ရည်ရွယ်ချက် မည်မျှကောင်းစေကာမူ လုပ်ရပ်မှားလျှင် ကောင်းသည့်ရည်ရွယ်ချက်ပါ ပျောက်တတ်သည် ကို ဂရုပြုသင့်သည့် စစ်မှုထမ်းကိစ္စ

340

ကိုနေ (ဥပဒေ) ((NP News)
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တစ်စုံတစ်ရာနားလည်မှုရှိစေရန် ဖော်ပြရေးသား လာခဲ့ရာ (၈)ပတ်မြောက်သို့ရောက်ရှိလာပြီဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများပါ နောက်ဆက်တွဲပုံစံများကို ပုံစံတစ်ခုချင်း စီအလိုက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များဖြင့် ချိတ်ဆက်ရေးသားဖော်ပြခဲ့ခြင်း ဖြစ်၍ တချို့သောစာဖတ်သူများ၏ “ ပုံစံများရှုပ်ထွေးနေကြောင်း” မှတ်ချက်ပြုတုံ့ပြန်ကြသည်ကိုလည်း တွေ့ရှိရပါသည်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများပါ နောက်ဆက်တွဲပုံစံများကို ပုံစံတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ တည်ဆဲ ပြဋ္ဌာန်းချက်များဖြင့် အကျယ်တဝင့်ချိတ်ဆက်ရေးသား ဖော်ပြခဲ့ခြင်းဖြစ်၍ အဆိုပါ မှတ်ချက်ပြုတုံ့ပြန်မှုများကို နားလည်လက်ခံမိပါသည်။ ထို့အတွက် ပုံစံ အားလုံးကို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ တည်ဆဲ ပြဋ္ဌာန်းချက်များဖြင့် အကျယ်တဝင့် ချိတ် ဆက်ရေးသားဖော်ပြခဲ့ပြီးပါက ပုံစံအားလုံးအတွက် အနှစ်ချုပ် သဘောမျိုးဖြင့် ဆိုလိုရင်းကို ရှင်းရှင်း လင်းလင်း ရေးသားပေးမည့် ဆောင်းပါးတစ်ပုဒ်ဖြင့် ဤဆောင်းပါးကို အဆုံးသတ်ရန် ရည်ရွယ်ထားပြီး ဖြစ်ကြောင်းကို ဦးစွာတင်ပြလိုပါသည်။
သို့ရာတွင် မိမိအနေဖြင့် ဥပဒေတစ်ခုအကြောင်းကို ဥပဒေရှုထောင့်မှ ရေးသားဖော်ပြရ သည့်အခါ စိတ်ခံစားချက်ကိုရှေ့တန်းတင်၍ ထင်ရာမြင်ရာကို ဆွဲသွင်းရေးသားခြင်းမျိုးဖြင့် စာပေအဆိပ်ခတ်သည့် လုပ်ရပ်မျိုးလုပ်မရ၍ တည်ဆဲပြဋ္ဌာန်းချက်များဖြင့် ဦးစွာချိတ်ဆက်ဖော်ပြရေးသားရသည်ကိုလည်း နား လည်စေလိုပါသည်။ အထူး သဖြင့် တည်ဆဲဖြစ်သည့်ဥပဒေတစ်ခုအကြောင်းကို သိရှိနားလည်ရန်မှာ တည်ဆဲပြဋ္ဌာန်းချက်များကို ဦးစွာသိရှိရန်လိုအပ်ပါသဖြင့် အကျယ်တဝင့်ရေးသား ဖော်ပြရခြင်းသာဖြစ် ပါသည်။ ဤဆောင်းပါး၏ အနှစ် ချုပ်အပိုင်းတွင် ပုံစံတစ်ဆင့်ချင်းစီကို အကျယ် တဝင့်ရေးသား ဖော်ပြ တော့မည်မဟုတ်ဘဲ ဥပဒေ၏ဆိုလိုရင်း နှင့် အကျိုးသက်ရောက်နိုင်မှုအပိုင်းကိုသာ ဦးစားပေးရေးသား ဖော်ပြသွားမည်ဖြစ်ပါသည်။ ထို အခါမည်သည့်အတွက် ထိုသို့ရေးသားဖော်ပြရပါ သလဲဆိုသည့် မေးခွန်း များအတွက် ယခုကတည်းမှပင် ပုံစံတစ်ခုခြင်းစီအား တည်ဆဲပြဋ္ဌာန်းချက်များဖြင့် ချိတ်ဆက်ကာ အ ကျယ်တဝင့်ရေး သားဖော်ပြနေရခြင်းသာဖြစ်ပါသည်။
ပြီးခဲ့သည့် တစ်ပတ်အပိုင်း(၇)တွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများနောက်ဆက်တွဲပါ ပုံစံ(၁၀) နှင့် ပတ်သက်၍ အကျယ်တဝင့်ရေးသား ဖော်ပြခဲ့ပြီးဖြစ်သဖြင့် ယခုတစ်ပတ်တွင် ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများနောက်ဆက်တွဲပါ ပုံစံ (၁၁)နှင့် ပတ်သက်၍ဆက်လက်ရေးသားဖော်ပြလိုက်ရပါသည်။ ပုံစံ (၁၁) ကို ဖော်ပြရေးသားပြီးပါက