တောင်ကုတ်တွင်AAက ကွမ်းရောင်းဝယ်ခြင်းပိတ်ပင်မှုအပေါ်ဒေသခံများဝေဖန်မှုမြင့်တက်

488

သက်ပိုင်(Np News)- မေ ၁၅
AAအဖွဲ့အနေဖြင့် ၎င်းတို့သိမ်းယူထားသော တောင်ကုတ်မြို့တွင် ကွမ်းရွက်နှင့် ကွမ်းယာကို သယ်ယူ၊ရောင်းခြင်းမပြုလုပ်ရန် အမိန့်ထုတ်ထားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရခိုင်ဒေသခံများက ဝေဖန်မှုမြင့်တက်လျှက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့ကို ကွမ်းကင်းစင်မြို့အဖြစ် သတ်မှန်ရန်အတွက်ဟုဆိုကာ AAက ယခုကဲ့သို့အမိန့် ထုတ်ခဲ့ခြင်းဖြစ်ပြီး မြို့တွင်း ကွမ်းရွက်၊ကွမ်းယာရောင်းချခြင်း လုံးဝမပြုလုပ်ရဟူသော ဆိုင်ဘုတ် ဗွီနိုင်းထောင်ထားကြောင်း ထွက်ပေါ်လာသော သတင်းများအရ သိရသည်။
“ဘယ်လိုဥပဒေတွေမှန်းကို မသိတော့ဘူး။ ကွမ်းက အဘိုး၊အဘေးတွေလက်ထက်ကတည်းက ရိုးရာတစ်ခုလို အစဉ်အဆက်ကို စားလာကြတာ။ဒီဥပဒေကို ဘယ်သူ ထုတ်တာလဲတော့ မသိဘူး။ မူးယစ်ဆေးတွေ၊ အရက်တွေကိုကျတော့ စိတ်ကြိုက်ရောင်းခွင့်ပေးထားပြီးတော့ ကွမ်းကိုပိတ်တယ် ဆိုတာတော့ မဟုတ်သေးဘူးထင်တယ်။ AAထဲကလူတွေရော ကွမ်းမစားဘူးလားလို့ပဲ မေးချင်တယ်”ဟု ရခိုင်ဒေသခံတစ်ဦးက လူမှုကွန်ယက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်တွင် မှတ်ချက်ပြုထားသည်။
AAအနေဖြင့် လက်ရှိ ရခိုင်ပြည်နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား(WY)နှင့် ဒေသထွက် အရက်များ ပေါပေါများများ ရောင်းဝယ်သုံးစွဲနေမှုကို လျစ်လျူရှုကာ ကွမ်းယာ စားသုံးခြင်းကို ပိတ်ပင်ခြင်းမှာ မဖြစ်သင့်ကြောင်း ရခိုင်ဒေသခံများက ထောက်ပြပြောဆိုကြသည်။
“သူတို့က သူတို့စိတ်ထဲမှာ ရှိသလို ဥပဒေတွေကို ထုတ်တာက အကြောင်းမဟုတ်ဘူး။ ဒေသခံတွေက စစ်ဒဏ်ကြောင့် စီးပွားရေး အကြပ်တွေ့နေကြတာ။ တစ်ပိုင်တစ်နိုင်ကွမ်းစိုက်စားတဲ့လူတွေဆိုရင် ဘယ်လို အဆင်ပြေမှာလဲ”ဟု သံတွဲမြို့ဒေသခံတစ်ဦးက ဆိုသည်။
AAထိန်းချုပ်ရာဒေသများတွင် မူးယစ်ဆေးများ ပေါပေါများများရရှိနေပြီး AAအဖွဲ့ဘက်မှ မူးယစ်ဆေးရောင်းဝယ်နေမှုအပေါ် လစ်လျူရှုလျှက်ရှိနေသည်ဟုလည်း ဒေသခံများက ပြောဆိုထားသည်။

