တောင်ကိုရီးယားသမ္မတကို ဒီဇင်ဘာ ၁၄ တွင် ဒုတိယအကြိမ် စွပ်စွဲပြစ်တင်မည်ဖြစ်ပြီး အောင်မြင်ရန် အလားလာများနေ ဟုဆို

 1669

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၃

တောင်ကိုရီးယားအတိုက်ခံပါတီခေါင်းဆောင် လီဂျေးမြောင်က အာဏာရပါတီအနေဖြင့် သမ္မတ ယွန်ဆက်ယိုလ်ကို ဒုတိယအကြိမ်မြောက်စွပ်စွဲပြစ်တင်မှုကိုထောက်ခံမှုမရှိဘူးဆိုလျှင် သမိုင်းတရားခံဖြစ်လာမည်ကို သတိထားစေ လိုကြောင်း ထုတ်ဖော်တိုက်တွန်းလိုက်သည်။ ယွန်ဆက်ယိုလ်သည် ဒီဇင်ဘာလ ၃ ရက်တွင် စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့ရာ အတိုက်ခံပါတီက ဦးဆောင်ပြီး လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ အတိုက်ခံပါတီဦးဆောင်မှုဖြင့်
ဒီဇင်ဘာ ၇ ရက်တွင် ယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့သည့် အတွက် ဒီဇင်ဘာ ၁၄ ရက်တွင် ထပ်မံစွပ်စွဲပြစ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။ ယွန်ဆက်ယိုလ်ကို ဒီဇင်ဘာ ၇ ရက်နေ့က ပြုလုပ်ခဲ့သော စွပ်စွဲပြစ်တင်မှုတွင် အာဏာရပါတီဖြစ်သော ပြည်သူအာဏာနှင့်အင်အားပါတီ (PPP) ၏ လွှတ်တော်ကိုယ်စားလှယ်အားလုံးနီးပါး ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။

(PPP) ပါတီ၏ ခေါင်းဆောင်ဖြစ်သူက ယွန်ဆက်ယိုလ်သည် အလိုအလျောက် နုတ်ထွက်မည်မဟုတ်ဘဲ လွှတ်တော် အတွင်း စွပ်စွဲပြစ်တင်ရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်က ပြောဆိုခဲ့သည်။ ယွန်ဆက်ယိုလ်က ၎င်းကို စွပ်စွဲ ပြစ်တင်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းများကို ပြီးဆုံးချိန်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။ အတိုက်ခံပါတီက ယွန်ဆက်ယိုလ်ကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထိခိုက်နစ်နာစေရန် လုပ်ဆောင်မှုဖြင့် လွှတ်တော်အတွင်း ထပ်မံစွဲချက်တင်မည်ဖြစ်ကြောင်း ပြောသည်။
တောင်ကိုရီးယားနိုင်ငံရေး လေ့လာသုံးသပ်သူအချို့ကတော့ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မည့် အတိုက်ခံ ပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီ၏ ဒုတိယအကြိမ် ကြိုးပမ်းမှုက အောင်မြင်ဖွယ်ရှိနေကြောင်း၊ အာဏာရပါတီ ၏ လွှတ်တော်ကိုယ်စားလှယ်များက ယွန်ဆက်ယိုလ်ကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင်မှုများကို ထောက်ခံသွား မည်ဟု အရိတ်အမြွတ်ပြောဆိုထားကြောင်း သုံးသပ်ပြောဆိုထားသည်။
တောင်ကိုရီးယားနိုင်ငံ၏ ဟန်ကွတ် နိုင်ငံခြားဘာသာတက္ကသိုလ်၏ နိုင်ငံတကာရေးရာ ပါမောက္ခဖြစ်သူ မာဆွန် ရီချီက "တောင်ကိုရီးယားသမ္မတကို လွတ်တော်အတွင်းစွပ်စွဲပြစ်တင်မယ့် ဒုတိယအကြိမ်ကြိုးပမ်းမှုက အောင်မြင်ဖို့ ၈၀ရာခိုင်နှုန်းအလားလာရှိတယ်" ဟု ပြောသည်။
ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုအောင်မြင်စေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ အရေအတွက်ဖြစ်သော အနည်းဆုံး ၃၀၀ ဦး၏ ထောက်ခံမဲရရှိရန်လိုအပ်ကြောင်း သိရသည်။ အတိုက်ပါတီသည် လွှတ်တော်အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၉၂ ဦး ရှိနေပြီး အာဏာရပါတီက လွှတ်တော် ကိုယ်စားလှယ် ၈ ဦးက ထောက်ခံမဲပေးခဲ့လျှင် ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုအောင်မြင်မည်ဖြစ်သည်။

Zawgyi Version;
ေတာင္ကိုရီးယားသမၼတကို ဒီဇင္ဘာ ၁၄ တြင္ ဒုတိယအႀကိမ္ စြပ္စြဲျပစ္တင္မည္ျဖစ္ၿပီး ေအာင္ျမင္ရန္ အလားလာမ်ားေန ဟုဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၃