ဆက်လက်ဖော်ပြရေးသားရန် ပုံစံ(၁၂) တစ်ခုတည်းသာ ကျန်ရှိတော့ မည်ဖြစ်ပါသည်။ ယခုတစ်ပတ်တွင် ပုံစံ(၁၁)နှင့် ပုံစံ(၁၂)တို့ကို တစ်ပါတည်းဖော်ပြ ရေးသားမှုမပြုရခြင်း မှာ ပုံစံ(၁၂) နှင့်ပတ်သက်၍ ဆောင်းပါးအပိုင်းတစ်ခုအနေဖြင့် သီးခြား အကျယ်တဝင့်ရေးသားဖော်ပြရန် လိုအပ်ခြင်းကြောင့်ဖြစ်ပါ သည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၁၁) သည် ပြည်သူ့စစ်မှုထမ်းမှ အမြဲ တမ်းစစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့် လျှောက်လွှာပုံစံဖြစ်ပါသည်။ ဆိုလိုသည်မှာ ပြည်သူ့ စစ်မှု ထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းရန် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပုံစံများအဆင့်ဆင့်ဖြင့် ဆင့်ခေါ်ခံခဲ့ကြရပြီးနောက် ပြည်သူ့စစ်မှုထမ်းအဖြစ် သွားရောက်တာဝန်ထမ်း ဆောင်ကြရမည်ဖြစ်ပါသည်။ ထိုသို့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန် ထမ်း ဆောင်လျက်ရှိရာမှ အမြဲတမ်းစစ်မှုထမ်းအဖြစ်(တစ်နည်းအားဖြင့် ဥပဒေအရ တပ်မတော်သား တစ်ဦး ဖြစ်နေသည့်ဘဝမှ အမြဲတမ်းတပ်မတော်သား တစ်ဦးအဖြစ်)တာဝန်ပြောင်းလဲထမ်းဆောင်ချင်သည့် အခါ လျှောက်ထားရမည့်ပုံစံဖြစ်ပါသည်။ ဤနေရာတွင် ကွဲကွဲပြားပြားသိရှိထားရန် လိုအပ်သည့် အပိုင်း (၂) ပိုင်းရှိသည်ကို တွေ့ရှိရပါသည်။ ပထမ တစ်ပိုင်းတွင် ထိုသို့ အမြဲတမ်းတပ်မတော်သားတစ်ဦး အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ရန် လျှောက်ထားခွင့်ရှိကြသူများထဲတွင် လူတန်းစား(၂)ရပ်ပါဝင်နေမှု ဖြစ် ပြီး ဒုတိယတစ်ပိုင်းမှာထိုသို့အမြဲတမ်း တပ်မတော်သားတစ်ဦးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ရန် လျှောက်ထားမှုကို မည်သူများက/မည် သည့်အချိန်/မည်သည့်နေရာမှ/မည်ကဲ့သို့ လျှောက်ထားခွင့်ရှိပါ သလဲဆိုသည့် အပိုင်းဖြစ်ပါသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ(၁၉)တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ(၃)အရ သတ်မှတ်ထား သောကာလပြည့်သည်အထိ ပြည်သူ့စစ်မှုထမ်းဆောင်ပြီး သူတစ်ဦးသည် မိမိသဘောဆန္ဒအလျောက် တပ်မတော်သို့ဝင်ရောက်အမှုထမ်းလိုပါက သတ် မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်မှု ထမ်းခွင့်ပြုနိုင်သည်ဟုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၄၁(က) တွင် ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် ဥပဒေအရ သတ်မှတ်ကာလပြည့်သည်အထိ တာဝန်ထမ်းဆောင်ပြီး နောက် မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက သတ်မှတ် သည့် စစ်မှုထမ်းကာလမပြည့်မီ (၃)လ ကြိုတင်၍ ပုံစံ(၁၁)ဖြင့်တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မှ တစ်ဆင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ရေးချုပ် ရုံးသို့ လျှောက်ထားရမည် ဟုလည်းကောင်း၊ ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ- ၄၁(ခ) တွင်စစ်ရေးချုပ်ရုံးသည် နည်းဥပဒေခွဲ(က) အရ လျှောက် ထားချက်ကို လက်ခံရရှိပါက သတ် မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်မှုထမ်းခွင့်ပြု