သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ နှင့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများတွင် လုံခြုံရေးသတိထားရန် တိုက်တွန်း

503

Pearl (NP News) - အောက်တိုဘာ ၅
သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ နှင့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများတွင် လုံခြုံရေးသတိထားရန် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က တိုက်တွန်းပြောကြားထားသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့်အတူ အောက်တိုဘာ (၃)ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်ရေနံမြေရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ သွားရောက်စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ရေနံမြေသည် သက်တမ်းရင့်ရေနံမြေတစ်ခုဖြစ်သော်လည်း နိုင်ငံတော်မှလိုအပ်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အလားအလာကောင်းများစွာရှိကြောင်း ပြောကြားခဲ့သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့နှစ်မျိုးလုံးကို တူးဖော်ထုတ်လုပ်နိုင်သည့် ရေနံမြေတစ်ခုဖြစ်ပြီး ခေတ်မီနည်းပညာနှင့် စက်ကိရိယာများ အသုံးပြုထုတ်လုပ်နိုင်ရေးအတွက် အစီအမံများချမှတ်၍ ဖြည့်ဆည်းပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများတွင် အဖျက်အမှောင့်လုပ်ငန်းများမရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့ဆည်မြောင်းဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ပြည်ခရိုင်စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ ဥသျှစ်ပင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပန်းတောင်းမြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များ၊ ဥသျှစ်ပင်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှုသည် RON 68၊ 77 တို့သာထုတ်လုပ်ပေးနိုင်ပြီး ပြည်တွင်းသုံးစွဲမှု လုံလောက်မှုမရှိပါသဖြင့် ပြည်ပမှဝယ်ယူတင်သွင်းမှုကို မှီခိုနေရကြောင်း၊ အဆိုပါအခြေအနေကို ကျော်လွှားနိုင်ရေး ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်နိုင်ရန်အတွက် ရေနံချက်စက်ရုံစီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါရေနံချက် စက်ရုံစီမံကိန်းများပြီးစီးပါက စက်သုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဖူလုံစွာဝယ်ယူအသုံးပြုခွင့်ရရှိကြမည်ဖြစ်ပြီး စက်သုံးဆီလုပ်ငန်းရှင် များအနေဖြင့်လည်း အများပြည်သူများသို့ သတ်မှတ်ထားသော ဈေးနှုန်းများနှင့်အညီ ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေးနှင့် အခြင်အတွယ်ကိုက်ညီမှန်ကန်မှုရှိစေရန် လိုအပ်ပါကြောင်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမ်ား ႏွင့္ ေရနံစိမ္းမ်ားကို လက္ခံသိုေလွာင္ထားေသာ သံကန္တန္းမ်ားတြင္ လုံၿခဳံေရးသတိထားရန္ တိုက္တြန္း
Pearl (NP News) - ေအာက္တိုဘာ ၅
သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမ်ား ႏွင့္ ေရနံစိမ္းမ်ားကို လက္ခံသိုေလွာင္ထားေသာ သံကန္တန္းမ်ားတြင္ လုံၿခဳံေရးသတိထားရန္ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က တိုက္တြန္းေျပာၾကားထားသည္။
စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္သည္ ပဲခူးတိုင္းေဒသႀကီး သယံဇာတေရးရာဝန္ႀကီး ဦးတင္သိန္းႏွင့္အတူ ေအာက္တိုဘာ (၃)ရက္ေန႔က ပဲခူးတိုင္းေဒသႀကီး ျပည္ေရနံေျမရွိ ေရနံႏွင့္သဘာဝဓာတ္ေငြ႕အထြက္တိုးေရးေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ သြားေရာက္စစ္ေဆးစဥ္ ျပည္ေထာင္စုဝန္ႀကီးက ျပည္ေရနံေျမသည္ သက္တမ္းရင့္ေရနံေျမတစ္ခုျဖစ္ေသာ္လည္း ႏိုင္ငံေတာ္မွလိုအပ္လ်က္ရွိေသာ ေရနံႏွင့္သဘာဝဓာတ္ေငြ႕မ်ား တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရးအတြက္ အလားအလာေကာင္းမ်ားစြာရွိေၾကာင္း ေျပာၾကားခဲ့သည္။
ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ႏွစ္မ်ိဳးလုံးကို တူးေဖာ္ထုတ္လုပ္ႏိုင္သည့္ ေရနံေျမတစ္ခုျဖစ္ၿပီး ေခတ္မီနည္းပညာႏွင့္ စက္ကိရိယာမ်ား အသုံးျပဳထုတ္လုပ္ႏိုင္ေရးအတြက္ အစီအမံမ်ားခ်မွတ္၍ ျဖည့္ဆည္းေပးလ်က္ရွိေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမ်ားႏွင့္ ေရနံစိမ္းမ်ားကို လက္ခံသိုေလွာင္ထားေသာ သံကန္တန္းမ်ားတြင္ အဖ်က္အေမွာင့္လုပ္ငန္းမ်ားမရွိေစေရး လုံၿခဳံေရးအသိ၊ လုံၿခဳံေရးသတိျဖင့္ ေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္။
အလားတူ ျပည္ေထာင္စုဝန္ႀကီးႏွင့္အဖြဲ႕သည္ ျပည္ၿမိဳ႕ဆည္ေျမာင္းဧည့္ရိပ္သာ အစည္းအေဝးခန္းမတြင္ ျပည္ခ႐ိုင္စက္သုံးဆီလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူမ်ား၊ စက္သုံးဆီဆိုင္လုပ္ငန္းရွင္မ်ားႏွင့္လည္းေကာင္း၊ ဥသွ်စ္ပင္ၿမိဳ႕ရွိ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အစည္းအေဝးခန္းမတြင္ ပန္းေတာင္းၿမိဳ႕နယ္ စက္သုံးဆီလုပ္ငန္းရွင္မ်ား၊ ဥသွ်စ္ပင္ၿမိဳ႕နယ္ စက္သုံးဆီလုပ္ငန္းရွင္မ်ားႏွင့္လည္းေကာင္း သီးျခားစီေတြ႕ဆုံခဲ့ေၾကာင္းလည္း သိရသည္။
ထိုသို႔ ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီးက လက္ရွိအေျခအေနတြင္ ျပည္တြင္းစက္သုံးဆီထုတ္လုပ္မႈသည္ RON 68၊ 77 တို႔သာထုတ္လုပ္ေပးႏိုင္ၿပီး ျပည္တြင္းသုံးစြဲမႈ လုံေလာက္မႈမရွိပါသျဖင့္ ျပည္ပမွဝယ္ယူတင္သြင္းမႈကို မွီခိုေနရေၾကာင္း၊ အဆိုပါအေျခအေနကို ေက်ာ္လႊားႏိုင္ေရး ျပည္တြင္းတြင္ ကိုယ္တိုင္ခ်က္လုပ္ႏိုင္ရန္အတြက္ ေရနံခ်က္စက္႐ုံစီမံကိန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။
အဆိုပါေရနံခ်က္ စက္႐ုံစီမံကိန္းမ်ားၿပီးစီးပါက စက္သုံးဆီမ်ားကို ေဈးႏႈန္းသက္သာစြာျဖင့္ ဖူလုံစြာဝယ္ယူအသုံးျပဳခြင့္ရရွိၾကမည္ျဖစ္ၿပီး စက္သုံးဆီလုပ္ငန္းရွင္ မ်ားအေနျဖင့္လည္း အမ်ားျပည္သူမ်ားသို႔ သတ္မွတ္ထားေသာ ေဈးႏႈန္းမ်ားႏွင့္အညီ ျဖန႔္ျဖဴးေရာင္းခ်ရန္ လိုအပ္ေၾကာင္း၊ စက္သုံးဆီအေရာင္းဆိုင္မ်ားမွ စက္သုံးဆီမ်ား ျဖန႔္ျဖဴးေရာင္းခ်ရာတြင္ အရည္အေသြးႏွင့္ အျခင္အတြယ္ကိုက္ညီမွန္ကန္မႈရွိေစရန္ လိုအပ္ပါေၾကာင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။