ဘရူနိုမားစ် လာရောက်လည်ပတ်ခဲ့ခြင်းကြောင့် ဘရာဇီးနိုင်ငံက ဘားတစ်ခု နာမည်ကြီးနေ

 543

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၂

ဘရာဇီးနိုင်ငံ၊ ဘဲလိုဟောရီဇွန်တယ်မြို့ရှိ၊ Lacador လို့ အမည်ရတဲ့ ဘားတစ်ခုဟာ အမေရိကန် ပေါ့ပ်အဆိုတော် ဘရူနိုမားစ်က လာရောက်လည်ပတ်ပြီး အမှတ်တရပုံ ရိုက်ကူးသွားခဲ့ခြင်းကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေပါတယ်။

ဘားမှာ "Bruno was here" ဆိုတဲ့ စာသားနဲ့ နိုဝင်ဘာလက ဘရူနိုလာရောက်စဉ် ရိုက်ကူးသွားခဲ့တဲ့ ပုံပါဝင်တဲ့ ဆိုင်းဘုတ်တစ်ခုကို ဂုဏ်ယူဝင့်ကြွားစွာ ချိတ်ဆွဲထားပြီး ခရီးသွားဆွဲဆောင်မှုအဖြစ် ဖန်တီးထားပါတယ်။ ဘားပိုင်ရှင် ရော်နယ်ဒိုတိုင်ရှယ်ရာကလည်း သူ့အတွက် နိုဝင်ဘာလ ၅ ရက်က မမျှော်လင့်ထားပဲ ဂရမ်မီဆုရှင် ဘရာနို ရောက်လာခဲ့တဲ့ အခိုက်အတံ့ဟာ ဘယ်တော့မှ မမေ့နိုင်တဲ့အရာပါပဲလို့ ဆိုပါတယ်။ "အဲဒီနေ့ အင်္ဂါနေ့(နိုဝင်ဘာ ၅ ရက်) နံနက်က ကျွန်တော်တို့ ဆိုင်ထဲမှာ ရှိနေချိန် ကားအနက်ကြီးတစ်စင်း ဆိုင်ရှေ့ရပ်ပြီး လူ ၃ ဦး ဝင်လာပြီး "ဘီယာရှိလား"လို့ လာမေးတယ်၊ အဲဒီနောက် ဘရူနို ကားပေါ်ကဆင်းပြီး ရောက်ချလာတာပဲ" လို့ ဆိုင်ရှင်က ပြောပါတယ်။

"နောက်ပိုင်း ဘရူနိုက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ Lacador ဘားဆိုပြီး highlight ပေးခဲ့တယ်၊ အဲဒီလိုနဲ့ ဒီနေရာဟာ တခြားမြို့တွေ၊ ဘရူနို ပရိတ်သတ်တွေအတွက် ခရီးသွားနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်" လို့ ဘားပိုင်ရှင် မစ္စတာ တိုင်ရှယ်ရာ က ပြောကြားခဲ့ပါတယ်။ ဘရူနိုဟာ ဘရာဇီးလ်မှာ ဖျော်ဖြေရေး ခရီးစဉ် လေးကြိမ်ထိ ပြုလုပ်ခဲ့ဖူးပါတယ်။

zawgyi version
ဘ႐ူႏိုမားစ္ လာေရာက္လည္ပတ္ခဲ့ျခင္းေၾကာင့္ ဘရာဇီးႏိုင္ငံက ဘားတစ္ခု နာမည္ႀကီးေန
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၂

ဘရာဇီးႏိုင္ငံ၊ ဘဲလိုေဟာရီဇြန္တယ္ၿမိဳ႕ရွိ၊ Lacador လို႔ အမည္ရတဲ့ ဘားတစ္ခုဟာ အေမရိကန္ ေပါ့ပ္အဆိုေတာ္ ဘ႐ူႏိုမားစ္က လာေရာက္လည္ပတ္ၿပီး အမွတ္တရပုံ ႐ိုက္ကူးသြားခဲ့ျခင္းေၾကာင့္ ဆိုရွယ္မီဒီယာမွာ နာမည္ႀကီးေနပါတယ္။

ဘားမွာ "Bruno was here" ဆိုတဲ့ စာသားနဲ႔ ႏိုဝင္ဘာလက ဘ႐ူႏိုလာေရာက္စဥ္ ႐ိုက္ကူးသြားခဲ့တဲ့ ပုံပါဝင္တဲ့ ဆိုင္းဘုတ္တစ္ခုကို ဂုဏ္ယူဝင့္ႂကြားစြာ ခ်ိတ္ဆြဲထားၿပီး ခရီးသြားဆြဲေဆာင္မႈအျဖစ္ ဖန္တီးထားပါတယ္။ ဘားပိုင္ရွင္ ေရာ္နယ္ဒိုတိုင္ရွယ္ရာကလည္း သူ႔အတြက္ ႏိုဝင္ဘာလ ၅ ရက္က မေမွ်ာ္လင့္ထားပဲ ဂရမ္မီဆုရွင္ ဘရာႏို ေရာက္လာခဲ့တဲ့ အခိုက္အတံ့ဟာ ဘယ္ေတာ့မွ မေမ့ႏိုင္တဲ့အရာပါပဲလို႔ ဆိုပါတယ္။ "အဲဒီေန႔ အဂၤါေန႔(ႏိုဝင္ဘာ ၅ ရက္) နံနက္က ကြၽန္ေတာ္တို႔ ဆိုင္ထဲမွာ ရွိေနခ်ိန္ ကားအနက္ႀကီးတစ္စင္း ဆိုင္ေရွ႕ရပ္ၿပီး လူ ၃ ဦး ဝင္လာၿပီး "ဘီယာရွိလား"လို႔ လာေမးတယ္၊ အဲဒီေနာက္ ဘ႐ူႏို ကားေပၚကဆင္းၿပီး ေရာက္ခ်လာတာပဲ" လို႔ ဆိုင္ရွင္က ေျပာပါတယ္။

"ေနာက္ပိုင္း ဘ႐ူႏိုက သူ႔ရဲ႕ဆိုရွယ္မီဒီယာမွာ Lacador ဘားဆိုၿပီး highlight ေပးခဲ့တယ္၊ အဲဒီလိုနဲ႔ ဒီေနရာဟာ တျခားၿမိဳ႕ေတြ၊ ဘ႐ူႏို ပရိတ္သတ္ေတြအတြက္ ခရီးသြားေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္" လို႔ ဘားပိုင္ရွင္ မစၥတာ တိုင္ရွယ္ရာ က ေျပာၾကားခဲ့ပါတယ္။ ဘ႐ူႏိုဟာ ဘရာဇီးလ္မွာ ေဖ်ာ္ေျဖေရး ခရီးစဥ္ ေလးႀကိမ္ထိ ျပဳလုပ္ခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.