ေတာင္ကိုရီးယားအတိုက္ခံပါတီေခါင္းေဆာင္ လီေဂ်းေျမာင္က အာဏာရပါတီအေနျဖင့္ သမၼတ ယြန္ဆက္ယိုလ္ကို ဒုတိယအႀကိမ္ေျမာက္စြပ္စြဲျပစ္တင္မႈကိုေထာက္ခံမႈမရွိဘူးဆိုလွ်င္ သမိုင္းတရားခံျဖစ္လာမည္ကို သတိထားေစ လိုေၾကာင္း ထုတ္ေဖာ္တိုက္တြန္းလိုက္သည္။ ယြန္ဆက္ယိုလ္သည္ ဒီဇင္ဘာလ ၃ ရက္တြင္ စစ္အုပ္ခ်ဳပ္ေရးဥပေဒ ေၾကညာခဲ့ရာ အတိုက္ခံပါတီက ဦးေဆာင္ၿပီး လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။ အတိုက္ခံပါတီဦးေဆာင္မႈျဖင့္
ဒီဇင္ဘာ ၇ ရက္တြင္ ယြန္ဆက္ယိုလ္ကို လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့သည့္ အတြက္ ဒီဇင္ဘာ ၁၄ ရက္တြင္ ထပ္မံစြပ္စြဲျပစ္တင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ ယြန္ဆက္ယိုလ္ကို ဒီဇင္ဘာ ၇ ရက္ေန႔က ျပဳလုပ္ခဲ့ေသာ စြပ္စြဲျပစ္တင္မႈတြင္ အာဏာရပါတီျဖစ္ေသာ ျပည္သူအာဏာႏွင့္အင္အားပါတီ (PPP) ၏ လႊတ္ေတာ္ကိုယ္စားလွယ္အားလုံးနီးပါး ကန႔္ကြက္မဲေပးခဲ့ေၾကာင္း သိရသည္။

(PPP) ပါတီ၏ ေခါင္းေဆာင္ျဖစ္သူက ယြန္ဆက္ယိုလ္သည္ အလိုအေလ်ာက္ ႏုတ္ထြက္မည္မဟုတ္ဘဲ လႊတ္ေတာ္ အတြင္း စြပ္စြဲျပစ္တင္ရမည္ျဖစ္ေၾကာင္း ဒီဇင္ဘာ ၁၂ ရက္က ေျပာဆိုခဲ့သည္။ ယြန္ဆက္ယိုလ္က ၎ကို စြပ္စြဲ ျပစ္တင္ျခင္း၊ စုံစမ္းစစ္ေဆးျခင္းမ်ားကို ၿပီးဆုံးခ်ိန္အထိ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ေျပာသည္။ အတိုက္ခံပါတီက ယြန္ဆက္ယိုလ္ကို စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္ျခင္းႏွင့္ပတ္သက္ၿပီး ႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ထိခိုက္နစ္နာေစရန္ လုပ္ေဆာင္မႈျဖင့္ လႊတ္ေတာ္အတြင္း ထပ္မံစြဲခ်က္တင္မည္ျဖစ္ေၾကာင္း ေျပာသည္။
ေတာင္ကိုရီးယားႏိုင္ငံေရး ေလ့လာသုံးသပ္သူအခ်ိဳ႕ကေတာ့ ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မည့္ အတိုက္ခံ ပါတီျဖစ္ေသာ ဒီမိုကရက္တစ္ပါတီ၏ ဒုတိယအႀကိမ္ ႀကိဳးပမ္းမႈက ေအာင္ျမင္ဖြယ္ရွိေနေၾကာင္း၊ အာဏာရပါတီ ၏ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ယြန္ဆက္ယိုလ္ကို ဒုတိယအႀကိမ္ စြပ္စြဲျပစ္တင္မႈမ်ားကို ေထာက္ခံသြား မည္ဟု အရိတ္အႁမြတ္ေျပာဆိုထားေၾကာင္း သုံးသပ္ေျပာဆိုထားသည္။
ေတာင္ကိုရီးယားႏိုင္ငံ၏ ဟန္ကြတ္ ႏိုင္ငံျခားဘာသာတကၠသိုလ္၏ ႏိုင္ငံတကာေရးရာ ပါေမာကၡျဖစ္သူ မာဆြန္ ရီခ်ီက "ေတာင္ကိုရီးယားသမၼတကို လြတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္မယ့္ ဒုတိယအႀကိမ္ႀကိဳးပမ္းမႈက ေအာင္ျမင္ဖို႔ ၈၀ရာခိုင္ႏႈန္းအလားလာရွိတယ္" ဟု ေျပာသည္။
ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မႈေအာင္ျမင္ေစရန္အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္အားလုံး၏ သုံးပုံႏွစ္ပုံ အေရအတြက္ျဖစ္ေသာ အနည္းဆုံး ၃၀၀ ဦး၏ ေထာက္ခံမဲရရွိရန္လိုအပ္ေၾကာင္း သိရသည္။ အတိုက္ပါတီသည္ လႊတ္ေတာ္အစည္းအေဝးအတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၁၉၂ ဦး ရွိေနၿပီး အာဏာရပါတီက လႊတ္ေတာ္ ကိုယ္စားလွယ္ ၈ ဦးက ေထာက္ခံမဲေပးခဲ့လွ်င္ ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မႈေအာင္ျမင္မည္ျဖစ္သည္။

Related news

© 2021. All rights reserved.