မြန်မာနိုင်ငံ၏ အာခိလိဖနောင့်

504

(ဃ) စတုတ္ထအကြိမ်(၁၉၉၄) ခုနှစ်။
(၁၉၉၄) ခုနှစ် ဧပြီလ (၂၈) ရက် ညတွင် မောင်တောမြို့နေရာ (၁၂) နေရာ ဗုံးများ ခွဲရာ ဗုံး (၉)လုံး ပေါက်ကွဲ သည်။ မပေါက်ကွဲသော ဗုံး (၃) လုံးကိုလည်း အာဏာပိုင်များက သိမ်းဆီးရမိခဲ့သည်။ ထိုနေ့ညတွင် လူမျိုးလိမ်အကြမ်း ဖက်အဖွဲ့ (RSO) အင်အား (၈၀) ခန့်က မောင်တော တောင်ပိုင်းသို့လည်းကောင်း၊ အင်အား (၄၀) ခန့်က မြောက်ပိုင်း သို့လည်းကောင်း ဝင်ရောက်ခဲ့သည်။ မောင်တော တောင်ပိုင်းသို့ ဝင်ရောက်သည့် RSO များ ကျောက်ပန်းဒူရွာ ဇေယျ ဝတီရွာတို့ကို တိုက်ခိုက်ခဲ့သည်။ မြောက်ပိုင်းသို့ ဝင်သော RSO များက ရွှေတောင်ရွာအား တိုက်ခိုက်ခဲ့သည်။ ထို့နောက် တပ်မတော်က ဝင်ရောက်ရှင်းလင်းရာ ရက် (၂၀) ခန့်အတွင်း RSO (၅၈) ဦး သေဆုံး၍ လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိကာ ဗုံးထောင်ရာတွင် ပါဝင်သူ ၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။ RSO လှုပ်ရှားမှု အရေးနိမ့်သွားခဲ့သည်။
(င) ပဌ္စမအကြိမ်(၂၀၁၂) ခုနှစ်။
(၁၉၄၂) ခုနှစ် ရခိုင်ဘင်္ဂါလီအရေးအခင်းအပြီး နှစ်ပေါင်း (၇၀) အကြာတွင် ကြီးမားသည့် ဒုတိယ အကြိမ် ရခိုင်-ဘင်္ဂါလီ အရေးအခင်း ဖြစ်ပေါ်လာခဲ့သည်။ (၂၀၁၂) ခုနှစ် မေလ (၂၈)ရက်တွင် ရမ်းဗြဲမြို့နယ် ကျောက်နီ မော်ကျေးရွာ၌ ရခိုင်အမျိုးသမီးတစ်ဦးကို ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ရာမှ ပဋိပက္ခစတင်ခဲ့သည်။ (၂၀၁၂) ဇွန်လ (၈) ရက် သောကြာနေ့တွင် နေ့ဝတ်ပြုဆုတောင်းပွဲအပြီး ဗလီအတွင်းမှထွက်လာသော ထောင်နှင့်ချီသည့် ဘင်္ဂါလီ မွတ်စလင်များသည် တုတ်ဓားလက်နက်စွဲကိုင်၍ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များနှင့် နေအိမ်အဆောက်အအုံများ၊ ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက်ကြတော့သည်။ မောင်တော ဆူပူမှုအတွင်း မြို့တွင်းရှိ အိမ်များ၊ ဈေးဆိုင်များ ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရသကဲ့သို့ မောင်တောမြို့ အနောက်တောင်ဘက်ရှိ ရခိုင်တိုင်းရင်းသား ကျေးရွာ (၁၀) ရွာခန့် မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ ထို့နောက် (၂၀၁၂) ခုနှစ်၊ ဇွန်လ (၉) ရက်တွင် စစ်တွေမြို့၌ ဆူပူမှု ဖြစ်သည်။ နေအိမ်များရပ်ကွက်များ၊ ရွာများ မီးရှို့ဖျက်ဆီးခံရသည်။ ထို့နောက် မငြိမ်သက်မှုများမှာ အောက်တိုဘာ လအထိ ဖြစ်ပွားသည်။ အောက်တိုဘာလ (၂၂) ရက်တွင် ကျောက်ဖြူမြို့သို့ ကူးစက်သွားသည်။ တိုက်ခိုက်မှုများကြား တွင် မီးလောင်ပျက်စီးမှုများ၊ သေကြေဒဏ်ရာရမှု များပြားခဲ့သည်။ စစ်တွေ၊ ကျောက်ဖြူရှိ ရခိုင်တို့၏ နေအိမ်များ ဘုန်းကြီးကျောင်းများလည်း ဖျက်ဆီးခံခဲ့ရ သည်။ (၂၀၁၂) ခုနှစ် ရခိုင်ဘင်္ဂါလီ အရေးအခင်းသည် ဇွန်လမှ အောက်တို ဘာလ အထိ (၅) လ ကြာမြင့်ခဲ့ပြီး ဆုံးရှုံးပျက်စီးသေကြေဒဏ်ရာရမှုများစွာ ဖြစ်ပွားခဲ့ သည်။ ဒုက္ခသည်စခန်း များစွာ ပေါ်ပေါက်ခဲ့သည်။
(စ) ဆဋ္ဌမအကြိမ် (၂၀၁၆) ခုနှစ်၊
(၂၀၁၆) ခုနှစ် အောက်တိုဘာ (၉) ရက်တွင် မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲဌာနချုပ်အပါအဝင် အခြားရဲကင်းစခန်းများကို ဘင်္ဂလီအကြမ်းဖက်များက တစ်ချိန်တည်း၊ တစ်ပြိုင် တည်းစီးနင်းတိုက်ခိုက်ခဲ့ကြသည်။ မောင်တောမြို့နယ်အတွင်းရှိ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်ရှိရာ ကျီးကန်းပြင်စခန်း၊ ငါးခူရ စခန်းနှင့် ကိုးတန်ကောက် စခန်းတို့ကို တပြိုင် နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဒေသခံ တိုင်းရင်းသားများ နေရပ် စွန့်ခွာထွက်ပြေးခဲ့ကြရ သည်။ ဤတစ်ကြိမ်တွင် ဘင်္ဂါလီသောင်းကျန်းသူများသည် ဒေသခံတိုင်းရင်းသားများကိုသာမက ဘင်္ဂါလီအချင်းချင်းပင်လျှင် အစိုးရသတင်းပေး၊ သူလျှို၊ ဒလန် စသည်ဖြင့် စွပ်စွဲကာ သတ်ဖြတ်၍ အကြောက်တရားဖြင့် ထိန်းချုပ်ထားခဲ့ကြသည်။ အဆိုပါ အောက်တိုဘာတစ်လအတွင်း ရဲတပ်ဖွဲ့မှ (၉) ဦး ကျဆုံး၊ တပ်မတော်က (၅) ဦး ကျဆုံးကာ လက်နက် (၄၈) လက် ဆုံးရှုံးခဲ့သည်။ ဘင်္ဂလီအကြမ်း ဖက် (၃၄) ဦး သေဆုံးခဲ့ပြီး (၄၉) ဦး ဖမ်းဆီးရမိသည်။ (၂၀၁၆) ခုနှစ် မောင်တောတိုက်ခိုက်မှုဖြစ်စဉ်တွင် ထူးခြားချက်မှာ ဘင်္ဂါလီတို့သည် နိုင်ငံရေးနှင့် စစ်ရေးမျက်နှာစာ (၂) ခု ဖွင့်၍ တိုက်ခိုက်လာခြင်း ဖြစ်သည်။
(ဆ) သတ္တမအကြိမ်(၂၀၁၇) ခုနှစ်။
(၂၀၁၆) ခုနှစ် NLD အစိုးရတက် လာပြီးနောက် ရခိုင်ပဋိပက္ခ ဖြေရှင်းရန်အတွက် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကော်မ ရှင်သည် မြေပြင်ကွင်းဆင်းစစ်ဆေး၍ အပြီးသတ် အစီရင်ခံစာကို (၂၀၁၇) ဩဂုတ်လ (၂၄) ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တိုက်ဆိုင်စွာ ကော်မရှင် အစီရင်ခံစာ ထွက်သည့် ညမှစ၍ အစွန်းရောက် ဘင်္ဂလီမွတ်စလင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ARSA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများသည် မောင်တောဒေသအနှံ့ ဖြစ်ပွားခဲ့သည်။ ဩဂုတ်လ (၂၅) ရက်တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များရှိ တပ်မတော်တပ်စခန်းဌာနချုပ် တစ်ခုအပါအဝင်၊ လုံခြုံရေးရဲကင်းစခန်း (၃၀) ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင် ရောက်စီးနင်းတိုက် ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို ဦးဆောင်သည့်အဖွဲ့မှာ ဘင်္ဂါလီသောင်းကျန်းသူ ARSA အဖွဲ့ဖြစ် သည်။ အဖွဲ့ခေါင်းဆောင် အာတာအူလ္လာဟာ ပါကစ္စတန်တွင် မွေးဖွားခဲ့သူဖြစ်သည်။ ဘင်္ဂါလီအကြမ်းဖက်လက်နက် ကိုင်များတိုက်ခိုက်မှုကြောင့် တပ်မတော်သား (၁) ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၀) ဦး၊ ဒုလဝကမှူး (၁) ဦး ကျဆုံးခဲ့ပြီး ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်လူမျိုးများအပြင် ဒေသနေ ဟိန္ဒူလူမျိုး အမျိုးသား၊ အမျိုးသမီး (၁၀ဝ) ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ ထို့နောက် ကြိုတင်စီမံထားသည့်အတိုင်း ဘင်္ဂါလီများ သည် မိမိနေအိမ်များကိုမီးရှို့ဖျက်ဆီးကာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားကြသည်။
