ယူကရိန်းကို နောက်ထပ်ထောက်ပံ့မှုတွေ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြင်သစ်ပြော

 491

Pika (NP News) - မေ ၁၅

ယူကရိန်းအတွက် ပြင်သစ်နိုင်ငံရဲ့စစ်ဘက်ဆိုင်ရာထောက်ပံ့မှုဟာ ကန့်သတ်ချက်ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းကိုကူညီဖို့အတွက် တတ်နိုင်သမျှအရာအားလုံးကို ပြင်သစ်က လုပ်ဆောင်ခဲ့ပြီးပြီဖြစ်ကြောင်းနဲ့ ပြင်သစ်နိုင်ငံရဲ့စစ်တပ်ဟာ ရှည်ကြာတဲ့စစ်ပွဲမျိုးကို လုပ်ဆောင်ဖို့ ဖွဲ့စည်းထားတာမျိုး မဟုတ်ဘူးလို့ မက်ခရွန် က ပြောကြားခဲ့ပါတယ်။
မက်ခရွန်က “ကျွန်တော်တို့မှာ ရှိသမျှအရာအားလုံးကို ယူကရိန်းကို ထောက်ပံ့ပေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် လိုအပ်တဲ့အရာတွေကိုတော့ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးလို့မရပါဘူး” လို့ ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်အစိုးရဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၄ ဒသမ ၁) ဘီလျံကို ကတိပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် လည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ပြည်တွင်း ကာကွယ်ရေးစက်မှုလုပ်ငန်းကို မြှင့်တင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို မက်ခရွန်က မီးမောင်းထိုးပြခဲ့တယ်လို့ လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းကို ေနာက္ထပ္ေထာက္ပံ့မႈေတြ လုပ္ေဆာင္ႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ ျပင္သစ္ေျပာ
Pika (NP News) - ေမ ၁၅

ယူကရိန္းအတြက္ ျပင္သစ္ႏိုင္ငံရဲ႕စစ္ဘက္ဆိုင္ရာေထာက္ပံ့မႈဟာ ကန႔္သတ္ခ်က္ကို ေရာက္ရွိသြားၿပီျဖစ္တယ္လို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းကိုကူညီဖို႔အတြက္ တတ္ႏိုင္သမွ်အရာအားလုံးကို ျပင္သစ္က လုပ္ေဆာင္ခဲ့ၿပီးၿပီျဖစ္ေၾကာင္းနဲ႔ ျပင္သစ္ႏိုင္ငံရဲ႕စစ္တပ္ဟာ ရွည္ၾကာတဲ့စစ္ပြဲမ်ိဳးကို လုပ္ေဆာင္ဖို႔ ဖြဲ႕စည္းထားတာမ်ိဳး မဟုတ္ဘူးလို႔ မက္ခ႐ြန္ က ေျပာၾကားခဲ့ပါတယ္။
မက္ခ႐ြန္က “ကြၽန္ေတာ္တို႔မွာ ရွိသမွ်အရာအားလုံးကို ယူကရိန္းကို ေထာက္ပံ့ေပးခဲ့ၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္လုံၿခဳံေရးအတြက္ လိုအပ္တဲ့အရာေတြကိုေတာ့ ေထာက္ပံ့မႈေတြ လုပ္ေဆာင္ေပးလို႔မရပါဘူး” လို႔ ေျပာခဲ့ပါတယ္။
၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ ျပင္သစ္အစိုးရဟာ ယူကရိန္းအတြက္ စစ္ေရးအကူအညီ အေမရိကန္ေဒၚလာ(၄ ဒသမ ၁) ဘီလ်ံကို ကတိျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္ လည္း ယူကရိန္းကို စစ္လက္နက္ပစၥည္းေထာက္ပံ့မႈေတြ ဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ျပည္တြင္း ကာကြယ္ေရးစက္မႈလုပ္ငန္းကို ျမႇင့္တင္ဖို႔ ႀကိဳးပမ္းအားထုတ္မႈေတြကို မက္ခ႐ြန္က မီးေမာင္းထိုးျပခဲ့တယ္လို႔ လည္း သိရပါတယ္။

Related news

© 2021. All rights reserved.