ဘီးလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဒီပ၏ အန္တိမ အဂ္ဂိဈာပနကို လာမည့် (၂၄)ရက်တွင် ကျင်းပမည်

 340

စော(NP News) - ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂)ရပ်ကွက်၊ ပဏ္ဍိတာရာမရွှေတောင်ကုန်း သာသနာ့ရိပ်သာရှိ ဘီးလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဒီပ၏ အန္တိမ အဂ္ဂိဈာပနကို လာမည့် (၂၄)ရက်တွင် ပူဇော်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးအဖွဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာက နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာထားသည်။

ဆရာတော်ဘုရားကြီးသည် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာများ၏ မဟာ နာယကချုပ်ဖြစ်ပြီး သာသနဓဇသိရီပဝရ ဓမ္မာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရရှိထားသော ဆရာတော်ဘုရားကြီးတစ်ပါးဖြစ်သည်။

ဆရာတော်ဘုရားကြီးသည် ဇွန်လ (၁၈)ရက်နေ့ ညနေ (၆)နာရီ (၅၅)မိနစ်အချိန်က ခန္ဓာဝန်ချ ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သိက္ခာတော် (၇၂)ဝါ၊ သက်တော် (၉၃) နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ဇွန်လ (၁၈)ရက်မှ (၂၂)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ရန်ကုန်ရိပ်သာကြီးတွင် ပူဇော်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့မှတဆင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ရန်ကုန်မြို့၊ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာကြီးမှ ဇွန်လ (၂၂)ရက်၊ မွန်းလွဲ (၁၂)နာရီတွင် စံကျောင်း ပြောင်းအခမ်းအနားဖြင့် ပဲခူးမြို့ နယ်၊ သဲဖြူချောင်းကျေးရွာ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာသို့ ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာမည့် ဇွန်လ (၂၄)ရက်နေ့ ၊ ညနေ (၃) နာရီတွင် အန္တိမ အဂ္ဂိဈာပန ပူဇော်ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တပည့် ဆရာတော်၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့ကို ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးအဖွဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာက အသိပေးထားသည်။

Zawgyi Version:
ဘီးလင္းဆရာေတာ္ဘုရားႀကီး ဘဒၵႏၲပညာဒီပ၏ အႏၲိမ အဂၢိဈာပနကို လာမည့္ (၂၄)ရက္တြင္ က်င္းပမည္
ေစာ(NP News) - ဇြန္ ၂၀
ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊေတာင္ၾကား (၂)ရပ္ကြက္၊ ပ႑ိတာရာမေ႐ႊေတာင္ကုန္း သာသနာ့ရိပ္သာရွိ ဘီးလင္းဆရာေတာ္ဘုရားႀကီး ဘဒၵႏၲပညာဒီပ၏ အႏၲိမ အဂၢိဈာပနကို လာမည့္ (၂၄)ရက္တြင္ ပူေဇာ္က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း ေထရဝါဒဗုဒၶသာသနာ ျပန႔္ပြားေရးအဖြဲ႕ ပ႑ိတာရာမ ေ႐ႊေတာင္ကုန္း သာသနာ့ရိပ္သာက ႏိုင္ငံပိုင္သတင္းစာတြင္ အသိေပးေၾကညာထားသည္။

ဆရာေတာ္ဘုရားႀကီးသည္ ပ႑ိတာရာမ ေ႐ႊေတာင္ကုန္း သာသနာ့ရိပ္သာမ်ား၏ မဟာ နာယကခ်ဳပ္ျဖစ္ၿပီး သာသနဓဇသိရီပဝရ ဓမၼာစရိယ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘြဲ႕တံဆိပ္ရရွိထားေသာ ဆရာေတာ္ဘုရားႀကီးတစ္ပါးျဖစ္သည္။

ဆရာေတာ္ဘုရားႀကီးသည္ ဇြန္လ (၁၈)ရက္ေန႔ ညေန (၆)နာရီ (၅၅)မိနစ္အခ်ိန္က ခႏၶာဝန္ခ် ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားၿပီျဖစ္ၿပီး ပ်ံလြန္ေတာ္မူခ်ိန္တြင္ သိကၡာေတာ္ (၇၂)ဝါ၊ သက္ေတာ္ (၉၃) ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္ကို ဇြန္လ (၁၈)ရက္မွ (၂၂)ရက္ေန႔အထိ (၅)ရက္တိုင္တိုင္ ရန္ကုန္ရိပ္သာႀကီးတြင္ ပူေဇာ္ထားရွိမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔မွတဆင့္ ဆရာေတာ္ဘုရားႀကီး၏ ႐ုပ္ကလာပ္ေတာ္ကို ရန္ကုန္ၿမိဳ႕၊ ပ႑ိတာရာမ ေ႐ႊေတာင္ကုန္း သာသနာ့ရိပ္သာႀကီးမွ ဇြန္လ (၂၂)ရက္၊ မြန္းလြဲ (၁၂)နာရီတြင္ စံေက်ာင္း ေျပာင္းအခမ္းအနားျဖင့္ ပဲခူးၿမိဳ႕ နယ္၊ သဲျဖဴေခ်ာင္းေက်း႐ြာ ပ႑ိတာရာမ ဆယ္မိုင္ကုန္း ေတာစခန္းရိပ္သာသို႔ ပင့္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ လာမည့္ ဇြန္လ (၂၄)ရက္ေန႔ ၊ ညေန (၃) နာရီတြင္ အႏၲိမ အဂၢိဈာပန ပူေဇာ္က်င္းပျပဳလုပ္မည္ျဖစ္ပါ၍ တပည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားႏွင့္ ဒါယကာ၊ ဒါယိကာမ အေပါင္းတို႔ကို ေထရဝါဒဗုဒၶသာသနာ ျပန႔္ပြားေရးအဖြဲ႕ ပ႑ိတာရာမ ေ႐ႊေတာင္ကုန္း သာသနာ့ရိပ္သာက အသိေပးထားသည္။

Related news

© 2021. All rights reserved.