မိုနိုပိုလီဘုတ်ဂိမ်း အမှတ်တရပစ္စည်း အများဆုံးစုဆောင်းမှုအတွက် ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ဗြိတိန်အမျိုးသား

286

Pika (NP News) - ဒီဇင်ဘာ ၂၆
ဗြိတိန်နိုင်ငံမှ ဘုတ်ဂိမ်းဆော့ခြင်းအား ကြိုက်နှစ်သက်သည့် အမျိုးသားတစ်ဦးသည် မိုနိုပိုလီဘုတ်ဂိမ်း အမှတ်တရပစ္စည်း စုစုပေါင်း (၄၃၇၉)ခုအထိ စုဆောင်းနိုင်ခဲ့ပြီးနောက် မိုနိုပိုလီဘုတ်ဂိမ်း အများဆုံးစုဆောင်းသည့် ၎င်း၏ကိုယ်ပိုင်ဂင်းနစ်စံချိန်ကို ပြန်လည်ချိုးဖျက်ခဲ့ကြောင်း သိရသည်။
မတူညီသော မိုနိုပိုလီဘုတ်ဂိမ်းပုံစံများစွာကို စုဆောင်းခဲ့သော နေးစကယ်လန်ဆိုသည့် အမျိုးသားသည် (၂၀၁၆)ခုနှစ်တွင် မိုနိုပိုလီဘုတ်ဂိမ်း(၁၆၇၇)ခုထိ စုဆောင်းကာ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့ကြောင်း သိရသည်။ ထို့နောက် နေးစကယ်လန်သည် (၂၀၁၇)ခုနှစ်တွင် မိုနိုပိုလီဘုတ်ဂိမ်း(၁၉၉၉)ခုနှင့် (၂၀၁၈)ခုနှစ်တွင် မိုနိုပိုလီဘုတ်ဂိမ်း(၂၂၄၉)ခုထိစုဆောင်းခဲ့ပြီးနောက် ၎င်း၏ကိုယ်ပိုင်စံချိန်ကို ပြန်လည်ချိုးဖျက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် နေးစကယ်လန်၏မိုနိုပိုလီဘုတ်ဂိမ်းစုဆောင်းမှုမှာ (၄၃၇၉)ခုတွင် ရပ်တန့်နေပြီး မိုနိုပိုလီဘုတ်ဂိမ်း အမှတ်တရပစ္စည်း အများဆုံးစုဆောင်းသည့် ကိုယ်ပိုင်ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေးစကယ်လန်က "စံသတ်မှတ်ချက်တွေနဲ့အတူ မိုနိုပိုလီဘုတ်ဂိမ်းတွေကို ကျွန်တော်စတင်စုဆောင်းခဲ့တာပါ။ ခရီးသွားလာမှုတွေနဲ့အတူ မတူညီတဲ့နိုင်ငံတွေမှာ မိုနိုပိုလီဘုတ်ဂိမ်းတွေကို ဝယ်ယူခဲ့ပါတယ်။စုဆောင်းမှုတွေလုပ်ဆောင်နေမှုနဲ့အတူ အမှတ်တရခရီးစဉ်တွေကို ဖန်တီးရတာ တကယ်ကိုကောင်းပါတယ်"ဟု ပြောဆိုခဲ့သည်။ ထို့ပြင် Australian rugby team ၏ Cronulla Sharks အသင်းအတွက် ဖန်တီးထားသော အလွန်ရှားပါးသည့် မိုနိုပိုလီဘုတ်ဂိမ်းတစ်ခုဖြစ်သော "holy grail" ကို လက်ရှိအချိန်အထိ စုဆောင်းနိုင်ခြင်းမျိုးမရှိသေးကြောင်း နေးစကယ်လန်က ပြောကြားခဲ့သည်။
၎င်းက "ဩစတြေးလျက Cronulla Sharks အသင်းအတွက် ဖန်တီးထားတဲ့ ဘုတ်ဂိမ်းကိုတော့ ကျွန်တော်မရရှိသေးပါဘူး။ ဆစ်ဒနီမြို့မှာရှိတဲ့ ဘုတ်ဂိမ်းကုမ္ပဏီတစ်ခုကို ရောက်တုန်းက အဲဒီလိုမျိုး "holy grail" ဘုတ်ဂိမ်းကို ရရှိနိုင်မလားလို့ ကျွန်တော်မေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ရှားပါးတဲ့ကိုယ်ပိုင်ထုတ်လုပ်မှုတစ်ခုဖြစ်တယ်လို့ ကုမ္ပဏီက ပြန်လည်ပြောကြားခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
