အမ်းတွင် တပ်မတော်နှင့်နီးစပ်သည်ဟူသောအကြောင်းပြချက်ဖြင့် ပြည်သူပိုင်နေအိမ်များကို AA သိမ်းယူနေကြောင်း သတင်းထွက်

184

NP News - မေ ၁၅
တပ်မတော်နှင့်နီးစပ်သည်ဟူသော အကြောင်းပြချက်ဖြင့် အမ်းမြို့မှ ပြည်သူပိုင်နေအိမ်များကို AA အဖွဲ့က ချိတ်ပိတ်သိမ်းယူမှုများ ပြုလုပ်လျက်ရှိကြောင်း ထွက်ပေါ်နေသော သတင်းများအရ သိရသည်။
AA အဖွဲ့အနေဖြင့် အမ်းမြို့မှ တပ်မတော်ပိုင်နေရာများ သာမကဘဲ မြို့ပေါ်ရှိ ပြည်သူပိုင် အိမ်များကိုလည်း ချိတ်ပိတ်သိမ်းယူနေကြောင်း နှင့် ကျန်ရှိနေသော အိမ်ကြီးအိမ်ကောင်းများကို ဆက်လက်သိမ်းယူရန် စာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။
“တစ်မြို့နီးပါး စီးပွားရေးက မကင်းရာမကင်းကြောင်းလေ။ ဒါတောင် ကိုယ်တွေ မိဘ နာမည်ကိုပဲ တပ်ပြီးတော့ လုပ်ချင်ရာလုပ်နေကြတယ်။ ကိုယ့်မိဘက သူများလို မတရား ရှာထားတာ၊ ကလိမ်ကကျစ်ကျပြီး ရှာထားတဲ့ဟာ တွေမဟုတ်ဘဲ မနာလိုမုန်းထား လက်ညိုးထိုးပြပြီး ပိုင်ဆိုင်မှုတွေ ကုန်ပီဆိုပြီး ပျော်နေတဲ့ လူတစ်သိုက်ကိုလဲ ကျေးဇူးတင်တယ်” ဟု နေအိမ်ချိပ်ပိတ်ခံရသူ အမ်းမြို့ဒေသခံတစ်ဦးက ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာတွင် မှတ်ချက်ပြုထားသည်။
လက်ရှိတွင် အမ်းမြို့ရှိ တပ်မတော်ပိုင်မြေများ၊ တပ်မတော်မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကို AA အဖွဲ့မှ ချိတ်ပိတ်သိမ်းယူထားပြီးဖြစ်ကာ အမ်းသည်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာမြို့ဖြစ်သည့်အတွက် တပ်မတော် နှင့် အဆက်အသွယ်ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် မြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင် အများစု၏ နေအိမ်များကို AA က သိမ်းယူဖွယ်ရှိနေခြင်းဖြစ်သည်။
AA အဖွဲ့အနေဖြင့် ၎င်းတို့ သိမ်းယူထားသည့် မြို့နယ်များအနက်မှ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲ၊ ဂွ နှင့် မင်းပြားမြို့နယ်များရှိ ပြည်သူပိုင်အဆောက်အဦး ၆ဝ ခန့်ကို ချိပ်ပိတ်သိမ်းယူထားပြီးဖြစ်သည်။
AA အဖွဲ့၏ ပြည်သူပိုင်ပစ္စည်းများ သိမ်းယူမှုများအနက် ငပလီကမ်းခြေရှိ ဟိုတယ်လုပ်ငန်းများ၊ တောင်ကုတ်မြို့ရှိ ဦးကျောက်တောင်၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို သိမ်းယူမှုတို့မှ အမေရိကန်ဒေါ်လာ သန်းနှင့်ချီသော အမြတ်အစွန်းများ ရရှိထားပြီလည်းဖြစ်သည်။