အစိုးရအဆက်ဆက်ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံကို အိန္ဒိယမှခွဲ၍ (၉၁) ဌာနအုပ်ချုပ် ရေးစနစ်ဖြင့် အုပ်ချုပ်သည့်ကာလတွင် ရခိုင်ပြည် နယ်မှ အမတ် (၈) ဦးက တောင်းဆိုသဖြင့် ဦးဘဖေခေါင်းဆောင်သော (၂၁) ဦးပါတီက (၁၉၃၉) ခုနှစ်တွင် အိန္ဒိယဘက်မှ မြန်မာနိုင်ငံသို့ ရောက်လာသည့်အလုပ်သမားများအပေါ် အခွန်ကောက်ခံရေးနှင့် ပြစ်မှုကျူးလွန်သူများကို ပြည်နှင်ဒဏ်ပေးရေး ဥပဒေ ကြမ်းကို လွှတ်တော်၌တင် သွင်းသော်လည်း အိန္ဒိယသားကိုယ်စားလှယ်များမှ ကန့်ကွက်သဖြင့် မအောင်မြင်ခဲ့ပေ။ (၁၉၃၉) ခုနှစ်တွင် ဂဠုန်ဦးစော နန်းရင်းဝန် ဖြစ်လာသောအခါ အိန္ဒိယခေါင်းဆောင် Girija Shankar Bajpai နှင့် ဆွေးနွေး ၍ အောက်ပါအချက်တို့သဘောတူ နိုင်ခဲ့သည်။
၁။ အိန္ဒိယအစိုးရထံမှ နိုင်ငံကူးလက်မှတ်မပါဘဲ မြန်မာနိုင်ငံသို့မည်သူမှမလာရ။
၂။ အိန္ဒိယအစိုးရထံမှ နိုင်ငံကူးလက်မှတ်ပါစေကာမူ မြန်မာနိုင်ငံအစိုးရ ခွင့်ပြုမိန့်မရလျှင် လာခွင့်မရှိ။
၃။ ခွင့်ပြုချက်ဖြင့်ဝင်လာသူသည် မြန်မာနိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်း မြန်မာတိုင်းရင်းသူအမျိုးသမီးတစ် ယောက်နှင့် လက်ထပ်ထိမ်းမြားလျှင် သို့ မဟုတ် ပေါင်းသင်းနေထိုင်လျှင် နေထိုင်ခွင့်အားဖျက်သိမ်းမည်။
၄။ မြန်မာနိုင်ငံအစိုးရသည် လူဝင်မှုအကြံပေးအဖွဲ့ ဖွဲ့စည်း၍ ထိုအဖွဲ့၏အကြံပြုချက်အတိုင်း ဆုံးဖြတ် မပြီး မချင်း (၁၉၄၁) ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့မှစ၍ အိန္ဒိယမှ အလုပ်ကြမ်းသမားဟူ၍ တစ်ယောက်မျှ မြန်မာပြည်သို့ မလာရ။
စသည့် အချက်များသဘောတူနိုင်ခဲ့သည့် ခြွင်းချက်အနေဖြင့် ဗြိတိသျှဆန်ရောင်းဝယ်ရေး ကုမ္ပဏီများ၏ တောင်းဆိုချက်အရ နှစ်စဉ် စပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်တွင် လူ (၂) သောင်း ခေတ္တ လာရောက်လုပ်ကိုင်ခွင့်ပြုခဲ့ သည်။ သို့သော်လည်း သဘောတူညီချက်အရ အသက်ဝင်မည့်ကာလသည် (၃) နှစ်ခန့် လိုသေးသဖြင့် ထိုကာလအတွင်း ဘင်္ဂါလီ တို့သည် အစုလိုက်အပြုံလိုက် ပိုမိုခိုးဝင်လာခဲ့သည်။
(၁၉၇၄) ခုနှစ်တွင် ရခိုင်တိုင်းကို ရခိုင်ပြည်နယ် အဖြစ်ဖွဲ့စည်းပေးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေး တိုက်ပွဲများအပြီးတွင် တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီတို့ကို တားဆီးရန် (၁၉၇၈) ခုနှစ် မေလ (၅) ရက်တွင် နဂါးမင်းစီမံချက်ပြုလုပ်ခဲ့သည်။ နဂါးမင်းစီမံချက်အရ တရားမဝင်ဝင်ရောက်နေထိုင်သူများကို ဖမ်းဆီးခြင်း၊ ပြည်နှင် ဒဏ်ပေးခြင်း၊ ထောင်ဒဏ်များချမှတ်ခြင်းတို့ကြောင့် ခိုးဝင်ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ပြန်လည်ခို ဝင်ကြရာ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံသားအဖြစ်အသိအမှတ် မပြုဘဲ ဒုက္ခသည်စခန်း (၆) ခုတွင်သာ ထားရှိခဲ့သည်။့ြ နှင့် နိုင်ငံတကာမှ ဖိအားပေးမှုကြောင့် ပြန်လည်လက်ခံရန် မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် (၁၉၇၉) ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူနှင့် မြန်မာနိုင်ငံတွင် နေထိုင် ကြောင်း ခိုင်မာသည့်သက် သေခံအထောက်အထားရှိသူတို့ကို ပြန်လည်လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံက သဘောတူညီခဲ့ရသည်။ နဂါးမင်းစီမံချက်ကြောင့် ထွက်ပြေးတိမ်းရှောင် သွားသည်မှ ပြန်လည် ဝင်ရောက်လာကြသည့် (၂) နှစ်တာ ကာလအတွင်း ပြန်လည် လက်ခံရာ၌ ထွက်ပြေးတိမ်းရှောင်သူများ၏ မိသားစုဝင်များကိုပါ လက်ခံရသော ကြောင့် အပြေးထက် ပြန်အဝင်တွင် လူဦးရေများပြားမှု ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံမှ စတင်ထွက်ပြေးစဉ်က (၃၅၅၉၆) ဦး ဖြစ်သော်လည်း ဟင်္သာစီမံချက် စတင်သည့် ၁၉၇၈ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်မှစ၍ (၁၉၈၀) ပြည့်နှစ် ဇန်နဝါရီလ (၅) ရက် လက်ခံရေးစခန်းများ ပိတ်သိမ်းသွားသည်အထိ ပြန်လည်လက်ခံရသူ အရေအတွက်မှာ အိမ်ထောင်စု စုစုပေါင်း (၃၁၅၂၅) စု၊ အမျိုးသား (၉၃၄၂၅) ဦး၊ အမျိုးသမီး (၉၃၅၄၃) ဦး ဖြစ်၍ စုစုပေါင်း (၁၈၆၉၆၈) ဦး ဖြစ်သည်။ မြန်မာ အစိုးရသည် တရားမဝင်ဝင်ရောက်နေထိုင်သူများ၏အခွင့် အရေးကို ကန့်သတ်ရန် နှင့် နောက်ထပ်ဝင်ရောက်မှုများကို တားဆီးရန် (၁၉၈၂) ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် မြန်မာနိုင်ငံသားဥပဒေကို ပြဋ္ဌာန်းလိုက်လေ သည်။
(၂၀၁၀) ပြည့်နှစ်တွင် ရခိုင်ပြည်နယ်ရှိ ခိုးဝင်ဘင်္ဂါလီများတွင် White Card ဟုခေါ်သော ယာယီ သက်သေခံ လက်မှတ် (၆) သိန်းခန့် ရောက်ရှိနေရာ (၂၀၁၅) ခုနှစ် မတ်လ (၃၁) ရက်တွင် နိုင်ငံတော်က ပြန်လည်သိမ်းဆည်းခဲ့သည်။
(၂၀၁၆) ခုနှစ် NLD အစိုးရတက်လာပြီး နောက်ရခိုင်ပြဿနာ ဖြေရှင်းရန်အတွက် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်တရပ် ဖွဲ့စည်းခဲ့သည်။
နိုင်ငံအားဦးဆောင်ခဲ့သူတို့၏ ဝိရောဓိအပြု အမူများ (၁၉၅၆) ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည် နယ်တောင်း ဆိုလိုသော ရခိုင်တိုင်းရင်းသားညီညွတ်ရေးပါတီ(ရတည)က အမတ်နေရာအများစုဖြင့် အသာစီးရလာသောအခါ ဖဆပလက ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂလီအမတ်များအား အမတ်လောင်းအဖြစ် ရွေးကောက်ခံရန် စည်းရုံးခဲ့ရာ မောင်တောမှ (၂) ဦး၊ ဘူးသီးတောင်မှ (၁) ဦး ရွေးကောက်တင် မြှောက်ခြင်းခံရသည်။ (၁၉၅၆) ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်တွင် ရခိုင်ပြည်နယ်ရရှိရေးအတွက် ရတည အမတ်များမှ တင်ပြရာ ဘင်္ဂါလီအမတ်များက ကန့်ကွက်သဖြင့် မဲခွဲဆုံး ဖြတ်ရာ ရခိုင်ပြည်နယ်ရရှိ ရေးအဆိုတင်သွင်းသည့်ဘက်မှ ရှုံးနိမ့်ခဲ့သည်။