နိုင်ပြီး ယင်းသို့ခွင့်ပြုပါက ထိုသူ၏ စစ်မှုထမ်းသက်ကို ရေတွက်ရာတွင် ပြည်သူ့ စစ်မှုထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့်ကာလကို ထည့်သွင်းရေတွက်ရမည် ဟုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေ များ၊ နည်းဥပဒေ-၄၂(က) တွင် နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် ပြည်သူ့စစ်မှုထမ်း အဖြစ်သတ်မှတ် ကာလပြည့် သည်အထိတာဝန်ထမ်း ဆောင်ပြီးနောက် မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှု ထမ်းဆောင်ရန် လျှောက်ထားသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘောတူညီချက် ဖြင့် လျှောက်ထားရမည် ဟုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ- ၄၂(ခ)တွင် နည်းဥပဒေခွဲ(က)အရ လျှောက်ထား၍ တပ်မတော်တွင် တာဝန်ထမ်းဆောင် ခွင့်ရရှိပါက မူလ တာဝန် ထမ်းဆောင်ခဲ့သည့် နိုင်ငံ့ဝန် ထမ်းလုပ်သက်ကို ယင်း၏ အမှုထမ်းသက်တွင် ထည့်သွင်းရေတွက်ခွင့်ရှိ သည် ဟုလည်းကောင်း အသီးသီးပြဋ္ဌာန်းပါရှိ သည်ကိုတွေ့ရှိရပါသည်။
အဆိုပါပြဋ္ဌာန်းချက်များအရ အထက်တွင်ဖော်ပြခဲ့သည့် ကွဲကွဲပြားပြားသိရှိထားရန် လိုအပ်သည့် အပိုင်းနှစ်ပိုင်းအနက် ပထမတစ်ပိုင်းဖြစ်သော အမြဲတမ်းတပ်မတော်သားတစ်ဦးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ရန် လျှောက်ထားခွင့်ရှိကြသူ များထဲတွင် လူတန်းစား(၂)ရပ်ပါဝင်နေမှုမှာ သာမန် အရပ်သား ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ် ကြသည်ကိုတွေ့ရှိရပါသည်။ ယခုကဲ့သို့ ခွဲခြား ဖော်ပြ ရေးသားရမှုမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းတာဝန်ကို သာမန်အရပ်သား ပြည်သူ များတင်မက နိုင်ငံ့ဝန်ထမ်းများကပါ တာဝန်ထမ်းဆောင်ကြရလိမ့်မည်ဖြစ်ကြောင်းကို သိရှိစေလို ခြင်း ဖြစ်ပါသည်။
ဆက်လက်၍ ဒုတိယတစ်ပိုင်းအနေဖြင့် အမြဲတမ်းတပ်မတော်သားတစ်ဦးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ရန် မည်သူများက/မည်သည့် အချိန်/မည်သည့်နေရာမှ/မည်ကဲ့သို့လျှောက်ထား ခွင့်ရှိပါသလဲဆိုသည့်အပိုင်းတွင် (ပြည်သူ့စစ်မှု ထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ထမ်း ဆောင်နေရသော သာမန်အရပ်သားပြည်သူဖြစ်ပါက
-ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၄၁(က)အရ ပြည်သူ့စစ်မှုထမ်းအဖြစ် မိမိ တာဝန်ထမ်း ဆောင်လျက်ရှိသည့် တပ်မှ မိမိ၏ ပြည် သူ့စစ်မှုထမ်းကာလမပြည့်မီ (၃)လကြိုတင်၍ ပုံစံ (၁၁)ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ရေးချုပ်ရုံးသို့ လျှောက်ထားကြရပါမည်။
-ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၁၁)၏ နမူနာပုံစံတွင် အချက်နံပါတ်(၇)မှ လွဲ၍ ကျန်အချက်နံပါတ်(၈)အထိကို ဖြည့်စွက်ရေးသားကာ လျှောက်ထားသူ လက်မှတ်နေရာတွင် လက်မှတ် ရေးထိုးလျှောက်ထားရန်လိုအပ်ပါမည်။
-မိမိ၏လျှောက်ထားမှုအပေါ် မိမိတာဝန်ထမ်း ဆောင်လျက်ရှိသည့် တပ်၏ တပ်မှူး/ တပ်ရင်းမှူး၏ ထပ်ဆင့်ထောက်ခံချက်ကိုလည်းလိုအပ်သည်ကို တွေ့ရှိရပါသည်၊
