ဖေ့စ်ဘုတ်တည်ထောင်သူဇူကာဘတ်က ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲရန်ပုံငွေသို့ အမေရိကန်ဒေါ်လာ (၁)သန်း လှူဒါန်း

 1977

Pika (NP News) - ဒီဇင်ဘာ ၁၃

ဖေ့စ်ဘုတ်နှင့် အင်စတာဂရမ်တို့၏ မိခင်ကုမ္ပဏီ Meta ၏ အမှုဆောင်အရာရှိချုပ် ကမ္ဘာကျော်ဘီလျံနာ ဇူကာဘတ် သည် အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲရန်ပုံငွေသို့ အမေရိကန်ဒေါ်လာ (၁)သန်း လှူဒါန်းခဲ့ကြောင်း Meta ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါပံ့ပိုးကူညီမှုသည် ဒေါ်နယ်ထရမ့်နှင့် သမိုင်းဝင်တင်းမာနေသော ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေ ရန် ဇူကာဘတ်၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်မှုများလည်း ရှိနေသည်။ ထို့ပြင် အဆိုပါလှူဒါန်းမှုသည် ယခင်သမ္မတ သက်တမ်းနှစ်ခုအတွင်း ယင်းကဲ့သို့လှူဒါန်းမှုများ မလုပ်ဆောင်ခဲ့ဖူးသည့် Meta ကုမ္ပဏီအတွက် ခြေလှမ်းအသစ်တစ်ခုလည်းဖြစ်သည်။

ဒေါ်နယ်ထရမ့် နှင့် ဇူကာဘတ်တို့သည် ပြီးခဲ့သည့်သီတင်းပတ်တွင် Mar-a-Lago အပန်းဖြေစခန်းတွင် ညစာ အတူစားခဲ့ကြကြောင်းလည်း သိရသည်။ ဇူကာဘတ်သည် အမေရိကန်အစိုးရအဖွဲ့၏ နည်းပညာဆိုင်ရာမူဝါဒ ဆုံးဖြတ်မှုများတွင် အခန်းကဏ္ဍတစ်ခုကို ရယူလိုနေကြောင်း Meta ကုမ္ပဏီ၏ ကမ္ဘာ့ရေးရာဥက္ကဋ္ဌ နစ်ခ်ကလက်က မကြာသေးမီကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ဇူကာဘတ်သည် အထူးသဖြင့် AI နည်းပညာတွင် အမေရိကန်၏ဦးဆောင်မှုကို ထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး အချေအတင် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း နစ်ခ်ကလက်က ပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပထမဆုံးအမေရိကန်သမ္မတ ရာထူးသက်တမ်းအတွင်း ဖေ့စ်ဘုတ် နှင့် အင်စတာဂရမ် ပလက်ဖောင်းများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့သော်လည်း (၂၀၂၁)ခုနှစ် ဇန်နဝါရီလ(၆)ရက်တွင် လွှတ်တော် အဆောက်အဦးမှာ ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများနှင့်ပတ်သက်ပြီး ၎င်း၏အကောင့်များမှာ ပိတ်ပင်ခံခဲ့ရကြောင်း သိရသည်။

(၂၀၂၃)ခုနှစ်တွင် ၎င်း၏အကောင့်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဒေါ်နယ်ထရမ့်သည် ဇူကာဘတ်နှင့် ပတ်သက်ပြီး စိတ်ပျက်မှုများကို ဆက်လက်ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်မတ်လတွင် ဒေါ်နယ်ထရမ့်က Meta ကုမ္ပဏီကို ပြည်သူများ၏ ရန်သူအဖြစ် ဖော်ပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ေဖ့စ္ဘုတ္တည္ေထာင္သူဇူကာဘတ္က ေဒၚနယ္ထရမ့္၏ က်မ္းသစၥာက်ိန္ဆိုပြဲရန္ပုံေငြသို႔ အေမရိကန္ေဒၚလာ (၁)သန္း လႉဒါန္း
Pika (NP News) - ဒီဇင္ဘာ ၁၃

