ချက်ပြည်သူ့သမ္မတနိုင်ငံတွင် လူပေါင်း (၂၄၆၁) ဦးက အေးခဲသည့် ရာသီဥတုအတွင်း ရေကူးခဲ့ကြကာ ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ရန်ကြိုးပမ်း

 253

Pika (NP News)
ချက်ပြည်သူ့သမ္မတနိုင်ငံတွင် လူပေါင်း(၂၄၆၁)ဦးသည် အေးခဲနေသည့်ရာသီအတွင်း နိုင်ငံတွင်းရှိ ဒုတိယမြောက်အကြီးဆုံးရေကန်တွင် တစ်ပြိုင်နက် ရေကူးခဲ့ကြကာ ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။
အဆိုပါလူပေါင်း (၂၄၆၁) ဦးသည် အေးခဲနေသောရာသီအတွင်း တစ်ပြိုင်နက်ရေကူးသူ အများ ဆုံး ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ရန်အတွက် ယခုလို ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ Most Lake ရေကန်တွင်ကျင်းပခဲ့သော အဆိုပါပွဲကို ချက် ပြည်သူ့သမ္မတနိုင်ငံ၏အလွတ်တန်းရေငုပ်သမား ဒေး ဗစ်ဗန်ဆယ်က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ရန်အတွက် ကြိုးပမ်းသည့်အချိန်တွင် Most Lake ရေကန်၏ အပူချိန်သည် (၅၀) ဒီဂရီအောက် လျော့နည်းနေသည့် အချိန်ဖြစ်ကြောင်းလည်း သိရသည်။ ယင်းဂင်းနစ် စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ (၂၀၁၅)ခုနှစ် တွင် ပိုလန်နိုင်ငံ၌ကျင်းပခဲ့သော XIIth Ice Swimmers Convention ဖြစ်ပြီး အေးခဲနေသည့် ရာသီဥအတွင်း ရေကူးသူ (၁၇၉၉) ဦး ပါဝင်ခဲ့ပြီး နောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့များက အတည်ပြု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ချက်ပြည်သူ့သမ္မတနိုင်ငံမှာကျင်းပခဲ့သောပွဲ၏ သက်သေအထောက်အထား များကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ တင်ပြထားပြီးပြီ ဖြစ်ပြီး ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခြင်း ရှိ/မရှိဆို သည့် တရားဝင်နောက်ဆုံးအတည်ပြုချက်များကို စောင့်ဆိုင်းနေလျက် ရှိကြောင်းသိရသည်။

Zawgyi Version:
ခ်က္ျပည္သူ႔သမၼတႏိုင္ငံတြင္ လူေပါင္း (၂၄၆၁) ဦးက ေအးခဲသည့္ ရာသီဥတုအတြင္း ေရကူးခဲ့ၾကကာ
ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ရန္ႀကိဳးပမ္း
Pika (NP News)
ခ်က္ျပည္သူ႔သမၼတႏိုင္ငံတြင္ လူေပါင္း(၂၄၆၁)ဦးသည္ ေအးခဲေနသည့္ရာသီအတြင္း ႏိုင္ငံတြင္းရွိ ဒုတိယေျမာက္အႀကီးဆုံးေရကန္တြင္ တစ္ၿပိဳင္နက္ ေရကူးခဲ့ၾကကာ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။
အဆိုပါလူေပါင္း (၂၄၆၁) ဦးသည္ ေအးခဲေနေသာရာသီအတြင္း တစ္ၿပိဳင္နက္ေရကူးသူ အမ်ား ဆုံး ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ရန္အတြက္ ယခုလို ႀကိဳးပမ္းခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။ Most Lake ေရကန္တြင္က်င္းပခဲ့ေသာ အဆိုပါပြဲကို ခ်က္ ျပည္သူ႔သမၼတႏိုင္ငံ၏အလြတ္တန္းေရငုပ္သမား ေဒး ဗစ္ဗန္ဆယ္က ဦးေဆာင္က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ရန္အတြက္ ႀကိဳးပမ္းသည့္အခ်ိန္တြင္ Most Lake ေရကန္၏ အပူခ်ိန္သည္ (၅၀) ဒီဂရီေအာက္ ေလ်ာ့နည္းေနသည့္ အခ်ိန္ျဖစ္ေၾကာင္းလည္း သိရသည္။ ယင္းဂင္းနစ္ စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ (၂၀၁၅)ခုႏွစ္ တြင္ ပိုလန္ႏိုင္ငံ၌က်င္းပခဲ့ေသာ XIIth Ice Swimmers Convention ျဖစ္ၿပီး ေအးခဲေနသည့္ ရာသီဥအတြင္း ေရကူးသူ (၁၇၉၉) ဦး ပါဝင္ခဲ့ၿပီး ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ဂင္းနစ္မွတ္တမ္းအဖြဲ႕မ်ားက အတည္ျပဳ ေျပာၾကားခဲ့သည္။
လက္ရွိအခ်ိန္တြင္ ခ်က္ျပည္သူ႔သမၼတႏိုင္ငံမွာက်င္းပခဲ့ေသာပြဲ၏ သက္ေသအေထာက္အထား မ်ားကို ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ တင္ျပထားၿပီးၿပီ ျဖစ္ၿပီး ဂင္းနစ္စံခ်ိန္မွတ္တမ္းဝင္ျခင္း ရွိ/မရွိဆို သည့္ တရားဝင္ေနာက္ဆုံးအတည္ျပဳခ်က္မ်ားကို ေစာင့္ဆိုင္းေနလ်က္ ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.