zawgyi version
မိုႏိုပိုလီဘုတ္ဂိမ္း အမွတ္တရပစၥည္း အမ်ားဆုံးစုေဆာင္းမႈအတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သည့္ ၿဗိတိန္အမ်ိဳးသား
Pika (NP News) - ဒီဇင္ဘာ ၂၆
ၿဗိတိန္ႏိုင္ငံမွ ဘုတ္ဂိမ္းေဆာ့ျခင္းအား ႀကိဳက္ႏွစ္သက္သည့္ အမ်ိဳးသားတစ္ဦးသည္ မိုႏိုပိုလီဘုတ္ဂိမ္း အမွတ္တရပစၥည္း စုစုေပါင္း (၄၃၇၉)ခုအထိ စုေဆာင္းႏိုင္ခဲ့ၿပီးေနာက္ မိုႏိုပိုလီဘုတ္ဂိမ္း အမ်ားဆုံးစုေဆာင္းသည့္ ၎၏ကိုယ္ပိုင္ဂင္းနစ္စံခ်ိန္ကို ျပန္လည္ခ်ိဳးဖ်က္ခဲ့ေၾကာင္း သိရသည္။
မတူညီေသာ မိုႏိုပိုလီဘုတ္ဂိမ္းပုံစံမ်ားစြာကို စုေဆာင္းခဲ့ေသာ ေနးစကယ္လန္ဆိုသည့္ အမ်ိဳးသားသည္ (၂၀၁၆)ခုႏွစ္တြင္ မိုႏိုပိုလီဘုတ္ဂိမ္း(၁၆၇၇)ခုထိ စုေဆာင္းကာ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ေနးစကယ္လန္သည္ (၂၀၁၇)ခုႏွစ္တြင္ မိုႏိုပိုလီဘုတ္ဂိမ္း(၁၉၉၉)ခုႏွင့္ (၂၀၁၈)ခုႏွစ္တြင္ မိုႏိုပိုလီဘုတ္ဂိမ္း(၂၂၄၉)ခုထိစုေဆာင္းခဲ့ၿပီးေနာက္ ၎၏ကိုယ္ပိုင္စံခ်ိန္ကို ျပန္လည္ခ်ိဳးဖ်က္ခဲ့ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ ေနးစကယ္လန္၏မိုႏိုပိုလီဘုတ္ဂိမ္းစုေဆာင္းမႈမွာ (၄၃၇၉)ခုတြင္ ရပ္တန႔္ေနၿပီး မိုႏိုပိုလီဘုတ္ဂိမ္း အမွတ္တရပစၥည္း အမ်ားဆုံးစုေဆာင္းသည့္ ကိုယ္ပိုင္ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေနးစကယ္လန္က "စံသတ္မွတ္ခ်က္ေတြနဲ႔အတူ မိုႏိုပိုလီဘုတ္ဂိမ္းေတြကို ကြၽန္ေတာ္စတင္စုေဆာင္းခဲ့တာပါ။ ခရီးသြားလာမႈေတြနဲ႔အတူ မတူညီတဲ့ႏိုင္ငံေတြမွာ မိုႏိုပိုလီဘုတ္ဂိမ္းေတြကို ဝယ္ယူခဲ့ပါတယ္။စုေဆာင္းမႈေတြလုပ္ေဆာင္ေနမႈနဲ႔အတူ အမွတ္တရခရီးစဥ္ေတြကို ဖန္တီးရတာ တကယ္ကိုေကာင္းပါတယ္"ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ Australian rugby team ၏ Cronulla Sharks အသင္းအတြက္ ဖန္တီးထားေသာ အလြန္ရွားပါးသည့္ မိုႏိုပိုလီဘုတ္ဂိမ္းတစ္ခုျဖစ္ေသာ "holy grail" ကို လက္ရွိအခ်ိန္အထိ စုေဆာင္းႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္း ေနးစကယ္လန္က ေျပာၾကားခဲ့သည္။
၎က "ဩစေၾတးလ်က Cronulla Sharks အသင္းအတြက္ ဖန္တီးထားတဲ့ ဘုတ္ဂိမ္းကိုေတာ့ ကြၽန္ေတာ္မရရွိေသးပါဘူး။ ဆစ္ဒနီၿမိဳ႕မွာရွိတဲ့ ဘုတ္ဂိမ္းကုမၸဏီတစ္ခုကို ေရာက္တုန္းက အဲဒီလိုမ်ိဳး "holy grail" ဘုတ္ဂိမ္းကို ရရွိႏိုင္မလားလို႔ ကြၽန္ေတာ္ေမးခဲ့ပါတယ္။ ဒါေပမဲ့ အဲဒါက ရွားပါးတဲ့ကိုယ္ပိုင္ထုတ္လုပ္မႈတစ္ခုျဖစ္တယ္လို႔ ကုမၸဏီက ျပန္လည္ေျပာၾကားခဲ့ပါတယ္"ဟု ေျပာဆိုခဲ့သည္။