ေဖ့စ္ဘုတ္ႏွင့္ အင္စတာဂရမ္တို႔၏ မိခင္ကုမၸဏီ Meta ၏ အမႈေဆာင္အရာရွိခ်ဳပ္ ကမာၻေက်ာ္ဘီလ်ံနာ ဇူကာဘတ္ သည္ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္၏ က်မ္းသစၥာက်ိန္ဆိုပြဲရန္ပုံေငြသို႔ အေမရိကန္ေဒၚလာ (၁)သန္း လႉဒါန္းခဲ့ေၾကာင္း Meta ကုမၸဏီေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။

အဆိုပါပံ့ပိုးကူညီမႈသည္ ေဒၚနယ္ထရမ့္ႏွင့္ သမိုင္းဝင္တင္းမာေနေသာ ဆက္ဆံေရးကို တိုးတက္ေကာင္းမြန္လာေစ ရန္ ဇူကာဘတ္၏ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအျဖစ္ ရႈျမင္မႈမ်ားလည္း ရွိေနသည္။ ထို႔ျပင္ အဆိုပါလႉဒါန္းမႈသည္ ယခင္သမၼတ သက္တမ္းႏွစ္ခုအတြင္း ယင္းကဲ့သို႔လႉဒါန္းမႈမ်ား မလုပ္ေဆာင္ခဲ့ဖူးသည့္ Meta ကုမၸဏီအတြက္ ေျခလွမ္းအသစ္တစ္ခုလည္းျဖစ္သည္။

ေဒၚနယ္ထရမ့္ ႏွင့္ ဇူကာဘတ္တို႔သည္ ၿပီးခဲ့သည့္သီတင္းပတ္တြင္ Mar-a-Lago အပန္းေျဖစခန္းတြင္ ညစာ အတူစားခဲ့ၾကေၾကာင္းလည္း သိရသည္။ ဇူကာဘတ္သည္ အေမရိကန္အစိုးရအဖြဲ႕၏ နည္းပညာဆိုင္ရာမူဝါဒ ဆုံးျဖတ္မႈမ်ားတြင္ အခန္းက႑တစ္ခုကို ရယူလိုေနေၾကာင္း Meta ကုမၸဏီ၏ ကမာၻ႔ေရးရာဥကၠ႒ နစ္ခ္ကလက္က မၾကာေသးမီကျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ေျပာၾကားခဲ့သည္။
ဇူကာဘတ္သည္ အထူးသျဖင့္ AI နည္းပညာတြင္ အေမရိကန္၏ဦးေဆာင္မႈကို ထိန္းသိမ္းျခင္းႏွင့္ပတ္သက္ၿပီး အေခ်အတင္ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရန္ ရည္႐ြယ္ထားေၾကာင္း နစ္ခ္ကလက္က ေျပာၾကားခဲ့သည္။ ေဒၚနယ္ထရမ့္သည္ ၎၏ ပထမဆုံးအေမရိကန္သမၼတ ရာထူးသက္တမ္းအတြင္း ေဖ့စ္ဘုတ္ ႏွင့္ အင္စတာဂရမ္ ပလက္ေဖာင္းမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္အသုံးျပဳခဲ့ေသာ္လည္း (၂၀၂၁)ခုႏွစ္ ဇန္နဝါရီလ(၆)ရက္တြင္ လႊတ္ေတာ္ အေဆာက္အဦးမွာ ျဖစ္ပြားခဲ့ေသာ ဆူပူအုံႂကြမႈမ်ားႏွင့္ပတ္သက္ၿပီး ၎၏အေကာင့္မ်ားမွာ ပိတ္ပင္ခံခဲ့ရေၾကာင္း သိရသည္။

(၂၀၂၃)ခုႏွစ္တြင္ ၎၏အေကာင့္မ်ားကို ျပန္လည္ဖြင့္လွစ္ေပးခဲ့ေသာ္လည္း ေဒၚနယ္ထရမ့္သည္ ဇူကာဘတ္ႏွင့္ ပတ္သက္ၿပီး စိတ္ပ်က္မႈမ်ားကို ဆက္လက္ထုတ္ေဖာ္ျပသခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္မတ္လတြင္ ေဒၚနယ္ထရမ့္က Meta ကုမၸဏီကို ျပည္သူမ်ား၏ ရန္သူအျဖစ္ ေဖာ္ျပေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.