“ကမ္ဘာ့မတ်စောက်ဆုံး” ကေဘယ်ကားလမ်းကို ဆွစ်ဇာလန်မှာ ဖွင့်လှစ်

 505

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၃

ဆွစ်ဇာလန်နိုင်ငံ၊ Bernese Alps မှာ James Bond ရုပ်ရှင် “On Her Majesty's Secret Service” ထဲက ဇာတ်ဝင်ခန်းကြောင့် လူသိများကျော်ကြားခဲ့တဲ့ တောင်ထိပ်က စားသောက်ဆိုင်ကို ပို့ဆောင်ပေးမယ့် ကမ္ဘာ့အမြင့်ဆုံး ကေဘယ်ကားအသစ် Schilthorn Cableway ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့အမတ်စောက်ဆုံး ကေဘယ်လ်ကားဖြစ်ပြီး လေးမိနစ်အတွင်း ၇၇၅ မီတာ (၂,၅၄၃ ပေ)ထိ တက်နိုင်မှာဖြစ်တယ်လို့ ထုတ်လုပ်သူတွေက ပြောပါတယ်။ ဒါဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၆,၅၀ မီတာ (၅,၄၁၃ ပေ)မှာရှိတဲ့ မူရန်ရွာနဲ့ စတက်ချယ်ဘက်ရွာကို ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ကေဘယ်လ်လမ်းကို ကမ္ဘာ့အမတ်စောက်ဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာတော့ အသိအမှတ်မပြုသေးပါဘူး။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ၊ အယ်လ်ပိုင်းရွာ Stoos resort မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘာ့အမတ်စောက်ဆုံး ကေဘယ်လ်ကားလမ်းဟာ ၇၄၃ မီတာ (၂,၄၃၈ ပေ)ထိရှိတာကြောင့် ၅,၄၁၃ ပေထိ တက်နိုင်မယ့် Schilthorn Cableway ကို ကမ္ဘာ့အမတ်သောက်ဆုံးကေဘယ်လ်လမ်း ဖြစ်လာမယ်လို့ ယူဆရတာ ဖြစ်ပါတယ်။

zawgyi version




Related news

© 2021. All rights reserved.