-မိမိ၏လျှောက်ထားမှုကို စစ်ရေးချုပ်ရုံးမှ ခွင့်ပြုပါက မိမိအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းတာဝန်ကိုထမ်းဆောင်နေရသော တပ်မတော်သားတစ်ဦးဘဝမှ အမြဲတမ်းတပ်မတော် သားတစ်ဦးဘဝသို့ ပြောင်းလဲတာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်ပြီး မိမိ၏ စစ်မှုထမ်းသက်ကို ရေတွက် ရာတွင်လည်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ- ၄၁(ခ)အရ မိမိပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလကိုပါ ထည့်သွင်းရေတွက်ပေးမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
(ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေရသော နိုင်ငံ့ ဝန်ထမ်းဖြစ်ပါက-
-ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ- ၄၁(က)အရ ပြည်သူ့စစ်မှုထမ်းအဖြစ် မိမိတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မှ မိမိ၏ ပြည်သူ့စစ်မှု ထမ်းကာလမပြည့်မီ (၃) လ ကြိုတင်၍ ပုံစံ (၁၁)ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ရေးချုပ်ရုံးသို့ လျှောက်ထားကြရပါမည်၊
-ထိုသို့လျှောက်ထားရာတွင် နိုင်ငံ့ဝန်ထမ်းဖြစ် နေသည့်အတွက် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၄၂(က)အရ မိမိတာဝန်ထမ်းဆောင်ခဲ့သည့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘောတူညီချက်ပါရှိရန် လိုအပ်မည်ဖြစ်ပါသည်၊
-ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၁၁)၏ နမူနာပုံစံတွင် အချက်အလက် ပေါင်း(၈)ချက်စလုံးအား ဖြည့်စွက်ရေးသားကာ လျှောက်ထား သူလက်မှတ်နေရာတွင် လက်မှတ်ရေးထိုး လျှောက်ထားရန်လိုအပ်ပါမည်၊
-မိမိ၏ လျှောက်ထားမှုအပေါ် မိမိတာဝန်ထမ်း ဆောင်လျက်ရှိသည့် တပ်၏ တပ်မှူး/ တပ်ရင်းမှူး၏ ထပ်ဆင့်ထောက်ခံချက် လိုအပ်မည့်အပြင် ဝန်ကြီး ဌာန/အဖွဲ့အစည်းအကြီးအကဲ၏ သဘောတူကြောင်း ထောက်ခံချက် ကိုပါလိုအပ်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်၊
-မိမိ၏ လျှောက်ထားမှုအား စစ်ရေးချုပ်ရုံးမှ ခွင့်ပြုပါကမိမိအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည် သူ့စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေရသော တပ်မတော်သားတစ်ဦးဘဝမှ အမြဲတမ်းတပ်မတော် သားတစ်ဦးဘဝသို့ ပြောင်းလဲတာဝန်ထမ်းဆောင် ခွင့်ရရှိမည်ဖြစ်ပြီး မိမိ၏ အမှုထမ်းသက်တွင် ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၄၂(ခ) အရ မိမိနိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းလုပ်သက်ကိုပါ ထည့်သွင်းရေတွက် ခွင့်ရှိမည်ဖြစ်သည်ကို တွေ့ရှိရပါသည်။
ဤသည်မှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၁၁)ဖြစ်သည့် ပြည်သူ့စစ် မှုထမ်းမှ အမြဲတမ်းစစ်မှုထမ်းအဖြစ် တာဝန်ထမ်း ဆောင်ခွင့်လျှောက်လွှာနှင့်ပတ်သက်၍ သိရှိနိုင်ကြစေ ရန် ဖော်ပြရေးသားလိုက်ရပါသည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများပါ နောက်ဆက်တွဲပုံစံများကို ပြည်သူ့ စစ်မှုထမ်း ဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အတူ ဆက်လက်ရေးသား ဖော်ပြပေးပါ ဦးမည်။

