ကြားခံဇုန်မှ စစ်သားများကို ပြန်ရုပ်သိမ်းရန် ပြင်သစ် နှင့် ကုလသမဂ္ဂ တောင်းဆိုမှုများကို အစ္စရေးအစိုးရ ငြင်းဆန်ပယ်ချ

 701

ဂျန်ဇက် (NP News) ဒီဇင်ဘာ ၁၅

အစ္စရေးနိုင်ငံသည် ဆီးရီးယားနှင့် အစ္စရေး နိုင်ငံကြားရှိနေသော ကြားခံဇုန်မှ အစ္စရေးတပ်ဖွဲ့ဝင် များကို ပြန်လည်ရုပ်သိမ်းဆုတ်ခွာရန် တောင်းဆိုခြင်းများကို ငြင်းဆန်ပယ်ချလိုက်ကြောင်းသိရသည်။
ပြင်သစ် နှင့် ကုလသမဂ္ဂအဖွဲ့သည် အစ္စရေးနိုင်ငံကို ဆီးရီးယားနိုင်ငံ၏ ပိုင်နက်နယ်မြေများကို လေးစား ရန် နှင့် ကြားခံဇုန်အတွင်းမှ အစ္စရေးတပ်ဖွဲ့ဝင်များကို ပြန်ရုပ်သိမ်းရန် ပြီးခဲ့သောရက်ပိုင်းတွင် တောင်းဆို ခဲ့ကြောင်း သိရသည်။ ဆီးရီးယားအစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် မြို့တော် ဒမတ်စကတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သမ္မတ အာဆတ်လည်း ပြည်ပသို့ ထွက်ပြေးခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက ဆီးရီးယားတွင် သမ္မတအာဆတ် ဦးဆောင်သော အစိုးရအဖွဲ့ ပြုတ်ကျ သွားခဲ့ပြီးနောက် အစ္စရေးနိုင်ငံကိုအကြမ်းဖက်သမားခြိမ်းခြောက်မှုမှကာကွယ်ရန် ဆီးရီးယားနိုင်ငံ တောင်ပိုင်းတွင် ယာယီကာကွယ်ရေးဇုန်တည်ဆောက်ထားရမည်ဖြစ်ကြောင်း ပြောသည်။ အစ္စရေး နှင့် ဆီးရီးယားနိုင်ငံကြား (၁၉၇၄) ခုနှစ်တွင် တည်ထောင်ခဲ့သည့် စစ်မက်ကင်းမဲ့စေသော ကြားခံဇုန်ကို အစ္စရေးတပ်ဖွဲ့ဝင်များက လက်ရှိအချိန်တွင် သိမ်းပိုက်တပ်စွဲထားကြောင်း သိရသည်။
အစ္စရေးသည် (၁၉၆၇) ခုနှစ်နောက်ပိုင်းတည်းက သိမ်းယူထားသော ဂိုလန်ကုန်းမြင့်အရပ်ဒေသကို ကျော်လွန်ပြီး သိမ်းပိုက်တပ်စွဲထားကြောင်း သိရသည်။ အစ္စရေးက ဆီးရီးယား နှင့် စစ်မဲ့ကင်းမဲ့သော ကြားခံဇုန်ကို သိမ်းပိုက်တပ်စွဲနေခြင်းကို ပြင်သစ် နှင့် ကုလသမဂ္ဂအဖွဲ့များက ပြစ်တင်ရှုတ်ချထား ကြောင်း သိရသည်။ ပြင်သစ်နှင့် ကုလသမဂ္ဂအဖွဲ့က အစ္စရေးသည် သဘောတူညီချက်များကို ချိုးဖောက် ခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သောရက်ပိုင်းတွင် ပြစ်တင်ထားသည်။ သို့သော်လည်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အိုရမ်မာမိုစတိန်းက နယ်စပ်ဒေသအနီးမှာ ဂျီဟတ်အဖွဲ့တွေ လုပ်ငန်းတွေနဲ့ စီမံဆောင်ရွက်မှုတွေရှိနေတယ်။ အစ္စရေးရဲ့လုပ်ရပ်တွေဟာ ကာကွယ်ရေး အကြောင်းပြချက်တွေ ကြောင့် လုပ်ဆောင်နေတာပါ၊ အစ္စရေးနိုင်ငံသားတွေလုံခြုံရေးနဲ့ နိုင်ငံကိုကာကွယ်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်” ဟုပြောသည်။
အစ္စရေးဝန်ကြီးချုပ်က ဆီးရီးယားနယ်စပ်ဒေသကြားခံဇုန်တွင် ယာယီအစီအမံများလုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတည်ငြိမ် အာမခံမှုများရှိချိန်အထိ ကာကွယ်ရေးနှင့်လုံခြုံရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားဖူးသည်။ အစ္စရေးသည် ပြီးခဲ့သောရက်ပိုင်းတွင် ဆီးရီးယားနိုင်ငံကို လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး အကြိမ်ပေါင်း(၅၀ဝ)နီးပါး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အစ္စရေးအစိုးရက ၎င်းတို့သည် ဆီးရီးယားသမ္မတဟောင်းပိုင်ဆိုင်သော ရေတပ် နှင့် စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

Zawgyi Version;
ၾကားခံဇုန္မွ စစ္သားမ်ားကို ျပန္႐ုပ္သိမ္းရန္ ျပင္သစ္ ႏွင့္ ကုလသမဂၢ ေတာင္းဆိုမႈမ်ားကို အစၥေရး အစိုးရ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) ဒီဇင္ဘာ ၁၅