(၁၉၅၈) ခုနှစ်တွင် ဖဆပလ (၂) ခြမ်းကွဲ ပြီး ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလက ရွေးကောက်ပွဲကတိအဖြစ် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်ထူထောင်ပေးမည်ဟူသောအချက်ဖြင့် မဲဆွယ်ခဲ့သည်။ ထိုအချိန်မှစ၍ ဘင်္ဂါလီတို့သည် လည်း ပြည်နယ်ရရှိရေးအတွက် တောင်းဆိုရာ ချွေးသိပ်သည့်အနေဖြင့် (၁၉၆၀) ပြည့်နှစ် သန့်ရှင်းဖဆပလ အစိုးရ တက်လာပြီးနောက် ကုလားတန်မြစ် အနောက်ဘက်ခြမ်းမှ နတ်မြစ်အရှေ့ဘက်ကမ်းရှိ နယ်မြေကို မေယုနယ်ခြား ခရိုင်အဖြစ်သတ်မှတ်ပေးခဲ့ပြီး ပြည်ထောင်စုနယ်မြေအဖြစ်သတ်မှတ်ခဲ့သည်။ ထို့ပြင် (၁၉၆၁) ခုနှစ် မေလ (၁၅) ရက်မှစ၍ မြန်မာ့အသံ အသံလွှင့်အစီအစဉ်၌ ဘင်္ဂါလီအစီအစဉ် ထည့်သွင်း ထုတ်လွှင့်သည်ကို တွေ့ရသည်။ (၁၉၆၂) ခုနှစ် တော်လှန်ရေးကောင်စီ အာဏာရရှိလာပြီးနောက် ထိုအသံလွှင့်အစီအစဉ်များရပ်ဆိုင်းခဲ့ပြီး လူမျိုးလိမ်အဖွဲ့ အစည်းများအား ဖျက်သိမ်းခဲ့သည်။ ယင်း နောက်ပိုင်းတွင် လူမျိုးလိမ်ဝေါဟာရကို ပြည်တွင်း၌ လက်ခံသုံးစွဲခြင်း မရှိတော့ ပေ။
(၁၉၆၁) ခုနှစ် နိုဝင်ဘာလ (၁၆) ရက် မောင်းတောမြို့တွင်ကျင်းပသော မူဂျာဟစ်အကြမ်း ဖက်များ လက်နက်ချ ခြင်းအခမ်းအနားတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်အောင် ကြီးက လူမျိုးလိမ်တို့၏အမည်ကို တစ်ကြိမ်သုံး စွဲခဲ့သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ခေတ်နှောင်းပိုင်းတွင် White card (၆) သိန်းခန့် ထုတ် ပေးခဲ့ခြင်းကြောင့် ဘင်္ဂါလီများ၏ နိုင်ငံရေးအာသီသ ပိုမိုမြင့်တက်လာစေခဲ့သည်။
NLD အစိုးရလက်ထက်တွင် (၂၀၁၆) ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရခိုင်မြောက်ပိုင်းဒေသဖြစ်စဉ်အတွက် ကိုဖီအာ နန်ကော်မရှင်ဖွဲ့စည်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice ICJ) သို့ ကိုယ်တိုင် သွားရောက်ခဲ့ခြင်းသည် ပြည်တွင်း သို့မဟုတ် ဒေသတွင်းအဆင့်ပြဿနာကို နိုင်ငံတကာ စင်မြင့်သို့ တွန်းပို့လိုက်ခြင်းပင်ဖြစ်သည်။
ကိုဖီအာနန်ကော်မရှင်
(၂၀၁၆) ခုနှစ် စက်တာဘာလ (၅) ရက်တွင် ရခိုင်ပြဿနာ ဖြေရှင်းရန်အတွက် NLD အစိုးရသည် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည် နယ်ဆိုင်ရာအကြံပေးကော်မရှင်ကိုဖွဲ့စည်းခဲ့သည်။ အဆိုပါကော်မရှင်တွင် နိုင်ငံခြားသား (၃) ဦး၊ မြန်မာ နိုင်ငံသား (၆) ဦး ပါဝင်သည်။
ပါဝင်သူများမှာ –
၁။ မစ္စတာ ကိုဖီအာနန် - ကိုဖီအာနန် ဖောင် ဒေးရှင်း ဥက္ကဋ္ဌ။ ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ် (၁၉၉၇-၂၀ဝ၆)၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် (၂၀ဝ၁)
၂။ မစ္စတာ ဂါဆန် ဆာလမ်မေ (Ghassan Salamé) - လက်ဘနွန် ယဉ်ကျေးမှုဝန်ကြီး (၂၀ဝ၀ -၂၀ဝ၃) ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်အကြံ ပေး (၂၀ဝ၃-၂၀ဝ၆)
၃။ မစ္စလတေးရှပ် ဗန်ဒန် အာဆန် (Laetitia vanden Assum) - ဗြိတိန်ဆိုင်ရာနယ်သာလန်သံ အမတ်ကြီး (၂၀၁၂-၂၀၁၅)
၄။ ဦးဝင်းမြ - မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ
၅။ ဒေါက်တာ သာလှရွှေ - မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌဟောင်း
၆။ ဟာဂျီ ဦးအေးလွင်-ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့(ငြိမ်းချမ်းမေတ္တာအဖွဲ့)
၇။ ဒေါက်တာ မြသီတာ - မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ သားဖွားနှင့် မီးယပ်ပညာအဖွဲ့ ဥက္ကဋ္ဌ
၈။ ဦးခင်မောင်လေး-မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်
၉။ ဒေါ်ခင်စောတင့်-ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)၏ ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ၏ ဒုဥက္ကဋ္ဌတို့ ဖြစ်ကြပါသည်။
ကော်မရှင်သည် စစ်တွေ၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မောင်တော၊ ဘူးသီးတောင်၊ ရန်ကုန်နှင့် နေပြည်တော် အပါအဝင် ဘန်ကောက်၊ ဒါကာ၊ ကော့ဘဇားနှင့် ဂျနီဗာတို့ကိုသွားရောက်ခဲ့ကာ တွေ့ဆုံဆွေးနွေးပွဲ ပေါင်း (၁၅၅) ကြိမ်၊ ကိုယ်စားလှယ် (၁၁၀ဝ) ခန့်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ကော်မရှင် စတင် ဖွဲ့စည်းသည့် စက်တင်ဘာလဆန်းတွင်ပင် ကော်မရှင်ကို လက်မခံကြောင်း ကန့်ကွက်မှုရှိခဲ့ပြီး ကော်မရှင်ကို ဖျက်သိမ်းရန် ပြည်ထောင်စုအဆင့် လွှတ်တော်တွင် တင်ပြမှုရှိခဲ့သော်လည်း ထိုအဆို အောင်မြင်မှုမရခဲ့ပါ။ ကော်မရှင်၏ ကြားဖြတ်အစီရင် ခံစာကို (၂၀၁၇) ခုနှစ် မတ်လ (၁၆) ရက်တွင် ထုတ်ပြန်ခဲ့ပြီး အပြီးသတ်အစီရင်ခံစာကို (၂၀၁၇) ဩဂုတ်လ (၂၄) ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
ကိုဖီအာနန်ကော်မရှင်သည်ပင်လျှင် ရခိုင်ပြည်နယ်သို့ လူမျိုးလိမ်များဝင်ရောက်မှု သမိုင်း ကြောင်းအားဖော်ပြ ရာတွင် (၁၄၃၀)ပြည့်နှစ် မြောက်ဦးခေတ်မှသာ စတင်ဖော်ပြခဲ့သည်။ ထိုကာလ၏အစောပိုင်းကာလများသည် လူမျိုး လိမ်များ၏ သမိုင်းအထောက်အထားအတိအကျမရှိသော ပုံပြင်ဆန်ဆန် အချက်အလက်များဖြစ်သောကြောင့် ထည့် သွင်း မစဉ်းစားခြင်းဖြစ်သည်။ အစီရင်ခံစာတွင် လူမျိုး လိမ်ဟု မသုံးဘဲ ရခိုင်ပြည်နယ်ရှိမွတ်စလင် ဟုသာ သုံးနှုန်းခဲ့သည်။
အစီရင်ခံစာတွင် ရခိုင်ပြည်နယ် အကြပ် အတည်း (၃) ခုရှိကြောင်းဖော်ပြထားသည်။ ၎င်းတို့ မှာ