Zawgyi Version:
ေတာင္ကုတ္တြင္AAက ကြမ္းေရာင္းဝယ္ျခင္းပိတ္ပင္မႈအေပၚေဒသခံမ်ားေဝဖန္မႈျမင့္တက္
သက္ပိုင္(Np News)- ေမ ၁၅
AAအဖြဲ႕အေနျဖင့္ ၎တို႔သိမ္းယူထားေသာ ေတာင္ကုတ္ၿမိဳ႕တြင္ ကြမ္း႐ြက္ႏွင့္ ကြမ္းယာကို သယ္ယူ၊ေရာင္းျခင္းမျပဳလုပ္ရန္ အမိန႔္ထုတ္ထားေၾကာင္း သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ ရခိုင္ေဒသခံမ်ားက ေဝဖန္မႈျမင့္တက္လွ်က္ရွိေၾကာင္း သိရသည္။
ေတာင္ကုတ္ၿမိဳ႕ကို ကြမ္းကင္းစင္ၿမိဳ႕အျဖစ္ သတ္မွန္ရန္အတြက္ဟုဆိုကာ AAက ယခုကဲ့သို႔အမိန႔္ ထုတ္ခဲ့ျခင္းျဖစ္ၿပီး ၿမိဳ႕တြင္း ကြမ္း႐ြက္၊ကြမ္းယာေရာင္းခ်ျခင္း လုံးဝမျပဳလုပ္ရဟူေသာ ဆိုင္ဘုတ္ ဗြီႏိုင္းေထာင္ထားေၾကာင္း ထြက္ေပၚလာေသာ သတင္းမ်ားအရ သိရသည္။
“ဘယ္လိုဥပေဒေတြမွန္းကို မသိေတာ့ဘူး။ ကြမ္းက အဘိုး၊အေဘးေတြလက္ထက္ကတည္းက ႐ိုးရာတစ္ခုလို အစဥ္အဆက္ကို စားလာၾကတာ။ဒီဥပေဒကို ဘယ္သူ ထုတ္တာလဲေတာ့ မသိဘူး။ မူးယစ္ေဆးေတြ၊ အရက္ေတြကိုက်ေတာ့ စိတ္ႀကိဳက္ေရာင္းခြင့္ေပးထားၿပီးေတာ့ ကြမ္းကိုပိတ္တယ္ ဆိုတာေတာ့ မဟုတ္ေသးဘူးထင္တယ္။ AAထဲကလူေတြေရာ ကြမ္းမစားဘူးလားလို႔ပဲ ေမးခ်င္တယ္”ဟု ရခိုင္ေဒသခံတစ္ဦးက လူမႈကြန္ယက္စာမ်က္ႏွာ ေဖ့စ္ဘြတ္ခ္တြင္ မွတ္ခ်က္ျပဳထားသည္။
AAအေနျဖင့္ လက္ရွိ ရခိုင္ျပည္နယ္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား(WY)ႏွင့္ ေဒသထြက္ အရက္မ်ား ေပါေပါမ်ားမ်ား ေရာင္းဝယ္သုံးစြဲေနမႈကို လ်စ္လ်ဴရႈကာ ကြမ္းယာ စားသုံးျခင္းကို ပိတ္ပင္ျခင္းမွာ မျဖစ္သင့္ေၾကာင္း ရခိုင္ေဒသခံမ်ားက ေထာက္ျပေျပာဆိုၾကသည္။
“သူတို႔က သူတို႔စိတ္ထဲမွာ ရွိသလို ဥပေဒေတြကို ထုတ္တာက အေၾကာင္းမဟုတ္ဘူး။ ေဒသခံေတြက စစ္ဒဏ္ေၾကာင့္ စီးပြားေရး အၾကပ္ေတြ႕ေနၾကတာ။ တစ္ပိုင္တစ္ႏိုင္ကြမ္းစိုက္စားတဲ့လူေတြဆိုရင္ ဘယ္လို အဆင္ေျပမွာလဲ”ဟု သံတြဲၿမိဳ႕ေဒသခံတစ္ဦးက ဆိုသည္။
AAထိန္းခ်ဳပ္ရာေဒသမ်ားတြင္ မူးယစ္ေဆးမ်ား ေပါေပါမ်ားမ်ားရရွိေနၿပီး AAအဖြဲ႕ဘက္မွ မူးယစ္ေဆးေရာင္းဝယ္ေနမႈအေပၚ လစ္လ်ဴရႈလွ်က္ရွိေနသည္ဟုလည္း ေဒသခံမ်ားက ေျပာဆိုထားသည္။