Zawgyi Version:
ရည္႐ြယ္ခ်က္ မည္မွ်ေကာင္းေစကာမူ လုပ္ရပ္မွားလွ်င္ ေကာင္းသည့္ရည္႐ြယ္ခ်က္ပါ ေပ်ာက္တတ္သည္ ကို ဂ႐ုျပဳသင့္သည့္ စစ္မႈထမ္းကိစၥ
ကိုေန (ဥပေဒ) ((NP News)
ျပည္သူ႔စစ္မႈထမ္းဥပေဒႏွင့္ပတ္သက္၍ တစ္စုံတစ္ရာနားလည္မႈရွိေစရန္ ေဖာ္ျပေရးသား လာခဲ့ရာ (၈)ပတ္ေျမာက္သို႔ေရာက္ရွိလာၿပီျဖစ္သည္။ ျပည္သူ႔စစ္မႈထမ္းဥပေဒ၊ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ားႏွင့္ပတ္သက္၍ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ားပါ ေနာက္ဆက္တြဲပုံစံမ်ားကို ပုံစံတစ္ခုခ်င္း စီအလိုက္ သက္ဆိုင္ရာဥပေဒ၊ နည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားျဖင့္ ခ်ိတ္ဆက္ေရးသားေဖာ္ျပခဲ့ျခင္း ျဖစ္၍ တခ်ိဳ႕ေသာစာဖတ္သူမ်ား၏ “ ပုံစံမ်ားရႈပ္ေထြးေနေၾကာင္း” မွတ္ခ်က္ျပဳတုံ႔ျပန္ၾကသည္ကိုလည္း ေတြ႕ရွိရပါသည္။ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားပါ ေနာက္ဆက္တြဲပုံစံမ်ားကို ပုံစံတစ္ခုခ်င္းစီအလိုက္ သက္ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒမ်ားပါ တည္ဆဲ ျပ႒ာန္းခ်က္မ်ားျဖင့္ အက်ယ္တဝင့္ခ်ိတ္ဆက္ေရးသား ေဖာ္ျပခဲ့ျခင္းျဖစ္၍ အဆိုပါ မွတ္ခ်က္ျပဳတုံ႔ျပန္မႈမ်ားကို နားလည္လက္ခံမိပါသည္။ ထို႔အတြက္ ပုံစံ အားလုံးကို သက္ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒမ်ားပါ တည္ဆဲ ျပ႒ာန္းခ်က္မ်ားျဖင့္ အက်ယ္တဝင့္ ခ်ိတ္ ဆက္ေရးသားေဖာ္ျပခဲ့ၿပီးပါက ပုံစံအားလုံးအတြက္ အႏွစ္ခ်ဳပ္ သေဘာမ်ိဳးျဖင့္ ဆိုလိုရင္းကို ရွင္းရွင္း လင္းလင္း ေရးသားေပးမည့္ ေဆာင္းပါးတစ္ပုဒ္ျဖင့္ ဤေဆာင္းပါးကို အဆုံးသတ္ရန္ ရည္႐ြယ္ထားၿပီး ျဖစ္ေၾကာင္းကို ဦးစြာတင္ျပလိုပါသည္။
သို႔ရာတြင္ မိမိအေနျဖင့္ ဥပေဒတစ္ခုအေၾကာင္းကို ဥပေဒရႈေထာင့္မွ ေရးသားေဖာ္ျပရ သည့္အခါ စိတ္ခံစားခ်က္ကိုေရွ႕တန္းတင္၍ ထင္ရာျမင္ရာကို ဆြဲသြင္းေရးသားျခင္းမ်ိဳးျဖင့္ စာေပအဆိပ္ခတ္သည့္ လုပ္ရပ္မ်ိဳးလုပ္မရ၍ တည္ဆဲျပ႒ာန္းခ်က္မ်ားျဖင့္ ဦးစြာခ်ိတ္ဆက္ေဖာ္ျပေရးသားရသည္ကိုလည္း နား လည္ေစလိုပါသည္။ အထူး သျဖင့္ တည္ဆဲျဖစ္သည့္ဥပေဒတစ္ခုအေၾကာင္းကို သိရွိနားလည္ရန္မွာ တည္ဆဲျပ႒ာန္းခ်က္မ်ားကို ဦးစြာသိရွိရန္လိုအပ္ပါသျဖင့္ အက်ယ္တဝင့္ေရးသား ေဖာ္ျပရျခင္းသာျဖစ္ ပါသည္။ ဤေဆာင္းပါး၏ အႏွစ္ ခ်ဳပ္အပိုင္းတြင္ ပုံစံတစ္ဆင့္ခ်င္းစီကို အက်ယ္ တဝင့္ေရးသား ေဖာ္ျပ ေတာ့မည္မဟုတ္ဘဲ ဥပေဒ၏ဆိုလိုရင္း ႏွင့္ အက်ိဳးသက္ေရာက္ႏိုင္မႈအပိုင္းကိုသာ ဦးစားေပးေရးသား ေဖာ္ျပသြားမည္ျဖစ္ပါသည္။ ထို အခါမည္သည့္အတြက္ ထိုသို႔ေရးသားေဖာ္ျပရပါ သလဲဆိုသည့္ ေမးခြန္း မ်ားအတြက္ ယခုကတည္းမွပင္ ပုံစံတစ္ခုျခင္းစီအား တည္ဆဲျပ႒ာန္းခ်က္မ်ားျဖင့္ ခ်ိတ္ဆက္ကာ အ က်ယ္တဝင့္ေရး သားေဖာ္ျပေနရျခင္းသာျဖစ္ပါသည္။