၁။ ဖွံ့ဖြိုးမှုဆိုင်ရာ အကြပ်အတည်း၊
၂။ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်း၊
၃။ လုံခြုံရေးဆိုင်ရာ အကြပ်အတည်းတို့ ဖြစ်သည်ဟု ဆိုပါသည်။
ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တ ရာယ်များကျရောက်လွယ်ခြင်း၊ လက်နက်ကိုင်ပဋိ ပက္ခဖြစ်ပွားနေခြင်း၊ ခိုင်မာသည့် မြေယာပိုင်ဆိုင် လုပ်ပိုင်ခွင့်မရှိခြင်း၊ ရေလုပ်ငန်းနှင့်စိုက်ပျိုးရေးမှလွဲ၍ အခြားသောအသက်မွေးမှု အလုပ် အကိုင်မရှိခြင်း တို့ကြောင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကြပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်းဖော်ပြထားသည်။ လူ့အခွင့် အရေးဆိုင်ရာအကြပ်အတည်းတွင် လူမျိုးလိမ်များကို သနားဖွယ်ရာပုံဖော်ထားသည်။ အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် လူမျိုးလိမ် (၁) သိန်းခန့် နေထိုင်နေ သည်ဟုဖော်ပြထားသည်။
ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာတွင် အကြမ်းဖက်မှုဖြစ်ပွားသည့်ဒေသရှိ လူဦးရေအချိုး အစားကိုမဖော်ပြဘဲ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ် လာသည့် သေဆုံးမှုနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှု ဖျက်ဆီးခံ ရမှုတွင် ခိုးဝင်ဘင်္ဂါလီများက ပိုမိုများပြားနေကြောင်း ဖော်ပြထားသည်။ ထိုဒေသတွင် ရခိုင်လူမျိုး (၁၀) ရာခိုင်နှုန်းနှင့် ခိုးဝင်ဘင်္ဂါလီ (၉၀) ရာခိုင်နှုန်း နေထိုင်ကြသဖြင့် (၁) အချိုး (၉) ဖြစ်နေသော်လည်း သေဆုံးမှုတွင် ရခိုင် (၅၈) ဦး၊ ခိုးဝင်ဘင်္ဂါလီ (၁၃၄) ဦး သေဆုံးရာ သေဆုံးမှုအချိုးတွင် (၁) အချိုး (၂) ဒဿမ (၃) ဖြစ်နေသည်။ အကြမ်းဖက်မှုကြောင့် ရခိုင်လူမျိုးများမှာ ပိုမိုသေဆုံးရ ကြောင်း ဝမ်းနည်းဖွယ် မြင်တွေ့ရပါသည်။
ကိုဖီအာနန်ကော်မရှင်သည် (၁၉၈၂) ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ခြင်းကို အပြည့်အဝအသိ အမှတ်ပြုလက်ခံထားကြောင်းကို “The Commission fully recognizes that such an exercise must be carried out under the 1982 Citizenship Law.” ဟု မူရင်း အင်္ဂလိပ် ဘာသာဖြင့်ရေးသားသည့် အစီရင်ခံစာ စာမျက်နှာ (၂၆) အပိုဒ် (၃) တွင်ဖော်ပြထားပါသည်။
အစီရင်ခံစာတွင် အကြံပြုချက် (၈၈) ချက်ရှိသည့်အနက် ပျှမ်းမျှ (၆၄) ချက်ကို အစိုးရအဆက် ဆက်က ဆက်လက်အကောင်အထည်ဖော်လျက်ရှိပါသည်။ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများမှာ အကြမ်းဖျင်းအားဖြင့် မြေယာ များကို လျော်ကြေးပေးခြင်း၊ ဒေသခံများဖွံ့ဖြိုးတိုးတက်စေရေး ကျောက် ဖြူ၊ ကုလားတန်ကဲ့သို့ စီမံကိန်းကြီးများ အရှိန်အဟုန် မြှင့်ဖော်ဆောင်ခြင်း၊ MSME လုပ်ငန်းများမြှင့်တင် ပေးခြင်း၊ ထိခိုက်လွယ်မိသားစုများကိုထောက်ပံ့ပေး ခြင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ခြင်း၊ အထောက်အထားမဲ့ကလေးများအား မွေးစား နိုင်ခွင့်ရှိသည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေထုတ်ပြန်ခြင်း၊ ဘင်္ဂါလီ IDP စခန်းများကို ပိုမိုကောင်းမွန် အောင်ဆောင်ရွက်ပေးခြင်း၊ သတင်းရယူခွင့်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးသည့် နိုင်ငံ တကာအဖွဲ့အစည်းများအပေါ် ဖြေလျော့မှုပေးခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ခြင်း၊ အကျင့်ပျက် ဝန်ထမ်းများကိုအရေးယူခြင်း၊ ဘာသာ ပေါင်းစုံချစ်ကြည်ရေးအသင်းများထူထောင်၍ နိုင်ငံအနှံ့ဆွေးနွေးပွဲများပြု လုပ် ခြင်း၊ လူမှုမီဒီယာနှင့် လူမှုပတ်ဝန်းကျင်တွင် အမုန်းစကားများ ပိတ်ပင်တား ဆီးခြင်း၊ မောင်းတောဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း၊ စစ်ဆေးတွေ့ရှိချက် များအပေါ်အခြေပြု၍ တာဝန်ရှိသူများအား အရေးယူခြင်း၊ ခိုးဝင်ဘင်္ဂလီအရေးနှင့်ပတ်သက်၍ ပူးတွဲကော်မတီဖွဲ့စည်းခြင်း စသည်တို့ဖြစ်ပါသည်။ အကောင်အထည်ဖော်ရန် ခက်ခဲသည့်အချက် (၂၄) ချက်မှာ (၁၉၈၂) နိုင်ငံသားဥပဒေကိုပြင်ဆင်ခြင်း ဆိုင်ရာ၊ ဘင်္ဂါလီများလွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ၊ အာဆီယံကိုယ်စားလှယ်ထားရှိစေခြင်းနှင့် အာဆီယံတွင် ဆွေးနွေးညှိနှိုင်းခြင်း ဆိုင်ရာတို့ဖြစ် ကြောင်း တွေ့ရပါသည်။
(၁၉၈၂) နိုင်ငံသားဥပဒေ
(၁၉၈၂) နိုင်ငံသားဥပဒေတွင် နိုင်ငံသား၊ မွေးရာပါနိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ ဟူ၍ ခွဲခြားထားကြောင်း တွေ့ရသည်။
နိုင်ငံသား အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမ ဖြစ်ပွားမီ သို့မဟုတ် (၁၈၂၃) ခုနှစ် မတိုင်မီကာလမှစ၍ နေထိုင်ခဲ့သော တိုင်းရင်းသား (၈) မျိုးနှင့် မျိုးနွယ်စု များသည် နိုင်ငံသားဖြစ်သည်။ ထိုတိုင်းရင်းသားများမှ မွေးဖွားလာသူတိုင်းသည် မွေးရာပါနိုင်ငံသားဖြစ် သည်။ တိုင်းရင်းသားမျိုးနွယ်စုများထဲတွင် မပါဝင် သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ သားဖြစ်ပြီးသူသည်လည်း နိုင်ငံသားဖြစ်သည်။ (ဘုရင်၏ ကျေးတော်၊ ကျွန်တော်မျိုးများထဲမှ အခြားနိုင်ငံသားများကို ဆိုလိုသည်ဟု ယူဆပါသည်။) နိုင်ငံသားမိဘ (၂)ပါး မှ မွေးဖွားလာသူများ၊ နိုင်ငံသား နှင့် ဧည့်နိုင်ငံသား မိဘ (၂)ပါးမှ မွေးဖွားလာသူများ၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘ (၂)ပါးမှ မွေးဖွားလာသူများတို့သည် တစ်ဆက်တည်းနိုင်ငံသား ဖြစ်ခွင့်ရသည်။