Zawgyi Version:
အမ္းတြင္ တပ္မေတာ္ႏွင့္နီးစပ္သည္ဟူေသာအေၾကာင္းျပခ်က္ျဖင့္ ျပည္သူပိုင္ေနအိမ္မ်ားကို AA သိမ္းယူေနေၾကာင္း သတင္းထြက္
NP News - ေမ ၁၅
တပ္မေတာ္ႏွင့္နီးစပ္သည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ အမ္းၿမိဳ႕မွ ျပည္သူပိုင္ေနအိမ္မ်ားကို AA အဖြဲ႕က ခ်ိတ္ပိတ္သိမ္းယူမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း ထြက္ေပၚေနေသာ သတင္းမ်ားအရ သိရသည္။
AA အဖြဲ႕အေနျဖင့္ အမ္းၿမိဳ႕မွ တပ္မေတာ္ပိုင္ေနရာမ်ား သာမကဘဲ ၿမိဳ႕ေပၚရွိ ျပည္သူပိုင္ အိမ္မ်ားကိုလည္း ခ်ိတ္ပိတ္သိမ္းယူေနေၾကာင္း ႏွင့္ က်န္ရွိေနေသာ အိမ္ႀကီးအိမ္ေကာင္းမ်ားကို ဆက္လက္သိမ္းယူရန္ စာရင္းမ်ား ေကာက္ယူလ်က္ရွိေၾကာင္း သိရသည္။
“တစ္ၿမိဳ႕နီးပါး စီးပြားေရးက မကင္းရာမကင္းေၾကာင္းေလ။ ဒါေတာင္ ကိုယ္ေတြ မိဘ နာမည္ကိုပဲ တပ္ၿပီးေတာ့ လုပ္ခ်င္ရာလုပ္ေနၾကတယ္။ ကိုယ့္မိဘက သူမ်ားလို မတရား ရွာထားတာ၊ ကလိမ္ကက်စ္က်ၿပီး ရွာထားတဲ့ဟာ ေတြမဟုတ္ဘဲ မနာလိုမုန္းထား လက္ညိဳးထိုးျပၿပီး ပိုင္ဆိုင္မႈေတြ ကုန္ပီဆိုၿပီး ေပ်ာ္ေနတဲ့ လူတစ္သိုက္ကိုလဲ ေက်းဇူးတင္တယ္” ဟု ေနအိမ္ခ်ိပ္ပိတ္ခံရသူ အမ္းၿမိဳ႕ေဒသခံတစ္ဦးက ေဖ့စ္ဘြတ္ခ္ လူမႈကြန္ယက္စာမ်က္ႏွာတြင္ မွတ္ခ်က္ျပဳထားသည္။
လက္ရွိတြင္ အမ္းၿမိဳ႕ရွိ တပ္မေတာ္ပိုင္ေျမမ်ား၊ တပ္မေတာ္မိသားစုဝင္မ်ား၏ ပိုင္ဆိုင္မႈမ်ားကို AA အဖြဲ႕မွ ခ်ိတ္ပိတ္သိမ္းယူထားၿပီးျဖစ္ကာ အမ္းသည္အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တည္ရွိရာၿမိဳ႕ျဖစ္သည့္အတြက္ တပ္မေတာ္ ႏွင့္ အဆက္အသြယ္ရွိသည္ဆိုေသာ အေၾကာင္းျပခ်က္ျဖင့္ ၿမိဳ႕ေပၚမွ စီးပြားေရးလုပ္ငန္းရွင္ အမ်ားစု၏ ေနအိမ္မ်ားကို AA က သိမ္းယူဖြယ္ရွိေနျခင္းျဖစ္သည္။
AA အဖြဲ႕အေနျဖင့္ ၎တို႔ သိမ္းယူထားသည့္ ၿမိဳ႕နယ္မ်ားအနက္မွ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေျမာက္ဦး၊ မင္းျပား၊ ေတာင္ကုတ္၊ သံတြဲ၊ ဂြ ႏွင့္ မင္းျပားၿမိဳ႕နယ္မ်ားရွိ ျပည္သူပိုင္အေဆာက္အဦး ၆ဝ ခန႔္ကို ခ်ိပ္ပိတ္သိမ္းယူထားၿပီးျဖစ္သည္။
AA အဖြဲ႕၏ ျပည္သူပိုင္ပစၥည္းမ်ား သိမ္းယူမႈမ်ားအနက္ ငပလီကမ္းေျခရွိ ဟိုတယ္လုပ္ငန္းမ်ား၊ ေတာင္ကုတ္ၿမိဳ႕ရွိ ဦးေက်ာက္ေတာင္၏ ေနအိမ္ႏွင့္ပိုင္ဆိုင္မႈမ်ားကို သိမ္းယူမႈတို႔မွ အေမရိကန္ေဒၚလာ သန္းႏွင့္ခ်ီေသာ အျမတ္အစြန္းမ်ား ရရွိထားၿပီလည္းျဖစ္သည္။