ၿပီးခဲ့သည့္ တစ္ပတ္အပိုင္း(၇)တြင္ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားေနာက္ဆက္တြဲပါ ပုံစံ(၁၀) ႏွင့္ ပတ္သက္၍ အက်ယ္တဝင့္ေရးသား ေဖာ္ျပခဲ့ၿပီးျဖစ္သျဖင့္ ယခုတစ္ပတ္တြင္ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ားေနာက္ဆက္တြဲပါ ပုံစံ (၁၁)ႏွင့္ ပတ္သက္၍ဆက္လက္ေရးသားေဖာ္ျပလိုက္ရပါသည္။ ပုံစံ (၁၁) ကို ေဖာ္ျပေရးသားၿပီးပါက ဆက္လက္ေဖာ္ျပေရးသားရန္ ပုံစံ(၁၂) တစ္ခုတည္းသာ က်န္ရွိေတာ့ မည္ျဖစ္ပါသည္။ ယခုတစ္ပတ္တြင္ ပုံစံ(၁၁)ႏွင့္ ပုံစံ(၁၂)တို႔ကို တစ္ပါတည္းေဖာ္ျပ ေရးသားမႈမျပဳရျခင္း မွာ ပုံစံ(၁၂) ႏွင့္ပတ္သက္၍ ေဆာင္းပါးအပိုင္းတစ္ခုအေနျဖင့္ သီးျခား အက်ယ္တဝင့္ေရးသားေဖာ္ျပရန္ လိုအပ္ျခင္းေၾကာင့္ျဖစ္ပါ သည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၁၁) သည္ ျပည္သူ႔စစ္မႈထမ္းမွ အၿမဲ တမ္းစစ္မႈထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ခြင့္ ေလွ်ာက္လႊာပုံစံျဖစ္ပါသည္။ ဆိုလိုသည္မွာ ျပည္သူ႔ စစ္မႈ ထမ္းဥပေဒအရ ျပည္သူ႔စစ္မႈထမ္းရန္ သက္ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ပုံစံမ်ားအဆင့္ဆင့္ျဖင့္ ဆင့္ေခၚခံခဲ့ၾကရၿပီးေနာက္ ျပည္သူ႔စစ္မႈထမ္းအျဖစ္ သြားေရာက္တာဝန္ထမ္း ေဆာင္ၾကရမည္ျဖစ္ပါသည္။ ထိုသို႔ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ ျပည္သူ႔စစ္မႈထမ္းအျဖစ္ တာဝန္ ထမ္း ေဆာင္လ်က္ရွိရာမွ အၿမဲတမ္းစစ္မႈထမ္းအျဖစ္(တစ္နည္းအားျဖင့္ ဥပေဒအရ တပ္မေတာ္သား တစ္ဦး ျဖစ္ေနသည့္ဘဝမွ အၿမဲတမ္းတပ္မေတာ္သား တစ္ဦးအျဖစ္)တာဝန္ေျပာင္းလဲထမ္းေဆာင္ခ်င္သည့္ အခါ ေလွ်ာက္ထားရမည့္ပုံစံျဖစ္ပါသည္။ ဤေနရာတြင္ ကြဲကြဲျပားျပားသိရွိထားရန္ လိုအပ္သည့္ အပိုင္း (၂) ပိုင္းရွိသည္ကို ေတြ႕ရွိရပါသည္။ ပထမ တစ္ပိုင္းတြင္ ထိုသို႔ အၿမဲတမ္းတပ္မေတာ္သားတစ္ဦး အျဖစ္ ေျပာင္းလဲတာဝန္ထမ္းေဆာင္ရန္ ေလွ်ာက္ထားခြင့္ရွိၾကသူမ်ားထဲတြင္ လူတန္းစား(၂)ရပ္ပါဝင္ေနမႈ ျဖစ္ ၿပီး ဒုတိယတစ္ပိုင္းမွာထိုသို႔အၿမဲတမ္း တပ္မေတာ္သားတစ္ဦးအျဖစ္ ေျပာင္းလဲတာဝန္ထမ္းေဆာင္ရန္ ေလွ်ာက္ထားမႈကို မည္သူမ်ားက/မည္ သည့္အခ်ိန္/မည္သည့္ေနရာမွ/မည္ကဲ့သို႔ ေလွ်ာက္ထားခြင့္ရွိပါ သလဲဆိုသည့္ အပိုင္းျဖစ္ပါသည္။
ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ(၁၉)တြင္ ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ(၃)အရ သတ္မွတ္ထား ေသာကာလျပည့္သည္အထိ ျပည္သူ႔စစ္မႈထမ္းေဆာင္ၿပီး သူတစ္ဦးသည္ မိမိသေဘာဆႏၵအေလ်ာက္ တပ္မေတာ္သို႔ဝင္ေရာက္အမႈထမ္းလိုပါက သတ္ မွတ္ထားသည့္ စည္းမ်ဥ္း၊ စည္းကမ္းမ်ားႏွင့္အညီ စစ္မႈ ထမ္းခြင့္ျပဳႏိုင္သည္ဟုလည္းေကာင္း၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ-၄၁(က) တြင္ ျပည္သူ႔စစ္မႈထမ္းတစ္ဦးဦးသည္ ဥပေဒအရ သတ္မွတ္ကာလျပည့္သည္အထိ တာဝန္ထမ္းေဆာင္ၿပီး ေနာက္ မိမိသေဘာဆႏၵအေလ်ာက္ တပ္မေတာ္တြင္ ဆက္လက္အမႈထမ္းေဆာင္လိုပါက သတ္မွတ္ သည့္ စစ္မႈထမ္းကာလမျပည့္မီ (၃)လ ႀကိဳတင္၍ ပုံစံ(၁၁)ျဖင့္တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ တပ္မွ တစ္ဆင့္ လုပ္ထုံးလုပ္နည္းႏွင့္အညီ စစ္ေရးခ်ဳပ္ ႐ုံးသို႔ ေလွ်ာက္ထားရမည္ ဟုလည္းေကာင္း၊ ျပည္သူ႔ စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ- ၄၁(ခ) တြင္စစ္ေရးခ်ဳပ္႐ုံးသည္ နည္းဥပေဒခြဲ(က) အရ ေလွ်ာက္ ထားခ်က္ကို လက္ခံရရွိပါက သတ္ မွတ္ထားသည့္ စည္းမ်ဥ္း၊ စည္းကမ္းမ်ားႏွင့္အညီ စစ္မႈထမ္းခြင့္ျပဳ ႏိုင္ၿပီး ယင္းသို႔ခြင့္ျပဳပါက ထိုသူ၏ စစ္မႈထမ္းသက္ကို ေရတြက္ရာတြင္ ျပည္သူ႔ စစ္မႈထမ္းအျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့သည့္ကာလကို ထည့္သြင္းေရတြက္ရမည္ ဟုလည္းေကာင္း၊ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒ မ်ား၊ နည္းဥပေဒ-၄၂(က) တြင္ ႏိုင္ငံ့ဝန္ထမ္းတစ္ဦးသည္ ျပည္သူ႔စစ္မႈထမ္း အျဖစ္သတ္မွတ္ ကာလျပည့္ သည္အထိတာဝန္ထမ္း ေဆာင္ၿပီးေနာက္ မိမိသေဘာဆႏၵအေလ်ာက္ တပ္မေတာ္တြင္ ဆက္လက္အမႈ ထမ္းေဆာင္ရန္ ေလွ်ာက္ထားသည့္အခါ သက္ဆိုင္ရာဝန္ႀကီးဌာန၊ အဖြဲ႕အစည္း၏ သေဘာတူညီခ်က္ ျဖင့္ ေလွ်ာက္ထားရမည္ ဟုလည္းေကာင္း၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ- ၄၂(ခ)တြင္ နည္းဥပေဒခြဲ(က)အရ ေလွ်ာက္ထား၍ တပ္မေတာ္တြင္ တာဝန္ထမ္းေဆာင္ ခြင့္ရရွိပါက မူလ တာဝန္ ထမ္းေဆာင္ခဲ့သည့္ ႏိုင္ငံ့ဝန္ ထမ္းလုပ္သက္ကို ယင္း၏ အမႈထမ္းသက္တြင္ ထည့္သြင္းေရတြက္ခြင့္ရွိ သည္ ဟုလည္းေကာင္း အသီးသီးျပ႒ာန္းပါရွိ သည္ကိုေတြ႕ရွိရပါသည္။
အဆိုပါျပ႒ာန္းခ်က္မ်ားအရ အထက္တြင္ေဖာ္ျပခဲ့သည့္ ကြဲကြဲျပားျပားသိရွိထားရန္ လိုအပ္သည့္ အပိုင္းႏွစ္ပိုင္းအနက္ ပထမတစ္ပိုင္းျဖစ္ေသာ အၿမဲတမ္းတပ္မေတာ္သားတစ္ဦးအျဖစ္ ေျပာင္းလဲ တာဝန္ထမ္းေဆာင္ရန္ ေလွ်ာက္ထားခြင့္ရွိၾကသူ မ်ားထဲတြင္ လူတန္းစား(၂)ရပ္ပါဝင္ေနမႈမွာ သာမန္ အရပ္သား ျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္ ၾကသည္ကိုေတြ႕ရွိရပါသည္။ ယခုကဲ့သို႔ ခြဲျခား ေဖာ္ျပ ေရးသားရမႈမွာ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ ျပည္သူ႔စစ္မႈထမ္းတာဝန္ကို သာမန္အရပ္သား ျပည္သူ မ်ားတင္မက ႏိုင္ငံ့ဝန္ထမ္းမ်ားကပါ တာဝန္ထမ္းေဆာင္ၾကရလိမ့္မည္ျဖစ္ေၾကာင္းကို သိရွိေစလို ျခင္း ျဖစ္ပါသည္။
ဆက္လက္၍ ဒုတိယတစ္ပိုင္းအေနျဖင့္ အၿမဲတမ္းတပ္မေတာ္သားတစ္ဦးအျဖစ္ ေျပာင္းလဲ တာဝန္ထမ္းေဆာင္ရန္ မည္သူမ်ားက/မည္သည့္ အခ်ိန္/မည္သည့္ေနရာမွ/မည္ကဲ့သို႔ေလွ်ာက္ထား ခြင့္ရွိပါသလဲဆိုသည့္အပိုင္းတြင္ (ျပည္သူ႔စစ္မႈ ထမ္းဥပေဒအရ ျပည္သူ႔စစ္မႈထမ္းတာဝန္ကို ထမ္း ေဆာင္ေနရေသာ သာမန္အရပ္သားျပည္သူျဖစ္ပါက
-ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ-၄၁(က)အရ ျပည္သူ႔စစ္မႈထမ္းအျဖစ္ မိမိ တာဝန္ထမ္း ေဆာင္လ်က္ရွိသည့္ တပ္မွ မိမိ၏ ျပည္ သူ႔စစ္မႈထမ္းကာလမျပည့္မီ (၃)လႀကိဳတင္၍ ပုံစံ (၁၁)ျဖင့္ လုပ္ထုံးလုပ္နည္းႏွင့္အညီ စစ္ေရးခ်ဳပ္႐ုံးသို႔ ေလွ်ာက္ထားၾကရပါမည္။
-ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၁၁)၏ နမူနာပုံစံတြင္ အခ်က္နံပါတ္(၇)မွ လြဲ၍ က်န္အခ်က္နံပါတ္(၈)အထိကို ျဖည့္စြက္ေရးသားကာ ေလွ်ာက္ထားသူ လက္မွတ္ေနရာတြင္ လက္မွတ္ ေရးထိုးေလွ်ာက္ထားရန္လိုအပ္ပါမည္။
-မိမိ၏ေလွ်ာက္ထားမႈအေပၚ မိမိတာဝန္ထမ္း ေဆာင္လ်က္ရွိသည့္ တပ္၏ တပ္မႉး/ တပ္ရင္းမႉး၏ ထပ္ဆင့္ေထာက္ခံခ်က္ကိုလည္းလိုအပ္သည္ကို ေတြ႕ရွိရပါသည္၊