မွေးရာပါနိုင်ငံသားသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာမှသာ သို့မဟုတ် အခြားနိုင်ငံသား အဖြစ်ခံယူမှသာ၊ အခြားနိုင်ငံသားအဖြစ်မှတ်ပုံတင်မှသာ၊ အခြားနိုင်ငံကူးလက်မှတ်နှင့် အလားတူ လက်မှတ်များ ထုတ်ယူမှသာ နိုင်ငံသားအဖြစ်ရပ်စဲသည်။ နိုင်ငံသားတစ်ဦးသည် လိမ်ညာဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ရရှိပါက နိုင်ငံသားအဖြစ်မှရုပ်သိမ်း ခြင်းခံရမည်ဖြစ်သည်။ နိုင်ငံသားအဖြစ်မှရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံသားအဖြစ် လည်းကောင်း၊ ဧည့်နိုင်ငံသားအဖြစ်လည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူအဖြစ်လည်းကောင်း ပြန်လည် လျှောက်ထားခွင့်မရှိစေရဟု ပုဒ်မ (၂၂) တွင်ဖော်ပြ ထားသည်။ (ဆက်လက်ဖော်ပြပါမည်)
- ဖြိုးဝေလင်း(ပုသိမ်)

Zawgyi Version:
ျမန္မာႏိုင္ငံ၏ အာခိလိဖေနာင့္
(ဃ) စတုတၳအႀကိမ္(၁၉၉၄) ခုႏွစ္။
(၁၉၉၄) ခုႏွစ္ ဧၿပီလ (၂၈) ရက္ ညတြင္ ေမာင္ေတာၿမိဳ႕ေနရာ (၁၂) ေနရာ ဗုံးမ်ား ခြဲရာ ဗုံး (၉)လုံး ေပါက္ကြဲ သည္။ မေပါက္ကြဲေသာ ဗုံး (၃) လုံးကိုလည္း အာဏာပိုင္မ်ားက သိမ္းဆီးရမိခဲ့သည္။ ထိုေန႔ညတြင္ လူမ်ိဳးလိမ္အၾကမ္း ဖက္အဖြဲ႕ (RSO) အင္အား (၈၀) ခန႔္က ေမာင္ေတာ ေတာင္ပိုင္းသို႔လည္းေကာင္း၊ အင္အား (၄၀) ခန႔္က ေျမာက္ပိုင္း သို႔လည္းေကာင္း ဝင္ေရာက္ခဲ့သည္။ ေမာင္ေတာ ေတာင္ပိုင္းသို႔ ဝင္ေရာက္သည့္ RSO မ်ား ေက်ာက္ပန္းဒူ႐ြာ ေဇယ် ဝတီ႐ြာတို႔ကို တိုက္ခိုက္ခဲ့သည္။ ေျမာက္ပိုင္းသို႔ ဝင္ေသာ RSO မ်ားက ေ႐ႊေတာင္႐ြာအား တိုက္ခိုက္ခဲ့သည္။ ထို႔ေနာက္ တပ္မေတာ္က ဝင္ေရာက္ရွင္းလင္းရာ ရက္ (၂၀) ခန႔္အတြင္း RSO (၅၈) ဦး ေသဆုံး၍ လက္နက္ခဲယမ္းမ်ား သိမ္းဆည္း ရမိကာ ဗုံးေထာင္ရာတြင္ ပါဝင္သူ ၈ ဦးကို ဖမ္းဆီးရမိခဲ့သည္။ RSO လႈပ္ရွားမႈ အေရးနိမ့္သြားခဲ့သည္။
(င) ပဌၥမအႀကိမ္(၂၀၁၂) ခုႏွစ္။
(၁၉၄၂) ခုႏွစ္ ရခိုင္ဘဂၤါလီအေရးအခင္းအၿပီး ႏွစ္ေပါင္း (၇၀) အၾကာတြင္ ႀကီးမားသည့္ ဒုတိယ အႀကိမ္ ရခိုင္-ဘဂၤါလီ အေရးအခင္း ျဖစ္ေပၚလာခဲ့သည္။ (၂၀၁၂) ခုႏွစ္ ေမလ (၂၈)ရက္တြင္ ရမ္းၿဗဲၿမိဳ႕နယ္ ေက်ာက္နီ ေမာ္ေက်း႐ြာ၌ ရခိုင္အမ်ိဳးသမီးတစ္ဦးကို ဘဂၤါလီသုံးဦးက မုဒိမ္းက်င့္သတ္ျဖတ္ရာမွ ပဋိပကၡစတင္ခဲ့သည္။ (၂၀၁၂) ဇြန္လ (၈) ရက္ ေသာၾကာေန႔တြင္ ေန႔ဝတ္ျပဳဆုေတာင္းပြဲအၿပီး ဗလီအတြင္းမွထြက္လာေသာ ေထာင္ႏွင့္ခ်ီသည့္ ဘဂၤါလီ မြတ္စလင္မ်ားသည္ တုတ္ဓားလက္နက္စြဲကိုင္၍ ရခိုင္တိုင္းရင္းသား ဗုဒၶဘာသာဝင္မ်ားႏွင့္ ေနအိမ္အေဆာက္အအုံမ်ား၊ ဗုဒၶဘာသာ ဘာသာေရးအေဆာက္အအုံမ်ားကို တိုက္ခိုက္ၾကေတာ့သည္။ ေမာင္ေတာ ဆူပူမႈအတြင္း ၿမိဳ႕တြင္းရွိ အိမ္မ်ား၊ ေဈးဆိုင္မ်ား ဘုန္းႀကီးေက်ာင္းမ်ား ဖ်က္ဆီးခံရသကဲ့သို႔ ေမာင္ေတာၿမိဳ႕ အေနာက္ေတာင္ဘက္ရွိ ရခိုင္တိုင္းရင္းသား ေက်း႐ြာ (၁၀) ႐ြာခန႔္ မီးရႈိ႕ဖ်က္ဆီးခံလိုက္ရသည္။ ထို႔ေနာက္ (၂၀၁၂) ခုႏွစ္၊ ဇြန္လ (၉) ရက္တြင္ စစ္ေတြၿမိဳ႕၌ ဆူပူမႈ ျဖစ္သည္။ ေနအိမ္မ်ားရပ္ကြက္မ်ား၊ ႐ြာမ်ား မီးရႈိ႕ဖ်က္ဆီးခံရသည္။ ထို႔ေနာက္ မၿငိမ္သက္မႈမ်ားမွာ ေအာက္တိုဘာ လအထိ ျဖစ္ပြားသည္။ ေအာက္တိုဘာလ (၂၂) ရက္တြင္ ေက်ာက္ျဖဴၿမိဳ႕သို႔ ကူးစက္သြားသည္။ တိုက္ခိုက္မႈမ်ားၾကား တြင္ မီးေလာင္ပ်က္စီးမႈမ်ား၊ ေသေၾကဒဏ္ရာရမႈ မ်ားျပားခဲ့သည္။ စစ္ေတြ၊ ေက်ာက္ျဖဴရွိ ရခိုင္တို႔၏ ေနအိမ္မ်ား ဘုန္းႀကီးေက်ာင္းမ်ားလည္း ဖ်က္ဆီးခံခဲ့ရ သည္။ (၂၀၁၂) ခုႏွစ္ ရခိုင္ဘဂၤါလီ အေရးအခင္းသည္ ဇြန္လမွ ေအာက္တို ဘာလ အထိ (၅) လ ၾကာျမင့္ခဲ့ၿပီး ဆုံးရႈံးပ်က္စီးေသေၾကဒဏ္ရာရမႈမ်ားစြာ ျဖစ္ပြားခဲ့ သည္။ ဒုကၡသည္စခန္း မ်ားစြာ ေပၚေပါက္ခဲ့သည္။
(စ) ဆ႒မအႀကိမ္ (၂၀၁၆) ခုႏွစ္၊
(၂၀၁၆) ခုႏွစ္ ေအာက္တိုဘာ (၉) ရက္တြင္ ေမာင္ေတာေျမာက္ပိုင္းရွိ နယ္ျခားေစာင့္ ရဲဌာနခ်ဳပ္အပါအဝင္ အျခားရဲကင္းစခန္းမ်ားကို ဘဂၤလီအၾကမ္းဖက္မ်ားက တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္ တည္းစီးနင္းတိုက္ခိုက္ခဲ့ၾကသည္။ ေမာင္ေတာၿမိဳ႕နယ္အတြင္းရွိ အမွတ္ (၁) နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ ကြပ္ကဲမႈဌာနခ်ဳပ္ရွိရာ က်ီးကန္းျပင္စခန္း၊ ငါးခူရ စခန္းႏွင့္ ကိုးတန္ေကာက္ စခန္းတို႔ကို တၿပိဳင္ နက္တည္း ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ ေဒသခံ တိုင္းရင္းသားမ်ား ေနရပ္ စြန႔္ခြာထြက္ေျပးခဲ့ၾကရ သည္။ ဤတစ္ႀကိမ္တြင္ ဘဂၤါလီေသာင္းက်န္းသူမ်ားသည္ ေဒသခံတိုင္းရင္းသားမ်ားကိုသာမက ဘဂၤါလီအခ်င္းခ်င္းပင္လွ်င္ အစိုးရသတင္းေပး၊ သူလွ်ိဳ၊ ဒလန္ စသည္ျဖင့္ စြပ္စြဲကာ သတ္ျဖတ္၍ အေၾကာက္တရားျဖင့္ ထိန္းခ်ဳပ္ထားခဲ့ၾကသည္။ အဆိုပါ ေအာက္တိုဘာတစ္လအတြင္း ရဲတပ္ဖြဲ႕မွ (၉) ဦး က်ဆုံး၊ တပ္မေတာ္က (၅) ဦး က်ဆုံးကာ လက္နက္ (၄၈) လက္ ဆုံးရႈံးခဲ့သည္။ ဘဂၤလီအၾကမ္း ဖက္ (၃၄) ဦး ေသဆုံးခဲ့ၿပီး (၄၉) ဦး ဖမ္းဆီးရမိသည္။ (၂၀၁၆) ခုႏွစ္ ေမာင္ေတာတိုက္ခိုက္မႈျဖစ္စဥ္တြင္ ထူးျခားခ်က္မွာ ဘဂၤါလီတို႔သည္ ႏိုင္ငံေရးႏွင့္ စစ္ေရးမ်က္ႏွာစာ (၂) ခု ဖြင့္၍ တိုက္ခိုက္လာျခင္း ျဖစ္သည္။
(ဆ) သတၱမအႀကိမ္(၂၀၁၇) ခုႏွစ္။
(၂၀၁၆) ခုႏွစ္ NLD အစိုးရတက္ လာၿပီးေနာက္ ရခိုင္ပဋိပကၡ ေျဖရွင္းရန္အတြက္ ကိုဖီအာနန္ဦးေဆာင္သည့္ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ကို ဖြဲ႕စည္းခဲ့သည္။ ေကာ္မ ရွင္သည္ ေျမျပင္ကြင္းဆင္းစစ္ေဆး၍ အၿပီးသတ္ အစီရင္ခံစာကို (၂၀၁၇) ဩဂုတ္လ (၂၄) ရက္တြင္ ထုတ္ျပန္ခဲ့ပါသည္။ တိုက္ဆိုင္စြာ ေကာ္မရွင္ အစီရင္ခံစာ ထြက္သည့္ ညမွစ၍ အစြန္းေရာက္ ဘဂၤလီမြတ္စလင္ အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ ARSA အဖြဲ႕၏ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ားသည္ ေမာင္ေတာေဒသအႏွံ႔ ျဖစ္ပြားခဲ့သည္။ ဩဂုတ္လ (၂၅) ရက္တြင္ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္ ၿမိဳ႕နယ္မ်ားရွိ တပ္မေတာ္တပ္စခန္းဌာနခ်ဳပ္ တစ္ခုအပါအဝင္၊ လုံၿခဳံေရးရဲကင္းစခန္း (၃၀) ကို တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္း ဝင္ ေရာက္စီးနင္းတိုက္ ခိုက္ခဲ့သည္။ ထိုတိုက္ခိုက္မႈကို ဦးေဆာင္သည့္အဖြဲ႕မွာ ဘဂၤါလီေသာင္းက်န္းသူ ARSA အဖြဲ႕ျဖစ္ သည္။ အဖြဲ႕ေခါင္းေဆာင္ အာတာအူလႅာဟာ ပါကစၥတန္တြင္ ေမြးဖြားခဲ့သူျဖစ္သည္။ ဘဂၤါလီအၾကမ္းဖက္လက္နက္ ကိုင္မ်ားတိုက္ခိုက္မႈေၾကာင့္ တပ္မေတာ္သား (၁) ဦး၊ ရဲတပ္ဖြဲ႕ဝင္ (၁၀) ဦး၊ ဒုလဝကမႉး (၁) ဦး က်ဆုံးခဲ့ၿပီး ရခိုင္၊ ၿမိဳ၊ သက္၊ ဒိုင္းနက္လူမ်ိဳးမ်ားအျပင္ ေဒသေန ဟိႏၵဴလူမ်ိဳး အမ်ိဳးသား၊ အမ်ိဳးသမီး (၁၀ဝ) ေက်ာ္ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခံခဲ့ရသည္။ ထို႔ေနာက္ ႀကိဳတင္စီမံထားသည့္အတိုင္း ဘဂၤါလီမ်ား သည္ မိမိေနအိမ္မ်ားကိုမီးရႈိ႕ဖ်က္ဆီးကာ ဘဂၤလား ေဒ့ရွ္ႏိုင္ငံသို႔ ထြက္ခြာသြားၾကသည္။
