တောင်ကိုရီးယားသမ္မတကို လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ဖို့တောင်းဆိုဆန္ဒပြသူတွေကို K-pop အနုပညာရှင်များ အားပေးထောက်ခံ

 1472

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၄

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ဖို့တောင်းဆိုတဲ့ ပြည်သူတွေ ကို တောင်ကိုရီးယားနိုင်ငံရဲ့ K-pop အနုပညာရှင်များက အားပေးထောက်ခံခဲ့ပြီး အစားစာများ ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ တောင်ကိုရီးယားအတိုက်ခံပါတီက ဦးဆောင်ပြီး သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း ဒုတိယအကြိမ်မြောက်စွပ်စွဲပြစ်တင်ဖို့ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
သမ္မတကို ဆန့်ကျင်သူတွေဟာ သမ္မယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်ဖို့ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ဟာ ဒီဇင်ဘာလအစောပိုင်းမှာစစ်အုပ်ချုပ်ရေး ဥပဒေထုတ်ပြန်ခဲ့ပြီး နောက် အတိုက်ခံပါတီ အပါအဝင် တောင်ကိုရီးယားပြည်သူများရဲ့ပြစ်တင်ဝေဖန်ခြင်းကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုမှာ လွှတ်တော်ကိုယ်စားလှယ် ၃ဝဝ ဦးအနက် ၁၉၂ ဦး ရဲ့ ထောက်ခံမှုသာရရှိခဲ့ပြီး သတ်မှတ်ထားတဲ့အရေအတွက်မျိုး မရခဲ့ကြောင်း သိရပါတယ်။
သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်မှုအောင်မြင်စေဖို့ လွှတ်တော်ကိုယ်စားလှယ် ၂ဝဝ ဦးရဲ့ ထောက်ခံချက်ရဖို့ လိုအပ်ပါတယ်။
သမ္မတယွန်ဆက်ယိုလ်ကို အားပေးထောက်ခံသူတွေဟာလည်း ဒီဇင်ဘာလ ၁၄ ရက်မှာ သမ္မတကို အားပေး ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်မှုလုပ်ခဲ့ပါတယ်။ သမ္မတကို အားပေးထောက်ခံသူတစ်ဦးက "သမ္မတယွန်ဆက်ယိုလ် မှာ ရွေးချယ်စရာမရှိတဲ့အတွက် စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့တာမျိုးဖြစ်တယ်။ သမ္မတရဲ့ဆုံးဖြတ်ချက်တိုင်း ကို ထောက်ခံတယ်" လို့ ပြောပါတယ်။ တောင်ကိုရီးယားသမ္မတကို လွှတ်တော်အတွင်း ဒုတိယအကြိမ်မြောက် စွပ်စွဲ ပြစ်တင်မယ့်အစီအစဉ်မှာ အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင်မယ်ဆိုရင် သမ္မတကို စွပ်စွဲပြစ်တင်မယ့်အစီအစဉ် အောင်မြင်ဖွယ်ရှိနေပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားသမၼတကို လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ဖို႔ေတာင္းဆိုဆႏၵျပသူေတြကို K-pop အႏုပညာရွင္မ်ား အားေပးေထာက္ခံ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၄

ေတာင္ကိုရီးယားႏိုင္ငံမွာ သမၼတယြန္ဆက္ယိုလ္ကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ဖို႔ေတာင္းဆိုတဲ့ ျပည္သူေတြ ကို ေတာင္ကိုရီးယားႏိုင္ငံရဲ႕ K-pop အႏုပညာရွင္မ်ားက အားေပးေထာက္ခံခဲ့ၿပီး အစားစာမ်ား ပံ့ပိုးေပးခဲ့တယ္လို႔ သိရပါတယ္။ ဒီဇင္ဘာ ၁၄ ရက္မွာ ေတာင္ကိုရီးယားအတိုက္ခံပါတီက ဦးေဆာင္ၿပီး သမၼတယြန္ဆက္ယိုလ္ကို လႊတ္ေတာ္အတြင္း ဒုတိယအႀကိမ္ေျမာက္စြပ္စြဲျပစ္တင္ဖို႔ လုပ္ေဆာင္မွာျဖစ္တယ္လို႔ သိရပါတယ္။
သမၼတကို ဆန႔္က်င္သူေတြဟာ သမၼယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္ဖို႔ ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ကာ ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။
ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ဟာ ဒီဇင္ဘာလအေစာပိုင္းမွာစစ္အုပ္ခ်ဳပ္ေရး ဥပေဒထုတ္ျပန္ခဲ့ၿပီး ေနာက္ အတိုက္ခံပါတီ အပါအဝင္ ေတာင္ကိုရီးယားျပည္သူမ်ားရဲ႕ျပစ္တင္ေဝဖန္ျခင္းကို ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။ သမၼတယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မႈမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ၃ဝဝ ဦးအနက္ ၁၉၂ ဦး ရဲ႕ ေထာက္ခံမႈသာရရွိခဲ့ၿပီး သတ္မွတ္ထားတဲ့အေရအတြက္မ်ိဳး မရခဲ့ေၾကာင္း သိရပါတယ္။
သမၼတယြန္ဆက္ယိုလ္ကို လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္မႈေအာင္ျမင္ေစဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၂ဝဝ ဦးရဲ႕ ေထာက္ခံခ်က္ရဖို႔ လိုအပ္ပါတယ္။
သမၼတယြန္ဆက္ယိုလ္ကို အားေပးေထာက္ခံသူေတြဟာလည္း ဒီဇင္ဘာလ ၁၄ ရက္မွာ သမၼတကို အားေပး ေထာက္ခံတဲ့ ဆႏၵထုတ္ေဖာ္မႈလုပ္ခဲ့ပါတယ္။ သမၼတကို အားေပးေထာက္ခံသူတစ္ဦးက "သမၼတယြန္ဆက္ယိုလ္ မွာ ေ႐ြးခ်ယ္စရာမရွိတဲ့အတြက္ စစ္အုပ္ခ်ဳပ္ေရးဥပေဒ ေၾကညာခဲ့တာမ်ိဳးျဖစ္တယ္။ သမၼတရဲ႕ဆုံးျဖတ္ခ်က္တိုင္း ကို ေထာက္ခံတယ္" လို႔ ေျပာပါတယ္။ ေတာင္ကိုရီးယားသမၼတကို လႊတ္ေတာ္အတြင္း ဒုတိယအႀကိမ္ေျမာက္ စြပ္စြဲ ျပစ္တင္မယ့္အစီအစဥ္မွာ အာဏာရပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပူးေပါင္းပါဝင္မယ္ဆိုရင္ သမၼတကို စြပ္စြဲျပစ္တင္မယ့္အစီအစဥ္ ေအာင္ျမင္ဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.