-မိမိ၏ေလွ်ာက္ထားမႈကို စစ္ေရးခ်ဳပ္႐ုံးမွ ခြင့္ျပဳပါက မိမိအေနျဖင့္ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ ျပည္သူ႔စစ္မႈထမ္းတာဝန္ကိုထမ္းေဆာင္ေနရေသာ တပ္မေတာ္သားတစ္ဦးဘဝမွ အၿမဲတမ္းတပ္မေတာ္ သားတစ္ဦးဘဝသို႔ ေျပာင္းလဲတာဝန္ထမ္းေဆာင္ခြင့္ ရရွိမည္ျဖစ္ၿပီး မိမိ၏ စစ္မႈထမ္းသက္ကို ေရတြက္ ရာတြင္လည္း ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ- ၄၁(ခ)အရ မိမိျပည္သူ႔စစ္မႈထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ကာလကိုပါ ထည့္သြင္းေရတြက္ေပးမည္ျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။
(ျပည္သူ႔စစ္မႈထမ္းဥပေဒအရ ျပည္သူ႔ စစ္မႈထမ္းတာဝန္ကို ထမ္းေဆာင္ေနရေသာ ႏိုင္ငံ့ ဝန္ထမ္းျဖစ္ပါက-
-ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ- ၄၁(က)အရ ျပည္သူ႔စစ္မႈထမ္းအျဖစ္ မိမိတာဝန္ ထမ္းေဆာင္လ်က္ရွိသည့္ တပ္မွ မိမိ၏ ျပည္သူ႔စစ္မႈ ထမ္းကာလမျပည့္မီ (၃) လ ႀကိဳတင္၍ ပုံစံ (၁၁)ျဖင့္ လုပ္ထုံးလုပ္နည္းႏွင့္အညီ စစ္ေရးခ်ဳပ္႐ုံးသို႔ ေလွ်ာက္ထားၾကရပါမည္၊
-ထိုသို႔ေလွ်ာက္ထားရာတြင္ ႏိုင္ငံ့ဝန္ထမ္းျဖစ္ ေနသည့္အတြက္ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ-၄၂(က)အရ မိမိတာဝန္ထမ္းေဆာင္ခဲ့သည့္ သက္ဆိုင္ရာဝန္ႀကီးဌာန၊ အဖြဲ႕အစည္း၏ သေဘာတူညီခ်က္ပါရွိရန္ လိုအပ္မည္ျဖစ္ပါသည္၊
-ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၁၁)၏ နမူနာပုံစံတြင္ အခ်က္အလက္ ေပါင္း(၈)ခ်က္စလုံးအား ျဖည့္စြက္ေရးသားကာ ေလွ်ာက္ထား သူလက္မွတ္ေနရာတြင္ လက္မွတ္ေရးထိုး ေလွ်ာက္ထားရန္လိုအပ္ပါမည္၊
-မိမိ၏ ေလွ်ာက္ထားမႈအေပၚ မိမိတာဝန္ထမ္း ေဆာင္လ်က္ရွိသည့္ တပ္၏ တပ္မႉး/ တပ္ရင္းမႉး၏ ထပ္ဆင့္ေထာက္ခံခ်က္ လိုအပ္မည့္အျပင္ ဝန္ႀကီး ဌာန/အဖြဲ႕အစည္းအႀကီးအကဲ၏ သေဘာတူေၾကာင္း ေထာက္ခံခ်က္ ကိုပါလိုအပ္မည္ျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္၊
-မိမိ၏ ေလွ်ာက္ထားမႈအား စစ္ေရးခ်ဳပ္႐ုံးမွ ခြင့္ျပဳပါကမိမိအေနျဖင့္ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ ျပည္ သူ႔စစ္မႈထမ္းတာဝန္ကို ထမ္းေဆာင္ေနရေသာ တပ္မေတာ္သားတစ္ဦးဘဝမွ အၿမဲတမ္းတပ္မေတာ္ သားတစ္ဦးဘဝသို႔ ေျပာင္းလဲတာဝန္ထမ္းေဆာင္ ခြင့္ရရွိမည္ျဖစ္ၿပီး မိမိ၏ အမႈထမ္းသက္တြင္ ျပည္သူ႔ စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ-၄၂(ခ) အရ မိမိႏိုင္ငံ့ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ႏိုင္ငံ့ဝန္ထမ္းလုပ္သက္ကိုပါ ထည့္သြင္းေရတြက္ ခြင့္ရွိမည္ျဖစ္သည္ကို ေတြ႕ရွိရပါသည္။
ဤသည္မွာ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၁၁)ျဖစ္သည့္ ျပည္သူ႔စစ္ မႈထမ္းမွ အၿမဲတမ္းစစ္မႈထမ္းအျဖစ္ တာဝန္ထမ္း ေဆာင္ခြင့္ေလွ်ာက္လႊာႏွင့္ပတ္သက္၍ သိရွိႏိုင္ၾကေစ ရန္ ေဖာ္ျပေရးသားလိုက္ရပါသည္။
ဆက္လက္၍ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ားပါ ေနာက္ဆက္တြဲပုံစံမ်ားကို ျပည္သူ႔ စစ္မႈထမ္း ဥပေဒ၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္အတူ ဆက္လက္ေရးသား ေဖာ္ျပေပးပါ ဦးမည္။