အစိုးရအဆက္ဆက္ေဆာင္႐ြက္ခ်က္မ်ား
ျမန္မာႏိုင္ငံကို အိႏၵိယမွခြဲ၍ (၉၁) ဌာနအုပ္ခ်ဳပ္ ေရးစနစ္ျဖင့္ အုပ္ခ်ဳပ္သည့္ကာလတြင္ ရခိုင္ျပည္ နယ္မွ အမတ္ (၈) ဦးက ေတာင္းဆိုသျဖင့္ ဦးဘေဖေခါင္းေဆာင္ေသာ (၂၁) ဦးပါတီက (၁၉၃၉) ခုႏွစ္တြင္ အိႏၵိယဘက္မွ ျမန္မာႏိုင္ငံသို႔ ေရာက္လာသည့္အလုပ္သမားမ်ားအေပၚ အခြန္ေကာက္ခံေရးႏွင့္ ျပစ္မႈက်ဴးလြန္သူမ်ားကို ျပည္ႏွင္ဒဏ္ေပးေရး ဥပေဒ ၾကမ္းကို လႊတ္ေတာ္၌တင္ သြင္းေသာ္လည္း အိႏၵိယသားကိုယ္စားလွယ္မ်ားမွ ကန႔္ကြက္သျဖင့္ မေအာင္ျမင္ခဲ့ေပ။ (၁၉၃၉) ခုႏွစ္တြင္ ဂဠဳန္ဦးေစာ နန္းရင္းဝန္ ျဖစ္လာေသာအခါ အိႏၵိယေခါင္းေဆာင္ Girija Shankar Bajpai ႏွင့္ ေဆြးေႏြး ၍ ေအာက္ပါအခ်က္တို႔သေဘာတူ ႏိုင္ခဲ့သည္။
၁။ အိႏၵိယအစိုးရထံမွ ႏိုင္ငံကူးလက္မွတ္မပါဘဲ ျမန္မာႏိုင္ငံသို႔မည္သူမွမလာရ။
၂။ အိႏၵိယအစိုးရထံမွ ႏိုင္ငံကူးလက္မွတ္ပါေစကာမူ ျမန္မာႏိုင္ငံအစိုးရ ခြင့္ျပဳမိန႔္မရလွ်င္ လာခြင့္မရွိ။
၃။ ခြင့္ျပဳခ်က္ျဖင့္ဝင္လာသူသည္ ျမန္မာႏိုင္ငံတြင္ ေနထိုင္စဥ္ကာလအတြင္း ျမန္မာတိုင္းရင္းသူအမ်ိဳးသမီးတစ္ ေယာက္ႏွင့္ လက္ထပ္ထိမ္းျမားလွ်င္ သို႔ မဟုတ္ ေပါင္းသင္းေနထိုင္လွ်င္ ေနထိုင္ခြင့္အားဖ်က္သိမ္းမည္။
၄။ ျမန္မာႏိုင္ငံအစိုးရသည္ လူဝင္မႈအႀကံေပးအဖြဲ႕ ဖြဲ႕စည္း၍ ထိုအဖြဲ႕၏အႀကံျပဳခ်က္အတိုင္း ဆုံးျဖတ္ မၿပီး မခ်င္း (၁၉၄၁) ခုႏွစ္ ဇူလိုင္လ (၂၁) ရက္ေန႔မွစ၍ အိႏၵိယမွ အလုပ္ၾကမ္းသမားဟူ၍ တစ္ေယာက္မွ် ျမန္မာျပည္သို႔ မလာရ။
စသည့္ အခ်က္မ်ားသေဘာတူႏိုင္ခဲ့သည့္ ႁခြင္းခ်က္အေနျဖင့္ ၿဗိတိသွ်ဆန္ေရာင္းဝယ္ေရး ကုမၸဏီမ်ား၏ ေတာင္းဆိုခ်က္အရ ႏွစ္စဥ္ စပါးစိုက္ပ်ိဳးခ်ိန္ႏွင့္ ရိတ္သိမ္းခ်ိန္တြင္ လူ (၂) ေသာင္း ေခတၱ လာေရာက္လုပ္ကိုင္ခြင့္ျပဳခဲ့ သည္။ သို႔ေသာ္လည္း သေဘာတူညီခ်က္အရ အသက္ဝင္မည့္ကာလသည္ (၃) ႏွစ္ခန႔္ လိုေသးသျဖင့္ ထိုကာလအတြင္း ဘဂၤါလီ တို႔သည္ အစုလိုက္အၿပဳံလိုက္ ပိုမိုခိုးဝင္လာခဲ့သည္။
(၁၉၇၄) ခုႏွစ္တြင္ ရခိုင္တိုင္းကို ရခိုင္ျပည္နယ္ အျဖစ္ဖြဲ႕စည္းေပးခဲ့သည္။ ဘဂၤလားေဒ့ရွ္လြတ္ေျမာက္ေရး တိုက္ပြဲမ်ားအၿပီးတြင္ တရားမဝင္ ဝင္ေရာက္လာေသာ ဘဂၤါလီတို႔ကို တားဆီးရန္ (၁၉၇၈) ခုႏွစ္ ေမလ (၅) ရက္တြင္ နဂါးမင္းစီမံခ်က္ျပဳလုပ္ခဲ့သည္။ နဂါးမင္းစီမံခ်က္အရ တရားမဝင္ဝင္ေရာက္ေနထိုင္သူမ်ားကို ဖမ္းဆီးျခင္း၊ ျပည္ႏွင္ ဒဏ္ေပးျခင္း၊ ေထာင္ဒဏ္မ်ားခ်မွတ္ျခင္းတို႔ေၾကာင့္ ခိုးဝင္ဘဂၤါလီမ်ား ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းသို႔ ျပန္လည္ခို ဝင္ၾကရာ ဘဂၤလားေဒ့ရွ္အစိုးရက ႏိုင္ငံသားအျဖစ္အသိအမွတ္ မျပဳဘဲ ဒုကၡသည္စခန္း (၆) ခုတြင္သာ ထားရွိခဲ့သည္။့ျ ႏွင့္ ႏိုင္ငံတကာမွ ဖိအားေပးမႈေၾကာင့္ ျပန္လည္လက္ခံရန္ ျမန္မာအစိုးရႏွင့္ ဘဂၤလားေဒ့ရွ္အစိုးရတို႔ အႀကိမ္ႀကိမ္ ေဆြးေႏြးၿပီးေနာက္ (၁၉၇၉) ခုႏွစ္ ဇူလိုင္လတြင္ ျမန္မာႏိုင္ငံသားမွတ္ပုံတင္ ကိုင္ေဆာင္သူႏွင့္ ျမန္မာႏိုင္ငံတြင္ ေနထိုင္ ေၾကာင္း ခိုင္မာသည့္သက္ ေသခံအေထာက္အထားရွိသူတို႔ကို ျပန္လည္လက္ခံမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံက သေဘာတူညီခဲ့ရသည္။ နဂါးမင္းစီမံခ်က္ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ သြားသည္မွ ျပန္လည္ ဝင္ေရာက္လာၾကသည့္ (၂) ႏွစ္တာ ကာလအတြင္း ျပန္လည္ လက္ခံရာ၌ ထြက္ေျပးတိမ္းေရွာင္သူမ်ား၏ မိသားစုဝင္မ်ားကိုပါ လက္ခံရေသာ ေၾကာင့္ အေျပးထက္ ျပန္အဝင္တြင္ လူဦးေရမ်ားျပားမႈ ျဖစ္ေပၚခဲ့သည္။ ျမန္မာႏိုင္ငံမွ စတင္ထြက္ေျပးစဥ္က (၃၅၅၉၆) ဦး ျဖစ္ေသာ္လည္း ဟသၤာစီမံခ်က္ စတင္သည့္ ၁၉၇၈ ခုႏွစ္၊ ဩဂုတ္လ (၃၁) ရက္မွစ၍ (၁၉၈၀) ျပည့္ႏွစ္ ဇန္နဝါရီလ (၅) ရက္ လက္ခံေရးစခန္းမ်ား ပိတ္သိမ္းသြားသည္အထိ ျပန္လည္လက္ခံရသူ အေရအတြက္မွာ အိမ္ေထာင္စု စုစုေပါင္း (၃၁၅၂၅) စု၊ အမ်ိဳးသား (၉၃၄၂၅) ဦး၊ အမ်ိဳးသမီး (၉၃၅၄၃) ဦး ျဖစ္၍ စုစုေပါင္း (၁၈၆၉၆၈) ဦး ျဖစ္သည္။ ျမန္မာ အစိုးရသည္ တရားမဝင္ဝင္ေရာက္ေနထိုင္သူမ်ား၏အခြင့္ အေရးကို ကန႔္သတ္ရန္ ႏွင့္ ေနာက္ထပ္ဝင္ေရာက္မႈမ်ားကို တားဆီးရန္ (၁၉၈၂) ခုႏွစ္ ေအာက္တိုဘာလ ၁၅ ရက္တြင္ ျမန္မာႏိုင္ငံသားဥပေဒကို ျပ႒ာန္းလိုက္ေလ သည္။
(၂၀၁၀) ျပည့္ႏွစ္တြင္ ရခိုင္ျပည္နယ္ရွိ ခိုးဝင္ဘဂၤါလီမ်ားတြင္ White Card ဟုေခၚေသာ ယာယီ သက္ေသခံ လက္မွတ္ (၆) သိန္းခန႔္ ေရာက္ရွိေနရာ (၂၀၁၅) ခုႏွစ္ မတ္လ (၃၁) ရက္တြင္ ႏိုင္ငံေတာ္က ျပန္လည္သိမ္းဆည္းခဲ့သည္။
(၂၀၁၆) ခုႏွစ္ NLD အစိုးရတက္လာၿပီး ေနာက္ရခိုင္ျပႆနာ ေျဖရွင္းရန္အတြက္ ကိုဖီအာနန္ ဦးေဆာင္သည့္ ရခိုင္ျပည္နယ္ဆိုင္ရာအႀကံေပး ေကာ္မရွင္တရပ္ ဖြဲ႕စည္းခဲ့သည္။
ႏိုင္ငံအားဦးေဆာင္ခဲ့သူတို႔၏ ဝိေရာဓိအျပဳ အမူမ်ား (၁၉၅၆) ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ရခိုင္ျပည္ နယ္ေတာင္း ဆိုလိုေသာ ရခိုင္တိုင္းရင္းသားညီၫြတ္ေရးပါတီ(ရတည)က အမတ္ေနရာအမ်ားစုျဖင့္ အသာစီးရလာေသာအခါ ဖဆပလက ဘူးသီးေတာင္၊ ေမာင္ေတာမွ ဘဂၤလီအမတ္မ်ားအား အမတ္ေလာင္းအျဖစ္ ေ႐ြးေကာက္ခံရန္ စည္း႐ုံးခဲ့ရာ ေမာင္ေတာမွ (၂) ဦး၊ ဘူးသီးေတာင္မွ (၁) ဦး ေ႐ြးေကာက္တင္ ေျမႇာက္ျခင္းခံရသည္။ (၁၉၅၆) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၁) ရက္တြင္ ရခိုင္ျပည္နယ္ရရွိေရးအတြက္ ရတည အမတ္မ်ားမွ တင္ျပရာ ဘဂၤါလီအမတ္မ်ားက ကန႔္ကြက္သျဖင့္ မဲခြဲဆုံး ျဖတ္ရာ ရခိုင္ျပည္နယ္ရရွိ ေရးအဆိုတင္သြင္းသည့္ဘက္မွ ရႈံးနိမ့္ခဲ့သည္။
