ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်ကို ဥရောပသမဂ္ဂ အတည်ပြု

 124

Pika (NP News) - မေ ၁၅

ရုရှားရဲ့ရေနံလုပ်ငန်းအပေါ် နောက်ထပ်ပိတ်ဆို့အရေးယူမှုအသစ်ကို ဥရောပသမဂ္ဂက မေလ(၁၄)ရက်မှာ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းအပစ်အခတ်ရပ်စဲရေးကို ရုရှားဘက်က သဘောမတူဘူးဆိုရင် နောက်ထပ်ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဥရောပက ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုလိုပိတ်ဆို့ အရေးယူမှုအသစ် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ရုရှားအပေါ် နောက်ထပ်ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုအသစ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီး နောက်ပိုင်း ဥရောပသမဂ္ဂက ရုရှားအပေါ်(၁၇)ကြိမ်မြောက် ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဗြိတိန်အစိုးရဟာ ရုရှားရဲ့စွမ်းအင်ဝင်ငွေကို ထိခိုက်အောင်လုပ်ဆောင်ဖို့အတွက် ရုရှားရဲ့ ရေနံသယ်ယူ ပို့ဆောင်ရေးကွန်ရက်ကို ပစ်မှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတစ်ခုကို မကြာသေးခင်က ထုတ်ပြန်ကြေညာခဲ့ပြီး နောက် ဥရောပသမဂ္ဂရဲ့ရုရှားရဲ့ပိတ်ဆို့အရေးယူမှုအသစ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားဟာ အနောက်အုပ်စု နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုအသစ်ကို မကြောက်ဘူးလို့ ရုရှားအစိုးရက သတင်းထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈအသစ္ကို ဥေရာပသမဂၢ အတည္ျပဳ
Pika (NP News) - ေမ ၁၅

႐ုရွားရဲ႕ေရနံလုပ္ငန္းအေပၚ ေနာက္ထပ္ပိတ္ဆို႔အေရးယူမႈအသစ္ကို ဥေရာပသမဂၢက ေမလ(၁၄)ရက္မွာ အတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။ ယူကရိန္းအပစ္အခတ္ရပ္စဲေရးကို ႐ုရွားဘက္က သေဘာမတူဘူးဆိုရင္ ေနာက္ထပ္ပိတ္ဆို႔အေရးယူမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ဥေရာပက ၿခိမ္းေျခာက္ခဲ့ၿပီးေနာက္ ယခုလိုပိတ္ဆို႔ အေရးယူမႈအသစ္ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
႐ုရွားအေပၚ ေနာက္ထပ္ခ်မွတ္ခဲ့တဲ့ ပိတ္ဆို႔အေရးယူမႈအသစ္ဟာ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြားၿပီး ေနာက္ပိုင္း ဥေရာပသမဂၢက ႐ုရွားအေပၚ(၁၇)ႀကိမ္ေျမာက္ ခ်မွတ္ခဲ့တဲ့ ပိတ္ဆို႔အေရးယူမႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿဗိတိန္အစိုးရဟာ ႐ုရွားရဲ႕စြမ္းအင္ဝင္ေငြကို ထိခိုက္ေအာင္လုပ္ေဆာင္ဖို႔အတြက္ ႐ုရွားရဲ႕ ေရနံသယ္ယူ ပို႔ေဆာင္ေရးကြန္ရက္ကို ပစ္မွတ္ထားတဲ့ပိတ္ဆို႔အေရးယူမႈတစ္ခုကို မၾကာေသးခင္က ထုတ္ျပန္ေၾကညာခဲ့ၿပီး ေနာက္ ဥေရာပသမဂၢရဲ႕႐ုရွားရဲ႕ပိတ္ဆို႔အေရးယူမႈအသစ္ ထြက္ေပၚလာတာျဖစ္ပါတယ္။ ႐ုရွားဟာ အေနာက္အုပ္စု ႏိုင္ငံေတြရဲ႕ပိတ္ဆို႔အေရးယူမႈအသစ္ကို မေၾကာက္ဘူးလို႔ ႐ုရွားအစိုးရက သတင္းထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုထုတ္ျပန္ေၾကညာခ်က္ေတြ ထြက္ေပၚလာခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.