီပြီး လိမ်လည်မှုကျူးလွန်ခဲ့သူများ အပါအဝင် အခြားပြစ်မှုကျူးလွန်သူ ၁၅၀၀ နီးပါးကိုလည်း ပြစ်ဒဏ် လျော့ပေါ့ပေးသောအမိန့် ထပ်မံထုတ်ပြန်ခဲ့သည်။

သမ္မတဂျိုးဘိုင်ဒန်သည် ပြီးခဲ့သောသီတင်းပတ်အတွင်း ရာဇဝတ်မှုကျူးလွန်မှုများအတွက် ထောင်ဒဏ်ကျခံရဖွယ်ရှိ နေသည့် သားအကြီးဆုံးဖြစ်သူ ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီးနောက် မကြာမီတွင် အမေရိကန် နိုင်ငံသားထောင်ချီကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပြစ်ဒဏ်လျော့ပေါ့ပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါလွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့သော အရေအတွက်သည် အမေရိကန်နိုင်ငံသမိုင်းတွင် တစ်ရက်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြစ်ဒဏ်လျော့ပေးခြင်းများတွင် အများဆုံးအရေအတွက်ဖြစ်ခဲ့သည်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အမေရိကန်သမ္မတတွင် ပြစ်ဒဏ်ကျူးလွန်သူများကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးနိုင်သောအခွင့်အာဏာရှိနေကြောင်း ပြောသည်။ ပြစ်ဒဏ်လျော့ပေါ့ပေးခံရသူများသည် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူများဖြစ်ပြီး ၎င်းတို့ကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း နေအိမ်များတွင် ပြန်ထားခဲ့ပြီး မိသားစု၊ လူအဖွဲ့အစည်း နှင့် ပြန်လည်ဆက်နွယ်ခွင့်ပေးခဲ့ကာ လက်ရှိအချိန်တွင် ဒုတိယအကြိမ်မြောက်အခွင့် အရေး ထပ်မံပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လူအခွင့်ရေးအဖွဲ့အစည်းများ နှင့် အခြားသူများကတော့ ပြစ်ဒဏ်ချမှတ်ခံထားရသူများကို လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးရန်တောင်းဆိုထားကြောင်း သိရသည်။ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည် လာမည့်လတွင် သမ္မအဖြစ် တရားဝင်တာဝန်ယူပြီးနောက် ဂျိုးဘိုင်ဒန် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သော အဆင့်မြင့်အရာရှိကြီးများကို စွဲချက်တင်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်မီဒီယာများက ဖော်ပြထားသည်။

Zawgyi Version;
အေမရိကန္သမၼတက ျပစ္ဒဏ္က်ခံေနရသူ ၁၅၀၀ ေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္ ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးျခင္းမ်ား ျပဳလုပ္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၃

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ သည္ သမၼတရာထူးမွ အနားယူကာခါနီး လပိုင္းအလိုတြင္ အေမရိကန္ႏိုင္ငံသား ၃၉ ဦးကို ဒီဇင္ဘာ ၁၃ ရက္တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့သည္။ ထို႔အျပင္ ဂ်ိဳးဘိုင္ဒန္သည္ အေမရိကန္ေဒၚလာ ဘီလ်ံႏွင့္ခ်ီၿပီး လိမ္လည္မႈက်ဴးလြန္ခဲ့သူမ်ား အပါအဝင္ အျခားျပစ္မႈက်ဴးလြန္သူ ၁၅၀၀ နီးပါးကိုလည္း ျပစ္ဒဏ္ ေလ်ာ့ေပါ့ေပးေသာအမိန႔္ ထပ္မံထုတ္ျပန္ခဲ့သည္။

သမၼတဂ်ိဳးဘိုင္ဒန္သည္ ၿပီးခဲ့ေသာသီတင္းပတ္အတြင္း ရာဇဝတ္မႈက်ဴးလြန္မႈမ်ားအတြက္ ေထာင္ဒဏ္က်ခံရဖြယ္ရွိ ေနသည့္ သားအႀကီးဆုံးျဖစ္သူ ဟန္တာဘိုင္ဒန္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့ၿပီးေနာက္ မၾကာမီတြင္ အေမရိကန္ ႏိုင္ငံသားေထာင္ခ်ီကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးျခင္း၊ ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါလြတ္ၿငိမ္းခ်မ္းသာခြင့္ ႏွင့္ ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးခဲ့ေသာ အေရအတြက္သည္ အေမရိကန္ႏိုင္ငံသမိုင္းတြင္ တစ္ရက္အတြင္း လြတ္ၿငိမ္းခ်မ္းသာခြင့္ ႏွင့္ ျပစ္ဒဏ္ေလ်ာ့ေပးျခင္းမ်ားတြင္ အမ်ားဆုံးအေရအတြက္ျဖစ္ခဲ့သည္။
အေမရိကန္ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက အေမရိကန္သမၼတတြင္ ျပစ္ဒဏ္က်ဴးလြန္သူမ်ားကို လြတ္ၿငိမ္းခ်မ္းသာ ခြင့္ေပးႏိုင္ေသာအခြင့္အာဏာရွိေနေၾကာင္း ေျပာသည္။ ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးခံရသူမ်ားသည္ ႏွစ္ရွည္ေထာင္ဒဏ္ ခ်မွတ္ခံရသူမ်ားျဖစ္ၿပီး ၎တို႔ကို ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါကာလအတြင္း ေနအိမ္မ်ားတြင္ ျပန္ထားခဲ့ၿပီး မိသားစု၊ လူအဖြဲ႕အစည္း ႏွင့္ ျပန္လည္ဆက္ႏြယ္ခြင့္ေပးခဲ့ကာ လက္ရွိအခ်ိန္တြင္ ဒုတိယအႀကိမ္ေျမာက္အခြင့္ အေရး ထပ္မံေပးခဲ့ျခင္းျဖစ္သည္ဟု သိရသည္။
လူအခြင့္ေရးအဖြဲ႕အစည္းမ်ား ႏွင့္ အျခားသူမ်ားကေတာ့ ျပစ္ဒဏ္ခ်မွတ္ခံထားရသူမ်ားကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ထပ္ေပးရန္ေတာင္းဆိုထားေၾကာင္း သိရသည္။ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္သည္ လာမည့္လတြင္ သမၼအျဖစ္ တရားဝင္တာဝန္ယူၿပီးေနာက္ ဂ်ိဳးဘိုင္ဒန္ ဦးေဆာင္ေသာ အေမရိကန္အစိုးရအဖြဲ႕တြင္ ပါဝင္ခဲ့ေသာ အဆင့္ျမင့္အရာရွိႀကီးမ်ားကို စြဲခ်က္တင္ရန္ ႀကိဳးပမ္းေနေၾကာင္း အေမရိကန္မီဒီယာမ်ားက ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.