(၁၉၅၈) ခုႏွစ္တြင္ ဖဆပလ (၂) ျခမ္းကြဲ ၿပီး ဦးႏုဦးေဆာင္ေသာ သန႔္ရွင္းဖဆပလက ေ႐ြးေကာက္ပြဲကတိအျဖစ္ ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ထူေထာင္ေပးမည္ဟူေသာအခ်က္ျဖင့္ မဲဆြယ္ခဲ့သည္။ ထိုအခ်ိန္မွစ၍ ဘဂၤါလီတို႔သည္ လည္း ျပည္နယ္ရရွိေရးအတြက္ ေတာင္းဆိုရာ ေခြၽးသိပ္သည့္အေနျဖင့္ (၁၉၆၀) ျပည့္ႏွစ္ သန႔္ရွင္းဖဆပလ အစိုးရ တက္လာၿပီးေနာက္ ကုလားတန္ျမစ္ အေနာက္ဘက္ျခမ္းမွ နတ္ျမစ္အေရွ႕ဘက္ကမ္းရွိ နယ္ေျမကို ေမယုနယ္ျခား ခ႐ိုင္အျဖစ္သတ္မွတ္ေပးခဲ့ၿပီး ျပည္ေထာင္စုနယ္ေျမအျဖစ္သတ္မွတ္ခဲ့သည္။ ထို႔ျပင္ (၁၉၆၁) ခုႏွစ္ ေမလ (၁၅) ရက္မွစ၍ ျမန္မာ့အသံ အသံလႊင့္အစီအစဥ္၌ ဘဂၤါလီအစီအစဥ္ ထည့္သြင္း ထုတ္လႊင့္သည္ကို ေတြ႕ရသည္။ (၁၉၆၂) ခုႏွစ္ ေတာ္လွန္ေရးေကာင္စီ အာဏာရရွိလာၿပီးေနာက္ ထိုအသံလႊင့္အစီအစဥ္မ်ားရပ္ဆိုင္းခဲ့ၿပီး လူမ်ိဳးလိမ္အဖြဲ႕ အစည္းမ်ားအား ဖ်က္သိမ္းခဲ့သည္။ ယင္း ေနာက္ပိုင္းတြင္ လူမ်ိဳးလိမ္ေဝါဟာရကို ျပည္တြင္း၌ လက္ခံသုံးစြဲျခင္း မရွိေတာ့ ေပ။
(၁၉၆၁) ခုႏွစ္ ႏိုဝင္ဘာလ (၁၆) ရက္ ေမာင္းေတာၿမိဳ႕တြင္က်င္းပေသာ မူဂ်ာဟစ္အၾကမ္း ဖက္မ်ား လက္နက္ခ် ျခင္းအခမ္းအနားတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ေအာင္ ႀကီးက လူမ်ိဳးလိမ္တို႔၏အမည္ကို တစ္ႀကိမ္သုံး စြဲခဲ့သည္။
ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံ႕ၿဖိဳးေရးေကာင္စီ ေခတ္ေႏွာင္းပိုင္းတြင္ White card (၆) သိန္းခန႔္ ထုတ္ ေပးခဲ့ျခင္းေၾကာင့္ ဘဂၤါလီမ်ား၏ ႏိုင္ငံေရးအာသီသ ပိုမိုျမင့္တက္လာေစခဲ့သည္။
NLD အစိုးရလက္ထက္တြင္ (၂၀၁၆) ခုႏွစ္တြင္ျဖစ္ပြားခဲ့သည့္ ရခိုင္ေျမာက္ပိုင္းေဒသျဖစ္စဥ္အတြက္ ကိုဖီအာ နန္ေကာ္မရွင္ဖြဲ႕စည္းျခင္း၊ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (International Court of Justice ICJ) သို႔ ကိုယ္တိုင္ သြားေရာက္ခဲ့ျခင္းသည္ ျပည္တြင္း သို႔မဟုတ္ ေဒသတြင္းအဆင့္ျပႆနာကို ႏိုင္ငံတကာ စင္ျမင့္သို႔ တြန္းပို႔လိုက္ျခင္းပင္ျဖစ္သည္။
ကိုဖီအာနန္ေကာ္မရွင္
(၂၀၁၆) ခုႏွစ္ စက္တာဘာလ (၅) ရက္တြင္ ရခိုင္ျပႆနာ ေျဖရွင္းရန္အတြက္ NLD အစိုးရသည္ ကိုဖီအာနန္ ဦးေဆာင္သည့္ ရခိုင္ျပည္ နယ္ဆိုင္ရာအႀကံေပးေကာ္မရွင္ကိုဖြဲ႕စည္းခဲ့သည္။ အဆိုပါေကာ္မရွင္တြင္ ႏိုင္ငံျခားသား (၃) ဦး၊ ျမန္မာ ႏိုင္ငံသား (၆) ဦး ပါဝင္သည္။
ပါဝင္သူမ်ားမွာ –
၁။ မစၥတာ ကိုဖီအာနန္ - ကိုဖီအာနန္ ေဖာင္ ေဒးရွင္း ဥကၠ႒။ ကုလသမဂၢအေထြေထြ အတြင္းေရး မႉးခ်ဳပ္ (၁၉၉၇-၂၀ဝ၆)၊ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ (၂၀ဝ၁)
၂။ မစၥတာ ဂါဆန္ ဆာလမ္ေမ (Ghassan Salamé) - လက္ဘႏြန္ ယဥ္ေက်းမႈဝန္ႀကီး (၂၀ဝ၀ -၂၀ဝ၃) ကုလသမဂၢ အေထြေထြအတြင္း ေရးမႉးခ်ဳပ္အႀကံ ေပး (၂၀ဝ၃-၂၀ဝ၆)
၃။ မစၥလေတးရွပ္ ဗန္ဒန္ အာဆန္ (Laetitia vanden Assum) - ၿဗိတိန္ဆိုင္ရာနယ္သာလန္သံ အမတ္ႀကီး (၂၀၁၂-၂၀၁၅)
၄။ ဦးဝင္းျမ - ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္ဥကၠ႒
၅။ ေဒါက္တာ သာလွေ႐ႊ - ျမန္မာႏိုင္ငံ ၾကက္ေျခနီ အသင္းဥကၠ႒ေဟာင္း
၆။ ဟာဂ်ီ ဦးေအးလြင္-ဘာသာေပါင္းစုံၿငိမ္းခ်မ္းေရး အဖြဲ႕(ၿငိမ္းခ်မ္းေမတၱာအဖြဲ႕)
၇။ ေဒါက္တာ ျမသီတာ - ျမန္မာႏိုင္ငံ ဆရာဝန္ အသင္း၊ သားဖြားႏွင့္ မီးယပ္ပညာအဖြဲ႕ ဥကၠ႒
၈။ ဦးခင္ေမာင္ေလး-ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔ အခြင့္အေရး ေကာ္မရွင္အဖြဲ႕ဝင္
၉။ ေဒၚခင္ေစာတင့္-ရခိုင္စာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕ (ရန္ကုန္)၏ ဥကၠ႒၊ ရခိုင္အမ်ိဳးသမီးအသင္း (ရန္ကုန္) ၏ ဒုဥကၠ႒တို႔ ျဖစ္ၾကပါသည္။
ေကာ္မရွင္သည္ စစ္ေတြ၊ ေျမာက္ဦး၊ ေျမပုံ၊ ေက်ာက္ေတာ္၊ သံတြဲ၊ ေက်ာက္ျဖဴ၊ ရမ္းၿဗဲ၊ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရန္ကုန္ႏွင့္ ေနျပည္ေတာ္ အပါအဝင္ ဘန္ေကာက္၊ ဒါကာ၊ ေကာ့ဘဇားႏွင့္ ဂ်နီဗာတို႔ကိုသြားေရာက္ခဲ့ကာ ေတြ႕ဆုံေဆြးေႏြးပြဲ ေပါင္း (၁၅၅) ႀကိမ္၊ ကိုယ္စားလွယ္ (၁၁၀ဝ) ခန႔္ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္ဟု ဆိုသည္။ ေကာ္မရွင္ စတင္ ဖြဲ႕စည္းသည့္ စက္တင္ဘာလဆန္းတြင္ပင္ ေကာ္မရွင္ကို လက္မခံေၾကာင္း ကန႔္ကြက္မႈရွိခဲ့ၿပီး ေကာ္မရွင္ကို ဖ်က္သိမ္းရန္ ျပည္ေထာင္စုအဆင့္ လႊတ္ေတာ္တြင္ တင္ျပမႈရွိခဲ့ေသာ္လည္း ထိုအဆို ေအာင္ျမင္မႈမရခဲ့ပါ။ ေကာ္မရွင္၏ ၾကားျဖတ္အစီရင္ ခံစာကို (၂၀၁၇) ခုႏွစ္ မတ္လ (၁၆) ရက္တြင္ ထုတ္ျပန္ခဲ့ၿပီး အၿပီးသတ္အစီရင္ခံစာကို (၂၀၁၇) ဩဂုတ္လ (၂၄) ရက္တြင္ ထုတ္ျပန္ခဲ့ပါသည္။
ကိုဖီအာနန္ေကာ္မရွင္သည္ပင္လွ်င္ ရခိုင္ျပည္နယ္သို႔ လူမ်ိဳးလိမ္မ်ားဝင္ေရာက္မႈ သမိုင္း ေၾကာင္းအားေဖာ္ျပ ရာတြင္ (၁၄၃၀)ျပည့္ႏွစ္ ေျမာက္ဦးေခတ္မွသာ စတင္ေဖာ္ျပခဲ့သည္။ ထိုကာလ၏အေစာပိုင္းကာလမ်ားသည္ လူမ်ိဳး လိမ္မ်ား၏ သမိုင္းအေထာက္အထားအတိအက်မရွိေသာ ပုံျပင္ဆန္ဆန္ အခ်က္အလက္မ်ားျဖစ္ေသာေၾကာင့္ ထည့္ သြင္း မစဥ္းစားျခင္းျဖစ္သည္။ အစီရင္ခံစာတြင္ လူမ်ိဳး လိမ္ဟု မသုံးဘဲ ရခိုင္ျပည္နယ္ရွိမြတ္စလင္ ဟုသာ သုံးႏႈန္းခဲ့သည္။
အစီရင္ခံစာတြင္ ရခိုင္ျပည္နယ္ အၾကပ္ အတည္း (၃) ခုရွိေၾကာင္းေဖာ္ျပထားသည္။ ၎တို႔ မွာ
၁။ ဖြံ႕ၿဖိဳးမႈဆိုင္ရာ အၾကပ္အတည္း၊
၂။ လူ႔အခြင့္အေရးဆိုင္ရာ အၾကပ္အတည္း၊
၃။ လုံၿခဳံေရးဆိုင္ရာ အၾကပ္အတည္းတို႔ ျဖစ္သည္ဟု ဆိုပါသည္။