အစၥေရးႏိုင္ငံသည္ ဆီးရီးယားႏွင့္ အစၥေရး ႏိုင္ငံၾကားရွိေနေသာ ၾကားခံဇုန္မွ အစၥေရးတပ္ဖြဲ႕ဝင္ မ်ားကို ျပန္လည္႐ုပ္သိမ္းဆုတ္ခြာရန္ ေတာင္းဆိုျခင္းမ်ားကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္းသိရသည္။
ျပင္သစ္ ႏွင့္ ကုလသမဂၢအဖြဲ႕သည္ အစၥေရးႏိုင္ငံကို ဆီးရီးယားႏိုင္ငံ၏ ပိုင္နက္နယ္ေျမမ်ားကို ေလးစား ရန္ ႏွင့္ ၾကားခံဇုန္အတြင္းမွ အစၥေရးတပ္ဖြဲ႕ဝင္မ်ားကို ျပန္႐ုပ္သိမ္းရန္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ေတာင္းဆို ခဲ့ေၾကာင္း သိရသည္။ ဆီးရီးယားအစၥလာမၼစ္လက္နက္ကိုင္အဖြဲ႕သည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ၿမိဳ႕ေတာ္ ဒမတ္စကတ္ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ သမၼတ အာဆတ္လည္း ျပည္ပသို႔ ထြက္ေျပးခဲ့သည္။

အစၥေရးကာကြယ္ေရးဝန္ႀကီးက ဆီးရီးယားတြင္ သမၼတအာဆတ္ ဦးေဆာင္ေသာ အစိုးရအဖြဲ႕ ျပဳတ္က် သြားခဲ့ၿပီးေနာက္ အစၥေရးႏိုင္ငံကိုအၾကမ္းဖက္သမားၿခိမ္းေျခာက္မႈမွကာကြယ္ရန္ ဆီးရီးယားႏိုင္ငံ ေတာင္ပိုင္းတြင္ ယာယီကာကြယ္ေရးဇုန္တည္ေဆာက္ထားရမည္ျဖစ္ေၾကာင္း ေျပာသည္။ အစၥေရး ႏွင့္ ဆီးရီးယားႏိုင္ငံၾကား (၁၉၇၄) ခုႏွစ္တြင္ တည္ေထာင္ခဲ့သည့္ စစ္မက္ကင္းမဲ့ေစေသာ ၾကားခံဇုန္ကို အစၥေရးတပ္ဖြဲ႕ဝင္မ်ားက လက္ရွိအခ်ိန္တြင္ သိမ္းပိုက္တပ္စြဲထားေၾကာင္း သိရသည္။
အစၥေရးသည္ (၁၉၆၇) ခုႏွစ္ေနာက္ပိုင္းတည္းက သိမ္းယူထားေသာ ဂိုလန္ကုန္းျမင့္အရပ္ေဒသကို ေက်ာ္လြန္ၿပီး သိမ္းပိုက္တပ္စြဲထားေၾကာင္း သိရသည္။ အစၥေရးက ဆီးရီးယား ႏွင့္ စစ္မဲ့ကင္းမဲ့ေသာ ၾကားခံဇုန္ကို သိမ္းပိုက္တပ္စြဲေနျခင္းကို ျပင္သစ္ ႏွင့္ ကုလသမဂၢအဖြဲ႕မ်ားက ျပစ္တင္ရႈတ္ခ်ထား ေၾကာင္း သိရသည္။ ျပင္သစ္ႏွင့္ ကုလသမဂၢအဖြဲ႕က အစၥေရးသည္ သေဘာတူညီခ်က္မ်ားကို ခ်ိဳးေဖာက္ ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ျပစ္တင္ထားသည္။ သို႔ေသာ္လည္း အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ အိုရမ္မာမိုစတိန္းက နယ္စပ္ေဒသအနီးမွာ ဂ်ီဟတ္အဖြဲ႕ေတြ လုပ္ငန္းေတြနဲ႔ စီမံေဆာင္႐ြက္မႈေတြရွိေနတယ္။ အစၥေရးရဲ႕လုပ္ရပ္ေတြဟာ ကာကြယ္ေရး အေၾကာင္းျပခ်က္ေတြ ေၾကာင့္ လုပ္ေဆာင္ေနတာပါ၊ အစၥေရးႏိုင္ငံသားေတြလုံၿခဳံေရးနဲ႔ ႏိုင္ငံကိုကာကြယ္ဖို႔ ဆက္လက္လုပ္ေဆာင္သြားမယ္” ဟုေျပာသည္။
အစၥေရးဝန္ႀကီးခ်ဳပ္က ဆီးရီးယားနယ္စပ္ေဒသၾကားခံဇုန္တြင္ ယာယီအစီအမံမ်ားလုပ္ေဆာင္သြားရ မည္ျဖစ္ေၾကာင္း၊ နယ္စပ္ေဒသတည္ၿငိမ္ အာမခံမႈမ်ားရွိခ်ိန္အထိ ကာကြယ္ေရးႏွင့္လုံၿခဳံေရး လုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေျပာဆိုထားဖူးသည္။ အစၥေရးသည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ဆီးရီးယားႏိုင္ငံကို ေလေၾကာင္းတိုက္ခိုက္မႈ အနည္းဆုံး အႀကိမ္ေပါင္း(၅၀ဝ)နီးပါး လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ အစၥေရးအစိုးရက ၎တို႔သည္ ဆီးရီးယားသမၼတေဟာင္းပိုင္ဆိုင္ေသာ ေရတပ္ ႏွင့္ စစ္လက္နက္ပစၥည္းအႂကြင္းအက်န္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

Related news

© 2021. All rights reserved.