ရခိုင္ျပည္နယ္သည္ သဘာဝေဘးအႏၲ ရာယ္မ်ားက်ေရာက္လြယ္ျခင္း၊ လက္နက္ကိုင္ပဋိ ပကၡျဖစ္ပြားေနျခင္း၊ ခိုင္မာသည့္ ေျမယာပိုင္ဆိုင္ လုပ္ပိုင္ခြင့္မရွိျခင္း၊ ေရလုပ္ငန္းႏွင့္စိုက္ပ်ိဳးေရးမွလြဲ၍ အျခားေသာအသက္ေမြးမႈ အလုပ္ အကိုင္မရွိျခင္း တို႔ေၾကာင့္ ဖြံ႕ၿဖိဳးမႈဆိုင္ရာ အၾကပ္အတည္းမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္းေဖာ္ျပထားသည္။ လူ႔အခြင့္ အေရးဆိုင္ရာအၾကပ္အတည္းတြင္ လူမ်ိဳးလိမ္မ်ားကို သနားဖြယ္ရာပုံေဖာ္ထားသည္။ အစီရင္ခံစာတြင္ ျမန္မာႏိုင္ငံတြင္ လူမ်ိဳးလိမ္ (၁) သိန္းခန႔္ ေနထိုင္ေန သည္ဟုေဖာ္ျပထားသည္။
ကိုဖီအာနန္ေကာ္မရွင္အစီရင္ခံစာတြင္ အၾကမ္းဖက္မႈျဖစ္ပြားသည့္ေဒသရွိ လူဦးေရအခ်ိဳး အစားကိုမေဖာ္ျပဘဲ အၾကမ္းဖက္မႈေၾကာင့္ ျဖစ္ေပၚ လာသည့္ ေသဆုံးမႈႏွင့္ ပုဂၢလိကပိုင္ဆိုင္မႈ ဖ်က္ဆီးခံ ရမႈတြင္ ခိုးဝင္ဘဂၤါလီမ်ားက ပိုမိုမ်ားျပားေနေၾကာင္း ေဖာ္ျပထားသည္။ ထိုေဒသတြင္ ရခိုင္လူမ်ိဳး (၁၀) ရာခိုင္ႏႈန္းႏွင့္ ခိုးဝင္ဘဂၤါလီ (၉၀) ရာခိုင္ႏႈန္း ေနထိုင္ၾကသျဖင့္ (၁) အခ်ိဳး (၉) ျဖစ္ေနေသာ္လည္း ေသဆုံးမႈတြင္ ရခိုင္ (၅၈) ဦး၊ ခိုးဝင္ဘဂၤါလီ (၁၃၄) ဦး ေသဆုံးရာ ေသဆုံးမႈအခ်ိဳးတြင္ (၁) အခ်ိဳး (၂) ဒႆမ (၃) ျဖစ္ေနသည္။ အၾကမ္းဖက္မႈေၾကာင့္ ရခိုင္လူမ်ိဳးမ်ားမွာ ပိုမိုေသဆုံးရ ေၾကာင္း ဝမ္းနည္းဖြယ္ ျမင္ေတြ႕ရပါသည္။
ကိုဖီအာနန္ေကာ္မရွင္သည္ (၁၉၈၂) ခုႏွစ္ ႏိုင္ငံသားဥပေဒႏွင့္အညီ ႏိုင္ငံသားစိစစ္ျခင္းကို အျပည့္အဝအသိ အမွတ္ျပဳလက္ခံထားေၾကာင္းကို “The Commission fully recognizes that such an exercise must be carried out under the 1982 Citizenship Law.” ဟု မူရင္း အဂၤလိပ္ ဘာသာျဖင့္ေရးသားသည့္ အစီရင္ခံစာ စာမ်က္ႏွာ (၂၆) အပိုဒ္ (၃) တြင္ေဖာ္ျပထားပါသည္။
အစီရင္ခံစာတြင္ အႀကံျပဳခ်က္ (၈၈) ခ်က္ရွိသည့္အနက္ ပွ်မ္းမွ် (၆၄) ခ်က္ကို အစိုးရအဆက္ ဆက္က ဆက္လက္အေကာင္အထည္ေဖာ္လ်က္ရွိပါသည္။ ေဆာင္႐ြက္ခဲ့သည့္လုပ္ငန္းမ်ားမွာ အၾကမ္းဖ်င္းအားျဖင့္ ေျမယာ မ်ားကို ေလ်ာ္ေၾကးေပးျခင္း၊ ေဒသခံမ်ားဖြံ႕ၿဖိဳးတိုးတက္ေစေရး ေက်ာက္ ျဖဴ၊ ကုလားတန္ကဲ့သို႔ စီမံကိန္းႀကီးမ်ား အရွိန္အဟုန္ ျမႇင့္ေဖာ္ေဆာင္ျခင္း၊ MSME လုပ္ငန္းမ်ားျမႇင့္တင္ ေပးျခင္း၊ ထိခိုက္လြယ္မိသားစုမ်ားကိုေထာက္ပံ့ေပး ျခင္း၊ ႏိုင္ငံသားစိစစ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ ျမႇင့္ေဆာင္႐ြက္ျခင္း၊ အေထာက္အထားမဲ့ကေလးမ်ားအား ေမြးစား ႏိုင္ခြင့္ရွိသည့္ ကေလးသူငယ္အခြင့္ အေရးမ်ားဆိုင္ရာဥပေဒထုတ္ျပန္ျခင္း၊ ဘဂၤါလီ IDP စခန္းမ်ားကို ပိုမိုေကာင္းမြန္ ေအာင္ေဆာင္႐ြက္ေပးျခင္း၊ သတင္းရယူခြင့္ႏွင့္ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီေပးသည့္ ႏိုင္ငံ တကာအဖြဲ႕အစည္းမ်ားအေပၚ ေျဖေလ်ာ့မႈေပးျခင္း၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈကို တိုက္ဖ်က္ျခင္း၊ အက်င့္ပ်က္ ဝန္ထမ္းမ်ားကိုအေရးယူျခင္း၊ ဘာသာ ေပါင္းစုံခ်စ္ၾကည္ေရးအသင္းမ်ားထူေထာင္၍ ႏိုင္ငံအႏွံ႔ေဆြးေႏြးပြဲမ်ားျပဳ လုပ္ ျခင္း၊ လူမႈမီဒီယာႏွင့္ လူမႈပတ္ဝန္းက်င္တြင္ အမုန္းစကားမ်ား ပိတ္ပင္တား ဆီးျခင္း၊ ေမာင္းေတာျဖစ္စဥ္ႏွင့္ ပတ္သက္၍ စုံစမ္း စစ္ေဆးေရးေကာ္မရွင္ဖြဲ႕စည္းျခင္း၊ စစ္ေဆးေတြ႕ရွိခ်က္ မ်ားအေပၚအေျချပဳ၍ တာဝန္ရွိသူမ်ားအား အေရးယူျခင္း၊ ခိုးဝင္ဘဂၤလီအေရးႏွင့္ပတ္သက္၍ ပူးတြဲေကာ္မတီဖြဲ႕စည္းျခင္း စသည္တို႔ျဖစ္ပါသည္။ အေကာင္အထည္ေဖာ္ရန္ ခက္ခဲသည့္အခ်က္ (၂၄) ခ်က္မွာ (၁၉၈၂) ႏိုင္ငံသားဥပေဒကိုျပင္ဆင္ျခင္း ဆိုင္ရာ၊ ဘဂၤါလီမ်ားလြတ္လပ္စြာ သြားလာခြင့္ဆိုင္ရာ၊ အာဆီယံကိုယ္စားလွယ္ထားရွိေစျခင္းႏွင့္ အာဆီယံတြင္ ေဆြးေႏြးညႇိႏႈိင္းျခင္း ဆိုင္ရာတို႔ျဖစ္ ေၾကာင္း ေတြ႕ရပါသည္။
(၁၉၈၂) ႏိုင္ငံသားဥပေဒ
(၁၉၈၂) ႏိုင္ငံသားဥပေဒတြင္ ႏိုင္ငံသား၊ ေမြးရာပါႏိုင္ငံသား၊ ဧည့္ႏိုင္ငံသားႏွင့္ ႏိုင္ငံသား ျပဳခြင့္ရသူ ဟူ၍ ခြဲျခားထားေၾကာင္း ေတြ႕ရသည္။
ႏိုင္ငံသား အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲမ ျဖစ္ပြားမီ သို႔မဟုတ္ (၁၈၂၃) ခုႏွစ္ မတိုင္မီကာလမွစ၍ ေနထိုင္ခဲ့ေသာ တိုင္းရင္းသား (၈) မ်ိဳးႏွင့္ မ်ိဳးႏြယ္စု မ်ားသည္ ႏိုင္ငံသားျဖစ္သည္။ ထိုတိုင္းရင္းသားမ်ားမွ ေမြးဖြားလာသူတိုင္းသည္ ေမြးရာပါႏိုင္ငံသားျဖစ္ သည္။ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားထဲတြင္ မပါဝင္ ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏိုင္ငံ သားျဖစ္ၿပီးသူသည္လည္း ႏိုင္ငံသားျဖစ္သည္။ (ဘုရင္၏ ေက်းေတာ္၊ ကြၽန္ေတာ္မ်ိဳးမ်ားထဲမွ အျခားႏိုင္ငံသားမ်ားကို ဆိုလိုသည္ဟု ယူဆပါသည္။) ႏိုင္ငံသားမိဘ (၂)ပါး မွ ေမြးဖြားလာသူမ်ား၊ ႏိုင္ငံသား ႏွင့္ ဧည့္ႏိုင္ငံသား မိဘ (၂)ပါးမွ ေမြးဖြားလာသူမ်ား၊ ႏိုင္ငံသားႏွင့္ ႏိုင္ငံသားျပဳခြင့္ရသူမိဘ (၂)ပါးမွ ေမြးဖြားလာသူမ်ားတို႔သည္ တစ္ဆက္တည္းႏိုင္ငံသား ျဖစ္ခြင့္ရသည္။
ေမြးရာပါႏိုင္ငံသားသည္ ႏိုင္ငံေတာ္မွ အၿပီးအပိုင္ထြက္ခြာမွသာ သို႔မဟုတ္ အျခားႏိုင္ငံသား အျဖစ္ခံယူမွသာ၊ အျခားႏိုင္ငံသားအျဖစ္မွတ္ပုံတင္မွသာ၊ အျခားႏိုင္ငံကူးလက္မွတ္ႏွင့္ အလားတူ လက္မွတ္မ်ား ထုတ္ယူမွသာ ႏိုင္ငံသားအျဖစ္ရပ္စဲသည္။ ႏိုင္ငံသားတစ္ဦးသည္ လိမ္ညာဖုံးကြယ္ျခင္းျဖင့္ ႏိုင္ငံသားအျဖစ္ရရွိပါက ႏိုင္ငံသားအျဖစ္မွ႐ုပ္သိမ္း ျခင္းခံရမည္ျဖစ္သည္။ ႏိုင္ငံသားအျဖစ္မွရပ္စဲခံရသူ သို႔မဟုတ္ ႐ုပ္သိမ္းခံရသူသည္ ႏိုင္ငံသားအျဖစ္ လည္းေကာင္း၊ ဧည့္ႏိုင္ငံသားအျဖစ္လည္းေကာင္း၊ ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္လည္းေကာင္း ျပန္လည္ ေလွ်ာက္ထားခြင့္မရွိေစရဟု ပုဒ္မ (၂၂) တြင္ေဖာ္ျပ ထားသည္။ (ဆက္လက္ေဖာ္ျပပါမည္)
- ၿဖိဳးေဝလင္း(ပုသိမ္)